Subscribe to our RSS Feed
လေးပွင့်ဆိုင်ဆွေးနွေးရေး မသင့်လျော်သေးဟု နိုင်ငံတော်သမ္မတပြောကြား
From : .. pyi myanmar
 ပြည်သူတွေ အတွက် အလွန်အရေးကြီးသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင် ဆင်ရေး လေးပွင့် ဆိုင် တွေ့ဆုံဆွေးနွေး ရန် ဒေါ်အောင်ဆန်း စုကြည်၏ မေတ္တာရပ် ခံစာမှာ ကောင်းမွန် သင့်မြတ်သောကြောင့် မူအားဖြင့် လက်ခံကြောင်း၊ သို့သော် ပါတီ ဥက္ကဌတစ်ဦးအနေဖြင့် ပေးပို့လာသည့် စာဖြစ်နေပြီး ပါတီ ၅၈ ခုလုံး၏ သဘော ထား ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း နှင့် ဖွဲ့စည်းပုံ အရ ပေါ်ပေါက် လာသော ပြည်ထောင်စု လွှတ်တော်၏ လုပ်ပိုင်ခွင့်ဘောင်ကို ကျော်လွန်လုပ်ဆောင်လိုခြင်းမရှိပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ လေ့လာ စိစစ်ရေးကော်မတီ ၏ အစီရင်ခံစာ ပြီးသည်အထိ စောင့်ဆိုင်းရန်လိုလိုအပ်
.. www.MyanmarExpress.net
တိုင်းပြည်ကံကြမ္မာကို ထိပ်သီးလေးဦးက ဆွေးနွေးမည့်အပေါ် ပါတီ၊ လူမှုအဖွဲ့အစည်းနှင့် တိုင်းရင်းသားများကြား ဝိဝါဒ ကွဲပြားနေ
From : .. pyi myanmar
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော် နာယက၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်တို့ လေးပွင့်ဆိုင် ဆွေးနွေးရေးကိစ္စအပေါ် နိုင်ငံရေးပါတီ၊ လူမှုအဖွဲ့အစည်း နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အကြား ဝိဝါဒ ကွဲပြားလျှက်ရှိပြီး တိုင်းပြည်ကံကြမ္မာကို လေးဦး၏ လက်ထဲတွင် ဆုံးဖြတ်ရန် ရည်ရွယ်ခြင်းကို လက်မခံဟု ပြောကြားမှုများ ရှိလာခဲ့ကြောင်း သတင်းရရှိသည်။ 
.. www.MyanmarExpress.net
အခြေခံဥပဒေပြင်ဆင်ရေး ကြီးလေးကြီးတွေ့ရန် လွှတ်တော်အစီရင်ခံစာ စောင့်သင့် ဟု သမ္မတပြောရေးဆိုခွင့် ရှိသူဆို
From : .. the voice
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး NLD ပါတီက မေတ္တာရပ်ခံ ထားသော နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဌနှစ်ဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့နှင့် ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံဆွေးနွေးအဖြေရှာရေး အစီအစဉ်ကို "ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားသော ၂၀၀၈ ခုနှစ် အခြေခံဥပဒေလေ့လာသုံးသပ်ရေးကော်မတီ၏ အစီရင်ခံစာထွက်သည့်အချိန်အထိ စောင့်ဆိုင်းသင့်ကြောင်း" နိုင်ငံတော်သမ္မတကိုယ်စား ၄င်း၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။
ယင်းသို့ ညှိနှိုင်းရာတွင် NLD ပါတီနည်းတူ တရားဝင်ဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီ ၅၈ ခု၏ သဘောထားအကြံပြုချက်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည့်အပြင် အခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်နေသည့် ပြည်ထောင်စုလွှတ်တော်၏ အခွင့် အာဏာကို လေးစားရန် လိုအပ်သဖြင့် အစီရင်ခံစာ ထွက်ပြီးချိန်မှသာ ညှိနှိုင်းမည့် အစီ အစဉ်ကို ဆက်လက်လုပ်ဆောင်သင့်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။
"လေ့လာသုံးသပ်ရေးကော်မတီရဲ့ အစီရင်ခံစာ ထွက်လာပြီးမှ ဘယ်လိုပူးပေါင်း ဆွေးနွေးညှိနှိုင်းသင့်သလဲ ဆိုတာ ဆက်လုပ်သင့်ပါတယ်" ဟု နိုင်ငံတော်သမ္မတ၏ ကိုယ်စား ဦးရဲထွဋ်က ပြောဆိုသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ရန် အတွက် နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ တပ်မတော်တို့နှင့် နိုင်ငံရေးပါတီအားလုံး တွေ့ဆုံရန် လိုအပ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးဌေးဦးက မှတ်ချက်ပြုသည်။
"ပါတီတွေအားလုံးနဲ့ တွေ့နိုင်တဲ့ နည်းလမ်း စဉ်းစားရမှာပေါ့။ တွေ့လည်းတွေ့ရမှာပဲလေ။ လူချင်းတွေ့တာလည်း ရှိနိုင်တယ်။ တင်ပြချက်တွေနဲ့ တွေ့တာလည်း ရှိနိုင်တယ်" ဟု ဦးဌေးဦးက မှတ်ချက်ပြုသည်။
အခြေခံဥပဒေပြင်ဆင်ရေးမှာ ပါတီအားလုံးနှင့်သက်ဆိုင်သည့် ကိစ္စဖြစ်ပြီး နိုင်ငံတော် အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့နှင့် ညှိနှိုင်းလုပ်ဆောင်ပါက ပြင်ဆင်ရေးကိစ္စရပ်များ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်မည် ဟု ယူဆကြောင်း၊ နိုင်ငံရေးပါတီ စုစုပေါင်း ၅၀ ကျော် ရှိသည့်အပြင် အခြေခံဥပဒေမှာ ပြည်သူအားလုံးနှင့် သက်ဆိုင်သဖြင့် ယင်းသို့ ညှိနှိုင်း လုပ်ဆောင်သင့်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။
အခြေခံဥပဒေပြင်ဆင်ရေးကိစ္စများနှင့် ပတ်သက်ပြီး NLD ပါတီသည် ၄င်းတို့ပါတီမှ ကိုယ်စားလှယ် ခုနှစ်ဦး ပါဝင်နေသည့် အခြေခံဥပဒေလေ့လာသုံးသပ်ရေးပူးပေါင်း ကော်မတီမှတစ်ဆင့် လုပ်ဆောင်ပါက ပိုပြီး နည်းလမ်းကျကြောင်း အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဌ ဦးသိန်းညွန့်က ပြောဆိုသည်။
"အဲဒီ လေးယောက်ကနေ ဆွေးနွေးပြီးမှ သဘောတူတာကို လွှတ်တော်ကို ချပေးမယ် ဆိုရင် လွှတ်တော်က ရော်ဘာတံဆိပ်တုံးနှိပ်တဲ့လွှတ်တော် ဖြစ်သွားမှာပေါ့" ဟု ၄င်းက သုံးသပ်သည်။
ဒေါ်အောင်ဆန်း စုကြည်က နိုင်ငံတေယ်သမ္မတ၊ လွှတ်တော်၊ တပ်မတော်တို့နှင့် လေးပွင့် ဆိုင် တွေ့ဆုံလိုကြောင်း မေတ္တာရပ်ခံသည့်စာကို လက်ခံရရှိကြောင်း၊ ယင်းစာပါ "နိုင်ငံသူနိုင်ငံသားများအတွက် အသက်တမျှအရေးကြီးသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အဆင်ပြေချောမွေ့ရန် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်မှာ ကောင်းမွန် သင့်မြတ်ကြောင်း" နိုင်ငံတော်သမ္မတ၏ ကိုယ်စား ဦးရဲထွဋ်က ဖြည့်စွက်ပြောကြားသည်။
.. www.MyanmarExpress.net
ဖွဲ့စည်းပုံပြင်ဆင်ရေး လေးပွင့်ဆိုင်ဆွေးနွေးရန် ကော်မတီအစီရင်ခံစာတွင် တည်မှီနေ
From : ..mizzima
နိုင်ငံတော်သမ္မတ၊ လွှတ်တော်နှင့် တပ်မတော်သို့ ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်းထားသည့် ဖွဲ့စည်း ပုံပြင်ဆင်ရေးဆိုင်ရာ လေးပွင့်ဆိုင်တွေ့ဆုံလိုခြင်းကို ပြည်ထောင်စုလွှတ်တော်၏ အခြေခံဥပဒေလေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီအစီရင်ခံစာ ထွက်ပေါ်လာချိန်အထိ စောင့်ဆိုင်းရန် နိုင်ငံတော်သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်တို့က သဘောထားရှိသည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူဦးရဲထွဋ်က နိုဝင်ဘာ ၂၇ ရက်တွင် မဇ္ဈိမကို ပြောသည်။
“ပြည်ထောင်စုလွှတ်တော်ရဲ့ ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေးကော်မတီက အစီရင်ခံစာ မတင်သွင်းမီမှာ အခြားနည်းလမ်းတွေနဲ့ ဆွေးနွေးမှုများပြုလုပ်ခဲ့ရင် ကော်မတီရဲ့တွေ့ရှိချက်များနဲ့ ကွဲလွဲမှုများ ဖြစ်လာနိုင် ပါတယ်”ဟု ပြောသည်။
ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်ကော်မတီ၏ အစီရင်ခံစာ တင်သွင်းပြီးမှ သာ တွေ့ဆုံပွဲကိစ္စ စဉ်းစားသင့်သည်ဟု ယူဆထားခြင်းဖြစ်သည်။
ထို့ပြင် ဖွဲ့စည်းပုံပြင်ဆင်ရေးသည် နိုင်ငံသားအားလုံးအတွက် အရေးကြီးသည့် ကိစ္စရပ်ဖြစ် သည်ကို နိုင်ငံ တော်သမ္မတနှင့် ကာကွယ်ရေး ဦးစီးချုပ်တို့ကလည်း လက်ခံယုံကြည်ကြသည်ဟု ဦးရဲထွဋ်ကပြောသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌလည်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံမှုအပေါ် စဉ်းစားရာတွင် အခြားသော တရားဝင် ၅၈ ပါတီ၏ အခန်းကဏ္ဍကိုလည်း ထည့်သွင်းစဉ်းစားခဲ့ရသည်ဟု လည်း ဦးရဲထွဋ်က ဆိုသည်။
“သက်ဆိုင်သူအားလုံး ပါဝင်ဆွေးနွေးသင့်တဲ့ အရေးကိစ္စဖြစ်တယ်လို့ ယုံကြည်ပါတယ်”ဟု ဦးရဲထွဋ်က ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံချက်ကို နိုဝင်ဘာ ၂၃ ရက်၌ ထုတ်ပြန် ကြေညာခဲ့ ခြင်းဖြစ်ပြီး နောက်နှစ်ရက်အကြာတွင် တရားဝင် စာပေးပို့ခဲ့ခြင်းဖြစ်သည်။
မေတ္တာရပ်ခံစာတွင် ယနေ့အချိန်၏ အဓိကအကျဆုံးကိစ္စဖြစ်သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး အဆင်ပြေချောမွေ့စွာ ဖြစ်မြောက်ရန် ရည်ရွယ်၍ တွေ့ဆုံရန် မေတ္တာရပ်ခံခြင်းဖြစ် သည်ဟု ပါဝင်သည်။
သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့၏ ယင်းသို့ သဘောထားပြန်ကြားချက်အပေါ် လတ်တ လော မှတ်ချက်ပြုရန် မရှိသော်လည်း “နိုင်ငံအတွက် အလုပ်ဖြစ်ဖို့က အလုပ်ဖြစ်တဲ့ ပုဂ်္ဂိုလ်တွေ တွေ့ဆုံ ဆွေးနွေးကြဖို့ လိုပါတယ်”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ် ၀င်းက ပြောသည်။
ထို့ပြင် တွေ့ဆုံပွဲဖြစ်ရေးသည် ပြဿနာများအကြား အချိန်ကုန်ရန် ရှိနေသည့် တိုင်းပြည်အတွက် အဖြေ ပင် ဖြစ်မည်ဟုလည်း ယင်းက ဆိုသည်။
ထိုသို့ သဘောထားပြန်ကြားမှုသည် လွှတ်တော်၏ ဖွဲ့စည်းပုံသုံးသပ်ရေးဆိုင်ရာ လွှတ်တော်ကော်မတီ၊ အစီရင်ခံစာ ထုတ်ပြန်ရန် နောက်ဆုံးနေ့ဖြစ်သည့် ဇန်န၀ါရီ ၃၁ ရက်နောက်ပိုင်းမှသာ လေးပွင့်ဆိုင်တွေ့ ပွဲကို သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်တို့ စဉ်းစားသွားဖွယ်ရှိသည်။
ဖွဲ့စည်းပုံ လေ့လာရေးကော်မတီကို လွှတ်တော်တွင်းရှိ နိုင်ငံရေးပါတီအသီးသီး၏ ကိုယ်စားပြုဦးရေအ လိုက် အချိုးကျ ဖွဲ့စည်းထားခြင်းဖြစ်သည်။ ကော်မတီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၅၂ ဦးဖြင့် အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးနေရာကို တပ်မတော်သား ကိုယ်စားလှယ်များက၂၅ ဦးဖြင့် ရယူထားသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာမူ ၇ ဦးဖြင့် တတိယနေရာ၌ ရှိနေသည်။ အဆိုပါကော်မတီသည် ဒီဇင်ဘာလကုန် နောက်ဆုံးထား၍ ပြည်ထောင်စုလွှတ်တော်သို့ လေ့လာတွေ့ရှိချက်များ၊ အကြံပြုချက်များကို စိစစ် အစီရင်ခံရမည်ဖြစ်သည်။ ဖွဲ့စည်းပုံလေ့လာရေး ကော်မတီဥက္ကဋ္ဌဖြစ်သူမှာ ပြည်သူ့လွှတ်တော်၏ ဒုဥက္ကဋ္ဌတာဝန်ယူထားသူ ဦးနန္ဒကျော်စွာ ဖြစ်သည်။
 .. www.MyanmarExpress.net
ဒေါ်စုကို ဘာလို့ မုန်းတာလဲ
From : .. အညတရ
ဇင်ယော် လိပ်ပြာ
မေးတဲ့သူရှိတော့ ဖြေရတာပေါ့ဗျာ
ဒေါ်စုကို ဘာလို့ မုန်းတာလဲ
လူကြီးခိုင်းလို့ လားဆိုတာကြောင့်ပါ
၁။ ဒေါ်စု ကအမျိုးမစောင့်ဘူး
အဲရစ်နဲ့လက်ထက်ဖို့ ကိစ္စ မှာ ဘယ်သူ မှတားဆီးမရအောင် ငြင်းဆန်ပြီး ဘာသာတရားရဲ့အဆုံးအမနဲ့
အမျိုးဂုဏ်ဇာတိဂုဏ်ဆိုတဲ့
အချက်ကို လစ်လျူလျူ့ခဲ့တယ်
၂။ မောက်မာတယ် (အတွင်းစိတ်ကောက်တယ်)
မိန်းမတစ်ယောက်ဟာ သူတို့ ရဲ့အားနွဲ့တယ်ဆိုတဲ့အချက်ကို
သူတို့ တတ်တဲ့ပညာ အရည်အချင်းတွေ လုပ်ဆောက်နိုင်စွမ်းတွေနဲ့
ဂုဏ်ပကာသန စတာတွေနဲ့
ဖုံးကွယ်ချင်ကြတယ်
ဒေါ်စု မှာ သူ့ အတွက် အဲဒီလို အချက်ပေါင်းများစွာပိုင်ဆိုင်
တယ် သူ့ ရဲ့အမျိုးအရင်းတွေကိုတောင်
မောက်မာစွာနဲ့ တိုင်းတစ်ပါးယောကျာ်းတစ်
ယောက်အတွက် ပြောဆိုခဲ့တယ်
၃။ သားသမီး ဝတ်တရား
မကျေပွန်ဘူး
ကိုယ့် အမေ နေမကောင်းတာတောင်
ဥပေက္ခာပြုနိုင်တဲ့ စွမ်းရည်သတ္တိ အပြည့်ရှိတယ်
စောင့်လေမျိုးနွယ် ဟာ သူ့ အတွက်မဟုတ်ဘူးလို့  ရဲရဲ ဝံဝံ ခံယူတယ်
၎။ မိဘဝတ်တရား မကျေပွန်ဘူး
သားတွေကို မိမိ ကိုးကွယ်တဲ့ဘာသာအတွက် သင်ပြမပေးဘူး နောက်ဆုံးဘာသာစကား
တောင်မသင်ပြပေးနိုင်ဘူး
အမွေနှစ်ကောင်းတွေ မပေးနိုင်ဘူး ဗုဒ္ဓဆိုတာ ဘာလဲမေးရင်တောင် သိအောင်မပြောခဲ့ဘူး
၅။ ဇာတိမြေ ကို မိမိရဲ့ပညာတွေ ပိုင်ဆိုင်မှု့တွေနဲ့
တိုးတက်အောင် လုပ်ပေးနိုင်ပေမဲ့
ခုချိန်ထိ နှမ်း တစိစာ
