Subscribe to our RSS Feed

မြန်မာနှစ်သစ် ဟောကိန်း

From : ..7day


မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်အတွက် နိုင်ငံရေး၊ စီးပွားရေး အပါအ၀င်ကဏ္ဍပေါင်းစုံအတွက် ဆရာစံဇာဏီဘို၊ နက္ခတ်သိပ္ပံအဖွဲ့နိုင်ငံတကာရေးရာ နက္ခတ်သိပ္ပံသင်တန်းကျောင်း အမှုဆောင်အရာရှိချုပ် ဦးဇေယျာကိုတို့အား တွေ့ဆုံမေးမြန်းထားသည်များနှင့် သင်္ကြန်စာပါ ဟောကိန်းအချို့ကို စုစည်းဖော်ပြလိုက်ပါသည်။

စံဇာဏီဘို
နိုင်ငံရေး
ဒီနှစ် မြန်မာနိုင်ငံအတွက် အဓိကအကျဆုံးက နိုင်ငံရေးပဲ။ ဘာကြောင့်လဲဆိုတော့ မဟာဘုတ်မှာ စနေအဓိပတိကျတယ်။ စနေက ပြည်သူလူထုရဲ့ နိုင်ငံရေး ဖြစ်တယ်။ ဒါကြောင့် ၁၃၇၅ ခုနှစ်ဟာ ပြည်သူလူထုရဲ့ တောင်းဆိုမှုအပေါ်မှာ နိုင်ငံတော် အစိုးရက လိုက်လုပ်တဲ့ နိုင်ငံရေး ဖြစ်သွားမယ်။ ဂြိုဟ်နက္ခတ်တွေ အလိုအရတော့ မြန်မာနိုင်ငံဟာ ၂၀၁၄ ဇူလိုင်ထိ တိုင်းရေးပြည်ရေး အုပ်ချုပ်ရေး အနေအထားက ပြည်သူတွေရဲ့ စိတ်အနေအထား ပြောင်းလဲမှုအပေါ်မှာ ပဋိပက္ခများ ဖြစ်ပွားနိုင်တယ်။ ပြည်သူလူထုတွေက စိတ်ရိုင်းဝင်လာပြီး စိတ်ရူးပေါက်မှုတွေနဲ့ ကြုံနိုင်တယ်။ ပြည်သူများရဲ့ စိတ်ကူးများက အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့အတွက် အုပ်ချုပ်သူများက ပြည်သူရဲ့စိတ်အနေအထားကို အနီးစပ်ဆုံးရအောင် လုပ်ရလိမ့်မယ်။ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်ပြီးတော့လည်းအကြီးစားပြုပြင်ပြောင်းလဲမှုတွေ ဖြစ်မယ်။ ဥပဒေထဲမှာပါမယ့် အချက် အလက်တွေ ပြောင်းလဲဖို့ တောင်းဆိုမှုတွေရှိမယ်။

စီးပွားရေး
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ လာမယ့် ဒီနှစ်ထဲမှာ အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး ရင်းနှီးမြှုပ်နှံမှုတွေ လာဖို့ရှိတယ်။ နိုင်ငံတကာအဆင့် ရင်းနှီးမြှုပ်နှံမှုတွေက ဒီနှစ်ထဲမှာ အလုံးအရင်းနှင့် ၀င်လာမယ်။ သင်္ကြန်အပြီး ရက်ပေါင်း ၉၀ အတွင်းကို အလုံးအရင်းနဲ့ ရင်းနှီးမြှုပ်နှံမှုဝင်ဖို့ရှိတယ်။ စီးပွားရေးကဏ္ဍမှာ စက်မှုလုပ်ငန်းများနဲ့ စိုက်ပျိုးရေးကဏ္ဍမှာ အထူးအောင်မြင်လာမယ့် နှစ်ပဲ။

သဘာဝပတ်ဝန်းကျင်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုလုပ်ငန်းများမှာ နည်းပညာနှင့် လူအများ၏ ပံ့ပိုးမှု ပူးပေါင်းဆောင်ရွက်မှု ပိုမိုရလာမယ်။ နိုင်ငံ
တကာမှလည်း သဘာဝပတ်ဝန်းကျင်အတွက် ငွေကြေးထောက်ပံ့မှုလည်း ရလာမယ်။ မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်ဟာ သင်္ကြန်မင်းက မြားနှင့် လေးကိုင်ပြီး နဂါးစီးဆင်းတာကြောင့် ပြည်ပတိုင်းတစ်ပါးရန်ကို သတိပြုဖို့လိုတယ်။ အထူးသဖြင့်
အရှေ့မြောက်က ပဋိပက္ခများ ၀င်ရောက်နိုင်တယ်။

