Subscribe to our RSS Feed

ခရီးသည်တင် လေယာဉ်အနီး မြောက်ကိုရီးယား ဒုံးကျည် စမ်းပစ်

From : BBC


မြောက်ကိုရီးယားရဲ့ ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုဟာ တရုတ် ခရီးသည်တင် လေယာဉ်တစ်စင်း ပျံသန်းနေတဲ့ လမ်းကြောင်းနေရာမှာ ပြုလုပ်ခဲ့တယ်လို့ တောင်ကိုရီးယားက ရှုတ်ချလိုက်ပါတယ်။

အင်္ဂ࿿ါနေ့က ဂျပန်နိုင်ငံ တိုကျိုမြို့ကနေ တရုတ်နိုင်ငံ ရှန်ယန်းမြို့ကို ပျံသန်းတဲ့ လေယာဉ် အဲဒီနေရာကို ဖြတ်မသွားခင် မိနစ် အနည်းငယ်လောက် အလို ကပ်ပြီး မြောက်ကိုရီးယားကနေ ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တာလို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် ဘင်္ဂလီကိစ္စရပ်များ ဆွေးနွေးညှိနှိုင်းခဲ့ ဟု ဆို

 From : ပြည်သူ့ အာဏာ
 
 


ဘင်းစတက်အစည်းအဝေးသို့ တက်ရောက်ရန် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ သော ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ရာတွင် ဘင်္ဂလီကိစ္စရပ်များ ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။

"မှန်ပါတယ်။ ကျွန်တော်တို့ ဥက္ကဌနဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်တို့ တွေ့ဆုံတဲ့ အခါမှာ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအခြေအနေတွေကို ဆွေးနွေးခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်က သူတို့ဘက်မှာ ရောက်နေတဲ့ ဘင်္ဂလီဒုက္ခသည်တွေကို မြန်မာနိုင်ငံအနေနဲ့ ကူညီဖြေရှင်းပေးဖို့ ပြောပါတယ်။ လူသားချင်းစာနာထောက်ထားမှု၊ လူ့အခွင့်အရေး၊ လူနည်းစုအခွင့်အရေးနဲ့ပတ်သက်လို့ အလေးထား ဆောင်ရွက်ရမှာ ဖြစ်ပေမယ့် ၂၀၁၅ ကျော်လွန်လို့ NLD ပါတီ အနိုင်ရရှိမှသာ ထိထိရောက်ရောက်ဖြေရှင်းဆောင်ရွက်ပေးနိုင်မယ်၊ လက်ရှိ အချိန်မှာတော့ လွှတ်တော်ထဲမှာ အင်အားအနည်းငယ်ပဲ ရှိတဲ့ NLD အနေနဲ့ ဒီကိစ္စကို စတင်ရင် တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တယ်၊ ဒါက နိုင်ငံတကာအဖွဲ့ အစည်းတွေနဲ့ ပေါင်းပြီး ဖြေရှင်းရမယ့် ကိစ္စ ဖြစ်တယ် ဆိုပြီး ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြန်ပြောခဲ့တယ် ဆိုတာ သိရပါတယ်" ဟု NLD ပါတီမှ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူးက ပြောဆိုကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထုတ် သတင်းစာတစ်စောင်တွင် ဖော်ပြပါရှိလာခဲ့သည်။ 

မြန်မာနိုင်ငံ ပညာရေးစနစ်ပျက်စီးရခြင်းမှာ ဗုဒ္ဓဘာသာကြောင့်ဟု မိုးသီးဇွန်ပြော

From : https://www.facebook.com/photo.php?fbid=275357652640003&set=a.115166145325822.20976.100004973111518&type=1



