Subscribe to our RSS Feed

Boat People ပြဿနာတွေရဲ့ “အဖြေ” က ဘာလဲ (မှူးဇော်)

From : .. DT


အီးယူရေတပ်ရဲ့ “လှေဖျက်စစ်ဆင်ရေး”

၂၀၁၅ ခုနှစ်အတွင်း အနည်းဆုံး လူပေါင်း ၁၈၀၀ သေဆုံးမှုတွေ တွေ့ကြုံခဲ့ရတဲ့ မက်ဒီတာရန်း ပင်လယ်ပြင်က လူမှောင်ခိုကူးသူတွေကို စစ်ရေးအရ တုံ့ပြန်ဆောင်ရွက်ဖို့ အီးယူက မေလ ၁၈ ရက်နေ့ မှာ သဘောတူခဲ့ကြပါတယ်။ အာဖရိကမြောက်ပိုင်းကနေ ဥရောပကမ်းခြေကို ထွက်ခွါလာတဲ့ ပင်လယ် ပြင်က လှေတွေကို အသက်အန္တရာယ် ကြီးကြီးမားမား မရှိသေးချိန် လစ်ဗျားပင်လယ်ပြင်မှာ စစ်သင်္ဘော တွေနဲ့ တိုက်ခိုက်ချေမှုန်းဖို့ သဘောတူညီခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့ ကုလသမဂ္ဂ လုံခြုံ ရေးကောင်စီ၏ သဘောတူညီချက် ရယူဖို့တော့ လိုအပ်နေပါသေးတယ်။ ဒီတာဝန်ကို ဆောင်ရွက်နိုင်ဖို့ အတွက် လစ်ဗျားနိုင်ငံအနေနဲ့ ပိုင်နက်ရေပြင်မှာ ဥရောပစစ်သင်္ဘောတွေ ၀င်ရောက်လှုပ်ရှားနိုင်ဖို့ ခွင့်ပြု ပေးရမှာပဲ ဖြစ်ပါတယ်။

အီးယူရဲ့နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ တစ်ဦးဖြစ်တဲ့ Federica Mogherini ကတော့ လှေနဲ့ လူ မှောင်ခိုတွေပင်လယ်ပြင်ထွက်မလာခင်အချိန်မှာ ကုလသမဂ္ဂအနေနဲ့ အီးယူရဲ့ဆုံးဖြတ်ချက်ကို အတည်ပြု ပေးနိုင်လိမ့်မယ် လို့ မျှော်လင့်ထားကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အီးယူအနေနဲ့ လူမှောင်ခိုတွေ ကို ကုန်းမြေမှာရော ပင်လယ်ပြင်မှာပါ နှိမ်နင်းနိုင်ဖို့အတွက် လစ်ဗျားနိုင်ငံက တာဝန်ရှိသူတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ အပြည့်အ၀ ရရှိဖို့လည်း မျှော်လင့်ထားကြောင်း ပြောပါတယ်။ အစပိုင်းမှာ အီးယူဥက္ကဌ က Boat People တွေကို အီးယူနိုင်ငံတွေ ခွဲဝေပြီး တာဝန်ယူဖို့ ပြောကြားခဲ့တဲ့အချိန်မှာ အပြင်းအထန် ကန့်ကွက်ပယ်ချခဲ့တာက ဗြိတိန်နိုင်ငံ ဖြစ်ပါတယ်။
တစ်ကယ်တော့ Boat People လို့ခေါ်တဲ့ ပြဿနာဟာ အီးယူနိုင်ငံအတွက်တော့ ခုမှအသစ်ဖြစ် ပေါ်လာခဲ့တာ မဟုတ်ပါဘူး။ လှေစီးလူသားတွေ ပင်လယ်ပြင်မှာ သေကြေဆုံးရှုံးနေကြတာလည်း အချိန် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ဆီးရီးယားပြည်တွင်းစစ်ကြောင့် လူဦးရေ (၈)သန်း နေရာရွှေ့ပြောင်းတိမ်းရှောင် မှုတွေ ဖြစ်ခဲ့ရပြီး လူ(၄)သန်းဟာ နိုင်ငံပြင်ပ လွတ်ရာကျွတ်ရာ ထွက်ပြေးခဲ့ရပြီးတဲ့နောက် အိမ်နီးချင်း နိုင်ငံတွေမှာ ရေကြည်ရာ မြက်နုရာ နေထိုင်နေကြရတာ ဖြစ်ပါတယ်။ ဒီထဲကမှ တချို့က လစ်ဗျားကို ရောက်လာကြတယ်။ တချို့ကတော့ ဆာဟာရသဲကန္တာရကို ဖြတ်ကျော်ရတဲ့ လူမှောင်ခိုလမ်းကြောင်းကြီး အတိုင်း အီဂျစ်၊ ဆူဒန်တို့ကို ထွက်ပြေးကြပါတယ်။ ဒီလူတွေဟာ အီရစ်ထရီးယားက ထွက်ပြေးလာတဲ့ လူတွေနဲ့ ရောနှောသွားပြီး ဥရောပကမ်းခြေတွေဆီ ထွက်ခွါလာခဲ့ကြတာ ဖြစ်ပါတယ်။ UNHCR ရဲ့ စာရင်း ဇယားတွေအရ ယခုနှစ်အတွင်း အီတလီနိုင်ငံကို ရောက်ရှိလာခဲ့တဲ့ လှေစီးလူတွေဟာ နှစ်သိန်းခြောက် သောင်းကျော်အထိ ရှိလာခဲ့ပြီ လို့လည်း ဆိုပါတယ်။ ဒီနည်းအတိုင်းပဲ လစ်ဗျား၊ အီရီထရီးယား၊ အာဖဂန် နစ္စတန်၊ မာလီ၊ ဂမ်ဘီယာ၊ နိုင်ဂျီးရီးယား၊ ဆိုမာလီယာ၊ ပါလက်စတိုင်း၊ ဆီနီဂေါနဲ့ အခြားဒေသများက လှေစီးလူသားတွေဟာ ဂျာမဏီ၊ ဆွီဒင်၊ အီတလီ၊ ဆွစ်ဇာလန်၊ ပြင်သစ်၊ နယ်သာလန်၊ ဗြိတိန်၊ ဘယ်လ် ဂျီယန်၊ ဘူလ်ဂေးရီးယား၊ ဒိန်းမတ်စတဲ့ ဥရောပနိုင်ငံတွေဆီကို တအိအိနဲ့ ရောက်ရှိနေခဲ့ကြတာ ဖြစ် ပါတယ်။ အန္တရာယ်များလှတဲ့ လူမှောင်ခို တစ်ယောက် ပင်လယ်ပြင်ခရီးစဉ်တစ်ခေါက်ကို ဒေါ်လာ ငါးရာ ကနေ ဒေါ်လာ တစ်ထောင်အထိ လူမှောင်ခိုဂိုဏ်းတွေကို ပေးရတယ်လို့ ဆိုပါတယ်။

