Subscribe to our RSS Feed

ညောင်ချောင်းသာ ကမ်းခြေတွင် သေဆုံးသူ ၁၅ ဦးအထိရှိ

From : .myanma age


ဧရာဝတီတိုင်း ဒေသကြီး၊ ညောင်တုန်းမြို့ရှိ ရန်ကင်းသာ ရေချိုအပန်းပြေစခန်း(ညောင်ချောင်းသာ) ကမ်းခြေ စတင် ဖွင့်လှစ်ချိန်မှ စ၍ သေဆုံးသူ ၁၅ ဦးအထိ ရှိသွားပြီဖြစ်ကြောင်း ညောင်တုန်းမြို့ ရဲစခန်းမှ သိရသည်။

“သင်္ကြန်တွင်းမှာ သောက်စား မူးရစ်ပြီးတော့ ရေနစ်တဲ့ကြတာ များပါတယ်၊ ဒီနှစ်တစ်နှစ်ထဲ ရေနစ်သေတာ ၉ ယောက်ရှိသွားပြီ၊ သေတဲ့ထဲ ရန်ကုန်ကများတယ်။ ပြီးခဲ့တဲ့ နှစ်က ၆ ယောက်သေတယ်”ဟု ညောင်တုန်းမြို့ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် သင်္ကြန်ကာလ ရုံးပိတ်ရက်များတွင် တစ်ရက်လျှင် လာရောက်အပန်းဖြေသူ တစ်သောင်းခန့်ရှိပြီး ရေနစ် သေဆုံးသူ ၅ ဦး ရှိကြောင်းလည်း သိရသည်။

သင်္ကြန်တွင်း လုံခြုံရေးအတွက် ရဲဝန်ထမ်းနှင့် မီးသတ်ဝန်ထမ်းများ ချထားပေးပြီး ရေနက်ပိုင်း နေရာများ၌ ပိုက်များ ကာရံထားခြင်း၊ ပြန်ကြားရေးဌာနတစ်ခု ထားရှိခြင်းနှင့် သတိပေးကြေညာမှုများ ပြုလုပ်ပေးခြင်းများ ရှိသော်လည်း ကယ်ဆယ်ရေးအတွက်မှာမူ သီးသန့်ဆောင်ရွက်ပေးမှု မရှိကြောင်း သိရသည်။

“အဓိက ကယ်ဆယ်ရေး သီးသန့်မရှိတော့ ရေနစ်နေမှန်း ချက်ချင်းသိရင်တောင် ကယ်ဖို့က မလွယ်ဘူး၊ နစ်ပြီးတော့ အလောင်းပေါ်တော့မှပဲ သွားဆယ်ရတယ်”ဟု ရဲဝန်ထမ်းက ဆက်လက်ပြောကြားသည်။

ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဆုံတွင်ရှိသော ညောင်ချောင်းသာကမ်းခြေသည် ရန်ကုန်မြို့နှင့် (၃၅)မိုင်ခန့်သာကွာဝေး၍ နေ့ချင်းပြန်ခရီးပေါက်သည့်အတွက် တစ်ပတ်လျှင် လူဦးရေ နှစ် သောင်းဝန်းကျင်ခန့် လာရောက်လည်ပတ်ကြောင်း သိရသည်။

နွေရာသီနှင့် ဆောင်းရာသီတို့တွင် လာရောက်လည်ပတ်သူများပြားပြီး အစိုးရ ရုံးပိတ်ရက်များတွင် တစ်ရက်လျှင် ငါးထောင်ကျော်အထိ လာရောက် တတ်ကြောင်း ညောင်ချောင်းသာ ကမ်းခြေတွင် ဈေးရောင်းသူများက ပြောကြားသည်။



www.MyanmarExpress.net
 

9 comments:

ကုလားတွေ ၁၀၁လမ်း ဗလီထဲ မှာရန်ဖြစ်တာသိလား?မသူ

Meg staffs wforere drowned again.good!

အချင်းချင်းစတာ နင့်အပိုဘာပါလဲ

ကုလားပဲရန်ဖြစ်တာမြန်မာတွေရန်မဖြစ်တပ်ဘူး မယုံရင် မူခင်ထဲမှာကြည်

1-WE SHOULD HAVE STAND BY LIFE GUARDS FOR THE SAFETY OF GENERAL PUBLIC USING BEACH RESORT.
2-WE ALSO SHOULD HAVE RULES AND REGULATIONS
AND SAFETY INSTRUCTIONS.
3-THIS IS THE TIME WE ALL NEED TO IMPROVE OUR
SAFETY STANDARD.
4-WE SHOULD NOT OPEN THE BEACH RESORT IF
AUTHORITY CANNOT PROVIDE THE SAFETY TO OUR
BEACH RESORT USERS.

WITH MYITTA...

1-WE SHOULD HAVE STAND BY LIFE GUARDS FOR THE SAFETY OF GENERAL PUBLIC USING BEACH RESORT.
2-WE ALSO SHOULD HAVE RULES AND REGULATIONS
AND SAFETY INSTRUCTIONS.
3-THIS IS THE TIME WE ALL NEED TO IMPROVE OUR
SAFETY STANDARD.
4-WE SHOULD NOT OPEN THE BEACH RESORT IF
AUTHORITY CANNOT PROVIDE THE SAFETY TO OUR
BEACH RESORT USERS.

WITH MYITTA...

ညောင်ချောင်းသာဆိုပြီးဘယ်အကောင်စထွင်လိုက်ဒါလဲကွ။လူတွေသေပြီဆိုတော့ကောင်းကြသေး၇ဲ့လား။

အရက်မူးနေလို

Ugly jumky place .Shoul'd go

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်