Subscribe to our RSS Feed

ဆိတ်လစေ့နိုင်ငံရေး ကွန်မြူနစ်အဆွေး ဝင်းတင်ဆိုတဲ့ ဖောက်ပြန်ရေးသမားကြီးကို နေရာပေးကြ

From :  https://www.facebook.com/photo.php?fbid=1457937557768221&set=a.1405628046332506.1073741828.100006559726470&type=1


အခြေခံဥပဒေပြင်ဖို့ ကြံ့ခိုင်ရေးနဲ့ စစ်တပ်နဲ့ပေါင်းပြီး လုပ်မယ် ဆိုတော့ ၀င်းတင်ဆိုတဲ့ ခေါင်းဖြူ စွယ်ကျိုးကြီးက သေနာလား၊ ထိပ်ထားလား ဆိုပြီး ဟော့ရှော့ ထလုပ်တယ်။ ကဲ ဝင်းတင်ဟာ ဒေါ်စု လက်နဲ့ရေးတာကို ခြေနဲ့ ဖျက်နေတာ ဟုတ်သလား-မဟုတ်ဘူးလား စဉ်းစားကြည့်စရာမလိုတော့ဘူး

မျိုးဆက်သစ်တွေက ၀င်းတင်ဆိုတဲ့ သက်ကြားအိုပြီးကို မိုက်တယ် ခိုက်တယ်ဆိုပြီး ကိုးကွယ်နေမှာစိုးလို့ ခေါင်းဖြူသက်ကြားအိုကြီးအကြောင်း သိသင့်သလောက် ပြောပြလိုက်မယ်။
တစ်ကယ်တော့ ၀င်းတင်ဟာ သာကူး သာပေါင်း ဆိတ်လစေ့နိုင်ငံရေးသမားပဲ။ ခင်ဗျားကြီး ဘာတွေ ပြော နေတာလဲ။ ဦးဝင်းတင်က ဒီမိုကရေစီသမား စစ်စစ်၊ တော်လှန်ရေးသမား စစ်စစ်ဆိုပြီး ပြောချင်သပ ဆိုရင် စာကို ဆုံးအောင်ဖတ်ကြ။

ဝင်းတင်မှာ နိုင်ငံရေးခံယူချက် ခိုင်ခိုင်မာမာ မရှိဘူး။ သာရင် ကူးတဲ့ သာကူး။ တိတိကျကျ ပြောရင် နေရာရ ရင် ထိုင်ခုံပေးရင် ချက်ချင်းပြောင်းပြီး ကူးတဲ့သူ။
အမေရိကန်အတွက် စာပေဗိမာန်မှာ လုပ်တုန်းက ၀ါဒဖြန့်ချိရေးစာစောင်တွေ ဒိုင်ခံရေးပေးခဲ့တာ ၀င်းတင် ပဲ။ ဆရာတက်တိုးနဲ့ ပေါင်းပြီး စာပေဗိမာန်မှာ လုပ်ခဲ့တုန်းက။
သူပေါင်းတာက ဗကပတွေ၊ အခု လက်ကျန်ဗကပအဆွေးအဟောင်းထဲမှာ အသံ အကျယ်ဆုံးဖြစ်နေတာ။ သိန်းဖေမြင့် သေတာတောင် ဖြောင့်ဖြောင့် မသေရအောင် လုပ်ခဲ့တာ ၀င်းတင်ပဲ။ အဲဒီတုန်းက ၀င်းတင် ဟာ မဆလရဲ့ ပြန်ကြားရေးတာဝန်ခံ။ ဘာလို့ မဆလမှာ ၀င်းတင် လုပ်ရသလဲ။ ကွန်မြူနစ်က ဘာဖြစ်လို့ ဆိုရှယ်လစ်ကို ၀င်ရသလဲ။ မေးစရာ ရှိတယ်။
ရှင်းရှင်းလေးပါပဲ။ ၀င်းတင်ကို ဦးနေ၀င်းက နေရာတစ်နေရာပေးတယ်။ ထိုင်ခုံ ရတော့ ၀င်းတင် ဘက် ပြောင်းတယ်။ ဆိုရှယ်လစ် ချစ်သူကြီးပေါ့။ အရင်က ကွန်မြူနစ်အိုင်ဒီယာတွေ တစ်ခွန်းမှ မပြောတော့ဘူး။ သိသာသမှ သိပ်ကို သိသာလှသပေါ့။ ဒါ့ကြောင့် ပြောတာ ဆိတ်လစေ့နိုင်ငံရေးသမား ဆိုတာ။
သိန်းဖေမြင့်သေတော့ လမ်းစဉ်ပါတီနဲ့ ပတ်သက်တဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေ ကျန်ခဲ့တယ်။ တစ်ချို့ ဟာတွေက ပါတီ ထိပ်ပိုင်းပဲ သိရမယ့် ဟာတွေ။ ပြောရရင် ပါတီရဲ့ လျှို့ဝှက်ချက်တွေပေါ့။

NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူ ၀န်ချတောင်းပန်ရန် သံဃာများ တောင်းဆို

From : ပြည်သူ့ အာဏာ



NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူသည် ရဟန်းဟံဃာ များအား "နဖားကြိုးတပ်ပြီးဆောင်ရွက်

စေ"၊ "အယာတိုလာကိုယ်တော်တွေ" ဟူ ပြောကြားခဲ့ခြင်း၊ ဆရာတော်ဦးဝီရသူအား "ဘုန်းကြီးရူး" ဟု ပြောကြားခဲ့ခြင်း စသည်အားဖြင့် သံဃာတော်များနှင့် သာသာနာတော်ကို စော်ကားခဲ့ခြင်းကြောင့် ၀န်ချ တောင်းပန်ရန် အမျိုးဘာသာကာကွယ်စောင့်ရှောက်ရေး သံဃာတော်များက တောင်းဆို လိုက်ကြောင်း သိရှိရသည်။