အခုတော့ အီးယူရဲ့ ဆုံးဖြတ်ချက်က လူတွေ မှောင်ခိုတင်ဆောင်လာတဲ့ လှေတွေကို လစ်ဗျား ပင်လယ်ပြင်မှာပဲ စစ်သင်္ဘောတွေနဲ့ တိုက်ခိုက်နှစ်မြုပ်ပြီး လူမှောင်ခိုစီးပွားရေးပုံစံတွေကို ချေမှုန်းဖို့ ဖြစ် ပါတယ်။ ဒီလုပ်ဆောင်ချက်ကို လှေဖျက်စစ်ဆင်ရေး “Boat Destroyer Mission” လို့ ခေါ်တွင်ထားပါ တယ်။ ဒီစစ်ရေးတာဝန်ကို ကွပ်ကဲမယ့် အီးယူစစ်ဌာနချုပ်တစ်ရပ်ကို အီတလီနို်င်ငံ ရောမမြို့မှာ အခြေ စိုက်မှာ ဖြစ်ပြီး အီတလီရေတပ်ဗိုလ်ချုပ်ကြီး Enrico Credendino က အမိန့်ပေး ကွပ်ကဲမှာ ဖြစ်ပါတယ်။ အီတလီရေတပ်က အဓိက တာဝန်ယူမယ့် ဒီရေတပ်စစ်ဆင်ရေးမှာ အဆင့်(၃)ဆင့် ပါရှိကြောင်း သိရှိရ ပါတယ်။ အဆင့်(၁) လူမှောင်ခိုတွေနဲ့ပတ်သက်တဲ့ ထောက်လှမ်းရေးသတင်းတွေ ရယူစုဆောင်းခြင်း၊ (၂) လူမှောင်ခို လှေတွေကို ထောက်လှမ်းရှာဖွေခြင်းနဲ့ စစ်ဆေးခြင်း၊ (၃) ပင်လယ်အတွင်းပိုင်း အသက် အန္တရာယ် ဖြစ်စေတဲ့ ရေပြင်တွေဆီ မရောက်ခင် လက်ဦးမှု ရယူပြီး ကြားဖြတ်တိုက်ခိုက်ခြင်း၊ လှေများကို ဖျက်ဆီးနှစ်မြုပ်ခြင်း တို့ပဲ ဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးရဲ့ တတိယအဆင့်ဟာ လစ်ဗျားပိုင်နက်ရေပြင်ထဲ ၀င်ရောက်ပြီး တိုက်ခိုက်နှိမ်နင်းရမှာ ဖြစ်တဲ့အတွက် သက်ဆိုင်ရာနိုင်ငံရဲ့ ခွင့်ပြုချက် ရရှိဖို့ လိုပါတယ်။ အလားတူ လုံခြုံရေးကောင်စီရဲ့ သဘောတူညီချက် လိုအပ်ပါတယ်။

အီးယူနိုင်ငံတွေအတွက် Boat People ပြဿနာဟာ ကိုင်တွယ်ဖြေရှင်းရ ခက်ခဲနေတဲ့ ပြဿနာ ကြီးတစ်ခုပဲ ဖြစ်ပါတယ်။ ဒီလူတွေကို အ၀င်မခံ လှေပေါ်တင်ပြီး ပြန်လွှတ်ရင်လည်း လူ့အခွင့်အရေး အလေးထားတဲ့ အီးယူနိုင်ငံကြီးတွေအတွက် ကိုယ့်ပေါင်ကိုယ် လှန်ပြီးထောင်းသလို ဖြစ်မှာပါပဲ။ ဒါပေ မယ့် တအိအိနဲ့ တိုးဝင်လာနေတဲ့ လှေစီးလူသားတွေကို မတားပြန်ရင်လည်း မြောက်အာဖရိကနဲ့ အရှေ့ အလယ်ပိုင်းက ခိုးဝင်လာသူတွေလက်ထဲကို အီးယူကမ်းခြေတွေ တစ်ခု ပြီးတစ်ခု ကျဆုံးသွားဖို့ ရှိနေ ပါတယ်။ ခုတော့ ရေတပ်စစ်ဆင်ရေးနဲ့ ရေနက်ပင်လယ်မရောက်ခင် လှေတွေနှစ်မြုပ်တာက အကောင်း ဆုံး နည်းလမ်းဖြစ်ကြောင်း ရွေးချယ်လိုက်ကြပြီ ဖြစ်ပါတယ်။ အီးယူရဲ့ အဆိုအရ ပင်လယ်ပြင်ထွက်နိုင်တဲ့ လှေတစ်စီးရဲ့ တန်ဖိုးဟာ မနည်းလှဘဲ ဒီလှေတွေကို ရင်းပြီး လူမှောင်ခိုတွေ ဂိုဏ်းဖွဲ့လုပ်ကိုင်နေတာ ဖြစ် တဲ့အတွက် ဒီလှေ တစ်စီးပြီးတစ်စီး ချေမှုန်းနှစ်မြုပ်လိုက်ခြင်းကြောင့် လူမှောင်ခိုတွေ အထိနာစေမယ် ဆို တာပဲ ဖြစ်ပါတယ်။

တစ်ကယ်တော့ အီးယူကို ဒီနည်းလမ်းသုံးဖို့ နည်းပေးလမ်းပြ အကြံပြုခဲ့တာ သြစတြေးလျ နိုင်ငံပဲ ဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံဟာ Boat People ပြဿနာကို ဖြေရှင်းရာမှာ နိုင်ငံ တကာ ဝေဖန်မှု၊ ဖိအားပေးမှုတွေကို လျစ်လျူရှုပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ အိန္ဒိယ သမုဒ္ဒရာမှာ ဖြစ်ပေါ်နေတဲ့ Boat People နဲ့ ပတ်သက်လို့လည်း သက်ဆိုင်ရာနိုင်ငံတွေဟာ နှစ်သက်ရာ နည်းလမ်းကို လုပ်ပိုင်ခွင့်ရှိတယ် လို့ သြစတြေးလျ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ တရားမ၀င် Boat People ပြဿနာနဲ့ပတ်သက်လို့ ထိန်းချုပ်နိုင်မယ့်၊ တားမြစ်နိုင်မယ့် ဥပဒေ တွေ ပြဌာန်းခဲ့ရာမှာ အဓိက ပြိုင်ဘက်ပါတီကြီးနှစ်ခုစလုံးက ညီညီညွတ်ညွတ် သဘောတူ ဆောင်ရွက်ခဲ့ တာ ဖြစ်ပါတယ်။ သြစတြေးလျရဲ့ လုပ်ဆောင်ချက်က ရေတပ်နဲ့ လ၀က ပေါင်းပြီး Boat People တွေ ၀င်လာ ရင် သြဇီရေပြင်ထဲ အရောက်မခံဘဲ Nauru လို့ ခေါ်တဲ့ ကျွန်းပေါ်မှာ Detention Center ထားပြီး ထား ပါတယ်။ ဒီလုပ်ဆောင်ချက်အတွက် သန်းချီပြီး အကုန်အကျခံတယ်။ ဒါကို သြဇီသားတွေ အားလုံးက တစ်ခဲနက် ထောက်ခံခဲ့ကြပါတယ်။ အဓိကပါတီကြီးနှစ်ရပ်ရဲ့ သဘောတူညီချက်နဲ့ ၂၀၁၄ ခုနှစ်ကစပြီး Operation Sovereign Borders ကို ဆောင်ရွက်ခဲ့တဲ့အခါ အဲဒီနှစ်အတွင်း လှေတစ်စီးမှ ၀င်မလာ နိုင်အောင် တားဆီးနိုင်ခဲ့တယ် လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ သြဇီဝန်ကြီးချုပ် တိုနီအက် ဘော့က “လှေ”တွေဟာ လူမှောင်ခို တွေရဲ့ Business Model ဖြစ်နေတဲ့အတွက် ဒီလှေတွေကို ဖျက်ဆီး တာဟာ လက်တွေ့ကျ အလုပ်ဖြစ်တဲ့ အဖြေ ဖြစ်တယ် လို့ အီးယူခေါင်းဆောင်တွေကို ပြောခဲ့ပါတယ်။ ဒီနောက်မှာတော့ အီးယူခေါင်းဆောင် တွေဟာ သြဇီညွှန်တဲ့ ဒီလမ်းကို သုံးသပ်စဉ်းစားလာခဲ့ကြတာ ဖြစ်ပါတယ်။ ဒီတော့ အီးယူရဲ့ “လှေစစ်ဆင်ရေးအစ သြဇီက” လို့တောင် ဆိုနိုင်ပါတယ်။

