Subscribe to our RSS Feed

အမေရိကန်ပြည်ထောင်စု တက်ဆက်ပြည်နယ် ဝေကို ဓါတ်မြေသြဇာ စက်ရုံ ပေါက်ကွဲမှုဖြစ်၊ မြန်မာနိုင်ငံတွင် အမေရိကန် စက်ရုံများ လာဆောက်မည်ကို မြန်မာလူထု ဆိုးရိမ်

From : ..မြမခ


တက္ကဆက် ဓာတ်မြေသြဇာစက်ရုံ ပေါက်ကွဲမှုဖြစ်ပွားစဉ်။ ဧပြီလ ၁၈၊ ၂၀၁၃။
 အမေရိကန်ပြည်ထောင်စု တက်ဆက်ပြည်နယ် ဝေကို မြို့အနီးရှိ ဓါတ်မြေသြဇာစက်ရုံတွင် ပြင်းထန် သောပေါက်ကွဲမှု တစ်ရပ်ဖြစ်ပွားခဲ့ရာ လူပေါင်းမျာစွာ ဒါဏ်ရာရရှိပြီး အရေအတွက် မသိရသေးသော လူသေမှု များရှိကြောင်း သိရပါသည်။
 ဂရင်းနစ် စံတော်ချိန် သန်းခေါင်ကျော် ၀၀၊၅၀ နာရီတွင် ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားပြီး လူနေအိမ် နှင့် အဆောက်အဦး ဒါဇင်ပေါင်းများစွာ ပျက်စီးဆုံးရှုံးပြီး အဆောက်အဦးများစွာ မီးဆက်လက်လောင်ကျွမ်းဆဲ ဖြစ်ကြောင်း သိရပါသည်။
 လူအများအပြား အဆောက်အဦးများအတွင်းပိတ်မိနေပြီး မီသတ်သမား အချို့ ပျောက်ဆုံးနေကြောင်း သတင်းများတွင် ဖော်ပြပါသည်။
  အရေးပေါ်ကယ်ဆယ်ရေး အရာထမ်းများ အမိုးနီးယားကြောင့် ပေါက်ကွဲခဲ့ခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်း ပြောဆိုပါသည်။ ကုမ္ပဏီတွင် အမိုးနီးယား ပေင် ၅၄၀၀၀ ( ၂၀-တန် ) သိုလှောင်ထားကြောင်း သတင်းပို့ထားပါသည်။
 ဝေကို မြို့၏မြောက်ဘက်မိုင်-၂၀ ( ၃၂- ကီလိုမီတာ )ခန့် အကွာတွင် တည်ရှိသော လူဦးရော၂၇၀၀-ခန့် နေထိုင်ရာ ဝက်စ်တ် မြို့ငယ် မြေသြဇာ စက်ရုံတွင် မီးလောင်ကျွမ်းသဖြင့် မီးသတ်သမားများက မီးငြိမ်းသတ်နေစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။
 ဒက်ဘီမားရတ်က် ဆိုသူ မျက်မြင်သက်သေ တစ်ဦးက “  တိုနာဒိုး လေမုန်တိုင်း ကျရောက်သွား သလိုပါဘဲ။ ပစ္စည်းတွေ နေရာတကာ ပြန့်ကြဲနေတာဘဲ၊ ကျွန်တော်ကားရဲ့ ရှေ့လေကာမှန် ပြုတ်ထွက် သွားပါတယ်။ ” ဟုပြောပါသည်။
 သက်ဆိုင်ရာ ရဲအဖွဲ့၏ ပြောကြားချက်အရ မြို့တစ်ဝက်ခန့်အားရွှေ့ပြောင်းပေးပြီး ဖြစ်ကြောင်း နှင့် ဆက်လက်၍   ပေါက်ကွဲမှုများ နှင့် အဆိပ်သင့် ဓါတ်ငွေ့များ ယိုစိမ့်မည်ကို စိုးရိမ်ရကြောင်း သိရပါသည်။ အခင်းဖြစ်ပွားရာ စက်ရုံသည် မြို့အစွန်တွင် တည်ရှိပြီး အိမ်များ၊ စာသင်ကျောင်း နှင့် ပြုစုစောင့်ရှောက်ရေး ဂေဟာ တို့နှင့် ပေပေါင်းရာအနည်းငယ်သာ ကွာဝေးကြောင်း သိရပါသည်။
 ဝေကို ရဲဌာနမှ ဆာဂျင် ဝီလီယမ် ဆွမ်တန် က မြို့အတွင်း လျှပ်စစ်ဓါတ်အားများ ဖြတ်တောက်ထား ကြောင်း၊ နောက်ဆက်တွဲ အန္တရာယ်များ ပေါ်ပေါက်မလာစေရန် ကာကွယ်ခြင်း ဖြစ်ကြောင်း ပြောကြားပါသည်။
အဆိုပါ ရဲအရာရှိကပင် အသေအပျောက်များရှိကြောင်းအတည်ပြု ပြောကြားသော်လည်း သေဆုံးမှု အရေအတွက် ကိုမူ အတည်မပြုနိုင်သေးကြောင်း ပြောကြားပါသည်။
ဝေကိုမြို့၊ ဟစ်လ်ခရက်စ်တ် ဘက်ပတစ်တ် မက်ဒီကယ်လ် စင်တာမှ အရာရှိချုပ် ဂလင်း အေ၊ ရောဘင်ဆင် က စီအင်န်အင်န် သတင်းဌာနသို့ပြောကြားချက်အရ ၎င်းတိုကဆေးရုံသို့ လူနာ ၆၆-ဦး ရောက်ရှိနေကြောင်း ၎င်းတ်ု့အနက် ၃၈-ဦး မှာ ပြင်းထန်စွာ ထိုခိုက်ထားကြောင်း သိရပါသည်။

.. www.MyanmarExpress.net
 

1 comments:

ခွေးဥ နောက် တွေ အ ကြံ ပေး လဲ အ လေး မ ထာ ကြ ဘူး

GTC ပညာ ရေး ကို လေ့ လာ ကြ အုးံ င တုးံ တွေ ရဲ့ ချည်း ထုပ် တွေ ရဲ့ ဘာ မှမ တတ် ဘဲ နဲ့ ပညာ ရေး ဝန် ကြိး မ လုပ် ပါ နဲ့ ကျောင်း သား တွေ မ တ ရား နစ် နာ တယ် မ အေ လိုး င တုးံ တွေ ရဲ့ ပခုက္ကူ သား ဗျ ဖမ်း ချင် လာ ဖမ်း ပညာ ရှိ ယောင် ဆောင် တဲ့ ကောင် တွေ ရဲ့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်