ကွပေစောင်း ကွပေစောင်း




ဝန်ကြီး ဦးအုန်းမြင့် ဘိုးဘိုးဘောက်ဘောင် ပြောချထည့်တာ ပါးရိုက်မယ် နားရိုက်မယ်ဆိုတာကျ....
ရစ်ရ
ှစ်စတာစကေး ပါးပါးလေးပါ နော့်..ဆူနာမီအလားပါပဲ၊ မျောက်အုပ် သီးပင်တွေ့သလို ကြီးကြီ ကြကြ ကြစ္စိ ကွပ်စေ့...ညံလို့ပဲဗျာ၊ အပုတ်ချလိုက်ကြတာများ။

NLD က လွှတ်တော် ကိုယ်စားလှယ်ကြီး Ko Min Thu တို့ကျတော့လည်း သံဃာကို နွားနဲ့နှိုင်းထည့်တာ ဂဏန်းငြိမ်ချက်ဗျာ၊ဘယ်စာစောင် ဘယ်ဂျာနယ်မှာမှ မပါပါလား၊ ကောင်းဘာဒယ်၊ ကောင်းဘာဒယ်။

အင်းလေ စာရေးဆရာကြီး ကိုတာတောင်မှ နှုတ်သီး ခွာလျှော်သွားသေးတာပဲ၊ သူလည်း နှုတ်သီး ခွာလျှော် သွားတာ နေမပေါ့။

အဲ့ပေမင့်....သူ နှုတ်သီး ခွာလျှော်တာက ထူးဆန်းသားဗျ၊ ၉၆၉ ဆိုတဲ့ အသံကြားတာနဲ့ မီးဝင်းဝင်းတောက် ဒေါသအမျက် ချောင်းချောင်း ထွက်ပြီး သံဃာကိုတောင်မှ သံဃာလို့ မမြင်တော့ပါလား၊ ပုဂ္ဂိုလ်ရေးရာ ကိုးကွယ်မှု တွေ ပါတီစွဲ ဂိုဏ်းဂဏစွဲ ဝါဒစွဲတွေ တယ်လည်း ပြင်းထန်သကို။

သြော် လူတွေ လူတွေ လူတွေ တရားကျစရာ...အင်း အနိစ္စ ဒုက္ခ အနတ္တ...ရွတ်ရဖန်များလွန်း လို့ အရှည်တောင် မရွတ်နိုင် တော့ပါဘု၊ အတိုကောက်ပဲ ရွတ်ရကိန်းပါဗျ၊ သြော်...စခတ...စခတ...စတခ၊ ဘုန်းကြီးခေါင်း ခေါက်ပြီးမှ ကတော့ ကတော့...ကတော့ ကတော့ ဆိုတာ ဒီလို လူမျိုးတွေအတွက် ပေါ်လာတဲ့ ဆိုရိုးပါပဲလေ၊ ဒီမိုကရေစီမှာ လုပ်ချင်ရာလုပ် ပြောချင်ရာပြော စော်ကားချင်ရာ စော်ကားပြီး သကာလ နှုတ်သီးလေးကို ပစောက်ပုံစံ ဖြဲပြီး အဟီးဟီးဟီးဟီး ဆိုပြီး တောင်းပန်လိုက်ကြပါ၊ ဥုံ....ဖွ...ပျေစောက် ပျေစောက် ပျောက်စေသတည်း။

ဆိုးတော့ မဆိုးပါဘူး၊ သူ့ တိုင်းမ်လိုင်းမှာ တောင်းပန် ထားရှာသား၊ တောင်းပန်တယ်ဆိုတာ သတ္တိ တစ်ပါးပဲဗျ၊ " ဗုဒ္ဓဘာသာ ကိုးကွယ်သော ကိုမင်းသူသည် ဘုရား တရား သံဃာ ဆိုတဲ့ ရတနာ သုံးပါးကို အမြဲမပြတ် ဆည်းကပ် ရိုသေ........" အဲ့လိုလေး တင်ထားလေရဲ့။

သံဃာတော်တွေဆိုတာ ဘုရားသားတော် တွေပါဗျာ၊ ဗုဒ္ဓ မြတ်စွာ ဘုရားရဲ့ ကိုယ်စား သာသနာတော် တည်တံ့ခိုင်မြဲ ပွားများရေးအတွက် သာသနာ့ ရက္ခိတ ဆောင်တော် မူနေကြတာပါ၊ သံဃာတော်တွေကို ပြစ်မှား စော်ကားတာသည် ဗုဒ္ဓ မြတ်စွာဘုရားကို စော်ကားတာနဲ့ အတူတူပဲ။

ခင်ဗျား သရဏဂုံ ပျက်သွားပြီ ကိုယ့်လူ၊ သဘောက်ပေါရဲ့လား၊ လူကြားကောင်း တရားနာ ဘုရားပုံတော်တွေ တင်ပြီး ဟန်ဆောင် ပန်ဆောင် လုပ်နေမယ့်အစား ဘုန်းကြီးကျောင်းကို သွားပြီး သရဏဂုံ ပြန်လည် ဆောက်တည်ပါလေ။

အင်း...အဲ့သလို နှုတ်ရဲ လျှာရဲ အာရဲ စော်ကားနေပုံ ထောက်ရင် ဇ ကတော့...မပေါ့ဘူးထင်၊ လွှတ်တော်ထဲမှာ လူထု အကျိုးပြု အဆိုတွေ ရဲရဲတောက် တင်သွင်းစမ်းပါ ကိုယ့်လူ။