အီးယူရဲ့ စစ်ဆင်ရေးနဲ့ပတ်သက်လို့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ဒီလုပ်ရပ်ဟာ ဘေး အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ကုန်ကူးခံ လူသားတွေကို ပိုပြီး ကြီးမားတဲ့ အန္တရာယ်အတွင်း သက်ဆင်းစေ နိုင်တယ် ဆိုပြီး သတိပေးနေပါတယ်။ ဒါပေမယ့် အီးယူနိုင်ငံတွေထဲက ပြင်သစ်၊ ဗြိတိန်တို့ဟာ လုံခြုံရေး ကောင်စီရဲ့ ပီ-ဖိုက် ငါးနိုင်ငံမှာ ပါနေပါတယ်။ နောက်ပြီးတော့ အိန္ဒိယသမုဒ္ဒရာထဲက Boat People ပြဿနာမှာ လူသားချင်းစာနာထောက်ထားမှု၊ လူ့အခွင့်အရေး စတဲ့ စကားလုံးတွေ တွင်တွင် ပြောကြား လေ့ရှိတဲ့ ကုလသမဂ္ဂ အေဂျင်စီတွေဟာ အီးယူရဲ့ လှေဖျက်စစ်ဆင်ရေးမှာတော့ သိပ်ပြီး ဟောင်ဖွာ ဟောင်ဖွာ မလုပ်ရဲကြပါဘူး။ အီးယူနိုင်ငံတွေထဲမှာ သူတို့အေဂျင်စီတွေရဲ့ ပရောဂျက်တွေကို ဘဏ္ဍာရေး အရ ထောက်ပံ့ကူညီနေတာတွေ ရှိနေတာကလည်း အကြောင်းရင်းတစ်ချက် ဖြစ်နိုင်ပါတယ်။ လုံခြုံရေး ကောင်စီကလည်း အီးယူရဲ့ ရေတပ်စစ်ဆင်ရေးစီမံကိန်းကို မကြာခင်မှာ အတည်ပြုပေးရမှာပဲ ဖြစ်ပါ တယ်။ စစ်ရေးအရ နေတိုးအဖွဲ့မှာပါဝင်နေတဲ့ အီးယူဟာ နိုင်ငံရေးအရလည်း အရေးပါတဲ့ ကမ္ဘာ့ Player ဖြစ်နေတာကြောင့်ပဲ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ Boat People ပြဿနာဟာ ခုတလော ကပ္ပလီပင်လယ်ပြင်နဲ့ မလက္ကာ ရေလက်ကြားမှာလည်း ဟိုးလေးတကျော်ကျော် ဖြစ်လာခဲ့ပါတယ်။ ဒီလိုမျိုး မီးမောင်းကျရောက်လာခြင်း အကြောင်းတရားကတော့ (၁) တရားမ၀င် Camp တွေ ဖွင့်ထားပြီး လူသတ်ပြီး မြေမြုပ်ထားတဲ့ အလောင်းတွေ ပြန်ပေါ်လာတယ်၊ (၂) ကျွန်သဖွယ် ပြုမူခိုင်းစေနေတာတွေ ပေါ်လာတယ်၊ (၃) မလက္ကာ ရေလက်ကြား ပင်လယ်ပြင်မှာ Boat People ရာနဲ့ချီပြီး မျောနေတာ တွေ့ရတယ်။ ဒီ(၃)ချက် ကြောင့် အသံကျယ်လာတာ ဖြစ်ပါတယ်။ ဒီသတင်းဟာ ကမ္ဘာ့မီဒီယာတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ စိတ် ၀င်စားလှတဲ့ “ဘင်္ဂလီကိစ္စ”နဲ့ ဆက်စပ်နေလေတော့ ကပ္ပလီပင်လယ်ပြင်က Boat People သတင်း ကြောင့် အီးယူကမ်းခြေက Boat People သတင်း မှေးမှိန်သွားခဲ့ရပါတယ်။

“တရားခံ” မရှာနဲ့၊ “အဖြေ” ရှာပါ

ပထမဆုံး ဘာကြောင့်ဆိုတာ စဉ်းစားဖို့ လိုပါတယ်။ အိမ်ရှင်နိုင်ငံတွေက Dirty Work တွေ အတွက် ပြည်ပကနေ ဈေးနှုန်းသက်သာတဲ့ Cheap Worker တွေ လိုချင်တယ်။ တရားဝင် အလုပ်သမား တွေဆိုရင်တော့ အလုပ်သမားအခွင့်အရေး၊ လူမှုဖူလုံရေး စတဲ့ အချက်တွေအရ အလုပ်ရှင်အများစုက ပေါပေါပဲပဲ ယူချင်တယ်။ ဒီတော့ လူမှောင်ခိုဂိုဏ်းတွေဆီက လူတွေ ၀ယ်တယ်။ ဒီအထဲမှာ သက်ဆိုင်ရာ နိုင်ငံတွေမှာရှိတဲ့ အစိုးရအရာရှိတွေ၊ ရဲတပ်ဖွဲ့အရာရှိတွေ၊ လ၀က အရာရှိတွေ ပါဝင်ပတ်သက်လာတယ်။ ဒါတွေက နိုင်ငံတွေရဲ့ ကမ်းခြေတွေမှာ၊ နိုင်ငံတွေရဲ့ နယ်စပ်တွေမှာ ဖြစ်ချင်တိုင်းဖြစ်နေတာ ကြာခဲ့ပါပြီ။ အဲဒီကတစ်ဆင့် တရားမ၀င် အလုပ်သမားတွေရဲ့ အဖမ်းခံ၊ အရေးယူခံရမှာကို စိုးရိမ်ပူပန်မှုတွေကို နင်း ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်လာတယ်။ အရေးယူမှု ကင်းဝေးတော့ လက်ရဲဇက်ရဲတွေ ဖြစ် လာတယ်။ လူမိုက်ငှားပြီး ဖြစ်စေ၊ ကိုယ်တိုင် ဖြစ်စေ နှိပ်ဟက်ညှင်းပမ်းတာတွေ၊ ကျွန်ပြုတာတွေ၊ သတ် တာ ဖြတ်တာတွေအထိ အခြေအနေ ဆိုးလာခဲ့တယ်။ ဒါပေမယ့် ဒါတွေက ခုမှ အသစ်ဖြစ်လာတာ မဟုတ်ဘဲ ကာလရှည်ကြာ ဖြစ်နေခဲ့တဲ့ အဖြစ်အပျက်တွေပါပဲ။ ယမန်နှစ်ကလည်း နယ်စပ်ကျွန်းတွေမှာ တရားမ၀င် Camp တွေ ရှိနေတယ်၊ အဲဒီနေရာတွေမှာ လူ့အခွင့် အရေးချိုးဖောက်မှုတွေ၊ ရာဇ၀တ်မှုတွေ ရှိနေတယ် ဆိုတာ ရိုက်တာသတင်းဌာနက ထုတ်ဖော်ရေးသားခဲ့ပါတယ်။