လာပြီ၊ ကိုယ်တွေဘာသာကို အပုတ်ချပြီး အစ္စလာမ် သာသနာပြုမယ့် မွတ်ကုလား။

ပညာရေးစနစ် ပျက်တယ် မပျက်တယ်ဆိုတာ စာကျက်တဲ့နည်းနဲ့ မဆိုင်ဘူး ဆောက်ရူးရ။

** အတန်းလိုက် ပြဋ္ဌာန်းစာတွေ အဆင့်မီရဲ့လား။
** ကျောင်းဆရာ ဆရာမတွေ အရည်အချင်း ရှိရဲ့လား၊ စာရိတ္တ ကောင်းရဲ့လား။
** ကျောင်းသူ ကျောင်းသားတွေရဲ့ စာရိတ္တအခြေခံ။
** အတန်းတင်မှု အရည်အချင်း စစ်ဆေးမှု တွေမှာ အကတိတွေ ရှိနေလား။
** ပညာတတ် ဘွဲ့ရတွေအပေါ် အစိုးရက အလုပ်အကိုင် နေရာချထား ပေးနိုင်သလား၊ လခထိုက်တန်ပါရဲ့လား။
** အစိုးရအနေနဲ့ ပညာရေးအပေါ် ဘယ်လောက် ကူညီပံ့ပိုးနေပါသလဲ၊ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်အောင် ဆောင်ရွက် နေလား။
** ပြည်သူ လူထုဘက်က ဘယ်လောက် လိုလား ပါဝင် ဆောင်ရွက်နေလဲ။

ဂျာနူဇတ်နဲ့ သတင်းတွေကို ခပ်ကြမ်းကြမ်း ငြင်းခဲ့တဲ့ စပရင်ဂါ

From : ရိုးရာလေး

 မန်ယူ လူငယ်ကစားသမား ဂျာနူဇတ်နဲ့ ချစ်သူဖြစ်နေကြလို့ သတင်းလွှင့်သူတွေကို ကာယကံရှင် စပရင်ဂါက အွန်လိုင်းကနေ ခပ်ကြမ်းကြမ်း တုံ့ပြန်သွားပါတယ်။ ဂျာနူဇတ် နာမည်ကျော်ကြား လာပြီးနောက် အမေရိကန် အဖော်အချွတ် မဂ္ဂဇင်းတွေမှာ မျက်နှာဖုံးရှင် ဖြစ်ခဲ့တဲ့ အင်္ဂလန် နာမည်ကျော် မော်ဒယ် စပရင်ဂါနဲ့ ချစ်သူတွေ ဖြစ်နေကြပြီလို့ သတင်းထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

သမ္မတကြီးပေးတဲ့ မွေးနေ့လက်ဆောင်အကောင်းဆုံးပဲတဲ့

From : https://www.facebook.com/photo.php?fbid=640902695947054&set=a.611794258857898.1073741883.477299495640709&type=1
 

မတ်လ (၂) ရက်နေ့က အင်းစိန်ရွာမကျောင်းတိုက်တွင် အမျိုးဘာသာသာသနာစောင့် ရှောက်ရေးအဖွဲ့ဗဟိုဥက္ကဋ္ဌဆရာ တော်အရှင်တိလောကဘိဝံသ၏ သက်တော် ၇၅ နှစ်ပြည့်စိန်ရတု ၀ိဇာတကုသိုလ်တော်မင်္ဂလာ အခမ်းအနားကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ဆရာတော်အရှင်တိလောကာဘိဝံ သ၏အတ္ထုပ္ပတ်္တိအားမဇ္ဈိမဂုဏ်ရည် ဆရာတော်မှဖတ်ကြားရာ “န၀တ အစိုးရလက်ထက်တုန်းက ဆရာ တော်ဘုရားဟာတပည့်တွေကို နိုင်ငံရေးကိစ္စမလုပ်ခိုင်းသလို ဆရာတော်ဘုရားကိုယ်တိုင်လည်း အဲဒါမျိုးတွေမလုပ်ပါဘူး။ ဒါပေမဲ့ ဆရာတော်ဘုရားဟာဝဋ်ကြွေး ကံကြမ္မာမလွတ်သာတဲ့အခါမလျော် ရာနေရာကိုရောက်ခဲ့ရတယ်။

၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ဦးကိုကိုကြီး လက်ထပ်မင်္ဂလာ ယနေ့ လက်မှတ်ရေးထိုးပြီ

From : ပြည်သူ့အာဏာ
 

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်တစ်ဦး ဖြစ်သော ဦးကိုကိုကြီးသည် ယနေ့ နံနက်ပိုင်းတွင် မခင်သူသူဝင်းနှင့် နှစ်ဦးသဘောတူ လက်ထပ် မင်္ဂလာ စာချုပ်တွင် လက်မှတ်ရေးထိုးလိုက်ကြောင်း သိရှိရသည်။

ယနေ့ နံနက် ၉ နာရီတွင် မဟာဗန္ဓုလပန်းခြံလမ်း (ဘားလမ်း) ရှိ 
ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် ဦးကိုကိုကြီးနှင့် မခင်သူသူဝင်းတို့ နှစ်ဦးသဘောတူ လက်ထပ်မင်္ဂလာစာချုပ်
လက်မှတ်ရေးထိုးကြသည်။ 

မခင်သူသူဝင်းမှာ ကလေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၁၉၉၀ပြည့်နှစ် အရွေးချယ်ခံကိုယ်စားလှယ် ဒေါက်တာသိန်းဝင်း(ကွယ်လွန်) ၏သမီး ဖြစ်ပြီး နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးနောက် မင်္ဂလာပွဲ အခမ်းအနားကို ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

ဦးလှဆွေကို NLD က တရားစွဲလျှင် ကြံ့ခိုင်ရေးကလည်း ဦးဝင်းတင်ကို တရားစွဲမည်

From : ပြည်သူ့ အာဏာ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးလှဆွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တရားစွဲဆိုမည် ဟု ပါတီ CEC ဦးဝင်းထိန်က ထုတ်ဖော်ပြောကြားပြီးနောက် တုံ့ပြန်မှုအနေဖြင့် NLD ပါတီ ဗဟိုနာယက ဦးဝင်းတင်ကို ပြန်လည်တရားစွဲဆိုမည် ဖြစ်ကြောင်း သိရသည်။

"ဦးဝင်းတင်ဆိုရင် ဒီလှိုင်းဂျာနယ်မှာ ရေးတာတွေရော၊ ဂျာနယ်တွေမှာ အင်တာဗျူးလုပ်တာတွေရော ကျွန်တော်တို့ ပါတီကို တိုက်ခိုက် အပုပ်ချ တာတွေ အများကြီး ရှိတယ်။ ဦးလှဆွေ ပြောသွားတာက ဘာမှားတာ ပါသလဲ။ စကားလုံး နည်းနည်းကြမ်းတာကလွဲလို့ အားလုံး အမှန်တွေချည်းပဲ။ သူတို့က တရားစွဲရင် ကျွန်တော်တို့ကလည်း ပြန်စွဲမှာပါ" ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ CEC တစ်ဦးက ပြောသည်။

အိပ်ပျှော်နေသော လွှတ်တော်အမတ်များ အညံ့စားစိတ်ဓါတ်ဖြင့် မျိုးချစ်စိတ် တုံးသည် ဟု ရွှေည၀ါ ဆရာတော် ဟောကြား

From : ပြည်သူ့ အာဏာ
 

 

အင်းစိန်ရွာမ ဆရာတော်ကြီး ဦးဆောင်သော အမျိုးဘာသာသာသနာစောင့်ရှောက်အဖွဲ့ (ဗဟို)က အမျိုးစောင့် ဥပဒေ (၄)ခု ရေးဆွဲရန် တင်ပြနေရာတွင် လွှတ်တော်က ခေါင်းရှောင်ပြီး ပယ်ချလိုက်ချိန်တွင် အမျိုးသားရေးအတွက် မြန်မာနိုင်ငံသားများ အိပ်ပျှော်မနေကြရန် ရွှေည၀ါ ဆရာတော်က ဟောကြားလိုက်ကြောင်း သိရသည်။ 