ဘာပဲဖြစ်ဖြစ် တောင်းပန်တဲ့ စတေ့တပ်လေး တင်ဖော်ရတာကိုပဲ သာဓု ခေါ်ရမှာပါ။

အင်း...ကောင်းပေစွ ကောင်းပေစွ၊ ကွပေစောင်း ကွပေစောင်း၊ ဖျင်တစ်ခြား ခါးတောင်းကျိုက်တစ်ခြား လုပ်နေကြတဲ့....ကိုကို ပေစောင်းတို့ရေ...ကွပေစောင်း...ကွပေစောင်း...စခတ...စခတ

- Khin Mg Htwe

တအာင်း(ပလောင်)တပ်မတော်မှ စစ်သားများ စုဆောင်းနေခြင်းကြောင့် တိုင်းရင်းသားများ ထွက်ပြေးတမ်းရှောင်နေရ

From : The Myanma Age


ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)မှ စစ်ကြောင်းမှူး အိုက်ဖုန်းဦးဆောင်အဖွဲ့သည် ပလောင်တိုင်းရင်းသားများကို စစ်မှုထမ်းမှုရန် စစ်သား စုဆောင်းနေခြင်းကြောင့် စစ်မှုမထမ်းလိုသည့် ပလောင်တိုင်းရင်းသားများတချို့မှာ ထွက်ပြေးတိမ်းရှောင်နေရင်း မိသားစုနေရေး အခက်ဒုက္ခတွေ့နေရကြောင်း ၎င်းထွက်ပြေးတိမ်းရှောင်သူ ပလောင်တိုင်းရင်းသားများကဖေဖော်ဝါရီ ၂၀ရက်နေ့က ပြောကြားခဲ့သည်။

MDW Page မှ ဓါတ်ပုံများကို ကူးယူဖော်ပြခြင်းအား ကန့်ကွက်ခြင်း၊ ခွင့်တောင်းသုံးစွဲကြရန် ပန်ကြားခြင်း

From : Myanmar Defence Weapons




** Myanmar Defence Weapons Page သည် စစ်လက်နက်ရေးရာများ ဆွေးနွေးရန်၊ စစ်လက်နက်ရေးရာဗဟုသုတများ ဝေမျှရန် တည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။ နိုင်ငံရေးနှင့် ပုဂ္ဂလိကတိုက်ခိုက်ခြင်းများလုံးဝ မပါဝင်စေရန် အစဉ်တစိုက် အားထုတ်ခဲ့သော Page တစ်ခုဖြစ်ပါသည်။ နိုင်ငံတော်၏ လုံခြုံရေးနှင့် စစ်ရေးဆိုင်ရာ အရေးကြီးလျှို့ဝှက်ချက်များကိုလည်း မည်သည့်အခါမှထိခိုက်အောင် ဖေါ်ပြခဲ့ခြင်းမရှိပါ။ စစ်လက်နက်ဝါသနာရှင်များလေ့လာနိုင်ရန်နှင့် မိမိနိုင်ငံ တပ်မတော်အပေါ်ပိုမိုနားလည် ယုံကြည်မှုရှိလာရန်သာ ရည်ရွယ်ပါသည်။

ဘွဲ့လက်မှတ် အတုဖြင့် အလုပ် လုပ်ခွင့် လျှောက်ထားသူ မြန်မာ ၁၆ ဦးကို စင်ကာပူ အစိုးရ အရေးယူ

From : The Voice Weekly

ဘွဲ့လက်မှတ် အတုဖြင့် အလုပ် လုပ်ခွင့် (Work Permit) လျှောက်ထားသူ မြန်မာ နိုင်ငံသား ၁၆ ဦးကို အရေးယူထားကြောင်း စင်ကာပူနိုင်ငံ အလုပ်သမား ဝန်ကြီးဌာန (MOM) က ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ထုတ်ပြန်သည်။

အရေးယူခံရသည့် လုပ်သား ၂၅ ဦး အနက် မြန်မာ နိုင်ငံသား ၁၆ ဦး ပါဝင်ပြီး အိန္ဒိယ နိုင်ငံသား ခုနစ်ဦး၊ ဖိလစ်ပိုင် နိုင်ငံသား နှစ်ဦး ပါဝင်ကြောင်း၊ ၎င်းတို့အနက်၂၂ ဦးကို ထောင်ဒဏ် ၁၀ ပတ်၊ နှစ်ဦးကို ထောင်ဒဏ် ၁၂ ပတ်၊ ကျန်တစ်ဦးကို ထောင်ဒဏ် လေးပတ် အသီးသီး ပြစ်ဒဏ် ချမှတ်ထားကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ နိုင်ငံခြားသား၂၅ ဦးမှာ တက္ကသိုလ် ဘွဲ့လက်မှတ် အတု အယောင်များကို ထည့်သွင်းကာ လျှောက်ထားခြင်း ဖြစ်ပြီး Spass ဖြင့် လျှောက်ထားသူ ၂၀ ဦး နှင့် EP (Employment Pass) ဖြင့် လျှောက်ထားသူ ငါးဦး ပါဝင်ကြောင်း MOM က ထုတ်ပြန်ထားသည်။

၎င်းတို့ကို အရေးမယူမီ ဘွဲ့လက်မှတ် ထုတ်ပေးသော တက္ကသိုလ်များနှင့် နိုင်ငံ အသီးသီးက အစိုးရ ရုံးများသို့ ၂၀၁၃ ခုနှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာလ တို့တွင် ဆက်သွယ် စုံစမ်း အတည်ပြုပြီးမှသာ အရေးယူခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ် တို့ကလည်း နိုင်ငံခြားသား ၇၈ ဦးကို တရားစွဲခဲ့သည့် အနက် ၄၃ ဦးကို ထောင်ဒဏ် လေးပတ်စီ ကျခံစေခဲ့သည့် အပြင် စင်ကာပူ နိုင်ငံသို့ လာရောက်ခွင့် ကိုလည်း ပိတ်ပင်လိုက်ကြောင်း MOM က ထုတ်ပြန်ထားသည်။

