Subscribe to our RSS Feed

သင်္ကြန်မတိုင်ခင် တစ်ရက်အလို မန္တလေးမြို့ တမ္ပဝတီရပ်ကွက် မီးလောင်မှု အိမ်ခြေ တစ်ရာနှစ်ဆယ်ခန့် ဆုံးရှုံး

From : ..rfa


မန္တလေးမြို့ တမ္ပဝတီရပ်ကွက် ချီပါရပ်မှာ ဧပြီလ (၁၂) ရက် မနက် (၂) နာရီလောက်က မီးလောင်မှုဖြစ်ပွားခဲ့ရာမှာ အိမ်ခြေ တစ်ရာနှစ်ဆယ်ခန့် ဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။

မနက် (၆) နာရီလောက်မှာလည်း မန္တလေးမြို့ (၅၂) လမ်း သင်္ဃန်းကုန်းမှာ မီးလောင်ခဲ့ပြန်တယ်လို့ သိရပါတယ်။

ဒီဖြစ်ရပ်တွေနဲ့ပတ်သက်လို့ မန္တလေးမြို့က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အမှုဆောင်တဦးဖြစ်သူ ကိုရဲရင့်ကျော်က RFA ကို အခုလို ပြောပါတယ်။

" ည ၂ နာရီက စလောင်တာ တမ္ပဝတီ ချီပါရပ်မှာ ခန့်မှန်းအိမ်ခြေက ၂၀၀ လောက်ရှိတယ် အိမ်သေးတွေရော၊ အိမ်ကြီးတွေရော၊ နောက်ထရန်ကာအိမ်တွေများတယ်၊ ပျဉ်ထောင်အိမ်တွေများတယ်"
တမ္ပဝတီ ချီပါရပ် မီးဘေးဒုက္ခသည်တွေကို မှန်ကင်းဘုန်းကြီးကျောင်းဝင်းထဲမှာ ခေတ္တနေရာချထားတယ်လို့ ကိုရဲရင့်ကျော်က ပြောပါတယ်။

မီးလောင်ရတဲ့အကြောင်းရင်းကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

မီးဘေးဒုက္ခသည်တွေကို အာဏာပိုင်များက  မနက်စာကျွေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

.. www.MyanmarExpress.net
 

1 comments:

မူဆလင်ကုလားတွေရှို့တာပဲနေမှာပေါ့ကွာ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်