မကြာသေးမီက အင်းစိန်ရွာမဆရာတော်ကြီး၏ တောင်းဆိုချက်ကို သမ္မတဦးသိန်းစိန်က ထပ်ဆင့်ထောက်ခံ၍ ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ ခဲ့ရာ အခြေခံဥပဒေနှင့် မညီဘဲ လွှတ်တော်က ခေါင်းရှောင် တာဝန်ရှောင်နေခြင်းနှင့် စပ်လျဉ်း၍ အညံ့စားစိတ်ဓါတ်ဖြင့် မျိုးချစ်စိတ် တုံးသည် ဟု ဝေဖန်ပြောကြားလိုက်ပြီး အိပ်ပျှော်နေသော လွှတ်တော်ကို နှိုးဆောင်ပေးရမည် ဟု ဆရာတော် ဦးပညာသီဟက မိန့်ကြားသည်။ 

မင်္ဂလာအခမ်းအနား ပြုလုပ်ခဲ့သော လိင်တူချစ်သူနှစ်ဦးကို ဗဟန်းမြို့နယ် ရဲစခန်းက စုံစမ်းစစ်ဆေးနေ ဟု ဆို

From : ပြည်သူ့ အာဏာ




မတ် ၂ ရက်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ Excel Treasure ဟိုတယ်တွင် လိင်တူချစ်သူ အမျိုးသားနှစ်ဦးဖြစ်သည့် ကိုမျိုးမင်းထက်နှင့် ကိုတင်ကိုကိုတို့၏ (၁၀) နှစ်ပြည့် မင်္ဂလာအခမ်းအနားကို ပြုလုပ်ခဲ့ပြီးနောက် ရာဇသတ်ကြီး ပုဒ်မ ၃၇၇ အရ အရေးယူနိုင်ရန် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ဗဟန်းမြို့မရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူး ဦးမြင့်လွင်စန်းက ပြောကြားသည်။

"Excel Treasure ဟိုတယ်မှာ ကျင်းပသွားတဲ့ အမျိုးသားနှစ်ဦးရဲ့ ၁၀ နှစ်ပြည့် မင်္ဂလာအခမ်းအနားနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ရဲ့ တပ်ဖွဲ့အနေနဲ့စုံစမ်းပြီးတော့ စစ်ဆေးသွားပါမယ်။ ပြဋ္ဌာန်းထားတဲ့ ဥပဒေပုဒ်မ ၃၇၇ နဲ့ ကိုက်ညီတယ်ဆိုရင် ဥပဒေနဲ့အညီ အရေးယူသွားပါမယ်"ဟု ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့မရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူး ဦးမြင့်လွင်စန်းက ပြောကြားသည်။

မြန်မာ့ပိုင်နက်ကို အသုံးချပြီး အိန္ဒိယကို နှောင့်ယှက်နေတဲ့ အဖွဲ့တွေကို ခွင့်ပြုမှာမဟုတ်

From : RFA
 

မြန်မာ့ပိုင်နက်မြေကို အသုံးချပြီး၊ အိန္ဒိယနိုင်ငံရဲ့ အကျိုစီးပွားကို နှောင့်ယှက်ဟန့်တားနေတဲ့ ဘယ်အဖွဲ့အစည်းကိုမှ ဆက်လက်ခွင့်ပြုမှာမဟုတ်ကြောင်း သမ္မတ ဦးသိန်းစိန်က မနေ့က ကတိပြု ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာကျင်းပတဲ့ တတိယအကြိမ်မြောက် BIMSTEC ခေါ် ဘင်္ဂလားပင်လယ်အော်ဒေ သ နိုင်ငံများအဖွဲ့ ညီလာခံကို တက်ရောက် ဖို့ရောက်ရှိလာတဲ့ အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းနဲ့ တွေ့ဆုံရာမှာ သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့တာပါ။