ဘွဲ့လက်မှတ် အတုဖြင့် အလုပ် လုပ်ခွင့် လျှောက်ထားသဖြင့် ၂၀၁၃ ဇူလိုင်လ အတွင်းကလည်း မြန်မာနိုင်ငံသား ၂၁ ဦး အရေးယူ ခံခဲ့ရသည်။
 

နေပြည်တော်၌ ပြုလုပ်သည့် မျိုးစောင့် ဥပဒေ ဟောပြောပွဲ ပရိသတ် ၂၇,၀၀၀ ကျော် တက်ရောက်

From : The Voice Weekly

မြန်မာနိုင်ငံ၏ အစိုးရ ရုံးစိုက်ရာမြို့ နေပြည်တော်ရှိ ဥပ္ပာတသန္တိ စေတီအနီး တပေါင်းကွင်းတွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က အမျိုးစောင့် ဥပဒေ ပြဋ္ဌာန်းရေး အတွက် ဟောပြောပွဲသို့ လူထု ၂၇,၀၀၀ ကျော် တက်ရောက်ခဲ့ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ဗဟို ကော်မတီ အလုပ်အမှုဆောင် အဖွဲ့ဝင် ဓမ္မစက္က ဦးမောင်မောင်က ပြောကြားသည်။

အဆိုပါ ဟောပြောပွဲ ဖြစ်မြောက်ရေး အတွက် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အုပ်ချုပ်ရေးမှူးက ခွင့်ပြုမိန့် ထုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။ အဆိုပါ ဟောပြောပွဲနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်း အမျိုးစောင့် ဥပဒေ ပြဋ္ဌာန်းရေး အတွက် ဆန္ဒလက်မှတ် ကောက်ခံရာ လက်မှတ် အရေအတွက် ငါးသိန်းကျော် ရရှိကြောင်း ဓမ္မစက္က ဦးမောင်မောင်က ပြောကြားသည်။

မြန်မာ့သမိုင်းများကပြောသော ခေါင်းဆောင်၊ခေါင်းဆောင်မှုပညာနှင့်ခေါင်းဆောင်ရာလမ်းတို့အကြောင်း တစ်စေ့တစ်စောင်း

From : https://www.facebook.com/photo.php?fbid=274677926029538&set=a.111179099046089.21550.100004619984171&type=1&theater



တစ်ချို့လူများသည် မွေးရာပါခေါင်းဆောင်အရည်အသွေးပါလာတတ်ကြပြီး သမိုင်း၏တောင်းဆိုမှု/အခြေအနေတစ်ရပ်၏ စေ့ဆော်မှုကြောင့် တစ်ခေတ်မှာ တစ်ယောက်ဟု ဆိုရလောက်အောင် ထက်မြက်စွာ ဦးဆောင်ဦးရွက်ပြုနိုင်ခဲ့သော ထိပ်တန်းခေါင်းဆောင်များဖြစ်လာကြသကဲ့သို့ တစ်ချို့မှာ သာမန်လူထက် ထူးကဲသော အရည်အချင်းဓာတ်ခံနှင့်အစွမ်းအစတို့ မရှိသော်လည်း ကံဇာတာနှင့် အခါအခွင့်သင့်မှုကြောင့် မရွယ်ဘဲစော်ကဲမင်းဖြစ်ခဲ့သူများလည်း ရှိနိုင်ပေသည်။ 

သို့ရာတွင် ခေါင်းဆောင်(သို့)ဦးဆောင်သူတစ်ယောက်ဖြစ်လာရန် အခြေခံအကြောင်း တရားနှင့် ဖြည့်စည်းပေးဆပ်မှုများကတော့ မလွဲမသွေရှိရပေလိမ့်မည်။ ပန်းရံဆရာတစ်ယောက်ဖြစ်ရန် မဆလာမွှေ၊အုတ်စီအဆင့်မှ စတင်ရပေမည်။ လက်သမားဆရာတစ်ဦးဖြစ်ရန် မြေတူး၊တိုင်စိုက်က စရပေမည်။ အဖျော်ဆရာ တစ်ဦးဖြစ်ရန် မီးမွှေး၊ရေနွေးအိုးတည်အဆင့်မှ အောက်ခြေသိမ်းစရပေမည်။ သို့မှသာ ဆိုင်ရာလုပ်ငန်း၌ အောက်သက်ကြေသော ခေါင်းဆောင်ဖြစ်လာပေမည်။

TV show မှာပါဝင်ပြီး သရုပ်ဆောင်အလုပ်ဘက်ကို ပြန်ပြီးခြေလှမ်းမယ့် Jennifer Lopez

From : Trend Myanmar


သရုပ်ဆောင်၊အဆိုတော် Jennifer Lopez ဟာ မကြာမီစတင်ရိုက်ကူးတော့မယ့် drama TV show အတွက် လျှို့ဝှက်ထောက်လှမ်းတဲ့ရဲတစ်ယောက်အဖြစ်ပါဝင်သရုပ်ဆောင်ဖို့အတွက်လက်ခံခဲ့ပြီး သူမရဲ့သရုပ်ဆောင်မှုဘက် ကိုပြန်လှည့်လာတာဖြစ်ပါတယ်။FBI အတွက်အလုပ်လုပ်ကိုင်ပေးဖို့အလုပ်ခန့်အပ်ခြင်းခံရတဲ့ ကလေးအမေ စုံထောက်တစ်ယောက်အကြောင်းဦးစားပေးရိုက်ကူးတဲ့ဒီ show Shades of Blue မှာ သူမဟာအဓိကသရုပ်ဆောင်အဖြစ်ပါဝင်မှာဖြစ်ပါတယ်။