“ဒီလူတွေ ဘယ်က လူတွေလဲ”။ ဘယ်ကလူတွေလဲ ဆိုတာ တိတိကျကျ မသိနိုင်ဘူး လို့ UNHCR အစီရင်ခံစာတစ်ခုမှာ ဆိုထားပါတယ်၏။ ဘင်္ဂလီ ဆိုတာနဲ့ မြန်မာက ဆိုပြီး ပြောတာတွေက ပုံသေနည်းလိုပဲ ဖြစ်လာနေပါပြီ။ ဒါပေမယ့် မေလ ၁၈ ရက်နေ့မှာလွှင့်တင်ခဲ့တဲ့ အယ်လ်ဂျာဇီးယား သတင်းဌာနရဲ့ “Rescued migrants in Aceh recount horrific journey”သတင်းဗီဒီယိုမှာ အာချေးကို ရောက် ရှိနေတဲ့ Boat People တွေ သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လာတာပါ၊ ဘင်္ဂလားကိုပဲ ပြန်ချင် ပါတယ် ဆိုပြီး ထုတ်ဖော်ပြောကြားလာခဲ့တာကို တွေ့ရှိရပါတယ်။ ၂၀၁၁ အစိုးရသစ် တက်မလာခင် တပ်မတော်အစိုးရ အုပ်ချုပ်ခဲ့တဲ့ ကာလကို ပြန်ကြည့်လိုက်ရင် လှေစီးခရီးသည်တွေ ရှိခဲ့တာပါပဲ။ အခု လိုပဲ ဟိုနားမှာတွေ့၊ ဒီနားမှာတွေ့ ဖြစ်ခဲ့တာပါပဲ။ ဒါပေမယ့် အဲဒီအချိန်က လှေစီးလူသားတွေရဲ့ ဇစ်မြစ် ဟာ မြန်မာနိုင်ငံတော့ မဟုတ်ခဲ့ပါဘူး။ အဲဒီအချိန်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အခြားသော လူ့အခွင့် အရေးစွဲချက်တွေ အများကြီး ရှိနေတာ ဖြစ်တဲ့အတွက် ဒီကိစ္စမှာ မြန်မာနိုင်ငံဟာ ဝေးဝေးကသာ ရှိနေ ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ်အတွင်း ပဋိပက္ခတွေ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်လာပြီးတဲ့နောက်မှာ လူမှောင်ခိုလုပ်ငန်းတွေရဲ့ အကာအကွယ်ဟာ “ဘင်္ဂလီ” ဆိုတာ ဖြစ်လာခဲ့တယ်။ တရားမ၀င် အလုပ် သမား တင်ပို့ရာမှာ အကောင်းဆုံး ဖုံးကွယ်မှုက “ဘင်္ဂလီဒုက္ခသည်” ဆိုတဲ့ အကြောင်းပြချက်ပဲ။ သက် ဆိုင်ရာနိုင်ငံတွေက လူပွဲစားတွေနဲ့ ချိတ်ဆက်ပြီး ပို့၊ မိတဲ့အခါမှာ ဘင်္ဂလီဒုက္ခသည်တွေပါ ဆိုပြီး သနား စဖွယ် ပုံဖော်ပြလာခဲ့ကြပါတယ်။ ဒီလိုနဲ့ မြန်မာနိုင်ငံကို လက်ညိုးထိုး၊ ဥပဒေမဲ့ လုပ်ချင်သလို လုပ်နေတဲ့ ကိစ္စ တွေကို ဖုံးကွယ်။ ဒါတွေက “ဘင်္ဂလီ” အကာခြုံလွှမ်းထားတဲ့ ရာဇ၀တ်မှုတွေပဲ ဖြစ်ပါတယ်။

ဒီလိုမျိုး လူသားမဆန်တဲ့ လုပ်ဆောင်ချက်တွေ လုပ်ကိုင်နေတဲ့ လူမှောင်ခိုတွေ၊ ပါဝင်ပတ်သက် နေသူတွေ အားလုံးကို ဘယ်သူမဆို ပြင်းပြင်းထန်ထန် ရှုတ်ချကြရမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပြန်ပြီး ကြည့်လိုက်ရင် Boat People တွေကို ကမ်းအကပ်မခံကြတဲ့အနေအထားမှာ သက်ဆိုင်ရာနိုင်ငံတွေကို ဖိအားပေးမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီအချိန်မှာ ဖိအားအပေးခံရတဲ့နိုင်ငံတွေက မြန်မာနိုင်ငံဆီကို လက်ညိုးထိုးပြီး Divert လုပ်တာမျိုးတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ နိုင်ငံအချို့ဟာ မြန်မာနိုင်ငံကို အမည် တပ်ပြီး Full Responsibility ယူရမယ်၊ အာဆီယံအနေနဲ့ ဖိအားပေးရမယ် ဆိုတာမျိုးတွေ ဒေသတွင်း မီဒီယာတွေကို ပြောလာခဲ့ပါတယ်။ လူတွေရဲ့ သဘောသဘာဝအတိုင်း ပြဿနာတွေ ကြုံလာတဲ့အခါ တိုင်းမှာ “တရားခံ” ရှာကြလေ့ ရှိပါတယ်။ အမှန်တစ်ကယ်မှာတော့ ကြုံလာတဲ့ ပြဿနာ ပြေလည်သွား စေနိုင်မယ့် “အဖြေ”ကို ရှာကြရမှာပဲ ဖြစ်ပါတယ်။ “တရားခံရှာခြင်း” ဟာ ရှိနေတဲ့ ပြဿနာကို ဖြေရှင်း နိုင်မှာ မဟုတ်ပါဘူး။ ဒီလို အဖြေရှာကြတဲ့နေရာမှာ တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းနဲ့ အကောင်းဆုံး ဖြေရှင်းချက်ကို ပူးပေါင်းရှာဖွေကြဖို့ လိုပါတယ်။ အီးယူက “လှေနဲ့တင်ပို့နေတဲ့ လူမှောင်ခိုလှေတွေ” က ဇစ်မြစ် ဖြစ်တယ် လို့ သုံးသပ်နိုင်ခဲ့ကြပြီ ဆိုရင် ကပ္ပလီပင်လယ်ပြင်က Boat People တွေရဲ့ ဇစ်မြစ်က ဘာလဲ ၀ိုင်းပြီး စဉ်းစားကြဖို့ လိုပါတယ်။

အကြံပြုတင်ပြချက်

တစ်ကယ်တော့ ဒေသတွင်းက Boat People တွေရဲ့ ဇစ်မြစ်က လူမှောင်ခိုဂိုဏ်းတွေ ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။ ကပ္ပလီပင်လယ်ပြင်ထဲက လူမှောင်ခိုလမ်းကြောင်းမှာ ချိတ်ဆက်နေတဲ့ နိုင်ငံအားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့ အရေးကြီးပါတယ်။