ဒါ့ပြင် သတင်းအချက်အလက် နည်းပညာ၊ စိုက်ပျိုးရေး၊ ပညာရေး ၊ စက်မှု စတဲ့ကဏ္ဍတွေမှာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့ အကူအညီပေးရေး၊ စွမ်းအင်၊ ဘဏ္ဍာရေး၊ ကာကွယ်ရေးနဲ့ နယ်စပ်လုံခြုံရေး ကိစ္စတွေလည်း ဆွေးနွေးခဲ့ကြပါတယ်။ အခုခရီးစဉ်ဟာ အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းရဲ့ ဒုတိယအကြိမ် မြန်မာနိုင်ငံခရီးစဉ် ဖြစ်ပါတယ်။

တရုတ်နိုင်ငံသား ဘီလီလျံနာများ အံ့သြစရာနှုန်းနဲ့ တိုးတက်လာ

From : Trend Myanmar

Forbes မဂ္ဂဇင်းရဲ့ နှစ်စဉ်ကြွယ်ဝချမ်းသာမှု စာရင်း မှာ တရုတ်နိုင်ငံရဲ့ ထင်ပေါ်မှုဟာ ဒီနှစ်ရဲ့ အားအကောင်းဆုံး အလားအလာတစ်ရပ် ဖြစ်နေတယ်လို့ အယ်ဒီတာ Randall Lane က CNBC ကို မတ်လ ၄ရက်နေ့မှာ ပြောသွားပါတယ်။
၂၀၁၄ခုနှစ် စာရင်းမှာ တရုတ်က ဘီလီလျံနာ (၁၅၂)ယောက်ကို မှတ်ပုံတင်သွားပါတယ်။ မနှစ်က (၁၂၂) ယောက်ပဲရှိခဲ့တာဆိုတော့ ၂၅ရာခိုင်နှုန်းတောင် တက်လာတယ်ပေါ့။ ဟောင်ကောင် ကလည်း ဘီလီလျံနာ (၄၅) ယောက်ကို မှတ်ပုံ တင်ထားပါသေးတယ်။

၂၆နှစ်အမျိုးသမီး ၁၃နှစ်အရွယ်ကောင်လေးအား မုဒိမ်းကျင့်မှုဖြင့် တရားစွဲခံထားရ

From : The Melting Pot 4 U
 

ဒီကေတာမြို့ အလာဘားမားပြည်နယ်နေ လောရန်ဘေကာဆိုသူမှာ ၁၃နှစ်အရွယ်ကောင်လေးအား ဓမ္မာတာကိုလွန်ဆန်ပြီး မုဒိမ်းကျင့်မှုဖြင့်တရားစဲ
ွဆိုခြင်းကိုခံ ထားရသည်။ အဆိုပါအမျိုးသမီး သည်အာမခံကြေးဒေါ်လာ၂၀၀၀၀ဖြင်
့မော်ဂန်ကောင်တီအကျဉ်းမှသောကြာနေ့ မှစပြီးအပြင်တွင်နေထိုင်ခွင့်ပြုထားသည်။

"မျိုးစောင့်ဥပဒေ အမြန်ဆုံးပေါ်ထွန်းလာစေရေး ပူးပေါင်းပါဝင်ရန် မ.ဘ.သ ဆရာတော်အချို့ ဒေါ်အောင်ဆန်း စုကြည်အား တိုက်တွန်း"

