Subscribe to our RSS Feed

ကိုယ့်ဂုဏ်ကိုယ်ဖော်သည့် မသူတော်များ…

မြန်မာနိုင်ငံ အစိုးရအပေါ် ဆန့်ကျင်သည့် အတွေးအခေါ် များဖြင့် ထုတ်လွှင့်လျက် ရှိသည့် နော်ဝေနိုင်ငံ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ DVB သတင်းဌာနတွင် ငွေကြေး အလွဲသုံးစား လုပ်မှုများကြောင့် အုပ်ချုပ်သူ ခေါင်းဆောင်ပိုင်း အတွင်း သဘော ကွဲလွဲမှုများ ဖြစ်ပေါ်လျက် ရှိသည်။ လက်ရှိ DVB ယာယီ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဟန်ညောင်ဝေက ငွေကြေး ကွာဟမှု အဓိက ဖြစ်ပွားရာ နေရာသည် မဲဆောက် အခြေစိုက် ဌာနခွဲမှ ဖြစ်ကြောင်း ပြောဆိုထားသည်။ ဦးဟန်ညောင်ဝေ၏ ပြောစကား များနှင့် ပတ်သက်ပြီး မဲဆောက် အခြေစိုက်ဌာနမှ ဦးဆောင် တာဝန်ရှိသူ ကိုစံ (ခ) ကိုအောင်ထွန်းက အပေါ်ယံ စွပ်စွဲချက်သာ ဖြစ်သည်ဟု ပြောဆိုခဲ့သည်။ ဦးဟန်ညောင်ဝေ၏ ပြောစကားအရ တာဝန်ရှိသူ (၃)ဦး ဆိုသည်မှာ မည်သူ့ကို ပြောကြားသည် ဆိုသည်ကို ကွဲကွဲပြားပြား မသိပါကြောင်း ကိုစံက ဆက်လက် ပြောဆိုခဲ့ပါသည်။

ငွေကြေး အလွဲသုံးစား လုပ်မှုနှင့် ပတ်သက်ပြီး တစ်ယောက်ကဖော်၊ တစ်ယောက်ကဖုံး ဆိုသလို ကိုယ့်အပြစ်ကို ကိုယ်ပြန်ဖုံး နေကြလား မပြောတက် တော့ပေ။ မြန်မာ့အစိုးရ အဆက်ဆက် လုပ်ကိုင် ဆောင်ရွက်သမျှကို အကောင်းမမြင်၊ ဆန့်ကျင်ဘက် အတွေးအခေါ် များဖြင့် ပြည်သူများအကြား စိတ်ဝမ်း ကွဲပြားအောင် ထုတ်လွှင့်ပေး နေသည့် အကျိုးတစ်စုံ တစ်ရာမရှိသည့် DVB အသံလွှင့်ဌာန အနေဖြင့် မိမိတို့ အုပ်ချုပ်မှု အပိုင်းအတွင်း အကျင့်ပျက် ခြစားမှုမျိုးကို လုပ်ဆောင်သည် မှာလည်း အဆန်းတစ်ကြယ် ကိစ္စ ဟုတ်မည်မထင်။ မြန်မာနိုင်ငံသားများ ဖြစ်ကြပြီး မြန်မာနိုင်ငံ မကောင်းကြောင်းကို ပေါ်ပေါ်ထင်ထင် ပြောရဲသော အရှက်မရှိသည့် DVB အသံလွှင့်ဌာန အဖို့ ယခု ငွေကြေး အလွဲသုံးစား လုပ်မှုကိုလည်း ရှက်ကြောက် နေလိမ့်မည် မထင်ဟု စာရေးသူ သုံးသပ်မိပါသည်။

ယာယီရာထူးမှ နှုတ်ထွက်ထားသည့် ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင်နှင့် လက်ထောက် ညွန်ကြားရေးမှူး ဦးခင်မောင်ဝင်း တို့ကိုလည်း နော်ဝေရဲဌာနမှ အမှုဖွင့် စစ်ဆေးခံနေ ရကြောင်း သိရသည်။ မဲဆောက် အခြေစိုက် ဌာန အနေဖြင့်လည်း ဦးဟန်ညောင်ဝေ၏ စွပ်စွဲချက်များသည် မှန်ကန်မှု မရှိဟု အခိုင်အမာ ပြောဆိုနေပြီး၊ အော်စလိုမှ ၎င်းတို့၏ Network များကို တိုက်ရိုက်ခြယ်လှယ် လိုသည့်အတွက် ဦးဆောင်လှုပ်ရှား နေသူများအား ငွေကြေး အကြောင်းပြကာ ဖယ်ရှားလိုခြင်းဟု ဆိုထားပါသည်။ ထို့ပြင် မဲဆောက်ဌာန၏ လုပ်ငန်းဆောင်တာ များကိုလည်း ရပ်ဆိုင်းထားပြီး ရာထူးမှ ၉၁ ရာခိုင်နှုန်း နှုတ်ထွက်ခဲ့ပြီး ဖြစ်ကြောင်း ဆက်လက်ပြောဆို ထားပါသည်။ နိုင်ငံရေး အကျဉ်းသား၊ မြစ်ဆုံစီမံကိန်း၊ လူ့အခွင့်အရေး ချိုးဖောက်မှု စသည့် မဟုတ်မမှန် ခေါင်းစဉ်များဖြင့် မြန်မာအစိုးရ အပေါ် ဝေဖန် အပုပ်ချနေသည့် DVB သည် ၎င်းအဖွဲ့အတွင်း အပြန်အလှန် အပုပ်ချ နေသည်မှာလည်း အရေးကြီးသည့် အရာ မဟုတ်ပါကြောင်း ရေးသား လိုက်ရပါသည်။

စောရန်နိုင်

http://shwepyithit.blogspot.com/2011/10/blog-post_05.html မှ ကူးယူဖော်ပြပါကြောင်း

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်