ဦးဇေယျာကို
နိုင်ငံရေး
၁၃၇၅ ခုနှစ်မှာ အစိုးရဟာ အတိုက်အခံနဲ့ ပဋိပက္ခတွေ ဖြစ်ပေါ်နိုင်တယ်။ အများပြည်သူ စည်းကမ်းလျော့ပြီး မင်းမဲ့စရိုက်ကြောင့်
ဆူပူမှုတွေဖြစ်နိုင်တယ်။ ပြည်သူတွေရဲ့ တောင်းဆိုမှုတွေကို အစိုးရက လိုက်လျောဖို့ အားနည်းမှုတွေ ရှိလာမယ်။ တိုင်းပြည်ရဲ့ နိုင်ငံရေး အခင်းအကျင်း မကောင်းတဲ့ နှစ်တစ်နှစ်ပဲ။ တိုင်းပြည်ရဲ့ အုပ်ချုပ်သူအကြီးအကဲ ခေါင်းဆောင်အဆင့်
ဒီနှစ်ထဲမှာ ကျန်းမာရေး ညံ့နေတယ်။ တပ်မတော်ရဲ့ အခန်းကဏ္ဍကလည်း ထူးခြားနိုင်တယ်။ ကြီးမားတဲ့ စစ်ပွဲကြီးတွေ ဆင်နွှဲဖို့ရှိတယ်။ ငြိမ်းချမ်းရေးရလုရခင်ဖြစ်ပြီးမှ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်ခြေရှိတယ်။ နယ်စပ်ရေးရာမှာလည်း
ကြီးမားတဲ့ ပြဿနာတွေ ပေါ်နိုင်တယ်။ လူမျိုးရေးကိစ္စတွေလည်းသတိထားရမယ်။

စီးပွားရေး
တိုင်းပြည်စီးပွားရေးက ထင်သလောက်မျှော်မှန်း မရဘူး။ ကုန်ဈေးနှုန်းမြင့်တက်မှုတွေလည်း ရှိနိုင်တယ်။ တိုင်းပြည်ရဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှု ၂၀၁၃ ခုနှစ်မှာ ကြီးကြီးမားမားမျှော်လင့်သလောက် မဖြစ်နိုင်သေးဘူး။ ဒါပေမဲ့ ကြီးမားတဲ့ ရေနံသဘာဝဓာတ်ငွေ့တွင်းသစ်တွေ ရှာဖွေရနိုင်တယ်။ ကမ္ဘာ့စံချိန် ချိုးမယ့်သူ၊ ထူးခြားတဲ့ ကျောက်မျက်ရတနာတွေလည်း တူးဖော်ရနိုင်တယ်။

ကျန်းမာရေး
ကျန်းမာရေးပိုင်းမှာတော့ ၀န်ကြီးဌာနအရာရှိကြီးတွေ အပြောင်းအလဲဖြစ်စဉ်တွေ ရှိတယ်။ အများပြည်သူ ရောဂါများနှင့် ပတ်သက်ပြီး စိုးရိမ်စရာတွေရှိတယ်။

ရာသီဥတု
ကြီးမားတဲ့ ငလျင်တွေ မဖြစ်ပေါ်သော်လည်း အင်အားနည်းတဲ့ ငလျင်လေးတွေတော့ ဖြစ်ပွားနိုင်တယ်။ ရာသီဥတုနဲ့ ပတ်သက်ပြီး ဇူလိုင်၊ သြဂုတ်မှာ ထူးခြားတဲ့ အခြေအနေတွေရှိတယ်။ ဧပြီ၊ မေ မှာ အပူချိန်ပြင်းထန်လာနိုင်တယ်။ မိုးခေါင်ရေရှားပြဿနာတွေ ဖြစ် မယ်။ မိုးဦးနောက်ကျပြီး မိုးလယ်၊ မိုးနှောင်းမှာ ပုံမှန်မိုးရွာသွန်းမယ်။ စိုက်ပျိုးရေးကဏ္ဍတွေ သတိထားဖို့ လိုတယ်။