မကူညီဘူး မိဘအိမ်တောင်
ဘာမှန်းမသိဘူး နတ်မောက်က ဖုန်ထတော့ မလာ ချင်လို့ နေမယ်
၆။ တစ်ဘို့  တည်းထားတယ်
သူကောင်းစားဖို့ ဆိုရင် တစ်နိုင်ငံလုံးကို ထိုးကျွေးရပါစေ
တပ်မတော် ပြိုကွဲပါစေ
နောက် ဆုံး ကျွန်ဘဝရောက်ရင်တောင်
စကားပြန် လုပ်ချင်တဲ့မိန်းမ
မိမိအစိုးရကို မကောင်းပြောဖို့ အတွက် ဒလဟော ပြောထွက်တယ် ဖအေ ကျော် ဒွေးတော်လွမ်းတယ်
၇။ ပညာတတ်ပြီး ပညာမဲ့တယ်
ခုအခြေနေအရ
UNFC လို ငမြောက်ငခြောက် အဖွဲ့အစည်းကို ၂၀၁၅ အတွက်စိတ်ကူးယဉ်မှု့တွေနဲ့
မွေးတုန်းက မျက်စိနှစ်လုံးစုံပိတ်ပြီး
တိုင်းရင်းသားတပ်မတော် ဖြစ်ဖို့ 
ဖက်ဒရယ် တပ်မတော် ဖြစ်ဖို့ 
မြန်မာနိုင်ငံမှာ ကာချုပ်တွေအများကြီး ပေါ်ပေါက်လာအောင်
နေရာတိုင်းလိုလို စစ်ဖြစ်နေအောင်
သူငယ်တန်း အတွေးနဲ့
ဂိမ်းဆော့သလို တကယ်မသေပါဘူးလိုလို
နဲ့ ယိုသူမရှက်မြင်သူရှက် အတိုင်အဖောက်ညီအောင်
ရွှန်းရွှန်းဝေဝေထောက်ခံတယ်
အမျိုးသားနေ့  လို နေ့ မှာတောင် နိုင်ငံမှာမနေဘဲ
အတင်းလှည့်ပြောနေတတ်တယ်
၈။ အာဏာရူးတယ် မရောင့်ရဲမတင်းတိမ်ဘူး
ပြည်သူအားလုံးထောက်ခံမှု့နဲ့
စနစ်တကျရေးဆွဲခဲ့တဲ့ဥပဒေ ကိုသမ္မတ ရူးရူးပြီးတော့
ဖြစ်သင့်မဖြစ်သင့် ဖြစ်နိုင်မဖြစ်နိုင် မစဉ်းစားပဲ
ပြင်ချင်တယ်
၉။ ဆင်ခြေများတယ်
လက်ရှိရာထူးက
ဘာမှလုပ်လို့ မရလို့ 
တိုင်းပြည်အတွက်ဘာမှလုပ်မ
ပေးနိုင်ကြောင်း တဖွဖွ အရှက်မရှိစွာပြောတယ်
၁၀။ တိုင်းရင်းသားထဲမှာ
ရခိုင် အစား ကုလား ကို ထည့်နေတယ်
**************
အကြမ်းဖျင်း လက်ရှိ ၁၀ ချက်ကြောင့် ကျနော်ဦးတည်း ခံစားချက် နဲ့ ဒေါ်စုကိုမုန်းတယ်
ကျုပ်တို့ တပ်မတော်မှာ မင်းဘယ်သူ ကိုမုန်းပါ လို့ အမိန့် ပေးတာမရှိဘူးဆိုတာ မေးတဲ့သု ကိုလေ့လာစေချင်တယ်
ထပ်ပြောမယ်
မွေးကတည်းက ခုချိန်ထိ ကျုပ်ဒေါ်စု ကို ခါးခါးသီးသီး မုန်းတယ်
ကစားစရာအရုပ်မဝယ်ဘဲ
နိုင်ငံရေးယောက်ယက်ခတ် အောင်ကစားတဲ့ဒေါ်စုကို
သတ်ပစ်ချင်လောက်အောင်မုန်းတယ်
 .. www.MyanmarExpress.net
ဦးတေဇ ရွေးကောက်ပွဲဝင်မည်ဟု သတင်းထွက်ပေါ်
မြန်မာနိုင်ငံ၏ အထင်ကရ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်သူ ဦးတေဇအနေဖြင့် ၂၀၁၅ခုနှစ်ရွေးကောက်ပွဲတွင် ကံအကြောင်းလှပါက ၀င်ရောက်ယှဉ်ပြိုင်မည့် အလားအလာရှိကြောင်း ဦးတေဇနှင့် နီးစပ်သည့် ယခင် စစစ မှ အမည်မဖော်လိုသူ အရာရှိဟောင်းတစ်ဦးကပြောကြားလိုက်သည်။
“သူ့ အနေနဲ့ က စီးပွားရေးထဲမှာပဲ နစ်မြုပ်နေတာကြာပြီ။ ဆယ်သက်စားမကုန်အောင်လည်းရှာပြီးပြီ၊ ခင်ဗျားတို့ မီဒီယာတွေ အခေါ်အဝေါ် ခရိုနီပေါ့ဗျာ၊ နိုင်ငံရေးကို စိတ်ဝင်စားနေပါတယ်၊ တစ်သီးပုဂ္ဂလယှဉ်ပြိုင်ဖို့ အလားအလာပိုများပါတယ်”ဟု အဆိုပါ အရာရှိကပြောကြားခဲ့သည်။ “သူက ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံသဘောမျိုးဗျ၊ အခုလက်ရှိအစိုးရကိုလည်း သိပ်ပြီး အားမရတဲ့ပုံပဲ၊ တရုတ်လွှမ်းမိုးမှုကိုလည်း ဘ၀င်မကျဘူး၊ မန္တလေးမြို့ ကို သူအာရုံစိုက်ချင်တယ်လို့ ပြောနေတယ်၊ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးနဲ့ ပဋိပက္ခများအဆုံးသတ်ရေးကို ကြိုးစားလုပ်ဆောင်သွားမယ်လို့ လည်းပြောတယ်၊ ရခိုင်မှာလည်း ဒုက္ခသည်တွေကို လူမျိုးဘာသာမခွဲခြားပဲ အကြိမ်ကြိမ်လှုပြီးပါပြီ၊ ဘယ်မီဒီယာကမှ မဖော်ပြပါဘူး၊ ကျွန်တော်အဲဒါ သိစေချင်လို့ ပြောပြတာ” ဟု၎င်းက ဆက်လက်ပြောကြားသည်။
ဦးတေဇသည် ယခုအခါတွင် သူရိယနေ၀န်းဂျာနယ်အား တရားစွဲဆိုမည်ဖြစ်ကြောင်း အတိအလင်းကြေညာထားသူဖြစ်ပြီး နိုင်ငံရေးလောကထဲသို့ ဝင်လာပါက ဒေါ်အောင်ဆန်းစုကြည်၏ ရည်မှန်းချက်ကို ထိခိုက်လာနိုင်ကြောင်း နိုင်ငံရေးကျွမ်းကျင်သူ အချို့ က သုံးသပ်ပြောကြားလျှက်ရှိသည်။
 .. www.MyanmarExpress.net
မန္တလေး ယဉ်ကျေးမှုဇုန် အတွင်းရှိ အင်းဝမြို့ဟောင်းသို့ နိုင်ငံခြားသား ခရီးသွား လာရောက်မှု များပြား
From : ..eleven
ယခုနှစ် ခရီးသွားရာသီ ကာလအတွင်း၌ လမ်းပျက်စီးမှုများ ဖြစ်ပေါ်နေဆဲဖြစ်သည့် မန္တလေးရှေးဟောင်း ယဉ်ကျေးမှုဇုန် အတွင်းရှိ တံတားဦးမြို့နယ် အင်းဝမြို့ဟောင်းသို့ နိုင်ငံခြားသား ခရီးသွား ၀င်ရောက်မှု များပြားလျက်ရှိကြောင်း သိရသည်။
ယခုနှစ် ခရီးသွားရာသီ မစတင်မီ အချိန်ကတည်းကပင် အင်းဝမြို့ဟောင်းသို့ နိုင်ငံခြားသား ခရီးသွား ၀င်ရောက်မှု အများအပြား ရှိခဲ့ကြောင်း ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ စုံစမ်းသိရသည်။
"ဒီနှစ်ခရီးသွား ရာသီက ပြင်သစ်လူမျိုး အများဆုံး လာရောက်လည်ပတ်တာကို တွေ့ရပါတယ်။ အင်းဝမြို့ဟောင်းကိုတော့ နိုင်ငံခြားသား ခရီးသွားတွေ သွားရောက်လည်ပတ်တဲ့ အခါမှာ လမ်းတွေ မကောင်းတာကိုတော့ ဝေဖန်တာတွေ ရှိပါတယ်" ဟု မန္တလေးမြို့မှ ခရီးသွား ဧည့်လမ်းညွှန် တစ်ဦးက ပြောဆိုခဲ့သည်။ တံတားဦး မြို့နယ်အတွင်းရှိ အင်းဝမြို့ဟောင်းတွင် နိုင်ငံခြားသား ခရီးသွားများ စိတ်ဝင်တစား သွားရောက်လည်ပတ်သည့် နေရာများမှာ ဗားကရာကျောင်းတော်၊ မယ်နုအုတ်ကျောင်း၊ နန်းမြင့်မျှော်စင်နှင့် နန်းတော်ဟောင်း နေရာများ၊ စေတီပုထိုးများနှင့် အခြားရှေးဟောင်း အဆောက်အဦများသို့ အများဆုံး လာရောက်လည်ပတ်ကြကြောင်း သိရသည်။
နိုင်ငံခြားသား ခရီးသွား အများဆုံး လာရောက်လည်ပတ် နေကြသည့် အင်းဝမြို့ဟောင်းတွင် ဗားကရာကျောင်းသို့ သွားရာလမ်းနှင့် နန်းမြို့တွင်း လမ်းများမှာ ပျက်စီးမှုများ ဖြစ်ပေါ်နေခြင်းကြောင့် အမြန်ပြုပြင်ပေးရန် လိုအပ်နေကြောင်းကို ခရီးသွား ဧည့်လမ်းညွှန် အချို့နှင့် ဒေသခံများမှ ဝေဖန်ပြောဆိုမှုများ ရှိနေကြသည်။
အင်းဝမြို့ဟောင်းသို့ လာရောက်လည်ပတ် နေကြသော နိုင်ငံခြားသား ခရီးသွားများအား တွေ့ရစဉ်
.. www.MyanmarExpress.net
တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးမှာ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ဘားအံဆွေးနွေးပွဲ၌ အဖြေပေါ်မည်
From : ..eleven
တိုင်းရင်းသား အဖွဲ့များ လက်မခံသည့် အချက်များပါသော အစိုးရ၏ မူကြမ်းကြောင့် လက်မှတ်ရေးထိုးရန် နီးစပ်မှု မရှိသေးသည့် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးမှာ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ဘာအံဆွေးနွေးပွဲတွင် အဖြေပေါ်မည် ဖြစ်သည်ဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ လိုင်ဇာဆွေးနွေးပွဲမှ ဖွဲ့စည်းလိုက်သည့် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့ (NCCT)ခေါင်းဆောင်၊ UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောကြားသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး ပြုလုပ်ရေးနှင့် ပတ်သက်ပြီး အစိုးရဘက်မှ မြင်သည့်အမြင်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဘက်မှ မြင်သည့်အမြင်သည် လက်ရှိအချိန်တွင် နီးစပ်မှု မရှိသေးသော်လည်း ဆွေးနွေးထားသော လုပ်ငန်းစဉ်များ မပျက်စီးအောင် ဆက်လက်ထိန်းသိမ်းပြီး ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ကာ တိုးတက်မှုများ ရရှိမည်ဟု ယုံကြည်သည်ဟု နိုင်ဟံသာက ဆိုသည်။
"လာမယ့် ဒီဇင်ဘာ လလယ်လောက်မှာ ကျွန်တော်တို့ ဘားအံမှာ ပြန်တွေ့ကြမယ်။ တွေ့ကြတော့ သူ့ဘက်က ဘယ်လောက်လိုက်လျော နိုင်မလဲ၊ ကျွန်တော်တို့ဘက်က ဘယ်လောက်လိုက်လျော နိုင်မလဲ၊ ဘယ်လောက်ညှိနှိုင်း နိုင်မယ်ဆိုတဲ့ဟာက ဘားအံပွဲမှာ အဖြေပေါ်လာ လိမ့်မယ်လို့ ခန့်မှန်းကြည့်ရတယ်။ အဲဒီ အပေါ်မှာမှ ဘယ်လောက်ပြောင်းလဲဖို့ အခွင့်အရေး ရှိတယ် မရှိဘူး ဆိုတာက အဲဒီမှာမှ အဖြေပေါ်လာဖို့ ရှိတယ်။ အခုကတော့ ပြောလို့မရသေးဘူး" ဟု နိုင်ဟံသာက ပြောကြားသည်။
ယခု လဆန်းပိုင်းက မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့သည့် အစိုးရနှင့် NCCT အဖွဲ့၏ ဆွေးနွေးပွဲတွင် အစိုးရမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသို့ ပေးအပ်ခဲ့သည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနှင့်ဆိုင်သည့် မူကြမ်းတွင် ယခင်ပြည်နယ် အဆင့်နှင့် ပြည်ထောင်စု အဆင့်များ၌ မပါသည့် အချက်များ ထည့်ထားသောကြောင့် အစိုးရ၏ မူကြမ်းနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ မူကြမ်းညှိနှိုင်းရန် အခက်အခဲ ဖြစ်နေသော်လည်း ညှိနှိုင်းမှု ဆက်လက်ပြုလုပ်မည်ဟု နိုင်ဟံသာက ဆိုသည်။
ယခုနှစ် ဒီဇင်ဘာ လဆန်းတွင် ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) နယ်မြေ၌ ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ဒုတိယ ညီလာခံ ပြီးပါက အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် လိုင်ဇာညီလာခံမှ ဖွဲ့စည်းခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပါဝင်သော NCCT တို့သည် ဒီဇင်ဘာ လလယ်၌ပင် ကရင်ပြည်နယ် ဘားအံမြို့တွင် ဆွေးနွေးမှု ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် NCCT အဖွဲ့ဝင်များသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တွေ့ဆုံကာ လိုင်ဇာသဘောတူညီချက် (၁၁) ချက်အား အသေးစိတ် ဆွေးနွေးမှု ပြုလုပ်နေပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ သဘောထား အမြင်များပါသည့် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ မူကြမ်းတစ်ခုကို အစိုးရထံသို့ ထပ်မံတင်ပြနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ မြစ်ကြီးနား ဆွေးနွေးပွဲကို နိုဝင်ဘာ ၄ ရက်က တွေ့ရစဉ်
.. www.MyanmarExpress.net
လူ့အခွင့်အရေးချိုးဖောက်ကာ ဖုန်း ​ခိုး​နား​ထောင်​သည့် ​ဩ​စ​တြေး​လျ ​သို့ ဒေါ်စု ရောက်ရှိသော်လည်း သြဇီအစိုးရကို အပြစ်တင်ခြင်းမရှိ
From : .. dvb
 လူ့အခွင့်အရေးချိုးဖောက်ကာ ဖုန်း ​ခိုး​နား​ထောင်​သည့် ​ဩ​စ​တြေး​လျ ​သို့ နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိသော်လည်း သြဇီအစိုးရကို အပြစ်ပြောဆိုမှုမျိုး လုံးဝ မရှိကြောင်း သိရပါတယ်။
ဩ​စ​တြေး​လျ​နိုင်​ငံ ​ထောက်​လှမ်း​ရေး​အေ​ဂျင်​စီ​တွေ​က ​အင်​ဒို​နီး​ရှား ​သ​မ္မ​တ​နဲ့ ​သူ​ရဲ့ ​အ​တွင်း​စည်း​က ​လူ​တွေ​ရဲ့ ​တယ်​လီ​ဖုန်း​တွေ​ကို ​ခိုး​နား​ထောင်​တယ် ​ဆို​တဲ့ ​စွပ်​စွဲ​ချက်​တွေ​ကြောင့် ​အင်​ဒို​နီး​ရှား​နိုင်​ငံ​က ​အိမ်​နီး​ချင်း ​ဩ​စ​တြေး​လျ​နိုင်​ငံ​နဲ့ ​စစ်​ရေး​ဆက်​ဆံ​မှု ​အား​လုံး​ကို ​ပယ်​ဖျက်​ပစ်​လိုက်​ပြီး ​လူ​မှောင်​ခို​မှု​နဲ့ ​ပတ်​သက်​ပြီး ​ပူး​ပေါင်း​ဆောင်​ရွက်​မှု​ကို​လည်း ​ဆိုင်း​ငံ့​ထား ​လိုက်​ပါ​တယ်။
ဩ​စ​တေး​လျ ​နိုင်​ငံ​ခြား​ရေး ၀န်​ကြီး ​အ​လက်​ဆ​န္ဒား ​ဒေါင်​နာ​နဲ့ ​အင်​ဒို​နီး​ရှား​သ​မ္မ​တ ​တို့ ​တွေ့​စုံ​စ​ဉ်
ဩ​စ​တေး​လျ ​နိုင်​ငံ​ခြား​ရေး ၀န်​ကြီး ​အ​လက်​ဆ​န္ဒား ​ဒေါင်​နာ​နဲ့ ​အင်​ဒို​နီး​ရှား​သ​မ္မ​တ ​တို့ ​တွေ့​စုံ​စ​ဉ်
ဒီ​စွပ်​စွဲ​ချက်​တွေ​ဟာ ​ဖော်​ထုတ်​ဖွင့်​ချ​သူ ​အက်ဒ်ဝပ်​စ​နိုး​ဒင်​ရဲ့ ​ဖော်​ထုတ်​ချက်​တွေ​ကို ​သ​တင်း ​မီ​ဒီ​ယာ​တွေ​မှာ ​ပုံ​နှိပ်​ဖော်​ပြ​လိုက်​တဲ့ ​အ​ထောက်​အ​ထား​တွေ​အ​ရ ​ထွက်​ပေါ်​လာ​ခဲ့​တာ ​ဖြစ်​ပါ​တယ်။
ဒါ​ဟာ ​စ​ပိုင်​လုပ်​တယ်​ဆို​တဲ့ ​စွပ်​စွဲ​ချက်​အ​တွဲ​တ​ခု​ထဲ​က ​နောက်​ဆုံး ​ထွက်​ပေါ်​လာ​တာ ​ဖြစ်​ပြီး ​မ​ဟာ​မိတ် ၂ ​နိုင်​ငံ​ကြား ​ဆက်​ဆံ​ရေး​မှာ ​အ​ကျိတ်​အ​ခဲ ​ဖြစ်​လာ​ခဲ့​တာ ​ဖြစ်​ပါ​တယ်။.
