Subscribe to our RSS Feed

ပြည်သူက ရွေးချယ်တင်မြှောက်ပါသည် ဆိုသော သမ္မတ အိုဘားမားနဲ့ အမတ်တွေထံ ပေးပို့တဲ့စာတွေမှာ အဆိပ်တွေ့

From : ..voa

သမ္မတအိမ်ဖြူတော်မှာ ၀မ်းနည်းခြင်း အထိမ်းအမှတ် အလံတ၀က်လွှင့်ထူ (၁၆ ဧပြီ ၂၀၁၃)
.
အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) နဲ့ အထက်လွှတ်တော် အမတ်တယောက်ဆီကို ပို့ခဲ့တဲ့ Ricin အဆိပ်ပါတဲ့ စာတွေဟာ ဆက်စပ်မှုရှိပြီး Tennessee ပြည်နယ် Memphis မြို့ စာတိုက်တံဆိပ်တွေပါတဲ့ စာတွေဖြစ်တယ်လို့ လုံခြုံရေး အာဏာပိုင်တွေက ပြောပါတယ်။

Mississippi ပြည်နယ်က လူတဦးကို ဒီကိစ္စနဲ့ပတ်သက်လို့ သင်္ကာမကင်းရှိပြီး၊ အခု ဖမ်းဆီးထားပြီလို့ CNN သတင်းမှာ ဖော်ပြပါတယ်။

အမှားကို မြင်လျက်နဲ့ ထုတ်ဖော်မပြောတာဟာ၊ အမှားကို ဆက်လုပ်ဖို့ တိတ်တဆိတ် အားပေးကျူးလွန်နေသူ တယောက်ဖြစ်တယ်လို့ အဓိပ္ပါယ်ရတဲ့ စာသားကို သမ္မတ အိုဘားမားဆီရော၊ အထက်လွှတ်တော်အမတ် ရော်ဂျာ ၀စ်ကာ (Roger Wicker) တို့ဆီ ပို့တဲ့ စာတွေထဲမှာ ရေးထားပြီး ကျွန်ုပ်ဟာ KC ဖြစ်တယ်။ ဒီပြောကြားချက်ကို အာမခံတယ်လို့လည်း ရေးထားတယ်လို့ FBI ပြည်ထောင်စု စုံစမ်းရေး ဗျူရို က ပြောပါတယ်။

လွှတ်တော်အမတ်တွေဆီကို စာတွေ အမြောက်အများ ပို့တဲ့သူတယောက်ကို ရဲက သံသယရှိနေတယ်လို့ အထက်လွှတ်တော်အမတ် ကလရီ မက်ကစကေး (Claire McCaskill) က ပြောခဲ့ပေမဲ့ လုံခြုံရေး အာဏာပိုင်တွေကတော့ ဘယ်သူ့ကို သံသယ ရှိနေတယ်ဆိုတာ ပြောဖို့ ငြင်းဆန်ခဲ့ပါတယ်။ Boston မာရသွန် အပြေးပြိုင်ပွဲ ဗုံးခွဲတိုက်ခိုက်မှုနဲ့ ဒီအဆိပ်ပါတဲ့ စာတွေ ဆက်စပ်နေတယ်ဆိုတဲ့ အထောက်အထား မတွေ့ရဘူးလို့လည်း FBI က ပြောပါတယ်။


. www.MyanmarExpress.net
 

3 comments:

USA !
Now you all see all Kalars
fucking to your Country.
You open to 786 how is tase now?
USA! You must fuck them out.

ငါတို့သမတကမေတ္တာပို့တာခံ၇တယ်။သူတို့သမတကအဆိပ်ပို့တာခံ၇တယ်။အဲဒါအဖြေဘဲ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်