(၁) ပထမဆုံးအချက်အနေနဲ့ လူမှောင်ခိုဂိုဏ်းတွေကို ဖြိုခွင်းကြရမှာ ဖြစ်သလို တရားမ၀င် အလုပ် သမား လက်ခံမှုတွေကိုလည်း လျှော့ချပစ်ဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ထိုင်းနိုင်ငံနဲ့ ပူးပေါင်းပြီး နှစ်ဖက် အလုပ်သမားတွေ စေလွှတ်တဲ့အခါမှာ တရားဝင်လမ်းကြောင်းကနေ ပို့ဆောင်နိုင်ဖို့ ပထမအဆင့် G-to-G အစိုးရချင်း MOU ထိုးတယ်၊ ပြီးတော့ ဒုတိယအဆင့် အလုပ်သမား အေဂျင်စီချင်း MOU ထိုးတယ်။ ဒီလို တရားဝင် ပို့တဲ့အတွက် မြန်မာအလုပ်သမားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေး တွေ ရလာမယ်။ ထိုင်းအလုပ်ရှင်တွေ အနေနဲ့လည်း ဥပဒေနဲ့အညီ လုပ်ကိုင်နိုင်မယ်။ ဒီလို မျှော်တွေးပြီး လုပ်ကိုင်နေတာ ဖြစ်တယ်။ တစ်ချိန်တည်းမှာပဲ တရားမ၀င် ရောက်ရှိနေပြီး ဖြစ်တဲ့ မြန်မာအလုပ်သမား တွေကို နိုင်ငံသားစိစစ်ပြီး တရားဝင်လာအောင် လုပ်နေတယ်။ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံပေါင်းပြီး လူမှောင် ခိုဂိုဏ်းတွေ နှိမ်နင်း ဖြိုခွင်းနေတယ်။ ဒါဟာ သိပ်ကို လက်တွေ့ကျတဲ့ ဖြေရှင်းချက်တစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒီနမူနာကို မလေး၊ အင်ဒိုနိုင်ငံတွေနဲ့ ဆက်လက်လုပ်ဆောင်နိုင်ဖို့ မြန်မာနိုင်ငံက ကမ်းလှမ်းထားပါတယ်။ ညှိနှိုင်းနေဆဲ အဆင့်မှာပဲ ရှိနေသေးတယ် လို့ ဆိုပါတယ်။ ဒါကို သက်ဆိုင်ရာနိုင်ငံအားလုံး အခုကြုံတွေ့ နေတဲ့ Boat People ပြဿနာ စိန်ခေါ်မှုကို အခွင့်အလမ်းအဖြစ် ပြောင်းလဲနိုင်ဖို့ အရေးကြီးပါတယ်။ ဒါ ဟာ နှစ်ဦးနှစ်ဖက် Win-Win ဖြစ်စေရုံသာမက Boat People တွေကိုလည်း လျှော့ချပေးနိုင်ပါလိမ့်မယ်။

(၂) ဒုတိယအချက်အနေနဲ့ ကပ္ပလီပင်လယ်ပြင်မှာ သွားလာနေတဲ့ လူမှောင်ခိုတွေကို နှိမ်နင်းနိုင်ဖို့ ရေတပ်မတော်အချင်းချင်း၊ လုံခြုံရေးတပ်ဖွဲ့တွေအချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ လိုပါတယ်။ အီးယူလို “လှေဖျက်စစ်ဆင်ရေး” အဆင့်အထိ မဟုတ်ပေမယ့် ကိုယ့်ပင်လယ်ပြင်က ဖြတ် သန်းသွားလာတဲ့ လူမှောင်ခိုတွေရဲ့ သတင်းအချက်အလက်တွေ၊ ထောက်လှမ်းရေးသတင်းအချက် အလက်တွေ အပြန်အလှန် ဖလှယ်နိုင်ဖို့ Communication Channel တွေ၊ Hot Line တွေ ထူ ထောင်ကြဖို့ လိုပါတယ်။ ပင်လယ်ပြင် လူမှောင်ခို နှိမ်နင်းမှုနဲ့အတူ ကုန်းတွင်းပိုင်း လူမှောင်ခို တိုက် ဖျက်ရေးမှာလည်း ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ကြဖို့ လိုပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအချင်း အချင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းဟာ အိန္ဒိယသမုဒ္ဒရာ လုံခြုံရေးသာမက Boat People နောက် ကွယ်က လူမှောင်ခိုဂိုဏ်းတွေ နှိမ်နင်းရေးကိုလည်း ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

(၃) တတိယအချက်အနေနဲ့ သက်ဆိုင်ရာနိုင်ငံတွေမှာ ရှိနေတဲ့ လူမှောင်ခိုဂိုဏ်းတွေကို ရှာဖွေ ဖော် ထုတ်နှိမ်နင်းနိုင်ဖို့ ပူးပေါင်းဆောင်ရွက်ရေး ယန္တရားတွေ ထူထောင်ဖို့ လိုပါတယ်။ ဒီယန္တရားမှာ အစိုးရ ချင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သလို အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ပါဝင်ခွင့်ကိုလည်း အလေး ထားစဉ်းစားဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ နိုင်ငံတိုင်းမှာ ရှိနေနိုင်တဲ့ လူမှောင်ခိုနဲ့ ပတ်သက်နေတဲ့ အကျင့်ပျက်ခြစားမှုတွေကို ပြင်းပြင်းထန်ထန် အရေးယူကြဖို့ လိုပါတယ်။ ဒီလူမှောင်ခိုတွေရဲ့ ကိုယ်ကျိုး စီးပွားရှေ့ရှုတဲ့ ၀ိသမလောဘတွေကြောင့် ၀မ်းနည်းကြေကွဲဖွယ်ရာ အကျိုးဆက်တွေကို ကမ်းခြေ တစ်လျှောက် နိုင်ငံတွေက ခံစားနေကြရတာပဲ ဖြစ်ပါတယ်။ ဥပဒေတွေ ပျော့ နေရင် ပြင်းထန်လာအောင် ပြင်ဆင်ပေးကြရပါလိမ့်မယ်။ ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်မှုတွေ လုပ် ဆောင်ကြရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ မီဒီယာတွေ၊ အရပ်ဖက်လူ့အဖွဲ့အစည်း တွေရဲ့ အခန်းကဏ္ဍဟာ သိပ်ကို အရေးကြီးပါတယ်။ ဒေသတွင်း လူမှောင်ခိုနှိမ်နင်းရေးမှာ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေဟာ ကြီးကြီးမားမား အထောက်အကူ ပြုနိုင်ပါတယ်။ “Bali Process” မှာ မီဒီယာတွေ၊ အရပ်ဘက် လူ့အဖွဲ့ အစည်းတွေ တက်တက်ကြွကြွ ပါဝင်လာဖို့ အစိုးရတွေက စဉ်းစား ဆောင်ရွက်ပေးကြဖို့၊ Bali Process ကို ချဲ့ထွင်ပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ဒါကတော့ ရေတိုဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ဖြစ်ပါတယ်။ ရေရှည်မှာတော့ ဒီလိုမျိုး လူသား မဆန်တဲ့ မှောင်ခိုမှုတွေ ဖြစ်ပွားနေရခြင်းရဲ့ ဇစ်မြစ်ဖြစ်တဲ့ ဆင်းရဲနွမ်းပါးမှု၊ လူဦးရေပေါက်ကွဲမှု၊ အလုပ် အကိုင်အခွင့်အလမ်းရှားပါးမှု၊ ပညာရေးနိမ့်ကျမှု စတဲ့ အကြောင်းတရားတွေကို သက်ဆိုင်ရာနိုင်ငံ အလိုက် ဆောင်ရွက်သွားဖို့ပဲ ရှိပါတယ်။ ရေရှည်ကာလဖြေရှင်းရမှာ ဖြစ်တဲ့အတွက် အချိန်ယူကြရဦးမှာ ဖြစ်ပါတယ်။ ဒီကြားကာလမှာတော့ Boat People တွေ ရှိနေပါလိမ့်ဦးမယ်။ ပင်လယ်ပြင်ထဲမှာ ဟိုမှာ တွေ့လိုက်၊ ဒီမှာတွေ့လိုက်နဲ့ ကြုံနေရဦးမှာပါပဲ။ ဒါပေမယ့် အိန္ဒိယသမုဒ္ဒရာကမ်းခြေတစ်လျှောက် နိုင်ငံ တွေ နားလည်မှုရှိရှိ၊ ယုံကြည်မှုရှိရှိ ပူးပေါင်းဆောင်ရွက်သွားကြဖို့ လိုပါတယ်။ အရေးကြီးဆုံး အချက် ကတော့ ပြဿနာတွေ ကြုံလာတဲ့အခါတိုင်းမှာ “တရားခံ” မရှာဘဲ “အဖြေ” ရှာနိုင်ဖို့ ကြိုးပမ်းအားထုတ် ကြဖို့ပဲ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။