နောက်​ဆုံး ​ပေါက်​ကြား​လာ​ခဲ့​တဲ့ ​အ​ထောက်​အ​ထား​တွေ​က ​ဩ​စ​တြေး​လျ​ထောက်​လှမ်း​ရေး
အေ​ဂျင်​စီ​တွေ​က ​သ​မ္မ​တ ​ဆူ​ဆီ​လို ​ဘန်​ဘင်း​ယူ​ဒို​အို​နို​ရဲ့ ​တယ်​လီ​ဖုန်း​၊ ​သ​မ္မ​တ​က​တော်​ရဲ့​ဖုန်း​နဲ့ ​ဒု​တိ​ယ​သ​မ္မ​တ​ရဲ့ ​ဖုန်း​တွေ ​ခိုး​နား​ထောင်​ခဲ့​သ​လို ​တ​ခြား​အ​ကြီး​တန်း ၀န်​ကြီး​တွေ​ရဲ့​ဖုန်း​တွေ ​ကို​လည်း ​လွန်​ခဲ့​တဲ့ ၄ ​နှစ်​က ​ခိုး​နား​ထောင်​ခဲ့​ပါ​တယ်။
အင်​ဒို​နီး​ရှား ​သ​မ္မ​တ ​ယူ​ဒို​အို​နို ​စိတ်​ထိ​ခိုက်​သွား​ပြီး ​စ​ပိုင်​လုပ်​တယ်​ဆို​တဲ့ ​ပြော​ဆို​ချက်​တွေ​ဟာ ​စစ်​အေး​တိုက်​ပွဲ​ရဲ့ ​နည်း​ပ​ရိ​ယာယ်​တွေ​နဲ့ ​အ​တူ​တူ​ပဲ​လို့ ​ပြော​ဆို​ခဲ့​ပါ​တယ်။
သ​မ္မ​တ ​ယူ​ဒို​အို​နို​က ​သ​မ္မ​တ​နန်း​တော်​မှာ ​ပြု​လုပ်​ခဲ့​တဲ့ ​သ​တင်း​စာ​ရှင်း​လင်း​ပွဲ​တ​ခု​မှာ ​ဖြစ်​ရပ်​တွေ​ဟာ ​ခါ​တိုင်း​လို​တော့ ​ဆက်​မ​ဖြစ်​နိုင်​တော့​ဘူး​လို့ ​ပြော​ခဲ့​ပါ​တယ်။
“​ကျ​နော်​က ​ကျ​နော်​တို့ ၂ ​နိုင်​ငံ​ကြား​က ​ပူး​တွဲ ​စစ်​ရေး ​လှုပ်​ရှား​ဆောင်​ရွက်​မှု​တွေ​ကို ​ရပ် ​ဆိုင်း​ဖို့ ​တောင်း​ဆို​ခဲ့​ပါ​တယ်။ခင်​ဗျား​တို့ ​သိ​တဲ့​အ​တိုင်း ​လူ​မှောင်​ခို​မှု​နဲ့ ​ပတ်​သက်​ပြီး ​ဘုံ​ပြဿ​နာ​ကို ​ကျ​နော်​တို့ ​ရင်​ဆိုင်​နေ​ရ​ပြီး ​အဲ​ဒါ​ကို ​ရပ်​ပစ်​ဖို့ ​ကျ​နော်​တို့​ရဲ့ ​ပူး​တွဲ ​တုန့်​ပြန်​မှု​တွေ​ကို​လည်း ​ရပ်​ဆိုင်း​ဖို့ ​တောင်း​ဆို​ခဲ့​ပါ​တယ်။ ​ဖြစ်​ရပ်​တွေ ​ပို​ပြီး ​ရှင်း​ရှင်း​လင်း​လင်း ​ဖြစ်​သွား​တဲ့ ​အ​ထိ​ပေါ့​လေ။ ​စ​ပိုင်​လုပ်​တာ ​မ​ရှိ​တော့​ဘူး​ဆို​တာ ​ကျ​နော်​တို့ ​အ​သေ​အ​ချာ ​စိတ်​ချ​ရ​တဲ့​အ​ထိ​တော့ ​ခါ​တိုင်း​လို ​ဆက်​မ​ဖြစ်​နိုင်​ပါ​ဘူး​ဗျာ။”
ဩ​စ​တြေး​လျ​က ​အာ​ဖ​ဂန်​န​စ္စ​တန်​လို ​စစ်​ပွဲ​ဒဏ်​သင့်​နိုင်​ငံ​တွေ​က ​ခို​လှုံ​ခွင့်​ရ​ဖို့ ​အင်​ဒို​နီး​ရှား​နိုင်​ငံ​က​နေ ​လှေ​တွေ​နဲ့ ​ဩ​စ​တြေး​လျ​ကို ​လူ​မှောင်​ခို​သွင်း​နေ​တဲ့​ကိ​စ္စ​ကို ​ရပ်​ဆိုင်း​ပစ်​ဖို့ ​အင်​ဒို​နီး​ရှား​ရဲ့ ​ပူး​ပေါင်း​ဆောင်​ရွက်​မှု​ကို ​လို​အပ်​နေ​ပါ​တယ်။
ဒီ​ကိ​စ္စ​ဟာ ​ဩ​စ​တြေး​လျ​မှာ ​တ​ကယ့် ​အ​ရေး​တ​ကြီး ​ကိုင်​တွယ်​နေ​ရ​တဲ့ ​ကိ​စ္စ​တ​ခု ​ဖြစ်​ပြီး ​အဲ​ဒီ​လို ​လှေ​နဲ့​ခိုး​သွင်း​တာ​ကို ​ရပ်​ဆိုင်း​အောင်​လုပ်​ဖို့ ​ဘယ်​သူ​မှာ ​တာဝန်​ရှိ​တယ်​ဆို​တဲ့​အ​ပေါ် ​အိမ်​နီး​ချင်း ၂ ​နိုင်​ငံ ​အ​ကြား​မှာ ​တင်း​မာ​မှု​တွေ ​ရှိ​ခဲ့​ပြီး​လည်း ​ဖြစ်​ပါ​တယ်။.
ဒီ​လ ​အ​စော​ပိုင်း​မှာ ​ဩ​စ​တြေး​လျ​ကို ​လာ​တဲ့​လှေ​တ​စီး ​အင်​ဒို​နီး​ရှား​က ​ထွက်​ခွာ​လာ​ပြီး​တဲ့
အ​ချိန်​မှာ ​ဒု​က္ခ​တွေ့​နေ​ခဲ့​လို့ ​အဲ​ဒီ​လှေ​ပေါ်​က ​ခို​လှုံ​ခွင့် ​လို​ချင်​သူ​တွေ​ကို ​လက်​ခံ​ပေး​ဖို့
ဩ​စ​တြေး​လျ​နိုင်​ငံ​ရဲ့ ​တောင်း​ဆို​မှု​ကို ​အင်​ဒို​နီး​ရှား​က ​ငြင်း​ပယ်​ခဲ့​ပါ​တယ်။
ဩ​စ​တြေး​လျ​နဲ့ ​အင်​ဒို​နီး​ရှား​ဟာ ၂ ​နိုင်​ငံ ​သံ​အ​မတ်​ကြီး​တွေ​ကို ​ပြန်​လည်​ခေါ်​ယူ​တာ​မျိုး​တွေ ​အ​ပါ​အ၀င် ​သံ​တ​မန်​ဆက်​ဆံ​ရေး​မှာ ​ပ​ဋိ​ပ​က္ခ​ဖြစ်​ခဲ့​ကြ​တဲ့ ​ကာ​လ​ရှည်​ကြာ ​သ​မိုင်း​ကြောင်း​လည်း ​ရှိ​နေ​ခဲ့​ပါ​တယ်။
အင်​ဒို​နီး​ရှား ​နိုင်​ငံ​ခြား​ရေး​၀န်​ကြီး ​မာ​တီ​နာ​တာ​လီ​ဂါဝါ​က ​ချောင်း​နား​ထောင်​တာ​ဟာ ၂ ​နိုင်​ငံ ​အ​ပြန်​အ​လှန် ​ဆက်​ဆံ​ရေး​ကို ​ဆိုး​ဆိုး​၀ါး​၀ါး ​ထိ​ခိုက်​စေ​ခဲ့​ပြီး ​အဲ​ဒါ​ဟာ ​တ​စိမ်း​ဆန်​တဲ့ ​လုပ်​ရပ် ​ဖြစ်​တယ်​လို့ ​ပြော​ခဲ့​ပါ​တယ်။
“​ကျ​နော်​တို့​က ​ဒီ​ပြဿ​နာ​ကို ​မ​ဖန်​တီး​ခဲ့​ပါ​ဘူး​။ ​ဩ​စ​တြေး​လျ​က ​သူ​ပြဿ​နာ ​သူ ​ရှာ​ခဲ့​တာ​ပါ​ပဲ။ ​ကျ​နော်​တို့​က ​ကျ​နော်​တို့​ရဲ့​အ​ခွင့်​အာ​ဏာ​အ​နေ​အ​ထား​ကို ​ထိမ်း​သိမ်း​ဖို့ ​လို​အပ်​ပါ​တယ်။ ​ဒီ​နေ​ရာ​မှာ ​ကျ​နော်​တို့​က ​ဩ​စ​တြေး​လျ​အ​ပြု​အ​မူ​ရဲ့ ​သား​ကောင်​တွေ ​ဖြစ်​ရ​တာ​ပါ။ ​ဩ​စ​တြေး​လျ​က ​သူ​တို့ ​လုပ်​ဆောင်​ခဲ့​တာ​ကို ​ချက်​ချင်း ​ရှင်း​ပြ​ရ​ပါ​မယ်။ ​နောက် ​အ​ရေး​အ​ကြီး​ဆုံး​က​တော့ ​သူ​တို့ ​အဲ​ဒီ​မျိုး ​ထပ်​မ​လုပ်​ဖို့​ပါ​ပဲ။”
ဩ​စ​တြေး​လျဝန်​ကြီး​ချုပ် ​တို​နီ ​အက်​ဘော့​က​တော့ ​ဒီ ​စွပ်​စွဲ ​ပြော​ဆို​မှု​တွေ​ကြောင့် ​ဖြစ်​ခဲ့​ရ​တဲ့ ​စိတ်​အ​နှောက်​အ​ယှက် ​ဖြစ်​ရ​မှု​တွေ ​အ​တွက် ၀မ်း​နည်း​ပါ​တယ်​လို့ ​ပြော​ဆို​ခဲ့​ပါ​တယ်။
ဒါ​ပေ​မယ့် ​ကြောင်း​ကျိုး​တ​ကျ ​ရှိ​တဲ့ ​ထောက်​လှမ်း​ရေး ​စု​စည်း​မှု၊ ​လှုပ်​ရှား​ဆောင်​ရွက်​မှု​လို့ ​သူ​က​ခေါ်​တဲ့​ဟာ ​အ​ပေါ် ​တောင်း​ပန်​တာ​ကို​တော့ ​ရပ်​ဆိုင်း​ပစ်​လိုက်​ပါ​တယ်။
အင်​ဒို​နီး​ရှား​ရဲ့ ​အ​ဓိ​က ​စီး​ပွား​ရေး​အုပ်​စု​တွေ​က​တော့ ​ဒီ ​လိပ်​ခဲ​တင်း​တင်း​ဖြစ်​မှု​ဟာ ​စီး​ပွား​ရေး ​ဆက်​ဆံ​မှု​ကို ​ထိ​ခိုက်​နိုင်​တယ်​လို့ ​ပြော​ကြ​ပါ​တယ်။
အင်​ဒို​နိး​ရှား​နဲ့ ​ဩ​စ​တြေး​လျ ၂ ​နိုင်​ငံ​ကြား​မှာ ​လွန်​ခဲ့​တဲ့​နှစ်​က ​စု​စု​ပေါင်း ​ကုန်​သွယ်​မှု​တန်​ဖိုး
ဟာ ​အ​မေ​ရိ​ကန်​ဒေါ်​လာ ၁၁ ​ဘီ​လီ​ယံ​ကျော်​ကျော် ​ရှိ​ခဲ့​ပါ​တယ်။
အင်​ဒို​နီး​ရှား ​ကုန်​သွယ်​ရေး​အ​ဖွဲ့​ရဲ့ ​ဦး​စီး ​ဖြစ်​တဲ့ ​ဆူ​အာ​ယို ​ဘန်း​ဘင်း ​ဆူ​လစ်​တီ​ယို​က​တော့
အင်​ဒို​နီး​ရှား​ဟာ ​ဩ​စ​တြေး​လျ ​စိုက်​ပျိုး​ရေး​ထွက်​ကုန်​တွေ​ကို ​အ​ဓိ​က ​တင်​သွင်း​တဲ့​နိုင်​ငံ ​တ​ခု ​ဖြစ်​တယ်​လို့ ​ဆို​ပါ​တယ်။
“​ကျ​နော်​တို့​ရဲ့ ​စီး​ပွား​ရေး​ဆက်​ဆံ​မှု​က ​အား​ကောင်း​ပါ​တယ်။ ​ပို​ပြီး ​ကောင်း​မွန်​လာ​ပါ​ပြီ။ ​ဥ​ပ​မာ ​ကျ​နော်​တို့​က ​ဩ​စ​တြေး​လျ​ရဲ့ ​အ​သား​တင်​သွင်း​မှု​အ​ပေါ်​မှာ ​အ​များ​ကြီး ​ပျော့​ပျောင်း ​ပါ​တယ်​ဗျာ။ ​နောက် ​ကျ​နော်​တို့​ဟာ ​ဩ​စ​တြေး​လျ​နွား​တွေ​အ​တွက် ​အ​ကြီး​မား​ဆုံး​ဈေး​ကွက်​ပါ။ ​ဒါ​ကြောင့် ​သူ​တို့ ​စီး​ပွား​ရေး​အ​ရ ​အ​ရေး​ပါ​တဲ့ ​ဆုံး​ရှုံး​မှု​တော့ ​ရှိ​မယ်​လေ။”
သူ​က ​ဩ​စ​တြေး​လျ​ဟာ ​အင်​ဒို​နီး​ရှား​ရဲ့​၁၀ ​နိုင်​ငံ​မြောက် ​အ​ကြီး​ဆုံး ​ပို့​ကုန်​ဈေး​ကွက် ​ဖြစ်​ပါ​တယ် ​လို့ ​ဆို​ပါ​တယ်။
အဲ​ဒီ​ကာ​လ​ထဲ​မှာ ​အင်​ဒို​နီး​ရှား​က​လည်း ​သူ​အ​နေ​နဲ့ ​ဩ​စ​တြေး​လျ ​နိုင်​ငံ​ရေး​သ​မား​တွေ ​ရဲ့​ဖုန်း​တွေ​ကို ​ခိုး​နား​ထောင်​ဖို့ ​ကြိုး​စား​ခဲ့​တယ်​ဆို​တာ​ကို ၀န်​ခံ​ခဲ့​ပါ​တယ်။
.. www.MyanmarExpress.net
ပုဒ်မ (၁၈) နှင့် ဒေါ်စု
နိုဝင်ဘာလ ၁၈ ရက်နေ့တွင် နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၌ပြုလုပ်မည့် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ရန်ရှိသော အခြေခံဥပဒေ ဆိုင်ရာဟောပြောမှုနှင့် ပြည်သူ့ဆန္ဒခံယူပွဲအတွက် ငြိမ်းချမ်းစွာစုဝေးခွင့် တင်ပြခြင်းကို ခွင့်မပြုနိုင်ကြောင်း အကြောင်းပြချက်နှစ်ရပ်ဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူးက လက်မှတ်ထိုး၍  နိုဝင်ဘာလ ၁၄ ရက်နေ့က အကြောင်းပြန်လိုက်စဉ် ငြိမ်းချမ်းစွာစုဝေး ခွင့်ပြုရန် လျှောက်ထားမှုတွင် လျှောက် ထားခြင်းပုံစံ(၁)ပါအတိုင်း အချက်အလက်များ ပြည့်စုံစွာမပါရှိခြင်းနှင့် ကျင်းပမည့် နေရာသည် ပျဉ်းမနား-တောင်ညိုသွား ကားလမ်းဘေးဖြစ်ပြီး ကျင်းပမည့်ရက်သည် တနင်္လာနေ့ရုံးဖွင့်ရက် ဖြစ်ခြင်း၊ နေပြည်တော်ကောင်စီရုံးနှင့် ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများ၊ ဌာနဆိုင်ရာရုံးများ၊ တရားရုံးများနှင့် နီးကပ်စွာရှိခြင်း ကျင်းပမည့်အချိန်သည် ရုံးသွား၊ ရုံးလာများ၊ အများပြည်သူများ သွားလာမှုများသည့်အချိန် နံနက်(၉)နာရီမှ (၁၂)နာရီအတွင်း ဖြစ်ခြင်းတို့ကြောင့် ယာဉ်မတော်တဆမှုများဖြစ်ပွားလာနိုင်ခြင်း၊ လုံခြုံရေး တာဝန်ထမ်းဆောင်ရမည့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့်လည်း အခက်အခဲရှိခြင်းစသည့်ဖြင့် ထောက်ပြထားသည်။ သို့သော် ထိုအကြောင်းကြား စာတွင်ပင် ငြိမ်းချမ်းစွာစုဝေးခွင့်ပြုရန် ပုံစံ(၁)ပါအတိုင်း အချက် အလက်များ ပြည့်စုံ စွာဖြင့် ပြန်လည်တင်ပြလျှောက်ထားရန်နှင့် အခြားသင့်တော်သည့်နေရာ အား ပြောင်းရွှေ့၍ ဥပဒေနှင့် အညီ တင်ပြလျှောက်ထားလာပါက ခွင့်ပြုပေးသွားမည်ဟု ပါရှိသည်။
ပြည်ထဲရေးဝန်ကြီးဌာနမှရေးဆွဲ၍ ပြည်သူ့လွှတ်တော်မှ အတည်ပြုခဲ့သော ငြိမ်းချမ်းစွာစုဝေးလှည့်လည် ခွင့်နည်းဥပဒေများသည် ဒီမိုကရေစီနှင့်ကိုက်ညီမှုမရှိကြောင်း ဝေဖန်ပြောကြားမှုများရှိနေပြီး အဆိုပါဥပဒေပါ ပုဒ်မ(၁၈)အရလည်း ဆန္ဒပြသူအများအပြား တရားစွဲဆိုခံနေရခြင်း၊ လွတ်လပ်စွာစုဝေးခွင့်၊ ဟောပြောခွင့်တို့ မရှိဘဲ ပြည်သူလူထု၏ ဆန္ဒထုတ်ဖော်မှုများကို မြို့နယ်ရဲတပ်ဖွဲ့မှူးက အဆုံးအဖြတ်ပြုသည်မှာ မသင့်တော်ခြင်း တို့ကို တစ်ညီတစ်ညွတ်တည်း ဝေဖန်လျက်ရှိကြရာ လက်ပံခါးလှပြဿနာကြောင့် ပုဒ်မ(၁၈)နှင့်ဒေါ်အောင်ဆန်း စုကြည်တို့ ထိပ်တိုက်တွေ့ပြီဟု ပြောဆိုမှုများရှိခဲ့သည်။ 
NLD ပါတီ၏ နေပြည်တော် အခြေခံဥပဒေ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြဿနာသည် ပုဒ်မ(၁၈)နှင့် အဓိက ပတ်သက်သည်။ နေပြည်တော်ကောင်စီမှ ဥပဒေပါအတိုင်း အချက်အလက်တိတိ ကျကျ ဖြည့်စွက် ရန် နှင့်နေရာပြောင်းရွှေ့ရန် အကြောင်းပြန်ခဲ့သည်ကို NLD ပါတီမှလက်မခံဘဲ မူလအတိုင်း ဆက်လုပ်သွားမယ် ဆိုပြီးထိပ်တိုက်ရင်ဆိုင်ခဲ့ခြင်းဖြစ်သည်။ “စကားပြောကြပါ၊ ညှိနှိုင်းကြပါ”ဟု တဖွဖွပြောနေသည့် ဒေါ်အောင်ဆန်း စုကြည်၏ မိန့်ခွန်းပြောကြားချက်များနှင့် သူမ၏ လုပ်ဆောင်ချက်များက အပြောနဲ့အလုပ် အလွဲကြီးလွဲ နေသည်။ 
နေပြည်တော်ကောင်စီ၏ အကြောင်းပြချက်မှာ အများပြည်သူသွားလာမှု ထိခိုက်စေနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နှင့် အချက်အလက်မပြည့်စုံမှုဖြစ်သည်။ NLD ပါတီ ရဲ့ အကြောင်းပြချက်မှာ အခြေခံဥပဒေပါ အခွင့် အရေးအရ လွတ်လပ်စွာပြောဆိုလုပ်ကိုင်ခွင့်ဖြစ်သည်။ ထို့ကြောင့် NLD ပါတီမှ ငြိမ်းချမ်းစွာ တန်းစီလှည့်လည် ခွင့်ဥပဒေ (ပုဒ်မ - ၁၈) ကို အသိအမှတ်မပြု (သို့) မလိုက်နာနိုင်ဟု အဓိပ္ပါယ် သက်ရောက် လျက် ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်မှ တရားဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဌ အဖြစ် တာဝန် ထမ်းဆောင်လျှက်ရှိပြီး နှုတ်မှ “တရားဥပဒေ စိုးမိုးရေး” ဟူသည့် စကားလုံးကို တစ်ဖွဖွ ပြောဆိုနေသော်လည်း တရားဥပဒေနဲ့အညီ ပြဌာန်းထားတာကို ထိပ်တိုက်ရင်ဆိုင်ခဲ့ခြင်းသည် တရားဥပဒေစိုးမိုးရေး ကော်မတီဥက္ကဌ၏ အပြောနှင့် အလုပ် မညီသည့် သဘောကို ဖော်ပြရာရောက်နေသဖြင့် အကယ်၍ ဒေါ်အောင်ဆန်းစုကြည်သာ သမ္မတဖြစ်သွားပါက…?…။