နေမျိုးဇင် လုပ်ဇာတ်


  


ဒီနေ့ဗိုလ်စိန်မှန်ကွင်းမှာ ပြုလုပ်သော ဦးနေမျိုးဇင်ရဲ့အခြေခံဥပဒေပြင်ဆင်ရေး ဟောပြေားပွဲဟာ လူဦးရေ၁၀၀ကျော်ကျော်နဲ့ ပွဲဖြစ်ခဲ့ပါတယ်။ ဒီထဲမှာတောင် ဘုမသိ ဘမသိနဲ့လိုက်လာပြီးနေမျိုးဇင်
ဟေားမယ်လဲ ဆိုရော ထပြန်သွားသူတွေတောင်ရှိခဲ့ပါတယ်။ ဒါကိုကိုယ်တိုင်ထပြန်လာသော
တောင်ဥက္ကလာပမြို့နယ်မှဦးကျော်ငြိမ်းက ဒီလိုပြေားပါတယ်

"ငါတို့ကို စနေနေ့ထဲက တစ်ယောက်ကို ၂၀၀၀ နဲ့ကြိုပြီးလူလာစုနေတာ... ကား အကြိုအပို့လည်းလုပ်ပေးမယ်ပြောတယ်... ဘာ အတွက်လည်း ဘယ်သူဟောမှာလည်း ဆိုတော့မပြေားဘူး...ဒါနဲ့ မနက်က ဗိုလ်စိန်မှန်ကွင်းကိုလိုက်ခဲ့မိတယ်... တစ်ကယ်တမ်းပွဲစမယ်လဲဆိုရောစစ်ထဲက ပြစ်မှုနဲ့ထွက်လာတဲ့ နေမျိုးဇင်လည်းဆိုရော သူတို့ပေးထားတဲ့ ပိုက်ဆံ၂၀၀၀ ကိုပြန်ပေးပြီး ထွက်လာခဲ့တယ်... ငါ့ တူတို့လည်းသိမှာပါ နေမျိုးဇင်ဆိုတာ နယ်တစ်ကာလှည့်ပြီး လုပ်စားနေတဲ့ကောင်.. ဒီလိုကောင်မျိုး ဟောပြောတာ နားထောင်နေရင်၂၀၀၀ ရတာနဲ့ မတူတဲ့စိတ်ဝေဒနာတွေပါ ရ သွားမှာဆိုးလို့ ထပြန်လာခဲ့တာ"

ဒီလိုပဲ NLD ရဲ့ဆန္ဒပြပွဲတွေမှာ အမြဲပါတဲ့ တာမွေမှာ အမေ သန်းက ဒီလိုပြောပါတယ် " ငါ့မြေးရယ်မင်းပဲစဉ်းစားသာကြည့်တော့ ငါတို့ရပ်ကွက်ကNLD က ကုလားတွေ ညဘက်ကြီးလာခေါ်တယ် အဘွားရယ် မနက်ဖြန်လာခဲ့ပါ... သားတို့ဆန်၅ပြည်နဲ့ဆီ ၁ပိသာ ပေးပါမယ်တဲ့.. အဘွားတို့ကလည်း ဆင်းရဲတော့ဒါ ရလည်း မဆိုးဘူးဆိုပြီး လိုက်နားထောင်ခဲ့တယ်... ပွဲလည်းပြီးရော ဆန် ၃ပြည်နဲ့ဆီ၁ပိသာပဲ အိမ်ကိုလာပို့တယ်...အရင်ပွဲတွေတုန်းကဆိုရင် ၃၀၀၀ ပေးမယ်ဆို ၃၀၀၀ အတိအကျပေးတယ်...ခုတော့ ခေါ်တုန်းကတစ်မျိုးတစ်ကယ်ပေးတော့ တစ်မျိုး..နောက်ဆိုNLD နဲ့နေမျိုးဇင်ဆိုရင်တော့ဘယ်တော့မှ မလိုက်တော့ဘူး.."

နောက်ဆုံးရင်ဖွင့်တဲ့သူကတော့ဗိုလ်စိန်မှန်ရပ်ကွက်ကကျောင်းသားမောင်အောင်အောင်ပါ "အကိုလာမေးတာနဲ့အတော်ပဲအကိုရေအရင် ၅၉ စထောက်ခံပွဲတုန်းက NLD ကလူတွေက သားတို့ကို မုန့်ဖိုး ၅၀၀၀ ပေးပြီး ဘောလုံးဝင်ကန်ခိုင်းတယ်...ခုကျတော့ တစ်မျိုးဗျသားတို့ဘောလုံးဝင်ကန်မှာ စိုးလို့ ညထဲကရပ်ကွက်ထဲကလူငယ်တွေကို ကြိုတောင် တားနေသေးတယ်...ဦးပဲ စဉ်းစားကြည့်လေသားတို့က တနင်္ဂနွေနေ့ပဲ ဘောလုံးကန်ရတာ ခုလိုသားတို့ အခွင့်အရေးကိုပိတ်ပင်တယ်ဆိုတော့ သူတို့က အပြောတစ်မျိုး အလုပ်သမျိုးဖြစ်မနေဘူးလား"

ကဲ.... ဒါဆိုခင်ဗျားတို့လည်း သဘောပေါက်လောက်မ ယ်ထင်ပါတယ်....

နေမျိုးဇင်ဘာလဲ ... NLD ဘယ်လဲ.....