.. https://www.facebook.com/MyanmarExpress
 

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနှင့် တွေ့ဆုံခြင်း

From : .. The Voice

(အောင်မြင့်ထွန်း)

ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံများသို့ ခိုးဝင်သည့် လှေစီးသွားလာသူများတွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ထွက်ပြေးလာသူများ ဖြစ်သည်ဟုဆိုကာ နိုင်ငံတကာက ဝေဖန်ဖိအားပေးမှုများ မြင့်တက်နေသည်။ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှ ဘင်္ဂါလီများသည့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကြောင့် ထွက်ပြေးကြသည်ဟု စွပ်စွဲမှုများရှိနေရာ ယင်းကိစ္စများနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းကို The Voice က မေးမြန်းဖော်ပြလိုက်ပါသည်။

Voice: လှေစီးသွားလာသူတွေထဲမှာ ရခိုင်ပြည်နယ်က ထွက်ပြေးလာသူတွေ အများအပြား ပါဝင်နေတယ်ဆိုပြီး နိုင်ငံတကာ မီဒီယာတွေမှာ၊ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ပြောဆိုနေကြပါတယ်။ ရခိုင်ပြည်နယ်က ထွက်ပြေးလာတယ် ဆိုတာနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ် ဘာပြောချင်လဲ။

UMMO: နိုင်ငံတကာကတော့ ပြဿနာတစ်ခု ဖြစ်လို့ရှိရင် မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ ဆိုပြီးတော့ မြန်မာနိုင်ငံကို ပုံချတာများတယ်။ အခုလည်း Boat People ဆိုတဲ့ ကိစ္စကလည်း တကယ်တော့ လူကုန်ကူး ပွဲစားတွေရဲ့ လူကုန်ကူးမှု ဖြစ်စဉ်ကြီးပဲ။ အဲဒါကို ဇောင်းမပေးဘဲနဲ့ မြန်မာနိုင်ငံမှာ Slow Genocide (တမြေ့မြေ့ လူမျိုးတုံး သတ်ဖြတ်မှု) ပုံစံမျိုးတွေ ကျင့်သုံးလို့၊ မနေနိုင်လို့ ထွက်ပြေးလာရတဲ့ ပုံစံမျိုးလုပ်ပြီး ပြည်နယ်အစိုးရအပေါ်မှာရော မြန်မာနိုင်ငံအပေါ်မှာရော မီဒီယာတွေနဲ့ တချို့နိုင်ငံတွေက ပြောဆိုနေတာ ရှိပါတယ်။ Slow Genocide ကျင့်သုံးလို့၊ မနေနိုင်လို့ ထွက်ပြေးလာရတဲ့ ပုံစံမျိုးလုပ်တာကို လုံးဝလက်ခံပါဘူး။
အခုဖြစ်နေတဲ့ လူတွေက ဒို့ဆီမှာ (ရခိုင်ပြည်နယ်) အကြောင်းအမျိုးမျိုးနဲ့ မနေနိုင်အောင်လုပ်လို့ သွားတာ မဟုတ်ဘဲနဲ့ သူတို့မှာ ပါလာတဲ့ လူတွေကို ဘယ်ကမှန်း အတိအကျ မသိရသေးဘူးလေ။ မြန်မာနိုင်ငံက အနည်းအကျဉ်းလောက်ပဲလို့ မှန်းပါတယ်။ များသောအားဖြင့်တော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ များတယ်။ လူကုန်ကူးတဲ့သူတွေက သူတို့ဘာသူတို့ အစီအစဉ်နဲ့ ချိတ်ဆက်ပြီးတော့မှ ခေါ်ယူခြင်းသာ ဖြစ်ပါတယ်။
အဲဒါကို ဘာသက်သေပြချင်လဲဆိုတော့ မနေ့က (မေလ ၂၁) ညနေ ၃ နာရီခွဲလောက်မှာ ကိုယ်တို့ရေပိုင်နက်မှာ ဘင်္ဂါလီ Boat People တွေ စီးလာတဲ့ စက်လှေနှစ်စီး တပ်မတော်(ရေ) က ဖမ်းမိတယ်။ ဘုတ်တစ်စီးက အခွန်၊ တစ်စီးလူပါတယ်။ အဲဒီအပေါ်မှာ လူ ၂၀၈ ယောက် ပါတယ်။ သင်္ဘောသား ၁၇ ယောက်ပါတယ်။ ပွဲစားလိုလို ဘာလိုလိုက နှစ်ယောက်ပါတယ်။ အားလုံးကို အငူမော်ကနေ ကားနဲ့ အလယ်သံကျောက်ကို ပို့လိုက်တယ်။ ဒီနေ့ နေ့ခင်း (မေလ ၂၂ ရက်) မှာတော့ ယာယီ Camp တွေကိုတော့ ရောက်သွားပြီ။ အားလုံးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ဖြစ်တယ်။ များသောအားဖြင့် အသက် ၂၀ နဲ့ ၃၀ ယောက်ျားတွေ များတယ်။ ဝမ်းဗိုက် (စက်လှေ) ဖွင့်လိုက်တဲ့အခါမှာ တချို့တွေလည်း အစာရေစာ ပြတ်နေတာပေါ့။ အားအင်ကုန်ခမ်းနေတာပေါ။ ဒါကြောင့် မြန်မာနိုင်ငံအစိုးရနဲ့ ပြည်နယ်အစိုးရတို့က လိုအပ်တဲ့ ကူညီပေးထားတယ်။ ဝန်ကြီးတစ်ပါးလည်း သွားရောက် စီမံကွပ်ကဲနေတယ်။ နယ်ခြားစောင့်ရဲက ရဲမှူးချုပ်တင်ကိုကို ကိုယ်တိုင်စောင့်ရှောက်နေတယ်။ ယူအန်အိုင်အန်ဂျီအိုတွေလည်း သွားရောက်စောင့်ရှောက်နေတယ်။

Voice: ဖမ်းမိထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို ဘယ်လိုလုပ်ဆောင်မလဲ။

UMMO: ဘင်္ဂလားဒေ့ရှ်နိုင်သားတွေ ဖြစ်တဲ့အတွက် စိစစ်ပြီးရင်တော့ တစ်ဖက်နိုင်ငံကို လွှဲပြောင်းတာတွေ လုပ်ရမှာပေါ့။ ဆိုလိုချင်တာကလည်း အခုမိတဲ့အထဲမှာ ကိုယ်တို့နိုင်ငံသားတွေ တစ်ယောက်မှ မပါဘူး။ အဲတော့ နိုင်ငံတကာက စွပ်စွဲတာတွေဟာ ပါးစပ်ထဲမှာ ရှိတာတွေကို လျှောက်ပြောသလို ဖြစ်နေတယ်။ ကိုယ်တို့နိုင်ငံက ဒါတွေကို အကူအညီမပေးသလို ဖြစ်နေတယ်။ အဲလိုပြောတာကို လုံးဝလက်မခံဘူး။ ကိုယ်တို့ဘက်က အတတ်နိုင်ဆုံး လုပ်တယ်ဆိုတာကို အလေးအနက်ထား ပြောချင်တယ်။ ပြည်နယ်အစိုးရ အနေနဲ့ Boat People ကိစ္စမှာ အတတ်နိုင်ဆုံး ထိန်းသိမ်းတယ်။ အခုလည်း လူသားချင်းစာနာသောအားဖြင့် ကိုယ့်နိုင်ငံသား မဟုတ်ပေမယ့် တစ်ဖက်နိုင်ငံသားကို ကယ်တင်စောင့်ရှောက်ထားတယ်။ ပြီးရင် တစ်ဖက်နိုင်ငံကို လွှဲပေးမယ်။