From : Wira Thu


ရန်ကုန်- မျိုးစောင့်ဥပဒေနှင့်ပတ်သက်သော ဥပဒေလေးရပ် အမြန်ဆုံးပေါ်ထွန်းလာစေရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ရန် အမျိုး၊ ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(မ.ဘ.သ)(ဗဟို) မှ ဆရာတော်အချို့က အဆိုပါအဖွဲ့ဥက္ကဋ္ဌ ဆရာတော်မွေးနေ့ပွဲသို့ တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်အား တိုက်တွန်းပြောကြားလိုက်သည်
မတ်လ ၂ ရက်တွင် ပြုလုပ်သည့် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော်သြဝါဒစရိယ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက် မဟာနာယကဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသ ဆရာတော်ကြီး၏ (၇၅) နှစ်မြောက် မွေးနေ့ပွဲတွင် ဆရာတော်အချို့က အထက်ပါအတိုင်း တိုက်တွန်းပြောကြားခဲ့ပြီး မွေးနေ့ပွဲသို့ သာသနာရေး ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်၊ ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ကြည်ညိုခဲ့သည်။

၅၉(စ) ပြင်ဖို့ NLD နှင့် မွတ်စလင်ကုလားများ အတူတကွ ဆန္ဒဖော်ထုတ်လျက်ရှိ

From : https://www.facebook.com/photo.php?fbid=224217261103242&set=pcb.224217364436565&type=1&theater









 

လိင်တူချစ်သူ အမျိုးသား နှစ်ဦး၏ မင်္ဂလာသက် (၁၀) နှစ်ပြည့် အခမ်းအနား Excel Treasure Hotel တွင် ပြုလုပ်

From :  The Voice Weekly



မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် အဖြစ် လိင်တူချစ်သူ အမျိုးသား နှစ်ဦး၏ မင်္ဂလာသက် (၁၀) နှစ်ပြည့် အခမ်းအနားကို မတ်လ ၂ ရက်၊ ညနေ ၆နာရီ အချိန်တွင် ဗဟန်းမြို့နယ် အတွင်းရှိ Excel Treasure Hotel တွင် ပြုလုပ်ခဲ့သည်။

“ဒီပွဲလေး လုပ်ဖြစ်ဖို့ ကျွန်တော်တို့ အများကြီး ကြိုးစား ပြင်ဆင်ခဲ့ရပါတယ်။ ကျွန်တော်တို့ နှစ်ယောက် အတူနေလာကြတာ ဒီနေ့က ၁၀ နှစ် ပြည့်တဲ့နေ့ပေါ့။ ဒီကာလတွေကို တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုနဲ့ ကျွန်တ်ာတို့ ကျော်ဖြတ်ခဲ့ကြတယ်။ အဓိကကတော့ သံယောဇဉ်ပေါ့” ဟု သတို့သား ဖြစ်သည့် ကိုမျိုးမင်းထက်က ပြောကြားသည်။

၎င်းတို့ နှစ်ဦး အတူ နေထိုင်ခဲ့ကြခြင်းကို မိဘဆွေမျိုးများက နားလည် ခွင့်လွှတ် ပေးထားခဲ့ကြသော်လည်း၊ Myanmar Times ဂျာနယ်တွင် ၎င်းတို့၏ သတင်း ပါဝင်လာပြီး နောက်တွင် လူအများ၏ အာရုံစိုက်မှု ခံလာရသည့် အပေါ် မိသားစုကလည်း တစ်မျိုး မြင်လာခဲ့ကြောင်း၊ ၎င်းတို့သည်လည်း သာမန် စုံတွဲများကဲ့သို့ နေထိုင်နိုင်ခွင့် ရှိကြောင်း မိသားစုကို နားလည်အောင် ရှင်းပြခဲ့ရကြောင်း ကိုမျိုးမင်းထက်က ဆိုသည်။

အမြဲတမ်း ပေါ်ပြူလာဖြစ်နေမယ့် ဆံပင်ပုံစံများ

From : Irrawaddy
 
~ဆံပင်ပုံစံဆိုတာ လူအများအပြားအတွက် အင်မတန် အလေးထားရမယ့် အလှအပရေးရာပါ။ အနောက်တိုင်းက    MarieClaire  မဂ္ဂဇင်းမှာ အမြဲတမ်း ပေါ်ပြူလာဖြစ်နေမယ့် ဆံပင်ပုံစံများ ဆိုပြီး ရေးထားတာ တွေ့ရပါတယ်။ အဲဒီထဲက ကူးယူ ဖော်ပြရရင်…

