Subscribe to our RSS Feed

ဝန်ကြီးဦးအောင်မင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံ

From : ..voa



ဗြိတိန်နိုင်ငံကို ရောက်နေတဲ့ မြန်မာသမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကို ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ၀ီလျံ ဟိတ် (William Hague) က တွေ့ဆုံပြီး၊ မြန်မာနိုင်ငံတွင်းမှာ ဆောင်ရွက်နေတဲ့ လူနည်းစု တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံတွင်း နိုင်ငံရေးအပြောင်းအလဲတွေအတွက် ၀န်ကြီးဦးအောင်မင်းရဲ့ အခန်းကဏ္ဍ ဆောင်ရွက်မှုတွေအတွက် ချီးကျူးတဲ့အကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံ ဟိတ် (William Hague) က ဧပြီလ ၁၆ ရက်နေ့က  နှစ်ဦးတွေ့ဆုံပြီးနောက် ကြေညာချက်ထုတ်ပြန်ပါတယ်။

ဆွေးနွေးပွဲအတွင်းမှာတော့ မြန်မာနိုင်ငံတွင်းက လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်မှု လုပ်ငန်းစဉ်တွေအကြောင်း ဆွေးနွေးခဲ့ကြပြီး၊ ဒီလုပ်ငန်းစဉ်တွေကို ဗြိတိန်ဘက်က ဘယ်လို အကူအညီ အထောက်အပံ့တွေ ပေးနိုင်မလဲ ဆွေးနွေးခဲ့ကြတယ်လို့ ဗြိတိန်နိုင်ငံခြားရေးရုံးက ထုတ်ပြန်ပါတယ်။

ကချင်ပြည်နယ်တွင်း လုံးဝ အပစ်အခတ် ရပ်စဲနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းဖို့ လိုအပ်နေတဲ့ အခြေအနေတွေနဲ့၊ မကြာသေးခင်ကဖြစ်ခဲ့တဲ့ မူဆလင် ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေ နောက်ကွယ်က လူမျိုးရေး မုန်းတီးမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်ချက်တွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာ လူမှုအသိုင်းအ၀ိုင်းတွေအနေနဲ့ နိုင်ငံတကာ စံနှုန်းစံထားအတိုင်း နိုင်ငံသားဖြစ်ပိုင်ခွင့် အခြေအနေတွေကိုလည်း ဆွေးနွေး ခဲ့ကြတယ်လို့ ဗြိတိန်နိုင်ငံခြားရေးရုံးက ထုတ်ပြန်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့ဟာ အမေရိကန် ပြည်ထောင်စုကိုလည်း ဧပြီလ ၂၀ ရက်နေ့မှာ ရောက်ရှိဖို့ ရှိပါတယ်။ ဧပြီ ၂၁ ရက်နေ့မှာ New York မြန်မာ အသိုင်းအ၀ိုင်းနဲ့ တွေ့ဆုံမှာဖြစ်သလို၊ နယူးယောက်ခ်က ICG နိုင်ငံတကာ ပဋိပက္ခများ လေ့လာရေးအဖွဲ့က သမ္မတ ဦးသိန်းစိန်ကို ပေးအပ်တဲ့ ဆုကိုလည်း သမ္မတ ဦးသိန်းစိန် ကိုယ်စား လက်ခံယူဖို့ ရှိတယ်လို့ သိရပါတယ်။
.. www.MyanmarExpress.net
 

2 comments:

ကုလားကိုနိုင်ငံသားဖြစ်ခွင့်ပေးလိုက်ရင် မြန်မာတိုင်းရင်း သားတွေအားလုံးကိုဝါးမြိုသွားမယ်ဆိုတာ ဝန်ကြီသတိရှိဖို့ လိုတယ် ဒီကောင်တွေကိုဘယ်လိုမှနိုင်ငံသားဖြစ်ခွင့်မပြု နိုင်ဘူး သတိ သတိ သတိ

1-WE RESPECT OUR PRESIDENT, OUR DEMOCRATIC
GOVERNMENT,3 PYITHU LUTTAW,JUDICIAL
AFFAIR, ALL ARMED FORCES AND ALL POLICE
FORCES.
2-WE ALL KNOW OUR GOVERNMENT IS SOLVING ALL
INTERNAL AND EXTERNAL PROBLEMS AND
REJECTING FOREIGN INFLUENCES AND
INTERVENTIONS INCLUDING POLITICAL PRESSURE
FROM UN AND ASIAN COMMUNITY.
3-REGARDING FEDERAL AND STATES SYSTEM
ONLY FEDERAL GOVERNMENT MUST HAVE ARMED
FORCES AND STATES ARE ONLY ALLOW POLICE
FORCES AND NATIONAL GUARDS.ALL STATES MUST
OBEY THE FEDERAL ORDERS.IN UNITED STATES
OF AMERICA ALL STATES ARE DIVIDED/SEPARATED
FOR CONVENIENT CONTROL BUT THEY ARE NOT
DIVIDED/SEPARATED BY RACES SUCH AS WHITE
MAN STATE,BLACK MAN STATE ETG...
4-LOT OF MYANMAR LIVING OUTSIDE THE COUNTRY
LIKE TO GET PERMANENT RESIDENCE STATUS AND
DUEL CITIZENSHIP.PLEASE CONSIDER AND ISSUE
LAW/ORDER.
5-WE KNOW ALL CHINESE LIVING ALL OVER THE
WORLD ARE ALLOW AS CHINESE CITIZEN BY MAIN
LAND CHINA AND TAIWAN;THEY ALL CAN GET THE
CHINESE PASSPORT AND TAIWAN PASSPORT AT
THEIR EMBASSIES.
6-PLEASE MAINTAIN OUR CITIZEN LAW OF 1982
AND NOT REQUIRE TO REVISE.
7-WE DO NOT REED TO REFORM IMMIGRATION LAW
BECAUSE OUR COUNTRY SITUATION IS FAR
DIFFERENT FROM OTHER DEMOCRATIC COUNTRIES.

BEST WISHERS TO ALL..

WITH MYITTA...

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်