Subscribe to our RSS Feed

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုကို ဂျီအိပ်ခ်ျနိုင်ငံများ အသိမှတ်ပြု

From : ..dvb

ကမ္ဘာ့အချမ်းသာဆုံး ထိပ်တန်း ဂျီအိပ်ခ်ျ နိုင်ငံခြားရေး ၀န်ကြီးတွေက ၂၀၁၃ ဧပြီ ၁၀ ရက်နဲ့ ၁၁ ရက်နေ့မှာ ဆွေးနွေးခဲ့ပြီး မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုခဲ့ကြပါတယ်။
ဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ ပူးတွဲထုတ်ပြန်ချက်ကနေ နိုင်ငံခြားရေး ၀န်ကြီးတွေက အခုလို အသိအမှတ်ပြုလိုက်တာလည်း ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ် မတ်လမှာ အာဏာကို လွှဲပြောင်းရယူခဲ့တဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်၊ အတိုက်အခံခေါင်းဆောင်တွေ၊ လွှတ်တော် အမတ်တွေရဲ့ထောက်ပံ့မှုတွေနဲ့  ခိုင်မာတဲ့ ဒီမိုကရေစီနဲ့ ဥပဒေစိုးမိုးရေးကို ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာ၊ စာနယ်ဇင်းလွတ်လပ်ခွင့်ပေးခဲ့တာ စတဲ့ လူ့အခွင့်အရေးတိုးတက်မှုတွေ အပါအ၀င် စီးပွားရေးလုပ်ဆောင်ချက်တွေကို တိုးချဲ့တာ၊ နိုင်ငံတကာနဲ့ လုပ်ဆောင်ခဲ့တဲ့ စေ့စပ်ဆွေးနွေးမှုနဲ့ သိသာတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုခဲ့ကြပါတယ်။
ဒါ့အပြင် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် တိုးတက်တဲ့ လုပ်ဆောင်ချက်တွေကို လည်း ကြိုဆိုခဲ့ပါတယ်။
ကချင်နဲ့ ရခိုင်က ဖြေရှင်းလို့ မရသေးတဲ့ ရှုပ်ထွေးတဲ့ အခြေအနေတွေ ရှိနေပေမယ့် ဒီလမ်းကြောင်းကို ဆက်လက် လျှောက်လမ်းဖို့ တိုင်းရင်းသားအုပ်စုတွေ၊ အမျိုးသမီးတွေနဲ့ နိုင်ငံရေးပါတီတွေအပါအ၀င် မြန်မာအစိုးရကိုလည်း ဂျီအိပ်ခ်ျ နိုင်ငံခြားရေးဝန်ကြီးတွေက တိုက်တွန်းခဲ့ပါတယ်။

ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေ ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ ပိုမိုပွင့်လင်းမြင်သာမှုတွေ ရှိအောင်လည်း တိုက်တွန်းခဲ့ပါတယ်။ ရင်းနှီးမြုပ်နှံမှုအသစ်တွေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တွေကို နိုင်ငံတကာ စီးပွားရေး ပတ်ဝန်းကျင် စံနှုန်း၊ လူ့အခွင့်အရေး စည်းကမ်းတွေနဲ့ လုပ်ဆောင်ပြီးတော့ လူထုကို အကျိုးရှိမယ်လို့ ဂျီအိပ်ခ်ျ နိုင်ငံခြားရေးဝန်ကြီးတွေက ယုံကြည်နေပါတယ်။ 

.. www.MyanmarExpress.net
 

1 comments:

ဒေါ်စုဘဝမှာလက်ရှိအချိန်ထိ သီချင်းသုံးပုဒ်ဆိုပြီးပြီလို့သိရတယ်
ပထမမိုက်ကယ်အဲရစ်နဲ့ဘဝမှာဆိုခဲ့တာကဒေါ်မေရှင်ရဲ့ တူနှစ်ကိုယ်
တဲအိုပျက်မှာနေရ ချစ်တာချစ်တာပဓာနလို့ ဆိုချင်ပါတယ် မောင်ရယ်
တဲ့ ဒုတိယကမြန်မာ့နိုင်ငံရေးလောကထဲစဝင်တော့ မိုက်ကယ်ကြီးကို
မေ့မှဖြစ်မှာဆိုတော့ ကိုမြကြီးရဲ့ ခုတော့လဲဒါတွေဒါတွေပြီးခဲ့ပါပြီ
ပြီးခဲ့ပါပြီတဲ့ နောက်ဆုံးသီချင်းကတော့အခုလက်ရှိဦးသိန်းစိန်ကြီးကို
ရိတာလေ ဝိုင်အမ်ဘီဆရာတင်ရဲ့ ချီးမွမ်းတာဝမ်းမသာ ကဲ့ရဲ့တာ
ပြီးတယ် ထင်တာလုပ်ရရင် အကျေနပ်ဆုံး ဒေါ်စုပါကွယ် တဲ့
ဒါပါပဲ ထင်ရာမြင်ရာလဲပြောနေတာပါပဲ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်