ပြည်သူထဲက ပြည်သူတစ်ယောက် ဇင်မင်းသီဟ

ကိုရီးယား အမျိုးသမီး တေးဂီတအဖွဲ့များ၏ အလွန်အကျွံ လိင်အသားပေး ဖျော်ဖြေမှုများကို ကန့်သတ်ရန်စီစဉ်

From : The Voice Weekly



K pop ယဉ်ကျေးမှုနဲ့ အာရှကို လွှမ်းမိုးထားနိုင်တဲ့ တောင်ကိုရီးယားနိုင်ငံမှာ အမျိုးသမီး တေးဂီတအဖွဲ့တွေရဲ့ အလွန်အကျွံ လိင်ဆွဲဆောင်မှု အသားပေး ဖျော်ဖြေမှုတွေကို ကန့်သတ်နိုင်ဖို့ စီစဉ်နေတယ်လို့ soompi.com မှာ ဖော်ပြထားပါတယ်။

ယခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတွင်း ထွက်ရှိခဲ့တဲ့ အမျိုးသမီး K pop အဖွဲ့တွေရဲ့ တေးဂီတ ဗီဒီယိုတွေဟာ အလွန်အကျွံ လိင်ဆွဲဆောင်မှုတွေ ပါဝင်နေတယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်လာပြီးတဲ့ နောက်မှာ ကိုရီးယား ဆက်သွယ်ရေး စံချိန်စံညွှန်း ကော်မရှင်က SBS ရုပ်သံလိုင်း ရဲ့ Inkigayo ဂီတအစီအစဉ်နဲ့ KBS ရုပ်သံလိုင်းရဲ့ Music Bank ဂီတအစီအစဉ်က တာဝန်ရှိသူတွေကို အစည်းအဝေး ခေါ်ယူပြီး ဆွေးနွေးခဲ့ပါတယ်။

OutKastရဲ့ ‘Hey Ya’သီချင်းကို country ဗားရှင်းနဲ့ ပြန်လည်တင်ဆက်ခဲ့တဲ့ Miley Cyrus

From :  Trend Myanmar

ဒီတစ်ပတ်အတွင်း ကျွန်တော်တို့ နားထောင်ခဲ့ရသမျှ remix သီချင်းတွေထဲမှ အထူးဆန်းဆုံးကတော့ OutKastရဲ့ ၂၀၀၃ခုနှစ်မှာ ပေါက်ခဲ့တဲ့ ‘Hey Ya’ သီချင်းကို Miley Cyrus က တတ်နိုင်သမျှ အကောင်းဆုံး တင်ဆက်ခဲ့တဲ့ country ဗားရှင်းပါပဲ။ ၀ါရှင်တန်ပြနယ်နယ်၊ တာကိုမာ ဆိပ်ကမ်းမြို့မှာလုပ်ခဲ့တဲ့ Bangerz ရှိုးပွဲမှာ tempo လျှော့ထားတဲ့ ဗားရှင်းနဲ့ ဖျော်ဖြေခဲ့တာပဲဖြစ်ပါတယ်။

ပါးသိုင်းမွေးနဲ့မှ မိန်းမ ဆန်တယ် ထင်တဲ့ မမ

From : Popular Myanmar News Journal
 
အသက် ၂၃ နှစ်အရွယ် ဟာ နန်ကူအာ ဆိုသူ အမျိုးသမီးသည် သားအိမ်ရောဂါ လက္ခဏာတစ်မျိုး ကြောင့် ပါးသိုင်းမွေးများ ရှည်ထွက် လျက်ရှိကြောင်း၊ ယင်းကဲ့သို့ ပါးသိုင်း မွေးများ ရှိခြင်းသည် ၄င်းအား မိန်းမပို ဆန်သည်ဟု ခံစားရကြောင်း ပြောကြား ခဲ့သည်။

အင်္ဂလန်နိုင်ငံ ဘတ်ရှိုင်းယား ဒေသတွင် နေထိုင်သူ ဟာနန်သည် သားအိမ်ရောဂါ တစ်မျိုးကြောင့် အသက် ၁၁ နှစ်အရွယ်မှစ၍ ပါးသိုင်းမွေး များ စတင်ပေါက်လာ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် အမွေးအမျှင် များသည် ရင်ဘတ်နှင့် လက်မောင်း၌ပါ ပျံ့နှံ့လာ ခဲ့ကာ အပြင်ထွက် သည့် အခါနှင့် ကျောင်းသွားသည့် အခါ၌ လူများ၏ တွတ်ထိုး ပြောခြင်းကို ခံရ သည့် အပြင် အင်တာနက်ပေါ်၌ အသက် အန္တရာယ် ခြိမ်းခြောက်ခြင်း ကိုပါ ခံစား ခဲ့ရကြောင်း ဟာနန်က ဆိုသည်။

ရိုးရာအပျက်မခံတဲ့ ၅၉(စ)ပြင်ဆင်ရေး

From : သိုးဆောင် လူငယ်.  

 
ဒီနေ့ နေ့လည်ပိုင် မြင်းခြံမှာ

NLD ပါတီဝင်တွေ ၅၉(စ) ပြင်ဆင်ဖို့
လမ်းလျှောက် ဆန္ဒဖော်ခဲ့တယ်လို့ သိရတယ်...

NLD တွေ ဆန္ဒဖော်ထုတ်ပြီဆိုရင်
ဘယ်တော့မှ ရိုးရာ အပျက်မခံဘူး.....

အခုလဲ ဆန္ဒဖော်ထုတ်တဲ့နေရာမှာ မွတ်ကုလား
မုတ်ဆိတ်တွေဟာ အသံသေး အသံကြောင်းနဲ့
၅၉(စ)ပြင်ဖို့ အော်ဟစ်နေတာ တွေ့ရတယ်...