ငြိမ်းချမ်း
.. www.MyanmarExpress.net
ယနေ့ မြန်မာစစ်တပ်အတွက် ရင်နင့်စရာ ဖြစ်ရပ်တစ်ခု
လက်ရှိမြန်မာ့တပ်မတော်မှာ တစိမ့်စိမ့်တွေးလေ၊ ရင်နင့်စရာကောင်းလေဖြစ်နေတဲ့ ဖြစ်ရပ်တစ်ခု ရှိပါတယ်။ ဗြိတိန်ဘုရင်မကြီးရဲ့မြေး ဝီလီယံဟာ ဗြိတိန်တပ်မတော်မှာ စစ်မှုထမ်းပြီးဖြစ်ပါတယ်။ ထိုင်း ဘုရင့်သားဟာလည်း ထိုင်းတပ်မတော်မှာ တာဝန်ထမ်းဆောင်ပြီးဖြစ်ပါတယ်။ KNLA စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ် တာမလာဘောရဲ့ သမီးဖြစ်သူ နော်စီဖိုးရာစိန် ဟာလည်း KNU မှာ ဒုဥက္ကဌအဖြစ် တာဝန်ကို ကျေပွန်စွာထမ်းဆောင်နေပါတယ်။ ဒေသတွင်းနိုင်ငံများဖြစ်တဲ့ မြောက်ကိုရီးယား၊ ဗီယက်နမ်၊ တရုတ် သာမက အနောက်နိုင်ငံများမှ အမျိုးသားခေါင်းဆောင်များရဲ့မျိုးဆက်များဟာ ၎င်းတို့နိုင်ငံရဲ့ တပ်မတော် အသီးသီးမှာ တာဝန်ထမ်းဆောင်နေကြပါတယ်။ မြန်မာနိုင်ငံမှာတော့ မြန်မာ့အမျိုးသားခေါင်းဆောင် လည်းဖြစ်၊ တပ်မတော်ကို တည်ထောင်ခဲ့သူလည်းဖြစ်၊ မြန်မာ့လွတ်လပ်ရေး ဗိသုကာလည်းဖြစ်တဲ့ ဗိုလ်ချုပ် အောင်ဆန်းရဲ့မျိုးဆက်တွေ မြန်မာ့တပ်မတော်မှာ တာဝန်ထမ်းဆောင်ခြင်း လုံးဝမရှိခြင်းဟာ ဝမ်းနည်းစရာ ကောင်းတဲ့ ဖြစ်ရပ်တစ်ခုပါ။
မေမြို့ စစ်တက္ကသိုလ်မှာ အောင်ဆန်းခန်းမ၊ အောင်ဆန်းကြေးရုပ်တွေရှိပေမယ့် အောင်ဆန်းရဲ့ မျိုးဆက်တွေကတော့ အဲဒီခန်းမထဲကို ဝင်ခွင့်မရှိကြပါဘူး။ ကာချုပ်ကစပြီး ဗိုလ်ချုပ်အားလုံးက ရုံးခန်း တွေမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံတွေကို တပ်မတော်ရဲ့ ဖခင်တစ်ဦးအဖြစ် အခန်းထဲဝင်တိုင်း လက်တင်အလေးပြုနေပေမယ့် ဗိုလ်ချုပ် မျိုးဆက်တွေက မလုပ်နိုင်ကြပါဘူး။
နိုဝင်ဘာလ ၁၈ ရက်နေ့က နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ လက်ပံခါးလှမှာ ဗိုလ်ချုပ်အောင်ဆန်း ရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်မှ တပ်မတော်အင်အားတောင့်တင်းစေရန် တိုင်းပြည်က အင်အားတောင့် တင်းဖို့လိုအပ်ကြောင်း ပြောဆိုခဲ့ပါတယ်။ နိုဝင်ဘာ ၂၅ ရက်နေ့ကလည်း ပြည်ထောင်စုတပ်မတော် ထူထောင်ရေးကို ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ ဖခင် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင် ခဲ့တဲ့ တပ်မတော်ကို သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ထိန်းချုပ်ချင်ပေမယ့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မြေးတွေကတော့ တပ်မတော်အင်အားတောင့်တင်းရေးမှာလည်း အကျိုးမပြုနိုင်၊ ပြည်ထောင်စုတပ်မတော် တည်ထောင်ရေးမှာလည်းမပါဝင်နိုင် ဖြစ်နေပါတယ်။ မြန်မာနိုင်ငံရဲ့ တစ်ဦးတည်းသော တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့တပ်မတော်ကို ၎င်းရဲ့ မြေးအရင်း ၂ ဦး ဝင်ရောက်ခွင့်မရခြင်းမှာ နှမြောစရာဖြစ်ပါတယ်။  
ဗိုလ်ချုပ်အောင်ဆန်း၏ အဘိုးဖြစ်သူ ဗိုလ်မင်းရောင်မှာ မျိုးချစ်စိတ်အလွန်ပြင်းထန်သူဖြစ်ပြီး အင်္ဂလိပ်နယ်ချဲ့တို့ကို ရရာ လက်နက်ဖြင့် တော်လှန်တိုက်ခိုက်ခဲ့သူဖြစ်ပါတယ်။ အဖမ်းခံခဲ့ရချိန်မှာ ဗိုလ်မင်းရောင်ကို အင်္ဂလိပ်တို့ကျွန်အဖြစ် သစ္စာခံရန် ကမ်းလှမ်းခဲ့ပေမယ့် ဗိုလ်မင်းရောင်က “ငါဟာ တိုင်းပြည်နဲ့လူမျိုးအပေါ် ဘယ်တော့မှ သစ္စာမဖောက်ဘူး၊ မင်းတို့ပေးတဲ့ရာထူးကို ငါ မလိုချင်ဘူး၊ မင်းတို့ ငါ့ကိုသတ်လိုက် ခုချက်ချင်းပင် သတ်ပါ” လို့ ပြောဆိုခဲ့တာကြောင့် အင်္ဂလိပ်များက ဗိုလ်မင်းရောင်ကို  ၁၈၈၇ ခု၊ ဇူလိုင်လ ၂၁ ရက်နေ့ ညနေ ၄ နာရီမှာ ခေါင်းဖြတ် သတ်ပစ်လိုက်တာပါ။ ဒါ့အပြင် ဦးမင်းရောင်ရဲ့ ဦးခေါင်းပြတ်ကို နတ်မောက်မြို့ သိမ်တော် ကျောင်းတိုက်၏ တောင်ဘက် ကန်ဘောင်ရိုးရှိ ထနောင်းပင်တွင် ဆွဲထားပြီး လူအများကို ပြသခဲ့ပါသေးတယ်။ 
အဘိုးဗိုလ်မင်းရောင်ရဲ့ သွေးပါတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ အင်္ဂလိပ်နယ်ချဲ့တို့ကို တိုက်ထုတ်ရန် မြန်မာ့တပ်မတော်ကို စတင်တည်ထောင်ခဲ့ပါတယ်။ မြေးဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းက အဘိုး ဗိုလ်မင်းရောင်ရဲ့ အမွေကို ဆက်ခံနိုင်ခဲ့ပေမယ့်  မြေးဖြစ်သူ အလက်စန္ဒားအဲရစ်နဲ့ ကင်မ်အဲရစ်တို့ကတော့ အဘိုး ဗိုလ်အောင်ဆန်း ရဲ့ အမွေကို မဆက်ခံနိုင်ကြပါဘူး။ အဘိုးအရင်းဖြစ်သူက တပ်မတော်ရဲ့ ဖခင်ဖြစ်ခဲ့သော်လည်း မြေးအရင်းများမှာ တပ်မတော်နားသို့ မကပ်သည့်အပြင် မြန်မာစကားလည်း မပြောတတ်၊ မြန်မာစာလည်းမဖတ်တတ်ဖြစ်တာကြောင့် နိုင်ငံ တည်ထောင်ရေးလုပ်ငန်းများတွင်လည်း မပါဝင်နိုင်ကြပါ။ 
နိုင်ငံခြားသားများက လက်ရှိတပ်မတော် တည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျိုးဆက်တွေ တပ်ထဲမှာဘယ်အဆင့်ထိ ဘယ်နှယောက်ဝင်ခဲ့ကြသလဲလို့မေးရင် ဖြေစရာမေးခွန်းမရှိပါ။ အခြားနိုင်ငံ တပ်မတော်များမှာ ၎င်းတို့နိုင်ငံရဲ့ တပ်မတော်ကို တည်ထောင်ခဲ့သည့် တပ်မတော်ဖခင်ကြီးများ၏ မျိုးဆက် များတာဝန် ထမ်းဆောင်လျက်ရှိသော်လည်း မြန်မာ့တပ်မတော်ကို စတင်တည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ် အောင်ဆန်းမရှိတော့တဲ့နောက် တပ်မတော်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျိုးဆက်လည်း တစ်ယောက်မှမရှိ သည်မှာ မြန်မာစစ်တပ်အတွက် ဂုဏ်ငယ်စရာဖြစ်ပါတယ်။ 
မောင်မျိုးချစ်
.. www.MyanmarExpress.net
သူရိယနေ၀န်း နှင့် ဦးတေဇ ပြဿနာ ပိုမိုကြီးထွားလာပြီလား
From : .. irrawaddy
 အစိုးရနှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင် ခရိုနီများကို ပြင်းထန်စွာ ဝေဖန်သည့် သူရိယနေ၀န်း ဂျာနယ်အား ထူးကုမ္ပဏီ အုပ်စု ဥက္ကဌ ဦးတေဇက တရားစွဲဆိုမည့် ဖြစ်စဉ်အပေါ် ပြည်တွင်း စာနယ်ဇင်းများနှင့် လူမှုကွန်ရက် စာမျက်နှာများ၌ စိတ်ဝင်တစား ရေး သား ဖော်ပြလာကြောင်း တွေ့ရသည်။
ယခင်စစ်အစိုးရ အကြီးအကဲ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်သူဟု လူအများက ပြောဆိုနေသော ဦးတေဇ ကလည်း သူ၏ လူမှု ကွန်ရက် စာမျက်နှာ ကိုယ်ပိုင် ဖေ့စ်ဘုတ်မှတဆင့် တုံ့ပြန်ထားသည်။
“ယခုလို ဘယ်မီဒီယာမှ မကျင့်သုံး မရေးသားခဲ့တဲ့ အဝါရောင်ဆန်သော အရေးအသားများနဲ့ မိမိအပေါ်စော်ကားမှုများအတွက် လည်း လူကြီးလူကောင်း ပီသစွာ ဥပဒေဘောင် အတွင်းမှပဲ စကားပြောပါမယ်။ လမ်းဘေးစရိုက်ဆန်စွာ စိန်ခေါ်မှုအတွက် မိမိ ဥပဒေဘောင် အတွင်းမှ တုံ့ပြန်ပါမယ်။ မိမိကို ပုတ်ခတ်စော်ကား ရေးသားသော တခြားသော စာစောင်များကိုလည်း ဥပဒေကြောင်း အရ တုံ့ပြန်သွားပါမည်။ ၎င်းအချိန်မှ ထွက်မပြေးရန် မိမိပြောလိုပါသည်”ဟု ဦးတေဇ က ရေးသားထားသည်။
ဦးတေဇ၏ ဖေ့စ်ဘုတ် စာမျက်နှာမှာ အမှန်ဖြစ်ပြီး ယင်းရေးသားချက်များမှာလည်း ဦးတေဇ၏ အာဘော်များ ဖြစ်ကြောင်း ထူးကုမ္ပဏီ အုပ်စုမှ ရုံးအဖွဲ့မှူး ဦးညီညီအောင်က ဧရာဝတီသို့ ပြောသည်။
“ဦးတေဇနှင့် စိန်စီသောညများ” ခေါင်းစဉ်ဖြင့် ဦးတေဇ အပါအ၀င် ခရိုနီများကို အတိအလင်း စစ်ကြေညာလိုက်ကြောင်း စာစုကို နိုဝင်ဘာ ၂၃ ရက်နေ့ထုတ် သူရိယနေ၀န်း ဂျာနယ်တွင် ထောင်သူရဲ ဘအုပ် အမည်ဖြင့် သူရိယနေ၀န်း အမှုဆောင် အရာရှိချုပ် ဦးမိုးဟိန်းက သူကိုယ်တိုင် ရေးသားခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။
ထောင်သူရဲ ဘအုတ် ၏ စာစု၌“ခင်ဗျားတို့ ခရိုနီအားလုံး ရန်ကုန်မြစ်ထဲက မော်တော်တစင်းနဲ့ ဘင်္ဂလားပင်လယ်အော်ထဲထိ မောင်း သွားပြီး အားလုံးခုန်ချပြီး အဆုံး စီရင်လိုက်တာ ပိုကောင်းပါတယ်။ ရန်ကုန်မြစ်ထဲမှာဆို ပေါ်လာမယ့် Body က မြင်မကောင်းရှုမကောင်း ဖြစ်နေမှာ စိုးလို့ပါ။ ဘင်္ဂလား ပင်လယ်အော်ထဲမှာဆိုတော့ Body တွေ ပြန်ပေါ်မလာတော့ဘူးပေါ့ဗျာ။ ဘင်္ဂလား ပင်လယ် အော်ထဲမှာက ငမန်းတွေ ရှိတယ်လေ”ဟု ပါရှိသည်။
ထိုသို့သော သူရိယနေ၀န်း ဂျာနယ်၏ ရေးသား ဖော်ပြချက်များသည် စာနယ်ဇင်းကျင့်ဝတ်နှင့် မညီကြောင်း၊ မီဒီယာတခု အနေဖြင့် ရပ်တည်မည်ဆိုပါက မီဒီယာကျင့်ဝတ်နှင့် အညီ အထောက်အထား ခိုင်ခိုင်လုံလုံဖြင့် ရေးသားသင့်သည်ဟု အကြံပြုလိုကြောင်း သတင်းစာပညာ သင်တန်းများ ပို့ချနေသည့် ဦးကြည်မင်းက ပြောသည်။
“အကုန်လုံးကတော့ ဒုက္ခတော့ ရောက်ကုန်တော့မှာ။ ဦးတေဇ ဘက်ကလည်း အသေရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ စွဲခွင့် ရှိတယ်။ သူရိယနေ၀န်း ဘက်ကလည်း ဦးတေဇက န၀တ(နိုင်ငံတော် ငြိမ်ဝတ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့) လက်ထက်မှာ ယူကရိန်း ကနေ ဟယ်ရီကော်ပတာတွေ ၀ယ်တဲ့ ကိစ္စတွေ ရှိတယ်။ ကော်မရှင်ခ ဒေါ်လာ သန်းချီ သွားတာ။ အဲဒီနောက်ပိုင်း သစ်တောတွေ အကုန်ခုတ်။ တခြားလုပ်ချင်တာတွေ လုပ်ခွင့်ရခဲ့တော့ အဲဒါကို တွယ်ရင် ပြဿနာတက်မှာ”ဟု ဦးကြည်မင်းက ဆိုသည်။
မြန်မာ ဂျာနယ်လစ်များ ကွန်ရက် အဖွဲ့(MJN) မှ ဦးမြင့်ကျော် ကလည်း အသေရေဖျက်မှု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ အချက် အလက် အထောက်အထားမရှိဘဲ လူတယောက်ကို နစ်နာစေပါက အသရေဖျက်မှု မြောက်သောကြာင့် ဦးတေဇဘက်မှ အသေရေ ပျက်စေနိုင်သော အထောက်အထားများ ရရှိထားပါက တရားစွဲခွင့်ရှိကြောင်း ဧရာဝတီသို့ ပြောသည်။
“မြန်မာပြည်မှာက လူတွေ မုန်းတဲ့ အာဏာရှင်၊ ခရိုနီတွေကို ပြောတယ်ဆိုရင်ပဲ အဲဒီလူက သူရဲကောင်းလို ဖြစ်နေတယ်။ ပြဿနာ က သူက ဘာသူရဲကောင်းမှ မဟုတ်ဘူး။ မကျေနပ်လို့ လမ်းပေါ်ထွက်ဆဲတဲ့ အဆင့်ပဲရှိတာ။ ဆဲတော့ အခု လူတွေထွက်ကြည့်နေ တယ်။ အခုထွက်ကြည့်နေတဲ့ ကာလလို့ပြောရမှာပေါ့။ ဆဲလိုက်တော့ တဖက်က တုံ့ပြန်မှုတခုခုတော့ ရှိလိမ့်မယ်။ ကျနော်တို့ကတော့ အ၀ါရောင် စာနယ်ဇင်းလို့ပဲ မြင်တယ်”ဟု ဦးမြင့်ကျော်က ဆိုသည်။
