Subscribe to our RSS Feed

မန္တလေးပဋိပက္ခ ဖန်တီးမှုများ ကြိုတင်ကာကွယ်ရေးကော်မတီ စည်းဝေး

From : ..rfa

ဧပြီလဆန်းမှာ ဖွဲ့စည်းခဲ့တဲ့ မန္တလေးအခြေစိုက် ပဋိပက္ခဖန်တီးမှုများ ကြိုတင်ကာကွယ်ရေး ကော်မတီ အစည်းအဝေးကို ဒီနေ့နေ့လယ်က မန္တလေး ဗြဟ္မစိုရ်လူမှုကူညီရေး အသင်းတိုက်မှာ ပြုလုပ်ခဲ့ပါတယ်။

ဒီပွဲမှာ ရန်ကင်းတောင် ဥယျာဉ်ကျောင်းတိုက် ဆရာတော်ဦးဇောတိက၊ မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်းဆရာတော် ဦးဝီရသူအပါအ၀င် သံဃာတော်တွေ၊ တခြားဘာသာရေး ခေါင်းဆောင်တွေ၊ မန္တလေး NLD အဖွဲ့ဝင်တွေ စုစုပေါင်း ၁၀၀ လောက် တက်ရောက်ပါတယ်။

ဒီအဖွဲ့ကို မိတ္ထီလာပဋိပက္ခ ဖြစ်ပွားခဲ့မှုအပေါ် အခြေခံပြီးဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်အပါအ၀င် ဆရာတော်ကြီး ၆ ပါးကို သြ၀ါဒါစရိယအဖြစ်ထားပြီး ဖွဲ့စည်းခဲ့တာလို့ သိရပါတယ်။

နာယကအဖွဲ့ကို အဖွဲ့ဝင် ၁၃ ဦးနဲ့ ဖွဲ့စည်းထားပြီး အဲဒီအထဲမှာ ဆရာတော် ဦးဝီရသူ၊ ဥယျာဉ်ဆရာတော် ဦးဇောတိကတို့လို သံဃာတော်တချို့ပါဝင်ပါတယ်။ ဦးဆောင်အဖွဲ့မှာ ရှေ့နေ ဦးမြင့်သွင်၊ ဦးကိုကြီး၊ ကိုသိန်းအောင်မြင့်၊ မအမာနီတို့ အပါအ၀င် ၁၇ ဦး ပါဝင်တယ်လို့ သိရပါတယ်။

.. www.MyanmarExpress.net
 

3 comments:

Don't worry.Gov. is arresting 969 activists,n later they will also arrest the writings causing riots like meg.Wira Thu is under checking n watching.Nay Pyi GovDaw knows everything about this.Don't worry.

မွတ်ဆလင်ကုလားရန် ကာကွယ်ရေးကော်မတီ ဖွဲ့၇င်
ပိုကောင်းပါမယ် အခုခေါင်းစဉ်မှားနေပြီနော်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်