အမတ်တွေအားလုံး ဒီမိုကရက်လား

From :  Pite Tin


( ဒီကနေ့ထုတ် The Voice weekly ဆောင်းပါးဖြစ်ပါတယ်။ ဒီမိုကရေစီ နိုင်ငံမဖြစ်သေးတော့လည်း မဲထည့်တာလွဲတတ်တဲ့အကြောင်း ကျနော်ကိုယ်တိုင်လွဲခဲ့တဲ့ကိစ္စကို တွေးမိပြီး ဝမ်းနည်းစိတ်နဲ့ရေးတဲ့ဆောင်းပါး
ပါ။ ဒီမိုကရေစီတည်ဆောက်မယ်ဆိုတဲ့ နိုင်ငံရေးသမားတွေ ဒီမိုကရေစီကိုတော့ ယုံကြည်ကြဖို့ မဖြစ်မနေလိုအပ်ပါမယ်။ လူထုကို လမ်းကြောင်းမှန်ပေါ် တင်ပေးနိုင်ရပါမယ်။ ဒီမိုကရေစီနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်လမ်းပြကြယ်များဖြစ်ရပါမယ်။မဲဆန္ဒရှင်များကို လေးစားတန်ဖိုးထားဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဘာကိုမှ ပေါ့ပေါ့တန်တန်မလုပ်မိ မပြောမိကြဖို့ပါ။ ဒါငါ့အခွင့်အရေး ငါပြောမယ် ဆိုတာမျိုးက သာမန်အရပ်သားတွေမှာ လုပ်ခွင့်ရှိပေမယ့် လူထုဆန္ဒကိုကိုယ်စားပြုသူများ လုပ်ခွင့်မရှိပါ။ ဒီမိုကရေစီဝါဒသည်သာ လွတ်လပ်ခွင့် တန်းတူညီမျှခွင့်များကို ပြဌာန်းပေးနိုင်ပြီး လူတွေရဲ့ ကိုးကွယ်ယုံကြည်မှုများကို လုံခြုံဖို့ အကာအကွယ်ပေးနိုင်တယ်ဆိုတာ လူထုကို ရှင်းရှင်းလင်းလင်း လမ်းပြဖို့တာဝန်ရှိပါတယ်။လူထုက အစစနိမ့်ပါးနေသေးတဲ့အချိန်မှာ ကိုယ် မဲရဖို့ လူထုကို ဝေဝါးထွေပြားအောင်လုပ်ခဲ့ရင် ဒီမိုကရေစီကိုသစ္စာဖောက်ရာကျသလို လူထုကို ဒုက္ခတွင်းထဲပို့သလိုဖြစ်နိုင်ကြောင်း သတိပေးလိုရင်းပါခင်ဗျား။)

လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကို မယောင်ရာ ဆီလူး၊ အလုပ်မရှိ - ဥ သန်းရှာ ဟု ဆို

From :  ပြည်သူ့ အာဏာ

လပြည့်ညများ အမှန် လပြည့်ည ဖြစ်စေလိုသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင် ကို၏ လွှတ်တော်တွင်း မေးခွန်း မေးမြန်းချက်အပေါ် ဝေဖန်မှုများ ရှိနေကြောင်း သိရှိရသည်။