သင်္ကြန်စာ
နိုင်ငံရေး
အုပ်ချုပ်သူနှင့် ပြည်သူတို့အကြား မကျေလည်မှုများ၊ အနှောင့်အယှက်များ ကြုံတွေ့ရနိုင်တယ်။ ဥပဒေကိစ္စရပ်များနှင့် ပတ်သက်၍လည်း လွှတ်တော်တွင် အငြင်းအခုံများပေါ်လိမ့်မယ်။ တိုင်းသူပြည်သားတို့ ကိုယ်ကျင့်တရား ထိန်းရန်များစွာ လိုအပ်တယ်။ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းမှုမှာ ဝေဖန်မှုများလည်း ပေါ်ပေါက်လိမ့်မယ်။

စီးပွားရေး
စီးပွားရေးနှင့်ပတ်သက်၍ လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များမှာ အထွက်တိုးပြီး ဈေးကောင်းရမယ်။ အခွန်ဘဏ္ဍာများလည်း အမြောက်အမြားရမယ်။

ရာသီဥတု
မိုးရာသီမှာတော့ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်၊ တနင်္သာရီတိုင်း ဒေသကြီးတွေနဲ့ ကချင်၊ ရခိုင်ပြည်နယ် ကမ်းရိုးတန်းဒေသတွေမှာ မိုးအလွန်ကောင်းမယ်။ ရန်ကုန်၊ ပဲခူးတိုင်းဒေသကြီးတို့မှာ မိုးများပြီး ရေလွှမ်းမိုးမှုများရှိမယ်။


 .. www.MyanmarExpress.net
 

7 comments:

အလကားပဲ စံဇာဏီဘို...ဖုန်းသင်တန်းတက်လို့ ရန်ကုန်မှာ သွားမေးတုန်းက ခင်ဗျား ဒီအလုပ်နဲ့ မလုပ်စားဖြစ်ဘူး တဲ့ ဟော လိုက်တာ အခုကို ဆိုင်ဖွင့် ပီး နောက်တစ်ဆိုင် ထပ်ဖွင့်တော့မယ်...၅သောင်း ကုန်တာပဲ အဖတ်တင်တယ်။။

ဒါသူတို့ပြောမှလား?
နေ့တိုင်းသတင်းစာဖတ်တဲ့သူဆိုသူတို့ထက်တောင်ပိုပြောနိုင်သေးတယ်
ဗေဒင်ဆရာဆိုတာအာလူးသမားတွေပါ

.

ဟုတ်ရင် ဟုတ်ပေါ့ကွာ မဟုတ်လို့ ကတော့ သေဖို့သာ ပြင်ထား ပေတော့ ဟေ့။အထုတ် အရှုပ်တွေ.................

ဟုတ်လား အဲဒါဆို စောက်ခြောက်စံဇာဏီဘို ကို ပါးဖြတ်
ရိုက်ပြီး သတ်ပစ်ဗျာ ။ နောင် ကို လိမ်စားလို့မရ အောင်။

စောက်ရူး ဘဲ။

ကံ ၊ ကံ၏ အ ကျိုး ကို ယုံ ကြည်. တာ ဗုဓ် ဒ ဘာ သာ ပါ၊ကောင်း တဲ့ အ လုပ် လုပ် ရင် ကောင်း သော အ ကျိုး ရ မယ်. ဗေ ဒင် နက် ခတ် ဆို တာ ကု လား ပြည် က လာ တာ ၊နန်း တွင်း မှာ ခ စား တဲ့ ကု လား ပုဏား တွေ က ဗ မာ ဘု ရင် ကို လိမ် စား ၊ လှည့် စား တဲ့ ပ ညာ ပါ၊. ဂျ ပန်. စာ(I F L) မှာ တက် ခဲ့ ဘူး တဲ့ ဆံ ဇာ နီ ဗိုလ်. အ ရူး ချီး ပန်း ကောင်၊မြန် မာ ပြည် ကို ဖျက် တဲ့ ကောင်. (bakka Na Yatsu- Ahoo- Usotsuki ). ဗုဒ် ဓ ဘာ သာ ကို သေ သေ ချာ ချာ လေ့ လာ ၊မိတ် စာဒိဋ္ဌိ ဗေ ဒင် အ စုတ် ကို စွန့်

Shut up Animal pyay t oo,don't be so rude.I have read your comments and can conclude that you are homeless,jobless and shameless.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်