Subscribe to our RSS Feed

အမေရိကန်တွင် သမ္မတ နှင့် လွှတ်တော် သဘောထားကွဲ

From : ..voa

သေနတ်ထိန်းချုပ်ရေး မူကြမ်း အထက်လွှတ်တော်ပယ်ချ ပြီးနောက် အိမ်ဖြူတော်မှာ သမ္မတ အိုဘားမား သတင်းစာ ရှင်းလင်းပွဲပြုလုပ် (၁၇ ဧပြီ ၂၀၁၃)


သေနတ်ဝယ်မဲ့သူတွေရဲ့ နောက်ကြောင်းကို ပိုပြီး စစ်ဆေးဖို့ လွှတ်တော် ၂ ရပ်ပေါင်း တင်ပြတဲ့ အစီအစဉ်ကို အထက်လွှတ်တော်က ပယ်ချခဲ့ပါတယ်။ ဒီလိုဆောင်ရွက်ဖို့ အမေရိကန် အများစုက ထောက်ခံကြောင်း စစ်တမ်းတွေက ပြောပေမဲ့ အထက်လွှတ်တော်က ပယ်ချခဲ့တဲ့အပေါ် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က အမေရိကန် နိုင်ငံရေး အသိုင်းအဝိုင်းအပေါ်မှာ အခုလို အပြစ်တင် တုံ့ပြန်ခဲ့ပါတယ်။

ဒီကနေ့ကတော့ Washington အတွက် တကယ့်ကို ရှက်စရာကောင်းတဲ့ နေ့တနေ့ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကြိုးပမ်းမှုဟာ မပြီးဆုံးသေးပါဘူးလို့ သမ္မတ အိုဘားမား က ပြောခဲ့တာ ဖြစ်ပါတယ်။

သေနတ်ကိုင်ဆောင်ဖို့ လိုလားသူတွေ၊ စည်းရုံးသူတွေ၊ ထောက်ခံ သူတွေဟာ ဥပဒေကြမ်းနဲ့ ပတ်သက်လို့ လိမ်ညာခဲ့ကြတယ်လို့လည်း သမ္မတက ဆိုခဲ့ပါတယ်။

သေနတ်ထိန်းချုပ်ရေး ဥပဒေကို ပြင်ဆင်ဖို့ အထက်လွှတ်တော်အမတ် ၅၄ ယောက် က ထောက်ခံ ခဲ့ပေမဲ့ အထက်လွှတ်တော် စည်းမျဉ်းအရ အတည်ပြုနိုင်ဖို့ ၆ မဲအလိုနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

တကယ်လို့သာ ထောက်ခံအတည်ပြုနိုင်ခဲ့ရင် သေနတ်ပြခန်းတွေ၊ အင်တာနက်တွေပေါ်ကနေ သေနတ်ဝယ်ယူမယ့်သူတွေရဲ့ နောက်ကြောင်းကို အခုထက်ပိုပြီး စစ်ဆေးရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ မိသားစုဝင် အချင်းချင်းဆီက ပြန်ပြီး ဝယ်ယူသူတွေကတော့ ဒီကန့်သတ်ချက်ကို ထည့်မထားပါဘူး။ Connecticut ပြည်နယ် Newtown မြို့မှာ ဒီဇင်ဘာလက ကလေးငယ် ၂၆ ယောက်နဲ့ ဆရာဆရာမတွေ သေနတ်တဲ့ ပစ်သတ်ခံခဲ့ရတဲ့ အဖြစ် ဖြစ်ခဲ့ပြီးတဲ့နောက် တင်းကျပ်တဲ့ သေနတ်ထိန်းချုပ်ရေး လုပ်ဖို့ သမ္မတ အိုဘားမား က တိုက်တွန်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။
.
. www.MyanmarExpress.net
 

2 comments:

Now USA very very Big problems.
Killing to USA citizens.
Who are they?
I know they are Kalar 786.
Why open to them?
Every country must know Kalars are
attacking to everywhere in the world.
If you all Leaders don't know how to handle
one day they will handle you.
Myanmar Government!
All these peoples are very dangerous for Myanmar,
1. Far Su Kyi and NLD
2. 88
3. Thi Da Gu
Must clear from our Golden(Buddha) Land.
We can build our Nation without Kalars.
Fuck them out.

အိုဘားမားမှန်တယ် ပြည်သူကိုကာကွယ်ဖို့ရဲတပ်ဖွဲ့ရှိနေတာပဲ ပြည်သူတွေလက်နက်ကိုင်နေလို့သာ ဒီနေ့အမေရိကန်မှာအပစ်မဲ့ပြည်သူတွေ
အသက်ဆုံးရှုံးနေရတယ် မသမာသူတွေအတွက်တော့ အိုဘားမားဟာအမှိုက်ပုံးပဲ ရိုးသားတဲ့ပြည်သူတွေအတွက်ကတော့သူတော်ကောင်းပါ
လက်နက်နဲ့စီးပွားရှာတဲ့သူတွေနဲ့ အကြမ်းဖက်သမားတွေဟာ အိုဘားမားကိုဒုက္ခပေးလာနိုင်ပါတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်