ဖေဖော်ဝါရီိလ ၂၈ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကန်ပက်လက် မဲဆန္ဒနယ်မှ သူရဦးအောင်ကိုက လပြည့်ရန် (၁) ရက် စောနေသော မြန်မာပြည်ပြက္ခဒိန်နေ့ရက်ကို အမှန် အတိုင်းဖြစ်စေရန် ပြန်လည်ပြင်ဆင်ရန် လိုအပ်လာမည်ဖြစ်ပါကြောင်း၊ ဓမ္မစက်နှင့် အာဏာစက် ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးသည် သံဃာ ရာဇာဖြစ်သောကြောင့် ဥက္ကဋ္ဌဆရာတော်ကြီးထံတွင် ဓမ္မစက်တည်ရှိပါကြောင်း၊ အာဏာစက်သည်နိုင်ငံတော် အကြီးအကဲဖြစ်သူ သမ္မတကြီးထံတွင်ရှိပါကြောင်း၊ ဖော်ပြပါ ကြီးမြတ်သောတာဝန်ကို နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့က နိုင်ငံတော်နက္ခတ္တဗေဒနှင့် ပြက္ခဒိန်ပညာရှင်အဖွဲ့သို့ တာဝန်ပေး ဆောင် ရွက်စေရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲမှ အတည်ပြုမိန့်ပြန်တမ်းထုတ်ပြန်ပေးရမည် ဖြစ်ပါ ကြောင်း၊ ‘လ’မပြည့်သော ‘လ’ပြည့်ညများကို အမှန် ‘လပြည့်’ညဖြစ်လာအောင် ဓမ္မစက်နှင့် အာဏာစက် ပူးပေါင်း၍ ပြင်ဆင်ပေးနိုင်ခြင်းရှိ/မရှိသိရှိလိုပါကြောင်း စသည်ဖြင့် မေးမြန်းခဲ့သည်။

NLD ရုံးချုပ်အသစ်ပြန်လည်တည်ဆောက်ရန် အလှူငွေစတင်ကောက်ခံ၊ လိုအပ်ငွေများကို ခရိုနီများထံမှ တောင်းခံမည်

From : ပြည်သူ့ အာဏာ


ရန်ကုန်မြို့ ဗဟန်းမြို့နယ် အနောက်ရွှေဂုံတိုင်လမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းသစ် အသစ်ပြန်လည်တည်ဆောက်ရေးအတွက် အလှူငွေများကို စတင်လက်ခံလျက်ရှိကြောင်း ဖေဖော်ဝါရီလ ၄ ရက်နေ့စွဲတပ် ပါတီ၏ သတင်းထုတ်ပြန်ချက်အရ သိရပြီး ၀ိုင်းဝန်းမတည်၍ရရှိသော ငွေကြေးပမာဏ လုံလောက်မှုမရှိပါက ထင်းရှားကျော်ကြားသူများထံမှ အကူအညီရယူမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးကော်မတီအဖွဲ့ဝင် ဦးစောလှိုင်က ဖေဖော်ဝါရီ ၅ ရက်နေ့က News Watch သို့ ပြောကြားသည်။

ဇန်န၀ါရီ ၂၄ ရက်နေ့ ထွက် News Watch ဂျာနယ် အတွဲ ၈ အမှတ် ၃၄ ပါ `NLD ဌာနချုပ်ရုံးသစ်ကို ထူးကုမ္ပဏီ၏ အကူအညီနှင့် ဆောက်လုပ်မည်ဟု သတင်းများထွက်ပေါ်´ သတင်း၌ NLD ဌာနချုပ်ရုံးအား ဓါတ်လှေကားပါ ၈ ထပ်မြင့် အဆောက်အုံ ပြင်ဆင်ဆောက်လှုပ်မည်ဖြစ်ကြောင်း၊ ဦးတေဇပိုင်ဆိုင်သည့် `ထူးကုမ္ပဏီများအုပ်စု´ လက်အောက်ရှိ အာရှစိမ်းလန်းမှုဖွင့်ဖြိုးရေးဘဏ် (AGD) ၏ မန်နေဂျင်းဒါရိုတ်တာ ဦးရဲမင်းဦးသည် ဆောက်လုပ်ရေးကော်မတီတွင်ပါဝင်ကြောင်းတို့ ဖော်ပြခဲ့သည်။