NLD ပါတီဝင်မဟုတ်တဲ့ မြို့ခံတွေဟာ
ဒီပုံရိပ်တွေကြောင့် အတော်ကို စိတ်ပျက်မိကြောင်း
ကြားသိရပါတယ်....

အစ္စလာမ်သာသနာကို မိစ္ဆာဝါဒဟုရေးသားဖေါ်ပြသည့် ဂျာနယ် ၂ စောင်နှင့်ပတ်သတ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ဆက်လက်တင်ပြတိုင်ကြားသွားမည်

From : .Myanmar News Reader 



အစ္စလာမ်သာသနာကို မိစ္ဆာဝါဒဟုရေးသားဖေါ်ပြသည့် ဂျာနယ် ၂ စောင်ကို ဘာသာရေးအဖွဲ့များဦးဆောင်ကာတရားစွဲဆိုပြီး ဟုဦးကိုနီပြော ၊အဆိုပါကိစ္စ အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ဆက်လက်တင်ပြတိုင်ကြားသွားမည်။

အသက် ၇၂ အရွယ်ဆိုပေမယ့် ထူးထူးခြားခြား အရွယ်တင်သူ

From : International news for Myanmar 


အမေရိကန်နိုင်ငံက Shea Vaughn လို့ အမည်ရတဲ့ အမျိုးသမီး တစ်ဦး ဖြစ် ပါတယ်။ တကယ် အသက် ၇၂ နှစ်ကျော်သွား ပါပြီ။ သို့ပေမယ့် အသက် ၄၀ အောက်လောက်သာ ရှိမယ်လို့ ထင်ရလောက်အောင် နုပျို နေပါတယ်။

Vince Vaughn လို့ အမည်ရတဲ့ ဟောလိဝုဒ် မင်းသားရဲ့ အမေလည်း ဖြစ် ပါတယ်။ သားသမီး လေးဦး ရှိပြီး မြေးတွေလည်း အများကြီး ရှိတဲ့ အဖွား ဖြစ်ပါတယ်။ သူမ အနေနဲ့ ယခုလို နုပျိုအောင် ယောဂ ကျင့်ခြင်း၊ ကိုယ်ခံ ပညာ သင်ကြားခြင်း နှင့် အခြားသော အားကစားနည်း ၂ မျိုးလောက် ထပ်လိုက်စား ပါသေးတယ်။ ဒါကြောင့်လည်း အသက် ၇၂ နှစ် လို့ ပြောရင် မယုံရလောက်အောင် သိသိ သာသာ နိုပျိုနေခြင်း ဖြစ်ပါ တယ်။

အမေကို သွားကျိုးထွက်သွားအောင်လက်သီးနဲ့ ထိုးခဲ့သူကို ကြိမ်ဒဏ် ၂၄၀၀ နဲ့  သွားတစ်ချောင်းပြန်ချိုးဖို့ အမိန့် ချ

From : Trend Myanmar

ဆော်ဒီအာရေဗျနိုင်ငံသားတစ်ယောက်ဟာ သူ့ ရဲ့အမေကို သွားကျိုးထွက်သွားအောင်ထိုးမိခဲ့ကြောင်း ၀န်ခံခဲ့ပြီးတဲ့နောက် အပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ရှေးရိုမန်ဥပဒေတစ်ခုဖြစ်တဲ့၊ ကုရ်အာန်ကျမ်းစာလာ မျက်လုံးတစ်လုံးအတွက်မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက်သွားတစ်ချောင်း ပြစ်ဒဏ်အတိုင်း သူ့ ရဲ့ ပါးစပ်ထဲက နေရာတူသွားတစ်ချောင်းကို ပြန်ချိုးခံရမယ်လို့ အမိန့် ချမှတ်လိုက်ပါတယ်။
အမည်မဖော်ပြထားတဲ့ အဲဒီ့ဆော်ဒီလူမျိုးကို ထောင်ဒဏ်ငါးနှစ်နဲ့ ကြိမ်ဒဏ် ၂၄၀၀ လည်းချမှတ်ခဲ့ပါတယ်။ ဒီကြိမ်ဒဏ် ၂၄၀၀ကို ဒေသတွင်းမှာရှိတဲ့ဈေးအလယ်ခေါင်မှာ ဆယ်ရက်တစ်ခါအချက် ၄၀ စီ အရိုက်ခံရမှာ ဖြစ်ပါတယ်။

တရုတ်ပြည်တွင် ရည်းစား အငှားလိုက် ဝန်ဆောင်မှု ဈေးကွက် ကျယ်ပြန့်လာ

From : Popular Myanmar News Journal


ကျား၊မ အချိုးအစား မညီမျှမှု ကြီးမားသော တရုတ်နိုင်ငံတွင် အမျိုးသားများ အတွက် မိန်းကလေး များက ရည်းစား အငှားလိုက်သည့် အလေ့အထ ထွန်းကားခေတ်စား လာနေကြောင်း သိ ရသည်။

အားလပ်ရက် အပန်းဖြေချိန် အတွင်း ဈေးဝယ် ထွက်စဉ်အတွင်း တွဲ သွား၊ တွဲလာလုပ်ရန် ရည်းစား မရှိသော တရုတ် အမျိုးသားများ အတွက် ရည်းစား အငှား လိုက် သည့် အလုပ်သည် မိန်းကလေးများ အတွက် မက်မောလောက်စရာ အလုပ် တစ်ခုဖြစ်သည်။ အငှားရည်းစား အဖြစ် ငှားရမ်းခ တစ်ပတ်ကို ပေါင် တစ်သိန်းနီးပါး ရရှိ ကြသည်။

