Subscribe to our RSS Feed

ရန်ကုန် ဆီဒိုးနားဟိုတယ်ဝင်းအတွင်း အမေရိကန်ဒေါ်လာ သန်း ၈၀ ထပ်မံမြှုပ်နှံကာ ဟိုတယ်သစ် ထပ်မံတည်ဆောက်မည်

From : ..eleven


w1-11-4-7
ရန်ကုန်မြို့ရှိ ဆီဒိုနားဟိုတယ်ဝင်းအတွင်း အမေရိကန်ဒေါ်လာ သန်း ၈၀ ထပ်မံမြှုပ်နှံ လုပ်ကိုင်မည်ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ထုတ်ပြန်ချက်များအရ သိရသည်။

၂၀၁၃ ခုနှစ် ဧပြီလ ၅ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ၏ ၁၂/၂၀၁၃ ကြိမ်မြောက် အစည်းအဝေးတွင် Straits Green-field  Limited (Sedona Hotel Yangon) အား နိုင်ငံတကာအဆင့်မီ ဟိုတယ်နှင့် Service Residence များ ပါဝင်သော စီမံကိန်းအဆင့်(၂) လုပ်ငန်းများ လုပ်ကိုင်ခွင့်ကို ခွင့်ပြုပေးခဲ့သည်ဟု သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကမ္ဘာအေးဘုရားလမ်းနှင့် စက်မှု(၁)လမ်း ထောင့်ရှိ လက်ရှိ ဆီဒိုးနားဟိုတယ်ဝင်းအတွင်း နိုင်ငံတကာအဆင့်မီ ဟိုတယ်နှင့် Sevice Residence များ တည်ဆောက်မည်ဖြစ်ပြီး အဆိုပါ လုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၈၀ အထိ ထပ်မံမြှုပ်နှံမည်ဟု သတင်းရရှိပါသည်။
Straits Greenfield  Limited (Sedona Hotel Yangon) မှ လုပ်ကိုင်မည့် အဆိုပါ စီမံကိန်းကို နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဥပဒေအရ လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ မြန်မာနိုင်ငံတွင် မြှုပ်နှံထားသည့် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ အမေရိကန်ဒေါ်လာ ၄၂ ဘီလျံကျော်ရှိပြီး နိုင်ငံပေါင်း ၃၂ နိုင်ငံမှ မြှုပ်နှံထားခြင်းဖြစ်သည်။
  
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ ဧပြီလ ၅ ရက်နေ့အထိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ အစည်းအဝေး ၁၂ ကြိမ် ပြုလုပ်ခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ မြှုပ်နှံသည့် လုပ်ငန်း ၃၂ ခုအား ချထားပေးခဲ့ကြောင်းလည်း သိရသည်။
ထိုသို့ ချထားပေးရာတွင်  ဘီယာ၊ စီးကရက်၊ အဖျော်ယမကာ၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းများ ပါဝင်ပြီး လက်ခစားစနစ်ဖြင့် လုပ်ကိုင်သည့် လုပ်ငန်းများကို အများဆုံးချထားပေးသည်ဟု သိရသည်။

.. www.MyanmarExpress.net
 

3 comments:

ပြည်သူက ဘာအလုပ်မှလည်းမရပါလား

နဝတ ခေတ်ကြောင့်အရင်းမရှိခဲ့ တာပါလို့ ပြောနေတာဘဲ


အရပ်သားခေတ်မှာ အရင်းမရှိပါက မလုပ်ရတော့ 

စူံးစူံးမြုတ်နေကြရပါပြီ


သေဖို့ ဘဲရှိပါတော့ တယ်

လုံးဝကန့် ကွက်တယ်


အခြေခံလူတန်းစားတွေကို အရင်းရှိအောင်ငွေထုပ်ပေးပါ

မြေပေးပါ လုပ်ကွက်ပေးပါ နည်းပညာသင်ပေးပါ

ကောင်းပါတယ်။ဟိုတယ်တွေများတော့ဈေးနုံ့းတည်ငြိမ်တာပေါ့။

အမှန်တကယ် အလုပ်လုပ်ချင်သူအတွက် အလုပ်ဆိုတာ တစ်နေရာရာမှာ ရှိနေမှာပါ မြန်မာအများစုဟာ လက်ဘက်ရည်ဆိုင် အရက်ဆိုင် ထိုင်ပြီး ဖြုန်းတဲ့အချိန်က အလုပ်ချိန်ထက် ပိုများမယ် ထင်ပါတယ် အလုပ်ရွေးရတာ နဲနဲလုပ်ပြီးလုပ်အားခ များများ လိုချင်တာ အလုပ်ခွင်မှာရေသာခိုချင်တာ တစ်ယောက်နဲ့တစ်ယောက်တွက်ကပ်တာ လောဘကြီးကြတာ စတဲ့ အားနည်းချက်တွေကို ပြုပြင်နိုင်မယ်ဆိုရင် အလုပ်မရှားလောက်ပါဘူး အခြေခံ လူဆန်းစား(မိမိအပါအဝင်)ကို ငွေထုတ်ပေးလည်း အရက်ဆိုင် ktvဆိုင် ဖဲဝိုင်း မှာ လူပိုစည်လာယုံပဲ ရမယ် ငွေထုတ်ပေးတဲ့လူပဲ မွဲမှာ မြေပေးပြန်ရင်လည်း လူမညီတော့ ခွဲတမ်းချလို့မရပဲ တစ်ယောက်နဲ့တစ်ယောက်ဝိုင်းလု ရန်ပွဲဖြစ်လို့ တရားသူကြီးပဲ အဆင်ပြေအုံးမှာ အခုလူတွေက အလုပ်အဆင်မပြေဘူးဆိုပြီး ငွေရလွယ်အောင် တစ်လုံး(ဘော်လုံး) နှစ်လုံး သုံးလုံးနောက်ပဲ လိုက်နေကြတော့ရဲတွေလည်း အဆင်ပြေ ဒိုင်ချုပ်တွေလည်း တိုက်ကြီးတွေဆောက် ထိုးသားတွေလည်း တောအရက်အကြွေးဝယ် သောက် ကဲ ဘယ်လောက်အဆင်ပြေလဲ ဒီအတိုင်းလေး စီးဆင်းနေတာပဲ ကောင်းပါတယ်ကွာ
ဒါတွေဟာ ငါတို့မြို့ရဲ့ လက်ရှိ အဖြစ်အပျက် တွေပါ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်