Voice: ဒါဆိုရင် ဘင်္ဂလားဒေ့ရှ်က ထွက်ပြေးလာသူတွေဟာ နိုင်ငံတကာရောက်ရင် သူတို့ဟာ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေပါလို့ ဘာကြောင့် နာမည်ခံတာလို့ ဝန်ကြီးချုပ် ယူဆလဲ။

UMMO: ပြောရရင်တော့ ပွဲစားတွေက ဖမ်းမိလို့ရှိရင် မြန်မာနိုင်ငံကို ပုံချတာပေါ့။ ဘာလို့လဲဆိုတော့ လာသမျှလူကို မြန်မာနိုင်ငံက ရိုဟင်ဂျာပါဆိုပြီး ပွဲစားတွေက ပြောတာဖြစ်သလို ကမ္ဘာက ပုံဖော်နေတာကလည်း မြန်မာနိုင်ငံကို ကောင်းကျိုးတွေ မဖြစ်စေဘဲနဲ့ ဆိုးကျိုးတွေ ဖြစ်စေချင်တဲ့ နိုင်ငံတွေက ပြဿနာဖြစ်တာနဲ့ မြန်မာနိုင်ငံကပဲလို့ စွပ်စွဲတာရှိတယ်။ အဲဒီလို လူတွေကို ရခိုင်ပြည်နယ်ကို ခေါ်ပြီးတော့ Face to Face (မျက်နှာချင်းဆိုင်) ကို ဆွေးနွေးချင်ပါတယ်။ လက်ဆုပ်လက်ကိုင် ပြောဖို့လိုတယ်။ ကိုယ့်စကားကို ကိုယ်တာဝန်ယူဖို့တော့ လိုတာပေါ့။ ဒီကိစ္စတွေမှာတော့ ရခိုင်တိုင်းရင်းသားတွေရဲ့ ဂုဏ်သက္ခာကိုလည်း အကျမခံဘူး။ နိုင်ငံတကာက ပြောဆိုတာလည်း လက်မခံဘူး။ ဥပဒေနဲ့အညီ ကိုယ့်တိုင်းရင်းသားတွေဘက်က ရပ်တည်ပြီး ပြတ်ပြတ်သားသား ကိုင်တွယ်သွားမှာပါ။
ဘင်္ဂါလီ Camp တွေမှာ ရိုဟင်ဂျာ ဆိုတာကို သိပ်မပြောတော့ဘူး။ အစိုးရရဲ့ စေတနာတွေကို ဘင်္ဂါလီ IDP တွေ သိတဲ့အခါမှာ သိပ်မပြောတော့ဘူး။ ဒါပေမဲ့ နောက်ကွယ်မှာရှိတဲ့ သူတွေကို ရိုဟင်ဂျာ ဆိုတာကို ဇောင်းပေးပြီးတော့မှ မဖြစ်ဖြစ်အောင် ဒီမှာရှိတဲ့ IDP တွေကို တွန်းအားပေးနေတယ်လို့ သိရပါတယ်။ ဒီကိစ္စတွေကတော့ ကျယ်ပြန့်ပါတယ်။ ပြည်နယ်အစိုးရ အနေနဲ့တော့ လူသားချင်းစာနာတဲ့ ကိစ္စတွေကို အလေးအနက်ထားလုပ်တယ် ဆိုတာကို သက်သေပြနေပါတယ်။

Voice: လှေစီးသူတွေဟာ ရခိုင်ပြည်နယ်က ထွက်ပြေးလာတယ် ဆိုတာကို ပါးစပ်နဲ့ ပြောနေရုံ မပြီးဘဲ သက်သေခိုင်ခိုင်လုံလုံပြဖို့ လိုတယ်လို့ ဝန်ကြီးချုပ် ဆိုလိုချင်တာလား။ သက်သေပြနိုင်ရင် စိစစ်လက်ခံမှာလား။

UMMO: သူတို့ လျှောက်မပြောနဲ့လေ။ မြန်မာနိုင်ငံက ထွက်လာတယ်ဆိုရင် ဘယ်လိုထွက်တာလဲ။ ဘယ်လိုသက်သေပြမလဲ။ ကိုယ်တို့ဆီကို ပင်လယ်ကူး သင်္ဘောကြီးတွေ ရောက်ဖို့ဆိုတာ အခြေအနေ မပေးပါဘူး။ အဆင့်ဆင့် သွားရတာလေ။ သူဟာသူ ပွဲစားတွေနဲ့ လုပ်တဲ့ကိစ္စ။ ဒုက္ခသည်တွေ အခုမေးမြန်းတဲ့အခါမှာ မြန်မာနိုင်ငံက မှန်ရင်ပြော။ မှန်ရင်တော့ လက်ခံမှာပေါ့။ လူသားချင်းစာနာတယ် ဆိုပြီးတော့ မြန်မာနိုင်ငံမှာအပေါ်မှာ ဘာကြောင့် စာနာစိတ် မရှိတာလဲ။ အဲဒါကြောင့် ဘဝင်မကျဘူး။ နောက်ဆုံးပြောချင်တာတော့ ရခိုင်ပြည်နယ်ကို လာခဲ့ပါ။ ကိုယ်နဲ့တွေ့ပါ။ ဒီမှာရှိတဲ့ ဘင်္ဂါလီ Camp တွေကို လိုက်ကြည့်ပါ။ ပူးပေါင်း ညှိနှိုင်းအဖြေရှာပါ။ အဲလိုမဟုတ်ဘဲနဲ့ ဒီလိုသာ လုပ်နေမယ်ဆိုရင် ရခိုင်ပြည်နယ်ရဲ့ တည်ငြိမ်မှု Progress (တိုးတက်မှု) ကတော့ နှေးနေမှာ။ ကိုယ်တို့ကတော့ အတတ်နိုင်ဆုံး မြန်အောင်လုပ်နေတာ။

Voice: ရခိုင်ပြည်နယ်ကနေ ခိုးထွက်တာတွေ ရခိုင်ပြည်နယ်ကို ခိုးဝင်တာတွေ မရှိအောင် ဘယ်လိုစီမံထားလဲ။