ကျင့်ဝတ်နှင့်မညီသော အရေးအသားများကြောင့် မြန်မာနိုင်ငံ၏ မီဒီယာ ပုံရိပ်မှာ ထိခိုက်လျက်ရှိပြီး ဆင်ဆာမူဝါဒများနှင့် ကိုယ်ကျိုး စီးပွားရှေ့တန်းတင်မှုတို့ကြောင့် လွတ်လပ်သော မီဒီယာများ ရှားပါးသွား၍ ယခုအချိန်တွင် အမှန်တကယ်လွတ်လပ်သော သတင်း မီဒီယာများ ပေါ်ထွက်လာစေရန် အရေးကြီးကြောင်း ပဲ့တင်သံ ဂျာနယ် တာဝန်ခံအယ်ဒီတာ မသီတာ(စမ်းချောင်း)ကလည်း ပြော သည်။
“အချက်အလက်နဲ့ဝေဖန်ထောက်ပြနိုင်ရင် ဂျာနယ်တစောင်၊ သတင်းထောက်တယောက် အကျိုးထက် တိုင်းပြည်အတွက်ပါ အကျိုး ရှိနိုင်တယ်။ ခရိုနီတွေရဲ့ စီးပွားရေးနဲ့ပတ်သက်တဲ့ မသမာမှုတွေ အခွန်ရှောင်မှုတွေကို စနစ်တကျနဲ့ ထိထိရောက်ရောက် ဖော်ထုတ် နိုင်တယ် ဆိုရင်တော့ ကောင်းပါတယ်။ သတင်းဖတ်တဲ့သူတွေမှာ Right to Know လို့ခေါ်တဲ့ သတင်းသိပိုင်ခွင့်ရှိဖို့ လိုသလို သတင်း ပေးတဲ့ Source(သတင်း ရင်းမြစ်) နဲ့ သတင်းကို ဆန်းစစ်ခံရတဲ့ သူတို့ဘက်မှာလည်း ပြောရေးဆိုခွင့် ဆိုတာ ရှိရမယ်”ဟု မသီတာ(စမ်းချောင်း)က ဆိုသည်။
လက်ရှိအခြေအနေအရ သူရိယနေ၀န်း ဂျာနယ်ကို တရားစွဲဆိုရန် စီစဉ်နေပြီး ဥပဒေကြောင်းအရ အရေးယူနိုင်ရန် အချက်အလက် များ စုဆောင်းလျက်ရှိကြောင်း ထူးကုမ္ပဏီ အုပ်စု ရုံးအဖွဲ့မှူး ဦးညီညီအောင် က ဧရာဝတီသို့ ပြောသည်။
“တရားစွဲနိုင်ဖို့ အချက်အလက်တွေ စုဆောင်းနေတယ်။ တိုင်ပင်နေတယ်။ သူရိယနေ၀န်းကိုပဲ တရားစွဲဖို့ လုပ်မှာပါ”ဟု ဦးညီညီ အောင် က ပြောပြသည်။
ဦးတေဇမှာ တိုင်းပြည်၏ စီးပွားရေး လုပ်ငန်းရှင်ဖြစ်သောကြောင့် စာစောင်များက စာနယ်ဇင်းကျင့်ဝတ်နှင့် အညီ အမြင်အမျိုးမျိုးဖြင့် ရေးသားနေကြသည်မှာ ပြဿနာမရှိကြောင်း၊ သို့သော် သူရိယနေ၀န်းဂျာနယ်မှာ ပုဂ္ဂိုလ်ရေး ခြိမ်းခြောက်မှုများသာမက အလွန် ဆိုး ၀ါး လာသောကြောင့် ဥပဒေကြောင်းအရ အရေးယူရန် စဉ်းစားရခြင်း ဖြစ်ကြောင်းလည်း ဆိုသည်။
“တော်ရုံတန်ရုံ ကိစ္စဆိုရင် တိုင်းရေးပြည်ရေး မီဒီယာ ကိစ္စတွေကို အကုန်လုံး နားလည်ပါတယ်။ ဘာမှမပြောပါဘူး ။ သူရိယ နေ ၀န်း ကတော့ လူပုဂ္ဂိုလ်အနေနဲ့ ခြိမ်းခြောက်တာတွေရော တခြားကိစ္စတွေရော တော်တော် ဆိုးဆိုးဝါးဝါး မို့လို့ပါ”ဟု ဦးညီညီအောင် က ပြောဆိုသည်။
သူရိယနေ၀န်း ဂျာနယ်မှ အမှုဆောင် အရာရှိချုပ် ဦးမိုးဟိန်းကမူ ဦးတေဇ၏ သူရိယနေ၀န်း အပေါ် တုံ့ပြန်လာမှုကို လုံးဝအံ့သြခြင်း မရှိဘဲ ကမ္ဘာ့သမိုင်းတွင် တရားလိုမှ တရားခံဖြစ်သွားသော ဖြစ်စဉ်များစွာရှိသောကြောင့် ဆက်လက် လှုပ်ရှားသွားမည်ဖြစ်ပြီး မည်သည့် အခြေအနေတွင်မှ နောက်ကြောင်း ပြန်လှည့်မည်မဟုတ်ကြောင်း ပြောသည်။
“ကျနော်တို့လို လူထုဘက်ကရပ်တည်နေတဲ့ ဂျာနယ်တစောင်ရဲ့ ကြန်အင်လက္ခဏာတွေနဲ့ သဘောသဘာဝတွေကိုက အာဏာရှင် ကရော၊ အာဏာပိုင်ကရော၊ ခရိုနီတွေကရော အထူးသဖြင့် သူရိယအလင်းနဲ့ သူရိယနေ၀န်းဂျာနယ်မှာ ဖော်ပြခဲ့တဲ့၊ ပါဝင်ရေးသား ခံရတဲ့ ခရိုနီဇာတ်ကောင် အကြီးကြီးတွေအနေနဲ့ ကျနော်တို့ကို တနေ့မဟုတ် တနေ့ ဒီလိုလုပ်လာမယ်ဆိုတာ အစကတည်းက ကြိုတွက်ထားပြီးသားပါ။ တခုပြောချင်တာက တရားစွဲမယ့်လူကလည်း တရားခံပြန်ဖြစ်သွားနိုင်တယ် ဆိုတာမျိုးက ကမ္ဘာ့သမိုင်းမှာ ပြည့်နှက်နေတာပါပဲ”ဟု ဦးမိုးဟိန်းက ဆိုသည်။
ပြည်တွင်ငြိမ်းချမ်းရေး၊ အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ခရိုနီစနစ် အမြစ်ဖြုတ်ရေးဆိုသော အချက်များနှင့် ညီညွှတ်သော ဆောင်း ပါး၊ သတင်းများ အားလုံးကို ဆက်လက်ဖော်ထုတ်ပြီး ပြည်သူလူထု၏ တထောင် တန်သော ပိုက်ဆံကို တကျပ်နှင့် ယူထားသော ကိစ္စရပ်များကို ဆက်လက် ဖော်ပြပေးရမည်မှာ သူရိယအလင်း၏ တာဝန် ဖြစ်ကြောင်း ဦးမိုးဟိန်းက ဆက်လက် ပြောဆိုသည်။
“ကျနော်တို့က ဘယ်တော့မှ နောက်ပြန်မလှည့်ဘူး။ ၈၈ ကတည်းကစပြီး တခါမှ နောက်ပြန်မလှည့်ခဲ့ဘူး။ ကျနော်တို့ ၈၈ ကျောင်း သား ခေါင်းဆောင်တွေက ဘယ်တော့မှ နောက်ပြန်မလှည့်ဘူး။ ရှေ့ကိုပဲ ရအောင်ထိုးဖောက်တာ”ဟု ဦးမိုးဟိန်းက ဆိုသည်။
ဒါဖတ်ပြီးမှ ပုဒ်မ (၁၈) ကို ပယ်ဖျက်ဖို့ တောင်းဆိုပါ
From : .. messenger
ဘုန်းအောင်
ပုဒ်မ(၁၈) ဖျက်သိမ်းရေးအန္တရာယ်
ငြိမ်းစီလှည့်ဥပဒေရဲ့ ပုဒ်မ(၁၈)ကို ပြင်ဆင်မယ်ဆိုတဲ့ လွှတ်တော်တွင်းအဆိုတစ်ရပ် အတည်ပြု လိုက် တာကို ကြားသိရတော့ အထူးပဲ စိုးရိမ်ပူပန်မိပါတယ်။ သူရဦးအောင်ကိုရဲ့ ရှင်းလင်းချက်အရ ဆန္ဒပြမယ့် နေ့၊ နေရာ၊ အချိန်၊ လူအင်အားကို အသိပေးရုံပဲ ဆိုတဲ့ သဘောမျိုး နားလည်မိပါတယ်။ ပုဒ်မ(၁၈) ပြဌာန်းချက်အရ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးကို ပိတ်ပင်ရာ ရောက်နေပြီး အခြေခံဥပဒေနဲ့ သွေဖီရာ ရောက်နေတယ် ဆိုတာလည်း မှန်သင့်သလောက် မှန်ပါတယ်။ ဒီအပေါ်မှာပဲ လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပုဒ်မ(၁၈)ကို ပယ်ဖျက်မယ် ဆိုရင် ဥပဒေတစ်ခုလုံး ပယ်ဖျက်ပစ်ရမှာ ဖြစ်တယ်၊ ဥပဒေဆိုတာ ပြစ်မှုနဲ့ ပြစ်ဒဏ်ကို သတ်မှတ်ပေး ထားတာ ဖြစ်ပြီး အဓိကကျတဲ့ ပြစ်မှုနဲ့ ပြစ်ဒဏ်ကို ပယ် ဖျက်မယ်ဆိုရင် ဥပဒေတစ်ခုလုံး မလိုအပ်တော့ဘူး ဆိုတဲ့ သဘောမျိုး ပြောသွားခဲ့တာလည်း တွေ့ရပါ တယ်။
ပုဒ်မ(၁၈)နဲ့ပတ်သက်လို့ ဖြေလျှော့ပေးဖို့ လိုတယ် ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် လက်ရှိ မြန်မာပြည်သူလူထုရဲ့ အနေအထားကို မှန်မှန်ကန်ကန် သုံးသပ်ဖို့ လိုပါတယ်။ တစ်ကယ်လို့ ခွင့်ပြူချက် တောင်းခံစရာ မလိုတော့ဘူး ဆိုတဲ့အချိန်မှာ တစ်နိုင်ငံလုံး အုံကြွမှုတွေကို အလွယ်တကူနဲ့အချိန်မရွေး လုပ်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။ နိုင်ငံတိုင်းမှာ ရှိနေတဲ့ အဖျက်သမားအုပ်စုတွေရဲ့ အကွက်ချမှုတွေနဲ့ လူအုပ်စုကြီးလာတဲ့အခါ ဖြစ်ပေါ်လာတတ်တဲ့ သွေးဆူမှုသဘောတရားကို သတိထားသင့်ပါတယ်။ လူတွေဟာ တစ်ဦးတည်းဖြစ်ဖြစ်၊ လူနည်းစုပဲ ဖြစ်ဖြစ် စည်းရုံးလှုပ်ရှားမှုတွေ လုပ်တဲ့အခါမှာ လူနည်းစုဖြစ် တဲ့အတွက် သတိအမြဲကပ်နေတတ် ပါတယ်။ လူအုပ်ကြီးများလာပြီ ဆိုရင် စိတ်ပညာသဘောအရ ပိုပြီး ရဲတင်းလာတယ်၊ အချုပ်ပြောရ ရင် ဥပဒေမဲ့ လုပ်ရပ်တွေကို အလွယ်တကူ လုပ်ဆောင်လာနိုင်တာ တွေ့ရှိနိုင်ပါတယ်။ ဒါက မြန်မာပြည်မှာသာမဟုတ်ဘူး၊ ကမ္ဘာအရပ်ရပ်မှာလည်း ဒီအတိုင်းပါပဲ။ လူအုပ်ကြီး များလာပြီ ဆိုရင် မကျေနပ်ချက်တွေ ရောနှော ဖောက်ခွဲပြီး အဖျက်လုပ်ငန်းတွေ၊ အကြမ်းဖက်တာတွေ လုပ်လာကြတာ တွေ့နိုင်ပါတယ်။
ပုဒ်မ(၁၈) ပယ်ဖျက်လိုက်ပြီးတဲ့နောက်မှာ အနှစ်နှစ်အလလ မကျေနပ်ချက်တွေကို အလွယ်တကူ ဖော်ထုတ်ဆန္ဒပြဖို့ လွယ်ကူလာတဲ့အချိန်မှာ ဘာတွေ ဖြစ်လာမလဲ စဉ်းစားကြည့်နိုင်ပါတယ်။ အခုလို ပုဒ်မ (၁၈) ကန့်သတ်ချက် ရှိနေတဲ့အချိန်မှာတောင် တမင်သက်သက် ချိုးဖောက်တာတွေ ရှိနေပါတယ်။ ဒီချိုး ဖောက်မှုမှာ ပါဝင်လိုပေမယ့် ဥပဒေ ရှိနေတယ် ဆိုတဲ့အတွေးကြောင့် ပါဝင်ခြင်း မပြုဘဲ နေရသူတွေ ရှိပါ တယ်။ ပုဒ်မ(၁၈)ကန့်သတ်ချက် မရှိတော့ဘူး ဆိုတဲ့အချိန်မှာ လူစုလူဝေးနဲ့ ဆန္ဒပြအုံကြွမှုတွေ ကြီးထွား လာပြီ ဆိုရင်တော့ တည်ငြိမ်အေးချမ်းရေး၊ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးရမယ့် လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ထိပ်တိုက် တွေ့လာတော့ မှာ ဖြစ်ပါတယ်။ နောက်တစ်ခါ ရခိုင်ပြည်နယ်က စတင် ခဲ့ပြီး နိုင်ငံအနှံ့ ကြိုကြားကြိုကြား ဖြစ်ပေါ်နေတဲ့ ဘာသာရေးကိုအခြေခံတဲ့ တင်းမာမှုတွေ ပေါက်ကွဲလာပြီ ဆိုရင် သိမြင်ကြပြီး ဖြစ်တဲ့အတိုင်း ဒီနိုင်ငံနဲ့ ဒီလူထု ဘာတွေ ဖြစ်လာမလဲ တွေးကြည့်နိုင်ပါတယ်။ အခုမှ စွမ်းရည်ပြန်လည်တည်ဆောက်နေရတယ် လို့ တရားဝင် ၀န်ခံထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ထိန်းသိမ်းနိုင် စွမ်းနဲ့ ပုဒ်မ(၁၈)ပယ်ဖျက်လိုက်မှုဟာ တိုင်းပြည်အတွက် ဘယ်လောက်အထိ အန္တရာယ်ကြီးတယ်ဆိုတာ အလေးအနက်ထားပြီး သတိပေးချင်ပါတယ်။ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေမှာ Occupy Wallstreet ဆန္ဒ ပြမှုတွေ ဖြစ်လာတဲ့အချိန်မှာ အလုပ်လက်မဲ့ လူငယ်တွေရဲ့ ပေါက်ကွဲမှုကြောင့် ပြည်သူလူထုရဲ့ အိုးအိမ် စည်းစိမ်တွေ ဖျက်ဆီးတာတွေ ဖြစ်လာခဲ့ပါတယ်။ ဒီလူ့အဖွဲ့အစည်း(၂)ခုစလုံးဟာ မြန်မာနိုင်ငံရဲ့ လက်ရှိ လူ့အဖွဲ့အစည်းထက် အများကြီး ပိုပြီး ပညာတတ်တွေများတယ် ဆိုတာ သိရှိထားဖို့ လိုပါတယ်။ မထိန်း နိုင် မသိမ်းနိုင် မဖြစ်အောင် လုံခြုံရေးတပ်ဖွဲ့အင်အား လုံလုံလောက်လောက်နဲ့ နှိမ်နင်းဖြိုခွင်းခဲ့တဲ့အတွက် အချိန်မီ ထိန်းသိမ်းနိုင်ခဲ့တယ် ဆိုတာ တွေ့ပါလိမ့်မယ်။
ဘုရားနဲ့ တစ်ဂိုဏ်းတည်း ထားခဲ့တဲ့ ကျောင်းဆရာ၊ ဆရာမတွေကိုတောင် ကျောင်းသားတွေက ပြန်ပြီး ဆန္ဒပြနေတဲ့ တစ်ခါမှ မရှိဘူးတဲ့ ယဉ်ကျေးမှုတွေ ဖြစ်ပေါ်လာနေတဲ့ ဒီကနေ့ မြန်မာနိုင်ငံမှာ ဒီလို အုံကြွမှုများ ဖြစ်ပေါ်လာနိုင်တဲ့ အားနည်းချက်တွေမှာ မြေယာကိစ္စ၊ အလုပ်သမားကိစ္စ၊ လယ်သမားကိစ္စ၊ စက်ရုံအလုပ်ရုံကိစ္စ၊ စီမံကိန်းကိစ္စ အများကြီး အများကြီး ရှိနေပါတယ်။ ဒီလို မှိုလိုပေါက်နေတဲ့ ပြဿနာ တွေကနေ အုံကြွမှုတွေ ဖြစ်လာခဲ့ရင် အခု တက်တက်ကြွကြွ ထောက်ခံခဲ့ကြတဲ့ လွှတ်တော်အမတ်တွေ ဘာလုပ်ပေးမှာလဲ၊ ဘာလုပ်ပေးနိုင်မလဲ စဉ်းစားစရာပါ။ အလွန်ဆုံး အစိုးရကို တိုက်တွန်းကြောင်း ပြော မှာလား၊ အစိုးရကိုင်တွယ်ဖြေရှင်းတာ ညံ့ဖျင်းတယ် လို့ ပြောမှာလား၊ ထုံးစံအတိုင်း တရားဥပဒေစိုးမိုးရေး ဓါတ်ပြားဟောင်းကြီး ဖွင့်မှာလား၊ ဘယ်လိုပဲ ဖြစ်ဖြစ် အဲဒီအချိန်မှာ အသက်ပေါင်းများစွာ၊ အိုးအိမ်ပေါင်း များစွာ ဆုံးရှုံးခဲ့ရပြီ ဆိုရင်တော့ အဓိက လက်သည် တရားခံဟာ ဒီလိုဖြစ်စေမယ့် အခြေအနေတွေ ဖန်တီး ပေးလိုက်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေပဲ ဖြစ်လာပါလိမ့်မယ်။ Lawmaker ဆိုတာ လက်ရှိ အနေ အထားကိုပဲ မကြည့်ဘဲ နောင်နှစ်ပေါင်းများစွာအထိ ကြိုတင်မျှော်တွေးပြီး ဥပဒေပြုကြရသူတွေ ဖြစ် ပါတယ်။ အရှည်ကိုမျှော်တွေးတာမျိုး အားနည်းပြီး ပြည်သူလူထု လက်ခုပ်သံ လွယ်လွယ်ရရှိစေမယ့် ပေါ်ပြူလာလမ်းစဉ်ကိုလိုက်နေမယ် ဆိုရင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဘယ်အဆင့်ကိုမှ ရောက်နိုင်မှာ မဟုတ်ပါဘူး။ လူထုအကြိုက်ကိုပဲ လိုက်မနေဘဲ လူထုကို အတိုက်အခံလုပ်ပြီး လမ်းမှန်ကို လျှောက်ရဲကြဖို့ လိုပါတယ်။ လူမုန်းများမယ့် ကိစ္စဆိုရင် ဘယ်နိုင်ငံရေးသမားမှ ထုတ်ဖော်ပြောကြားတာမျိုး မရှိကြပါဘူး။