ထို့အတူ အငှား ရည်းစား ဝန် ဆောင်မှုပေးသော အွန်လိုင်းဝက်ဘ် ဆိုက်များ ကလည်း ဘွဲ့ရပညာတတ် ရုပ် ရည်ချောမောသော မိန်းမပျိုလေးများ ကို အပူတပြင်း ရှာဖွေ ဆက်သွယ်နေကြ ပြီး အငှားရည်းစား ဝန်ဆောင်မှုမှာ အ လျင်အမြန် ဖွံ့ဖြိုး လာနေသည်ဟု သိရ သည်။

၅၉ (စ)ကို မပြင်ချင်တာ မြန်မာသွေးစစ်စစ်ကသာ မြန်မာပြည်ကို အုပ်ချုပ်စေချင်လို့ပါ

From : https://www.facebook.com/photo.php?fbid=633615670045696&set=a.373854472688485.82239.373828456024420&type=1&relevant_count=1


ယခုအချိန်မှာဆိုရင် ကျွန်တော်တို့ရဲ့မြန်မာပြည်ကြီးမှာ ၂၀၁၅ သို့ နီးလာသည်နှင့်အမျှ ပြည်တွင်းလက် နက်ကိုင် အဖွဲ့အစည်းများနှင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲမ
ျားကိုလည်း နေရာအသီးသီး၌ ကျင်းပပြုလုပ်နေ ကြပါတယ်။ ထို့အပြင် သမ္မတဖြစ်ရေး၊ ပါတီအနိုင်ရရေးစတဲ့ လွန်ဆွဲအားပြိုင်မှုတွေနဲ့ စိန်ခေါ်မှုတွေဟာဆိုရင် လည်း ကြိတ်၍တမျိုး၊ ပေါ်ပေါ်ထင်ထင်တမျိုး အမျိုးမျိုး ဖြစ်ပေါ်နေပါတယ်။ အဓိက ကတော့ ဒီ ၂၀၁၄ မှာ သမ္မတဖြစ်ရေးအတွက် ပုဒ်မ ၅၉ (ဃ)နဲ့(စ)လုံးကို ထောက်ခံသူများနဲ့ မထောက်ခံသူများ ထိပ်တိုင်ရင်ဆိုင် ပွဲတွေ ဆွင်နွှဲနေကြတဲ့ နှစ်တစ်နှစ်လို့တောင်ဆိုရမလိုဖြစ်နေပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ဥပဒေဆိုတာ ထိုနိုင်ငံမှာ မှီတင်းနေထိုင်တဲ့ နိုင်ငံသားတိုင်းက ပိုင်ပါတယ်၊ ဆိုင်ပါတယ်။

ခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) ဆိုတာ တစ်ဦးတစ်ယောက် အတွက်ရည်ရွယ်ပြီး ဆွဲတာမဟုတ်ဘူး။ တစ်နိုင်ငံလုံးအတွက်၊ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ရေရှည် ကိုမျှော်ပြီး ဆွဲထားတာဖြစ်ပါတယ်။ ထိုအတူပဲ ၅၉ (ဃ) ဟာဆိုရင်လဲ နိုင်ငံတော်သမ္မတဟာ စစ်ရေးအမြင် ရှိရမဲ့ဆိုသော အချက်မှာလဲ လုံးဝလိုအပ်ပါသည်။ ပြီးတော့ စစ်ရေးအတွေ့အကြုံရှိရမယ်လို့ ရေးထားတာ မဟုတ် ပါဘူး။ အမြင်ရှိရမယ်လို့သာ ပြောထားတာကိုလဲ သိစေချင်ပါတယ်။ ဒါဟာ ပြည်တွင်းစစ်ကို အတွက်မဟုတ်ပဲ ပြည်ပကျူးကျော်လာမဲ့စစ်ကို မျှော်မှန်း၍ ရေးဆွဲထားသောအချက်ဖြစ်ပါသည်

ဆွဲအားမဲ့ လေဟာနယ်ထဲ ရောက်သွားသည့် ကိတ်အပ်တန်

From : .... www.MyanmarExpress.net




လုံးကြီးပေါက်လှ အမေရိကန် မော်ဒယ်လ်သည် Sports Illustrated မဂ္ဂဇင်းအတွက် အာကာသအတွင်း ဆွဲအားမဲ့နေသော အခြေအနေမျိုး အထူးဖန်တီးမှုများဖြင့် ကိုယ်ဟန်ပြ ဓာတ်ပုံအရိုက်ခံခဲ့

ကိတ်အပ်တန် အနေဖြင့် ရွှေရောင်ဘီကနီဝတ်ပြီး ကမ္ဘာ့အပြင်ဘက် ထွက်သွားခဲ့ပြီ ဖြစ်သည်။ လုံးကြီးပေါက်လှ အမေရိကန် မော်ဒယ်လ်သည် Sports Illustrated မဂ္ဂဇင်းအတွက် အာကာသအတွင်း ဆွဲအားမဲ့နေသော အခြေအနေမျိုး အထူးဖန်တီးမှုများဖြင့် ကိုယ်ဟန်ပြ ဓာတ်ပုံအရိုက်ခံခဲ့သည်။ အသက်(၂၁)နှစ်ရှိ ကိတ်သည် ရွှေရောင် ဘီကနီ ဒီဇိုင်းအချို့ကို ဝတ်ဆင်ကာ ဖလော်ရီဒါရှိ Space Coast လေဆိပ်မှ ဆွဲအားမဲ့အခန်းထဲတွင် ယင်းကဲ့သို့ ဓာတ်ပုံရိုက်ခဲ့ခြင်း ဖြစ်သည်။ ကိတ်အနေဖြင့် ဆွဲအားမဲ့ လေဟာနယ်ထဲတွင် အသားတကျ ဖြစ်စေရန် ကျွမ်းကျင်သူများက အနီးကပ် အကြံပေး သင်ပြခဲ့ကြောင်းလည်း သိရသည်။