အမှားသရုပ်ပြ အန္တရာယ်
မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ NLD ပါတီရဲ့ နေပြည်တော် အခြေခံဥပဒေ ရှင်းလင်းပွဲမှာ ဘယ်သူ ကမှ ကြားအမြင်နဲ့ ထောက်ပြတာမျိုး မတွေ့ရသေးပါဘူး။ အဓိကအားဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင် ပါဝင်နေတာ ဖြစ်တဲ့အတွက် လက်ရှောင်ကြတာလည်း ပါပါလိမ့်မယ်။ ဒီကိစ္စဟာလည်း ပုဒ်မ(၁၈)နဲ့ အဓိကပတ်သက်နေပါတယ်။ နေပြည်တော်ကောင်စီက နေရာပြောင်းရွှေ့ပေးဖို့ ထုတ်တယ်၊ NLD က လက်မခံဘဲ မူလအတိုင်း ဆက်လုပ်သွားမယ် ဆိုပြီး ထိပ်တိုက်ရင်ဆိုင်တယ်။ စကားပြောကြပါ၊ ညှိနှိုင်းကြပါလို့ တဖွဖွပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ မိန့်ခွန်းပြောကြားချက်နဲ့ အခု လုပ်ဆောင် ချက်ဟာ အပြောနဲ့ အလုပ် အလွဲကြီးလွဲနေပါတယ်။ နေပြည်တော်ကောင်စီရဲ့ အကြောင်းပြချက် က အများပြည်သူသွားလာမှု ထိခိုက်စေနိုင်တယ် ဆိုတဲ့ အကြောင်းပြချက်၊ NLD ရဲ့ အကြောင်းပြချက်က အခြေခံဥပဒေပါ အခွင့်အရေး၊ ဒီတော့ NLD ဟာ ငြိမ်းစီလှည့်ဥပဒေကို အသိအမှတ်မပြု မလိုက်နာဘူး ဆိုတဲ့ သဘောသက်ရောက်နေပါတယ်။ တစ်ချို့ကလည်း နေပြည်တော်ကောင်စီက သက်သက်မဲ့ညစ်တာ ဆိုပြီး နားလည်နေကြပါတယ်။ ဒီကိစ္စဟာ မြန်မာနိုင်ငံမှာ အင်အားအကောင်းဆုံး၊ စွမ်းရည်အရှိဆုံး၊ ပြိုင် ဘက်မရှိ ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီရဲ့ အမှားသရုပ်ပြ လုပ်ဆောင်ချက် လို့ပဲ ပွင့်ပွင့်လင်း လင်း ပြောချင်ပါတယ်။ တည်ဆဲဥပဒေကို လိုက်နာရန် တာဝန်ရှိတာကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်ပံတောင်းခရီးစဉ်မှာ ထုတ်ဖော်ပြောကြားထားပြီး ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ ဒီမိုကရေစီ ဆန်တဲ့ စံနမူနာပြလုပ်ဆောင်ချက်တစ်ရပ်သဘော မျိုး ကျန်တဲ့ တက်ကြွလှုပ်ရှားသူတွေ မှတ်ယူသွားခဲ့ပြီ ဆိုရင်တော့ ဦးသိန်းစိန်အစိုးရ ရှေ့လျှောက် တည်ငြိမ်အေးချမ်းရေးကို မနည်း ကြိုးစားတည်ဆောက်ရပါ လိမ့်မယ်။
ဒီမိုကရေစီသဘောမှာ လွတ်လပ်ခွင့်ကို အပြည့်အ၀ လိုချင်ပါတယ်။ လိုက်နာရမယ့် တာဝန်ကိုတော့ လျစ်လျူရှုတတ်ကြပါတယ်။ အမေရိကန်လို ဒီမိုကရေစီဘိုးအေနိုင်ငံကြီးမှာ ဆန္ဒ ပြချင်တိုင်း ပြလို့ မရ ပါဘူး။ ပြည်နယ်တစ်ခုနဲ့တစ်ခုလည်း ဥပဒေတွေက မတူပါဘူး။ တစ်ချို့ပြည်နယ်တွေမှာ တစ်ယောက် တည်းဆိုရင် ခွင့်ပြုချက် မလိုပါဘူး။ ငါးယောက်ထက်ကျော်လာရင်တော့ ခွင့်ပြုချက်လိုလာပါပြီ။ အာဏာ ပိုင်တွေဘက်တော့ အများပြည်သူကို ထိခိုက်စေမယ့် လုပ်ဆောင်ချက်၊ ယာဉ်ကြောပိတ်ဆို့မှုဖြစ်စေမယ့် လုပ်ရပ် လုံးဝ လက်မခံပါဘူး။ အဲဒါမျိုးဆိုရင်တော့ ပိတ်ပင်ပါတယ်။ လိုက်နာမှု မရှိရင် အရေးယူပါတယ်။ ဆန္ဒပြရာမှာ အများပြည်သူသွားလာမှုကို ထိခိုက်စေမှုနဲ့ ဒီမိုကရက်လွှတ်တော်အမတ် (၇)ယောက် လောက်ကို ရဲတပ်ဖွဲ့က လက်ထိပ်ခတ်ပြီး ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ ဓါတ်ပုံတွေ၊ သတင်းတွေ တွေ့မြင်ရတာ သိပ်မကြာသေးပါဘူး။ ဒါဟာ ရဲတပ်ဖွဲ့ရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ အများပြည်သူကို ထိခိုက်နစ်နာလာစေ မယ် ဆိုရင်တော့ လွှတ်တော်အမတ်လည်း ခွင့်လွှတ်မပေးပါဘူး။ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်လာပြီ ဆိုရင်တော့ ပြတ်ပြတ်သားသား အရေးယူကြတာပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး ဖမ်းဆီးခံရတဲ့အတွက် အစိုးရကို လွှတ်တော်အမတ်တွေက ဘာပြန်လုပ်ခဲ့ပါသလဲ။ လွှတ်တော်အမတ်ဆိုတာ ဥပဒေကို စံနမူနာပြ လိုက်နာ ဖို့ တာဝန်ရှိပါတယ်။ ပြည်သူလူထုကို အမှားသရုပ်ပြဖို့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံလို မရင့်ကျက်သေးတဲ့ လူ့အဖွဲ့အစည်းမှာ လောလောဆယ်မှာတော့ လူထုဆန္ဒ၊ လူထု အကြိုက်တွေနဲ့ လမ်းမှားကို ခေါ်ဆောင် မသွားဖို့ သိပ်ကိုအရေးကြီးပါတယ်။
လူထုဆန္ဒ ဖော်ထုတ်မှုအတွက် အစိုးရတိုင်းရဲ့ စိုးရိမ်မှုက Public Order ပဲ ဖြစ်ပါတယ်။ Public Order ကို ထိခိုက်ခြင်း ရှိ၊ မရှိကိုလည်း ရဲတပ်ဖွဲ့ဝင်တွေက အဆုံးအဖြတ်ပြုကြရပါတယ်။ ဆန္ဒဖော်ထုတ်တဲ့ အကြောင်းရင်း ရည်ရွယ်ချက်ပေါ်မူတည်ပြီး ဘယ်လောက်အထိ သက်ရောက်မှု ရှိလာနိုင်တယ်ဆိုတာ ကိုလည်း စဉ်းစားကြရပါတယ်။ အီတလီနိုင်ငံမှာဆိုရင် လူထုကျန်းမာရေးနဲ့ ကိုယ်ကျင့်တရားကို ထိခိုက် စေနိုင်တယ် ဆိုရင် ရဲတပ်ဖွဲ့က ပိတ်ပင်ပိုင်ခွင့် ရှိပါတယ်။ ပြင်သစ်နိုင်ငံမှာဆိုရင် တရားမ၀င်လှုပ်ရှားမှုတွေ ကို ထောက်ခံအားပေးတာမျိုးဆိုရင် ဆန္ဒဖော်ထုတ်ခွင့် မပေးပါဘူး။ ပြင်သစ်၊ အစ္စရေး နိုင်ငံတွေမှာဆိုရင် ဆန္ဒဖော်ထုတ်မှုကို ပိတ်ပင်တဲ့ ဆုံးဖြတ်ချက်ကို ဆန္ဒပြပွဲမတိုင်မီ ထုတ်ပြန်နိုင်ပါတယ်။ ကြိုတင်အသိပေး တင်ပြခြင်းမရှိတဲ့ ဆန္ဒဖော်ထုတ်မှုတွေကို တရားမ၀င်ဘူးလို့ သတ်မှတ်ပြီး တရားမ၀င် ဆန္ဒပြမှုတွေကို ရဲတပ်ဖွဲ့က လူစုခွဲနိုင်သလို ဆန္ဒပြပွဲစီစဉ်တဲ့သူတွေကို တရားစွဲဆို အရေးယူနိုင်ပါတယ်။ ကနေဒါနိုင်ငံမှာ ဆိုရင် ဆန္ဒပြပွဲ ပြုလုပ်ဖို့ (၂၁) ရက်အထိ ကြိုတင်တင်ပြရတာ ရှိပါတယ်။ တစ်ခါတစ်ရံမှာ အုပ်ချုပ်ရေး က မဟုတ်ဘဲ စည်ပင်သာယာရေးကော်မတီတွေကနေ မြို့တော်သန့်ရှင်းမှုကို ထိခိုက်စေတဲ့အတွက် ပိတ်ပင် တာမျိုးတွေ အမေရိကန်မှာ ရှိနေပါတယ်။ စကော့တလန်နဲ့ တောင်အာဖရိကနိုင်ငံတွေမှာ မြူနီစပယ် အာဏာပိုင်တွေကို တင်ပြရပြီး များသောအားဖြင့် ဒေသဆိုင်ရာရဲတပ်ဖွဲ့ကို တင်ပြရတာ တွေ့ရှိပါတယ်။ ကနေဒါနဲ့ အမေရိကန်နိုင်ငံတွေမှာ စီးပွားရေးလုပ်ငန်းတွေ၊ စီးပွားရေးအရင်းအမြစ်တွေကို ထိခိုက်ခြင်း ရှိ-မရှိကို အခြေခံပြီး အချိန်နဲ့ နေရာကို ခွင့်ပြုပေးကြတာ ရှိပါတယ်။ နယူးယောက်မြို့တော်မှာဆိုရင် ကုသမဂ္ဂ အဆောက်အဦရှေ့မှာ ဖြတ်ပြီး ဆန္ဒပြတာကို ပိတ်ပင်ထားပါတယ်။ နိုင်ငံအတော်များများမှာ လွှတ်တော်နဲ့ အစိုးရရုံးတွေလို အရေးကြီးတဲ့နေရာတွေမှာ ဆန္ဒဖော်ထုတ်ခွင့် ပိတ်ပင်ထားပါတယ်။ ပြင်သစ်နိုင်ငံမှာဆိုရင်လည်း နိုင်ငံ့အကြီးအကဲတွေ၊ အရေးကြီးနိုင်ငံခြားဧည့်သည်တွေကို ဆန္ဒမပြနိုင် အောင် ပိတ်ပင်ထားပါတယ်။ လုံခြုံရေးကိုလည်း အထူးအားဖြင့် တင်းတင်းကျပ်ကျပ် ချထားလေ့ ရှိပါ တယ်။ ဒါတွေဟာ ဘာဖြစ်လို့လဲ စဉ်းစားကြည့်ရင် တည်ငြိမ်အေးချမ်းရေး၊ အကြမ်းဖက်မှုတွေ မဖြစ်ပေါ် ရေး၊ ပြည်သူလူထုအသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်ရေးကို အုပ်ချုပ်တဲ့အစိုးရက အဓိက တာဝန်ရှိတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒီတာဝန်ကို ထမ်းဆောင်နိုင်ခြင်း မရှိအောင် ပြုမူလုပ်ဆောင်လာခဲ့ရင် တစ်ကယ်လို့ ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာရင် အစိုးရတွေအတွက် အကျပ်အတည်းဖြစ်စေနိုင်ပါတယ်။ ဒီလိုအနေအထားမျိုး ရောက်ရှိလာရင်တော့ လူထုအနေနဲ့ မလုံခြုံမှုကို အစဉ်အမြဲခံစားနေစေမယ့် မင်းမဲ့ စရိုက်နဲ့ ပုံပျက်ပန်းပျက် လူ့အဖွဲ့အစည်းမျိုး ဖြစ်လာမှာ သေချာပါတယ်။
ချိန်ခွင်လျှာ မညီမျှမှု အန္တရာယ်
လွှတ်တော်ခေါင်းဆောင်တွေ ပြောပြောနေတဲ့ အပြန်အလှန်ထိန်းကျောင်းခြင်းလုပ်ငန်းစဉ်ကိုလည်း မြင်သမျှ စိတ်ရင်းစေတနာကောင်းနဲ့ ထောက်ပြလိုတာတွေ ရှိပါတယ်။ ဒီလိုထိန်းကျောင်း တဲ့နေရာမှာ ချိန်ခွင်လျှာညီမျှနေဖို့ သိပ်ကိုအရေးကြီးပါတယ်။ ချိန်ခွင်လျှာ မညီမျှရင်တော့ ပုံပျက်ပန်းပျက် ထိန်း ကျောင်းမှုပဲ ဖြစ်ပေါ်လာမှာပါ။ ပထမဆုံးအနေနဲ့ လက်ရှိအခြေခံ ဥပဒေ ခုံရုံးဟာ ပြည်သူ့ဘဏ္ဍာကို ရယူ ခံစားပြီး အလုပ်လက်မဲ့ ဖြစ်နေတာကို တွေ့ကြရပါလိမ့်မယ်။ ပြီးခဲ့တဲ့ ခုံရုံးတစ်ခုလုံး စွပ်စွဲပြစ်တင်ခဲ့တဲ့ လုပ် ဆောင်ချက်ဟာ အခြေခံဥပဒေနဲ့ ညီသလား စဉ်းစားကြဖို့ လိုပါတယ်။ အဖွဲ့ဝင်တစ်ဦးချင်းစီ မဟုတ်ဘဲ ခုံရုံးတစ်ဖွဲ့လုံးကို စွပ်စွဲပြစ်တင်ခြင်းဟာ အခြေခံဥပဒေမှာ မပါပါဘူး။ နောက် အသစ်ပြင်ဆင်ပြဌာန်း ထားတဲ့ ခုံရုံးဥပဒေဟာလည်း အခြေခံဥပဒေနဲ့ ကွဲလွဲနေတာတွေ၊ သွေဖီနေတာတွေ လို့ ယူဆနိုင်တဲ့ ပြဌာန်းချက် တွေ အများကြီးပါပါတယ်။ လွှတ်တော်ခေါင်းဆောင်တွေကို တာဝန်ခံရမယ့် အဖွဲ့ဝင်(၆)ယောက် ခန့်ထား ခြင်း အကျိုးဆက်အနေနဲ့ နောက်ကလွှမ်းမိုးမှုတွေကို ကျော်လွန်လို့ မရနိုင်တော့ပါဘူး။ ဒီတော့ ခုံရုံး အဖွဲ့ဝင်သစ်တွေရဲ့ လွတ်လပ်စွာဆုံးဖြတ်နိုင်မှုဟာ အကန့်အသတ်ရှိနေပါတယ်။ လက်ရှိ ဥပဒေဟာ အခြေခံဥပဒေနဲ့ သွေဖီနေခဲ့မယ်ဆိုရင် ဒီခုံရုံးကြီးတစ်ခုလုံးဟာလည်း တရားမ၀င်တဲ့ ခုံရုံကြီး ဖြစ်နေပါ လိမ့်မယ်။ ဖြစ်သင့်တာကတော့ ခုံရုံးဖွဲ့စည်းတည်ဆောက်မှုတစ်ခုလုံးကို ဖျက်သိမ်းပစ်သင့်ပါတယ်။ ခုံရုံး အဖွဲ့ဝင်တွေလည်း ခန့်အပ်ခြင်း မပြုပါနဲ့တော့။ တရားရုံးချုပ်ကိုပဲ Judicial Review လုပ်ပိုင်ခွင့် ပေးအပ် လိုက်ပါ။ ဒါမှလည်း လွှတ်တော်ထဲမှာ အာဘောင်အာရင်းသန်သန်နဲ့ ဝေဖန်ခံနေရတဲ့ တရားစီရင်ရေး မဏ္ဍိုင်က လွှတ်တော်ကို ပြန်ပြီး ထိန်းကျောင်းခွင့် ရရှိလာမှာ ဖြစ်ပါတယ်။ လွှတ်တော်က တရားရုံးတွေကို ထိန်းမယ်၊ တရားရုံးချုပ်ကနေ လွှတ်တော်ကပြဌာန်းတဲ့ဥပဒေတွေကို အခြေခံဥပဒေနဲ့ ညီ၊ မညီ ဆုံးဖြတ် ပြီး ပြန်ပြီး ထိန်းမယ်။ ဒါဟာ ဒီမိုကရေစီ သဘောသဘာဝပဲ ဖြစ်ပါတယ်။ များသောအားဖြင့် အခြေခံ ဥပဒေဆိုင်ရာသီးခြားခုံရုံးဆိုတာ ပါလီမန်အုပ်ချုပ်ရေးစနစ် ကျင့်သုံးတဲ့နိုင်ငံတွေမှာ ထားကြတာမျိုး ဖြစ်ပါ တယ်။ အာဏာ(၃)ရပ် သီးခြားစီ ခွဲခြားတဲ့နိုင်ငံတွေမှာ တရားရုံးချုပ်ကိုပဲ ဒီအာဏာ အပ်နှင်းပေးထားတာ တွေ့ရှိနိုင်ပါတယ်။ ဒါဆိုရင် နိုင်ငံနဲ့ ပြည်သူအတွက် ငွေကုန်ကြေးကျ သက်သာစေမှာ ဖြစ်တဲ့အပြင် တရား ဥပဒေစိုးမိုးရေး ချိန်ခွင်လျှာကို ညီမျှစေမှာ ဖြစ်ပါတယ်။ ဒီဟာကိုလည်း လက်ရှိ လွှတ်တော်က တာဝန်ယူ လေ့လာသုံးသပ်နေတဲ့ အခြေခံဥပဒေပြင်ဆင်ရေး မှာ ထည့်သွင်းပြင်ဆင်သွားသင့်ပါတယ်။
ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးတွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခွင့်အရေးမြှင့်တင် တာတွေ ဖတ်ရပါတယ်။ လစာ(၆)သိန်း ယူမယ့်ကိစ္စကို နိုင်ငံတကာနှုန်းထားတွေ၊ နှိုင်းယှဉ် ချက်တွေနဲ့ ဆွေးနွေး သွားကြတာတွေလည်း မြင်ရပါတယ်။ သတိထားမိသလောက်ကတော့ လွှတ်တော်အမတ်တွေ လစာ နည်းလို့ တိုးပေးသင့်တယ် ဆိုတာကို ဘယ်ပြည်သူကမှ ပြောတာ၊ တိုက်တွန်းတာမျိုး မတွေ့မိပါ ဘူး။ နောက်ပြီးတော့ တစ်ချို့နိုင်ငံတွေဆိုရင် သမ္မတလစာ၊ ၀န်ကြီးတွေရဲ့လစာ၊ လွှတ်တော်အမတ်တွေရဲ့ လစာ တိုးမြှင့်ခံစားခွင့်ကို လက်ရှိသက်တမ်းမှာ ဆောင်ရွက်နိုင်ခြင်း မရှိအောင် ကန့်သတ်ပိတ်ပင်ထားကြ ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်လုပ်ပိုင်ခွင့် ရရှိတဲ့အချိန်မှာ ကိုယ့်အကျိုးစီးပွား၊ ကိုယ့်ခံစားခွင့်ကို ကိုယ့်ဘာသာကိုယ် ပြန်ပြီး လက်ဝါးချင်းရိုက် ပေါင်းလုပ်သွားမှာ စိုးတဲ့အတွက် ဥပဒေတွေနဲ့ ပိတ်ပင်ထား တာ ဖြစ်ပါတယ်။ ဥပမာ ပြောရရင် အခု လွှတ်တော်က သဘောတူလိုက်တဲ့ လစာ၊ စရိတ်တိုးမြှင့်ရေး ဥပဒေကို နောက်လွှတ်တော်သက်တမ်း၊ နောက်အသစ်တက်လာမယ့် လွှတ်တော်အမတ်တွေသာ ရရှိခံစား ခွင့် ရှိကြပါတယ်။ ဒါဟာလည်း မျှတမှု ရှိတဲ့ မူဝါဒတစ်ရပ် ဖြစ်ပါတယ်။ ကိုယ့်လက်ထက်မှာ ကိုယ်ခံစားခွင့် ကိုယ့်ဘာသာ ကြိုက်သလို မလုပ်နိုင်အောင် ဆိုတဲ့ ဥပဒေမျိုး မြန်မာနိုင်ငံမှာလည်း ပြဌာန်းသင့်ကြောင်း တွေ့ရပါတယ်။
နှိုင်းယှဉ်ပြီး ပြောရမယ်ဆိုရင် ပြည်သူလူထုအတွက် အကျိုးစီးပွားဖြစ်ထွန်းစေမယ့်၊ ပြည်သူ့ဆန္ဒကို ထင်ဟပ်စေမယ့် ဥပဒေတွေ လွှတ်တော်အမတ်တွေက ဘယ်နှစ်ခု တင်သွင်း အတည်ပြု ပြဌာန်းနိုင်ခဲ့ ကြပြီလဲ။ တည်ဆဲဥပဒေတွေထဲက ခေတ်ကာလနဲ့ မကိုက်ညီတော့တဲ့ ဥပဒေ ဘယ်နှစ်ခု ပြင်ဆင်ပြီးခဲ့ကြ ပြီလဲ။ လွှတ်တော်ကိုယ်စားလှယ်အခွင့်အရေးတွေ မြှင့်တင်ဖို့ ကြိုးပမ်းနေကြတာတွေ၊ လွှတ်တော်ဆိုင်ရာ လုပ်ပိုင်ခွင့်တွေ တိုးချဲ့ဖို့ ဆောင်ရွက်နေတာတွေဟာ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒတွေ ဟုတ်ပါသလား။ ဘယ်မဲဆန္ဒရှင် ဘယ်ပြည်သူတွေက လွှတ်တော် လုပ်ပိုင်ခွင့် ချဲ့ပေးပါ၊ လွှတ်တော်အမတ်တွေကို လစာ(၆)သိန်းပေးပါ လို့ ပြောခဲ့ကြပါသလဲ။ ဒီရက်ပိုင်း အတွင်းမှာပဲ ပြည်ထောင်စုလွှတ်တော်ဥပဒေကို ပြင်ဆင်တဲ့အခါမှာ နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့် အတော်များများကို ပြည်ထောင်စုလွှတ်တော်ကို ယူလိုက်ပြီ ဆိုပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးက ပြောကြားလိုက်တဲ့ သတင်းကို ဖတ်ရှုလိုက်ရပါတယ်။ ပြောဟန်ဆိုဟန်နဲ့ ပြောကြားသွားတဲ့ စကားလုံးတွေအရ ဘာကို ဆိုလို သလဲ ဆိုတာ ခန့်မှန်းရတော့ စိုးရိမ်ပူပန်မိပါတယ်။ လွှတ်တော်ရဲ့ အထက်မှာ မိုးကောင်းကင်ကြီးပဲ ရှိတယ် ဆိုတဲ့ စကားလို လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်၊ လွှတ်တော်ရဲ့ အာဏာကို ချဲ့ထွင်ကြပါ။ လက်ရှိသွားနေတဲ့ ဒီမိုကရေစီကို ပျက်ပြားစေမယ့်၊ အခြေခံဥပဒေကို ကျော်လွန်ရာ ရောက်စေမယ့် လုပ်ပိုင်ခွင့်တွေ ကိုတော့ မယူကြပါနဲ့ ဆိုတာကိုတော့ ထောက်ပြလိုပါတယ်။ ဥပဒေပြုရေးဟာ အုပ်ချုပ်ရေးအလုပ် လုပ်စရာ မလို ပါဘူး။ မြင်သလောက်ပြောရရင် ဥပဒေပြုရေးကိစ္စတွေက ခက်ခဲနက်နဲလှပြီး အပင်ပန်းခံရတာဖြစ်တဲ့ အတွက် အုပ်ချုပ်ရေးကို စောင့်ကြည့်တဲ့အလုပ်က ပိုပြီး လွယ်ကူသက်သာ တယ်လို့ ယူဆနိုင်ပါတယ်။ ဒီတော့ အုပ်ချုပ်ရေးနယ်ပယ်တွေကို ၀င်ရောက် စွက်ဖက်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ သမ္မတ လုပ်ပိုင် ခွင့်ထဲက ဘာတွေ ဘယ်လို ယူလိုက်သလဲ ဆိုတာ အတိအကျ မသိပေမယ့် အခြေခံဥပဒေက သမ္မတကို ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်တွေကို ယူမယ်ဆိုရင်တော့ ဒါဟာ အခြေခံဥပဒေကို ကျော်လွန်တာပဲ ဖြစ်ပါ တယ်။ အုပ်ချုပ်ရေးကရော အသာတကြည် လက်ခံ နိုင်မယ့် အလားအလာ မရှိပါဘူး။ မကြာသေးခင်ကပဲ သူရဦးရွှေမန်းက အရင်တုန်းက န၀တ၊ နယက ပုံစံမျိုး မူဝါဒ ချမှတ်ပေးပြီး အခုသမ္မတက အရင်တုန်းက ၀န်ကြီးချုပ်ပုံစံမျိုး အကောင်အထည်ဖော်ရမယ် ဆိုပြီး ပြောကြားခဲ့တဲ့ သတင်းကိုလည်း ကြားသိရတဲ့အခါ အံ့သြခြင်းကြီးစွာ ဖြစ်ရပါတယ်။ စနစ်ကို နားမလည်လို့များ ဒီလိုပြောရတာလား ဆိုတာကိုလည်း တွေးမိ ပါတယ်။ အဲဒီစနစ်က အာဏာသိမ်းအစိုးရအနေနဲ့ ရုပ်ပြအစိုးရကို ထားခဲ့တာ ဖြစ်ပါတယ်။ အခုသွားနေတဲ့ လမ်းကြောင်းက သမ္မတအုပ်ချုပ်ရေးစနစ် ပဲ ဖြစ်ပါတယ်။
နောက်တစ်ခါ အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင်မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုးက အစိုးရအဖွဲ့မှာ ၀န်ကြီး၊ ဒုဝန်ကြီးတွေ များနေတာကို ဝေဖန်ပြောဆိုပါတယ်။ ဒီပြောကြားချက်ကို အစိုးရဘက်က ပြန်ပြီး အမေရိကန်မှာရှိတဲ့ လွှတ်တော်ကော်မတီ၊ ကော်မရှင်တွေထက် ပိုများနေတဲ့ မြန်မာနိုင်ငံလွှတ်တော်ကော်မတီ၊ ကော်မရှင်တွေကို ထောက်ပြပြီး ပြန်ချေပခဲ့တာ၊ တစ်ခြား နိုင်ငံတွေမှာ ၀န်ကြီး၊ ဒုဝန်ကြီး လို့ မခေါ်တဲ့ ဘုတ်အဖွဲ့တွေ၊ အကြံပေးတွေ၊ ကောင်စီတွေရဲ့ အရေ အတွက်နဲ့ ပြန်ပြီးချေပခဲ့တာတွေ တွေ့ရပါတယ်။ ဒီဇာတ်လမ်းဘယ်ကစ ဆိုရင် လစာ(၆)သိန်း ရဖို့ ဆွေး နွေးခဲ့တာက စခဲ့တာ ဖြစ်ပါတယ်။ လွှတ်တော်အမတ်တွေ အဆင်မပြေဘူး၊ အခက်အခဲတွေ ဖြစ်နေတယ်၊ ဒါ့ကြောင့် လစာ (၆)သိန်း ရသင့်တယ် ဆိုတာကိုပဲ ပြောသင့်ပါတယ်။ ဒေါက်တာဗညာအောင်မိုးရဲ့ အုပ် ချုပ်ရေးကလူတွေက ဘယ်လိုတွေ ခံစားနေတာ၊ ငါတို့ကျတော့ ဒီလောက်ပဲ ရတယ်၊ သူတို့က လူ အများကြီး ဆိုတဲ့ ပြောဆို ဆွေးနွေးချက်တွေက နိုင်ငံနဲ့ ပြည်သူအတွက် အင်မတန်ကို အန္တရာယ်များ ပါတယ်။ ထောက်ပြစတမ်းဆိုရင် လစာ(၆)သိန်း ရချင်တယ် ဆိုပြီး ပြောတဲ့ ဒေါက်တာဗညာအောင်မိုးကိုယ် တိုင် ဥပဒေကြမ်း ဘယ်နှစ်ခု တင်ပြခဲ့ပြီးပြီလဲ။ ဥပဒေဟောင်း ဘယ်နှစ်ခု ပြင်ဆင်ပြီးပြီလဲ။ ဘယ်သူမဆို လုပ်လို့ရတဲ့ တိုက်တွန်းတာတွေ၊ အဆိုတင်တာတွေ ကိုတော့ ထည့်တွက်ဖို့ မလိုပါဘူး။ အမေရိကန်လို ဒီမိုကရေစီနိုင်ငံတွေမှာ လွှတ်တော်အမတ် မဖြစ်ခင်ကတည်းက ဘယ်လိုဥပဒေတွေ ပြဌာန်းနိုင်အောင် ကြိုးစားမယ်၊ လွှတ်တော်ထဲမှာ ဘာတွေလုပ်ဆောင်ပါ့မယ် ဆိုပြီး တက်လာခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးတော့ အဲဒီ ကတိတွေ တည်အောင် လွှတ်တော်ထဲမှာ စည်းရုံးလှုံ့ဆော်မှုတွေ လုပ်ရတာမျိုး ဖြစ်ပါတယ်။
ပြည်သူတွေက ဘယ်သူ ဘယ်လောက်ရသလဲ စိတ်မ၀င်စားပါဘူး။ ကိုယ့် စားဝတ်နေရေး အဆင် ပြေဖို့ပဲ စိတ်ဝင်စားကြတာပါ။ အခြားမဏ္ဍိုင်တွေကို တိုက်ခိုက်ဝေဖန်ပြီး ပြောမှ ဒီ အခွင့်အရေး ရသင့်တယ် ဆိုတာ ကို ထင်ရှားစေမှာလား ဆိုတာ တွေးစရာ ဖြစ်နေပါတယ်။ အဓိကအချက် ကတော့ အပြန်အလှန် ထိန်းကျောင်းရေးကို အညီအမျှ ကျင့်သုံးနိုင်ဖို့၊ စွက်ဖက်ရာမရောက်စေဖို့ လိုပါတယ်။ ဒီညီမျှမှုအတွက် အပြန်အလှန်လေးစားမှု ရှိဖို့ လိုပါတယ်။ ဒီလိုမျိုး ပြောကြားချက်တွေ ဟာ အခု နောက်ပိုင်း ပုဂ္ဂိုလ်ရေးဆန် လာတဲ့ လွှတ်တော်နိုင်ငံရေးမှာ အကျိုးစီးပွား အခြေခံ ဥပဒေပြုရေးလုပ်ဆောင်ချက်တွေ ကြီးထွားလာတာ ကိုလည်း စိုးရိမ်မိပါတယ်။ ပါလီမန် အုပ်ချုပ်ရေး ပုံစံမျိုးတွေ၊ နယကခေတ်က အာဏာရှင်ခေတ်ဟောင်း ပုံစံမျိုးတွေကို ပြန်ပြီး အသက်သွင်းတဲ့ လုပ်ဆောင်ချက်တွေဟာ အခြေခံဥပဒေနဲ့ မညီသလို ပုံပျက်ပန်း ပျက် ဒီမိုကရေစီကိုပဲ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ပုံပျက်ပန်းပျက် ဒီမိုကရေစီ ကြီးထွားသထက် ကြီး ထွားလာပြီ ဆိုရင်တော့ ဘယ်အခြေအနေ ရောက်မလဲ စဉ်းစားစရာ လိုမယ် မထင်ပါဘူး။
လွတ်လပ်မှု အန္တရာယ်
ပြန်ပြီးချုပ်ရရင် အခွင့်အရေး အပြည့်အ၀ပေးဖို့ လိုသလို ပုံပျက်ပန်းပျက် မဖြစ်စေဖို့ ဘယ် လောက်အထိ ထိန်းမလဲ ဆိုတဲ့အချက်က အရေးကြီးပါတယ်။ မြန်မာနိုင်ငံလို ပြဿနာပေါင်းစုံ ဗွက်ပေါက် နေတဲ့ နိုင်ငံ မျိုးမှာ ပုဒ်မ(၁၈) လို ကန့်သတ်ချက်ကို ပယ်ဖျက်ဖို့ စဉ်းစားသင့်ပါတယ်။ အာဏာပိုင်တွေ ဘက်ကလည်း ဘယ်လောက်အတိုင်းအတာအထိ ဖြေလျှော့မလဲဆိုတာ ၀ိုင်းစဉ်းစားဖို့ လိုပါတယ်။ ရဲတပ်ဖွဲ့ဘက်က သက်သက်ညစ်တာမျိုး မဖြစ်အောင်လည်း သတ်မှတ်အချက်တွေနဲ့ ကိုက်ညီရင် ဆန္ဒဖော်ထုတ်မှုကို ငြင်းပယ်ခြင်း မရှိစေရ ဆိုတဲ့ ပြဌာန်းချက်မျိုး၊ အချိန်နီးကပ်နေပြီ ဆိုလျှင် သတ်မှတ်ချက်နဲ့ ကိုက်ညီလျှင် အမြန်ဆုံးခွင့်ပြုပေး ရမည် ဆိုတဲ့ ပြဌာန်းချက်မျိုး၊ သာမန်အားဖြင့် (၃)ရက်အတွင်း ခွင့်ပြုပေး ရမည် ဆိုတဲ့ ပြဌာန်းချက်မျိုး ပြင်ဆင်နိုင်ပါတယ်။ အလျှော့အတင်း ကောင်းကောင်း လုပ်လို့ရပါတယ်။ အလားတူပဲ ပြစ်ဒဏ်ကိုလည်း (၇)နှစ် အမြင့်ဆုံးချမှတ်တာထက် အများပြည်သူကို ထိခိုက်စေတာနဲ့ ဆက်နွယ်ပြီး ဘယ်ကိစ္စမျိုးဆိုရင် ဘယ်နှစ်နှစ် စတဲ့ ပြစ်ဒဏ်မျိုးတွေ ပြင်ဆင်ပြဌာန်းသင့်ပါတယ်။ အဓိက အချက် ကတော့ ဒီမိုကရေစီကူးပြောင်းမှုမှာ မြန်မာပြည်သူတွေ ဥပဒေနဲ့အညီ ပြုမူလုပ်ဆောင်မှုတွေ လုပ်ဆောင် နိုင်ဖို့ ဥပဒေနဲ့ ထိန်းကျောင်းတာမျိုး ဖြစ်သင့်ပါတယ်။ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေဟာ နှစ်ပေါင်း များစွာ အာဏာရှင်စနစ်အောက်မှာ နေထိုင်လာခဲ့တာ ဖြစ်တဲ့အတွက် လွတ်လပ်ခွင့် အပြည့်အ၀ ပေးတာ ထက် ဖြေလျှော့တဲ့အဆင့်ကို တစ်ဆင့်ပြီးတစ်ဆင့်ပေးအပ်သွားပြီး ဥပဒေနဲ့အညီ နေထိုင်ကျင့်ကြံ နိုင်အောင် ၀ိုင်းဝန်း ထိန်းသိမ်းသင့်ပါတယ်။ ပုဒ်မ(၁၈)ပယ်ဖျက်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကို တစ် ကယ်တမ်း နင့်နင့်သီးသီးခံစားရမှာက ဒီနိုင်ငံနဲ့ ဒီပြည်သူတွေပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် လူထုလှိုင်းကို မစီးဘဲ လမ်းမှန်ပြဖို့ လမ်းမှန်ဆွဲခေါ်ဖို့၊ ပုံပျက်ပန်းပျက် ဒီမိုကရေစီ ဖြစ်ပေါ်မလာအောင် တားဆီးဖို့ လူထုကို ဦးဆောင်မယ့် နိုင်ငံရေးသမားတွေမှာ တာဝန်ရှိတယ် ဆိုတာကိုပဲ ပြောပါရစေ။
.. www.MyanmarExpress.net
ငြိမ်းချမ်းရေးလုပ်ငန်းများတွင် တစ်ခါမှ မပါဝင်ခဲ့သော်လည်း လက်တွဲပြီးငြိမ်းချမ်းရေးလုပ်မယ် လို့ ဒေါ်စု UNFC ကိုပြောကြား
ငြိမ်းချမ်းရေးလုပ်ငန်းများတွင် တစ်ခါမှ မပါဝင်ခဲ့သော်လည်း လက်တွဲပြီးငြိမ်းချမ်းရေးလုပ်မယ် လို့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်မှ UNFC ကိုပြောကြားလိုက်သည်။
“အားလုံးအတူတူလက်တွဲပြီးတော့ ငြိမ်းချမ်းရေး ရအောင် လုပ်ရမယ်။ အားလုံးလက်တွဲလုပ်မှ အန်တီတို့ လိုချင်တဲ့ ဒီမိုကရေစီပြည်ထောင်စုကြီး ဖြစ်လာမှာ။ တိုင်းရင်းသား တွေရဲ့ လိုအပ်ချက်ကို အန်တီအနေနဲ့ အမြဲတန်းဖြည့်ဆည်းပေးမှာပါ´´ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ  ဖက်ဒရယ်ကောင်စီ (UNFC)မှ ကိုယ်စားလှယ်များ တက္ကသိုလ်ရိပ် သာလမ်း နေအိမ်တွင် တွင် ယနေ့ညနေပိုင်း တွေ့ဆုံပြီးနောက်  ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
သမ္မတဦးသိန်းစိန် ၏ ကြိုးစားမှုကြောင့် လက်နက်ကိုင် ၁၁ ဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးနိုင်ပြီးဖြစ်သော်လည်း လက်ရှိပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းများတွင် နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဘာမှ ဝင်ပြောဆိုခြင်း၊ လုပ်ကိုင်ပေးခြင်း မရှိခဲ့ချေ။ အလားတူ တိုင်းရင်းသား တွေ လိုအပ်ချက် အမြဲတန်းဖြည့်ဆည်းပေးမယ် လို့ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုနေပေမယ့်လည်း တစ်ကြိမ်တစ်ခါမှ တိုင်းရင်းသား တွေဆီသွားတာ မရှိပဲ မဲပေးခိုင်းစဉ်ကသာ ပြည်နယ်တချို့ကို သွားခဲ့သည်။
ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိထားပြီး တိုင်းရင်းသားအရေး နှင့် ငြိမ်းချမ်းရေးကို လုံးဝ ဝင်မပါခဲ့ခြင်းကြောင့် စင်္ကာပူ နှင့် သြစတြေးလျ ရှိ ကချင်တိုင်းရင်းသားများက ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုမည်မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။ အလားတူ ဗိုလ်ချုပ် ဂွမ်မော် ရန်ကုန်ရောက်စဉ်က လည်း ဒေါ်အောင်ဆန်း စုကြည်ကို  သွားရောက်တွေ့ဆုံခြင်း မရှိပေ။
UNFC သည် ယနေ့ ၂၅ ရက်နေ့ မွန်းလွဲပိုင်း၊ ရန်ကုန်မြို့ရှိ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုဌာနချုပ်ရုံးတွင် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA) မှ ခေါင်းဆောင် များ နှင့်တွေ့ဆုံပြီး ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပူးတွဲ အကောင်အထည်ဖော်သွားရန် သဘောတူညီကြသည်ဟု ယနေ့ ကြေညာချက်တရပ် ထုတ်ပြန်သည်။
.. www.MyanmarExpress.net
၂၀၁၅ အတွက် ကိုယ်စားလှယ်လောင်း ၀င်ကြေး ကျပ်သုံးသိန်း ပြင်ဆင်
From : .. http://myanmar-election.blogspot.com/2013/11/blog-post_25.html
၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဝင်ကြေးကို ကျပ်သုံးသိန်းဖြင့် ပြင် ဆင်သတ်မှတ်ပေးလိုက်ကြောင်း နိုဝင်ဘာ ၂၂ရက်ကပြုလုပ် သည့် ပြည်ထောင် စုရွေးကောက်ပွဲကော် မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ ဆုံပွဲမှ သိရသည်။
သို့သော် ပါတီများ၏မကျေ နပ်မှုများ အတွက် စစ်ဆေးတိုင် ကြားမှုအတွက် သတ်မှတ်ထား သည့် ငွေကျပ် ၁ဝသိန်းကိုမူလျှော့ ပေးမည် မဟုတ်ကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်ဥက္ကဋ္ဌ ဦးတင်အေးကပြော ကြားလိုက်သည်။
နိုဝင်ဘာ ၂၂ရက်က အမေ ရိကန်အခြေစိုက် ရွေးကောက်ပွဲဆိုင်ရာဖောင်ဒေး ရှင်း တစ်ခုနှင့် ပူးပေါင်းလုပ်ဆောင် သည့် ရွေး ကောက် ပွဲကော်မရှင် မဟာဗျူဟာ စီမံချက်ဆွေးနွေးပွဲတွင် ဥက္ကဋ္ဌက ပြောခဲ့ခြင်းဖြစ်သည်။
ကိုယ်စားလှယ်လောင်း ယှဉ် ပြိုင်သူ၏ ပေးသွင်းရသည့် ယခင် ငွေကျပ် ငါးသိန်းမှ ယခု သုံးသိန်း ပြင်ဆင်ခြင်းနှင့် ပတ်သက်ပြီး ကော် မရှင်ဥက္ကဋ္ဌက ''အခုသုံးသိန်းကို လျှော့ချပေးထားတယ်။ နိုင်သူကို ပြန်ပေးမယ်။ မဲရလဒ်က ရှစ်ပုံတစ် ပုံရှိရင်လဲပြန်ပေးပါမယ်''ဟု ဥက္ကဋ္ဌ ကပြောသည်။
''ကန့်ကွက်လွှာနဲ့ပတ်သက် တာကိုတော့မလျှော့ပါဘူး''ဟု ရွေး ကောက်ပွဲ အငြင်းပွားမှုများအ တွက်သတ်မှတ်ငွေ ကျပ် ၁ဝသိန်း နှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီ များကို ယင်းက ဆက်လက်အ သိပေး သည်။
ရွေးကောက်ပွဲဝင် ရောက်ယှဉ်ပြိုင်မည့် ကိုယ်စား လှယ်များ၏ သတ်မှတ်ချက်များ မှရရှိလာသည့် ငွေကြေးများကို ကော်မရှင်က နိုင်ငံတော်ကိုပေး သွင်းသွားမည်ဖြစ်ကြောင်း သိရ သည်။
အဆိုပါဆွေးနွေးပွဲပြုလုပ် ရခြင်းသည် ရွေးကောက်ပွဲကော် မရှင်၏ နည်းဥပဒေပြဋ္ဌာန်းမှုအ တွက် ဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။
 .. www.MyanmarExpress.net
၂၀၁၆ တွင် UK နိုင်ငံ ပြိုကွဲတော့မည်
From : .. the voice
လွတ်လပ်ရေး ဆန္ဒခံယူပွဲတွင် ဗြိတိန် နိုင်ငံမှ နုတ်ထွက်ရေး စကော့တလန် ပြည်သူများ ထောက်ခံမဲပေးပါက မတ် ၂၄ ရက် ၂၀၁၆ ခုနှစ်ကို စကော့တလန် လွတ်လပ်ရေးနေ့ အဖြစ် သတ်မှတ်မည်ဟု စကော့တလန် အမျိုးသားပါတီ (SNP) မှ ထုတ်ဝေသော စက္ကူဖြူစာတမ်းတွင် ဖော်ပြထားကြောင်း Guardian သတင်းတွင် ဖော်ပြထားသည်။
သတ်မှတ်ထားသောနေ့မှာ သမိုင်းကြောင်းအရ ထူးခြားမှု မရှိဘဲ မတ်လ ၂၄ ရက်နေ့တွင် ဘုရင်များ ပူးပေါင်းမှု ဖြစ်ပေါ်ခဲ့ပြီး စတော့တလန်ဘုရင် ဂျိန်း ၆ မှာ ဝမ်းကွဲ ညီမ ဖြစ်သူ အဲလီစဘတ် ၁ ဘုရင်မ သေဆုံးပြီးနောက် အင်္ဂလန်နှင့် အိုင်ယာလန် ဘုရင်ဂျိန်း ၁ ဖြစ်လာခဲ့သည်။
ထို့အပြင် ၁၇၀၇ ခုနှစ် မတ်လ ၂၄ တွင် ပူးပေါင်းမှု ဥပဒေလက်မှတ် ရေးထိုးခဲ့ပြီး အင်္ဂလန် ပါလီမန်နှင့် စတော့တလန် ပါလီမန်တို့ ပူးပေါင်းခဲ့ကာ ဂရိတ်ဗြိတိန် နိုင်ငံအဖြစ် ပေါ်ထွက်လာခဲ့သည်။
စာမျက်နှာပေါင်း ၆၇၀ နှင့် စာလုံးပေါင်း ၁၇၀,၀၀၀ ထိ ရှိသည့် စက္ကူဖြူ စာတမ်းမှာ လွတ်လပ်ရေးနှင့် ပတ်သက်၍ အသေးစိတ် ပြည့်ပြည့်စုံစုံ ရေးသားထားပြီး ယင်းကဲ့သို့ ပြည့်စုံသည့် လွတ်လပ်ရေးနှင့် ပတ်သက်သည့် စာတမ်းမျိုး ထုတ်ဝေခဲ့ခြင်း မရှိသေးကြောင်း SNP ပါတီက ပြောကြားသည်။
မိတ္တူပေါင်း ၂၀၀၀၀ ကို ထုတ်ဝေ ပေးထားပြီး လွတ်လပ်ရေးစာတမ်း ဖတ်ရှုလိုသူ မှန်သမျှကို ပေးအပ်သွားမည် ဖြစ်ပြီး စာတမ်းတွင် အကူးအပြောင်း ကာလတွင် အစိုးရအဖွဲ့ ရွေးချယ်မည့် ဆွေးနွေးမှုများနှင့် လွတ်လပ်သည့် စကော့တလန် အစိုးရအဖွဲ့က လုပ်ဆောင်မည့် မူဝါဒများကို ဖော်ပြထားကြောင်း စကော့တလန် လက်ထောက် ပထမ ဝန်ကြီးဖြစ်သူ နီကိုလတ်စတာဂျီယွမ် က ပြောကြားသည်။
ထို့အပြင် အင်္ဂလန်နှင့် စကော့တလန် နိုင်ငံကြား လူမှုရေးနှင့် စီးပွားရေး မူဝါဒများ ကြီးမားစွာ ခြားနားနေသည်ကို စာတမ်းက သုံးသပ် ဖော်ပြထားသည်။
“အောင်မြင်မှု ရရှိမယ့် စကော့တလန်မှာ လူတိုင်းအတိုင်းအတွက် စီးပွားရေး တိုးတက်မှုတွေ ရှိနေပြီး အမျိုးသမီးများ အပါအဝင် လူတိုင်း ပါဝင်ဆင်နွှဲဖို့ အထောက်အပံ့ ပေးထားပါတယ်” ဟု စတာဂျီယွမ်က ပြောကြားသည်။
ယင်းကဲ့သို့သော စာတမ်း ထုတ်ဝေလိုက် သဖြင့် စကော့တလန် နိုင်ငံရေး လောကတွင် အချေအတင် ငြင်းခုံမှုများ ပေါ်ပေါက်လာခဲ့ပြီး နှစ်ပေါင်း ၅၀ ကြာ ဘဏ္ဍာရေး တင်းတင်းကျပ်ကျပ် သုံးစွဲမှုဖြင့် စကော့တလန် ကြုံတွေ့ရနိုင်သည်ဟု Institute of Fiscal Studies က ဖော်ပြလိုက်သည်။
“အဆုံးအဖြတ် ပေးရမယ့်အချိန် ရောက်လာပါတယ်။ သမိုင်းမှာ တစ်ခါတလေမှပဲ ရောက်လာတာပါ။ ကျွန်တော်တို့တွေ အဟောင်းကနေ အသစ်ကို သွားမယ့်အချိန်၊ အိုမင်းမှုတွေ ရပ်သွားတဲ့အချိန်၊ နိုင်ငံရဲ့ စိတ်ဝိညာဉ်တွေ ဖိနှိပ်ခဲ့နေရတဲ့ အချိန်တွေမှာ ထုတ်ဖော် လှစ်ဟပြလိုက်ပါ” ဟု အိန္ဒိယနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ် နေရူး ပြောကြားခဲ့သည်ကို ကိုးကားပြီး စကော့တလန် ပထမဝန်ကြီး အဲလတ်ဆဲမန်က တုံ့ပြန် ပြောကြားသည်။
ပြည်သူ့ဆန္ဒခံယူပွဲ မကျင်းပခင် လွတ်လပ်ရေးနေ့ သတ်မှတ်လိုက်သဖြင့် စကော့တလန် အစိုးရအဖွဲ့၏ ဆွေးနွေးမှု အနေအထား ထိခိုက်စေမည်ဟု စကော့တလန်ရုံးက သတိပေးလိုက်သည်။
“စကော့တလန် အစိုးရ ဆွေးနွေးမယ့် အချက်တွေကို စကော့ပြည်သူ့တွေ အခုထိ မသိသေးပါဘူး။ စကော့တလန် အစိုးရက ရက်စွဲ သတ်မှတ်မှုကို ဆွေးနွေးပွဲထက် ပိုအရေးထားတာ ဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၈ နိုင်ငံ၊ နေတိုးနဲ့ ကျန် ဗြိတိန် နိုင်ငံတို့က သိနေပါတယ်” ဟု ဆက်လက် ပြောကြားသွားသည်။
စကော့တလန် လွတ်လပ်ရေး ပြည်သူ့ ဆန္ဒခံယူပွဲကို ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့တွင် ကျင်းပသွားမည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
.. www.MyanmarExpress.net
စစ်​တပ်​က ​ဆီး​ဂိမ်း​အ​တွက် ​ကျပ် ​သိန်း ၂၆၀၀ ​လှူ
From : ..DVB
မ​ကြာ​မီ ​ကျင်း​ပ​တော့​မယ့် ​အေ​ရှ့​တောင်​အာ​ရှ ​အား​က​စား​ပြိုင်​ပွဲ​တွေ​မှာ ​အ​သုံး​ပြု​ဖို့​အ​တွက် ​တပ်​မ​တော်​မိ​သား​စု​နဲ့ ​စစ်​တပ်​ပိုင် ​စီး​ပွား​ရေး​လုပ်​ငန်း​တွေ​က ​အ​လှူ​ငွေ ​ကျပ် ​သိန်း ၂၆၀၀ ​ကို ​အ​ခန်း​အ​နား​နဲ့ ​ပေး​အပ်​ခဲ့​တယ်​လို့ ​ဒီ​နေ့​ထုတ် ​စစ်​တပ်​ပိုင် ​မြ၀​တီ​သ​တင်း​စာ​က ​ဖော်​ပြ​ပါ​တယ်။
sea games
အဲ​ဒီ​ငွေ​တွေ​ထဲ​မှာ ​တပ်​မိ​သား​စု​တွေ​က ​အ​လှူ​ငွေ ​ကျပ် ​သိန်း ၁ ​ထောင်၊ ​မြန်​မာ့​စီး​ပွား​ရေး ​ဦး​ပိုင်​လီ​မိ​တက်​က ​ငွေ​ကျပ် ​သိန်း ၃၀၀၊ ​မြန်​မာ့​စီး​ပွား​ရေး ​ကော်​ပို​ရေး​ရှင်း​က ​ငွေ​ကျပ် ​သိန်း ၉၀၀ ​ကျော်​နဲ့ ​အ​မေ​ရိ​ကန် ​ဒေါ်​လာ ၄ ​သောင်း​ကျော် ​စု​စု​ပေါင်း ​ကျပ် ​သိန်း ၁၃၀၀ ​ကျော် ​ပါဝင်​ပြီး ​ဒု​တိ​ယ​သ​မ္မ​တ ​ဦး​ဥာဏ်​ထွန်း​က ​လက်​ခံ​ရ​ယူ​ခဲ့​တယ်​လို့ ​ဖော်​ပြ​ထား​ပါ​တယ်။
၁၉၈၈ ​စစ်​တပ်​က ​အာ​ဏာ​သိမ်း​ပြီး​နောက် ​ဖွဲ့​စည်း​တည်​ထောင်​ခဲ့​တဲ့ ​စစ်​တပ်​ပိုင် ​မြန်​မာ့​စီး​ပွား​ရေး ​ဦး​ပိုင်​လီ​မိ​တက်​နဲ့ ​မြန်​မာ့​စီး​ပွား​ရေး ​ကော်​ပို​ရေး​ရှင်း​ဟာ ​ဘီ​ယာ​နဲ့ ​စီး​က​ရက် ​ထုတ်​လုပ်​ရေး​လုပ်​ငန်း ​အ​ပါ​အ၀င် ​လုပ်​ငန်း​ပေါင်း​မြောက်​များ​စွာ ​လုပ်​ကိုင်​နေ​တဲ့ ​စီး​ပွား​ရေး ​အ​ဖွဲ့​အ​စည်း​တွေ ​ဖြစ်​ပါ​တယ်။
.. www.MyanmarExpress.net