UMMO: စီမံထားတာက အများကြီးပေါ့။ နေ့စဉ် လှေဝင်လှေထွက်တွေ၊ ပင်လယ်ထွက် ငါဖမ်းတာတွေကို စိစစ်တာတွေ ရှိပါတယ်။ ဒီလိုပဲ နယ်ခြားစောင့်ရဲကလည်း နယ်စပ်တစ်လျှောက်မှာ စစ်ဆေးတာတွေ ရှိတာပေါ့နော်။ တပ်မတော် (ရေ) ကလည်း ပင်လယ်ပြင်မှာ တားဆီးပိတ်ဆို့တာတွေ ရှိပါတယ်။ ခိုးဝင်တာကိုလည်း တားဆီးပါတယ်။ ပြန်ထွက်သွားတာကိုလည်း တားဆီးနေတယ်။ သို့သော်လည်း လူကုန်ကူးတဲ့ ပွဲစားတွေရဲ့ စည်းရုံးမှုနဲ့ ဒီမှာမနေချင်ဘဲ သွားတဲ့သူ တချို့တလေလည်း ရှိကောင်းရှိမှာပေါ့။ လွတ်သွားတာမျိုးလည်း ရှိနိုင်တာပေါ့။ ဒါကတော့ သူဘာသူ ဆန္ဒရှိလို့ သွားတဲ့ဟာကိုတော့ မတတ်နိုင်ဘူးပေါ့။ ရဲရဲတင်းတင်း ပြောရဲတာကတော့ ဒီမှာရှိတဲ့ ဘင်္ဂါလီ IDP တွေ အပါအဝင် ဘင်္ဂါလီတွေဟာ ရသင့်ရထိုက်တဲ့ လူသားချင်းစာနာတဲ့ အထောက်အထားကို နိုင်တကာအကူအညီ၊ နိုင်ငံတော်အကူအညီနဲ့ အထောက်အပံ့နဲ့ အပြည့်စုံဆုံး လုပ်ပေးထားတယ်။ ကိုယ် သူတို့ကိုလည်း အမြဲတမ်း ပြောပါတယ်။ IDP ဟာ IDP အခွင့်အရေး ရမယ်။ နိုင်ငံသားအခွင့်အရေး လိုချင်တော့ နိုင်ငံသားဖြစ်အောင် လုပ်။ နိုင်ငံသားဖြစ်အောင် ဆိုရင်တော့ ရိုဟင်ဂျာ စကားလုံးက မလိုဘူး။ ရိုဟင်ဂျာဆိုပြီး နိုင်ငံသားအခွင့်အရေး လိုချင်တယ် ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ရခိုင်ကျေးရွာတွေကို ကြည့်လိုက်လို့ရှိရင် IDP ထက်နိမ့်တဲ့ ကျန်းမာရေးရော၊ တချို့ဆိုရင် အိမ်သာမရှိ၊ ရေမရှိတဲ့ရွာတွေ အများကြီးရှိတယ်။

Voice: မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမရှိဘူး ဆိုတာကို အသိပညာရှင်၊ အတတ်ပညာရှင်တွေနဲ့ ကမ္ဘာကို တင်ပြမယ်ဆိုပြီး Mr. George Soros (အမေရိက ဘီလီယံနာ သူဌေးကြီး) နဲ့ တွေ့ဆုံခဲ့တုန်းက ပြောခဲ့တယ်လို့ ဝန်ကြီးချုပ်က The Voice နဲ့ အင်တာဗျုးတစ်ခုမှာ ပြောဆိုဖူးပါတယ်။ အဲဒီကိစ္စရော ဘယ်လိုဖြစ်နေပြီလဲ ခင်ဗျာ။

UMMO: ရခိုင်တိုင်းရင်းသား ပါမောက္ခ ဒေါက်တာအေးချမ်းတို့နဲ့ တကယ့်ပညာတတ်တွေနဲ့ ဒါတွေကို လုပ်နေတယ်။ နိုင်ငံတကာပညာရှင်တွေနဲ့ ပေါင်းစပ်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့တော့ စီမံနေတာပေါ့။ ဒေါက်တာအေးချမ်း အပါအဝင် ရခိုင်ပညာရှင်တွေ ပြုစုထားတဲ့ အင်္ဂလိပ်လိုရော၊ မြန်မာလိုရော ကမ္ဘာကို ဖြန့်မယ့်စာအုပ်တွေကတော့ ရှိပြီးသားပါ။ သို့သော်လည်း ကိုယ့်အမျိုးသားတွေရေးတဲ့ စာတွေကို နိုင်ငံတကာက လက်မခံတော့ ကိုယ်အမျိုးသားတွေ ရေးတဲ့စာတွေအပြင် တခြားနိုင်ငံတကာအသိပညာရှင်၊ အတတ်ပညာရှင်တွေနဲ့ ထိထိမိမိ။ ဆွေးနွေးတဲ့နေရာမှာ အရေးကြီးတဲ့နေရာမှာ အရေးကြီးတဲ့ လူတွေကို ဆွေးနွေးမှ အရာရောက်မှာကို။ ဒါလေးကတော့ စီမံဆောင်ရွက်နေတယ်လို့ပဲ ပြောပါရစေ။

Voice: ဘယ်အချိန်ကာလမှာ တင်ပြနိုင်မယ်ဆိုတဲ့ သတ်မှတ်ချက်များ ရှိလား။

UMMO: လက်ရှိကတော့ ရွေးကောက်ပွဲကာလတွေမှာ တစ်ခုပြီးတစ်ခု ရခိုင်ကိုပဲ ပြဿနာရှာနေတော့ ကိုယ်တို့မှာလည်း ဒီကိစ္စဘက်ကို တစိုက်မတ်မတ် လုပ်ဖို့ဆိုတာ နည်းနည်းတော့ နှေးတော့ နှေးနေတာပေါ့။ အတတ်နိုင်ဆုံး မြန်မြန်နဲ့ တစ်ဖက်တစ်လမ်းကလည်း ကိုယ်တို့ တိုင်းရင်းသားတွေဘက်က ရရှိမယ့် အခွင့်အလမ်းနဲ့ ရပ်တည်ချက်ကို ပြနိုင်အောင်တော့ ရတဲ့အချိန်မှာ ဆက်လက်ကြိုးစားသွားမှာပါ။


.. https://www.facebook.com/MyanmarExpress
 

ဒီချုပ်သည် ပြည်ထောင်စုပါတီမဟုတ်ပါ

From : ..7day


 အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြည်ထောင်စုပါတီ ဖြစ်သည်ဟု ကြွေးကြော်သံကို အကြောင်းပြုလျက် ဒီချုပ်နှင့် မဟာမိတ်တိုင်းရင်းသားပါတီများ အကြား နိုင်ငံရေးထိခိုက်ပွန်းပဲ့မှု များဖြစ်လာမည်ကို စိုးရိမ်မိသည်။ ၂၀၁၅ ရွေးကောက်ပွဲနှစ်တွင် မဟာမိတ်တိုင်းရင်းသားပါတီများ အနေဖြင့် ဒီချုပ်ကို နိုင်ငံရေးပြိုင် ဘက်အဖြစ် သတ်မှတ်လျက် နိုင်ငံရေးစီးချင်းထိုးလာရမည်ဆို လျှင် ကြောင်းကျိုးလျော်ကန်မည် မဟုတ်ပေ။ ဒီချုပ်အနေဖြင့် ပြည် ထောင်စုပါတီကြွေးကြော်သံကို လျှော့ချလျက် တိုင်းရင်းသားပါတီ များနှင့် ဗျူဟာမြောက်မဟာမိတ် ဖွဲ့ရေးကို ရှေးရှုသင့်သည်။

၂၀၁၅ မေလ ၁၆ ရက်နေ့ တွင် မွန်ပြည်နယ် သထုံမြို့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ‘‘ကျွန်မတို့အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဆိုရင် တချို့က ဗမာ ပါတီလို့ပြောကြပါတယ်။ ကျွန်မ တို့ကတော့ တစ်ခါမှ ဗမာပါတီလို့ မခံယူခဲ့ပါဘူး။ ပြည်ထောင်စု ပါတီ၊ ပြည်ထောင်စုကိုယုံကြည် နေတဲ့ပါတီ။ ဒီပြည်ထောင်စုထဲမှာ တိုင်းရင်းသားများအားလုံး အေး အေးချမ်းချမ်းနဲ့နေနိုင်တယ်။ ချစ် ချစ်ခင်ခင်နဲ့နေနိုင်တယ်ဆိုတာကို ယုံကြည်တဲ့ပါတီဖြစ်ပါတယ်’’ဟု ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ဗမာပါတီလား၊ ပြည် ထောင်စုပါတီလားဆိုသည့် အ ချက်မှာ အငြင်းပွားဖွယ်ဖြစ်သည်။

  ဒီချုပ်ပါတီခေါင်းဆောင် များ၊ ပါတီဝင်များနှင့် လိုလား ထောက်ခံသူများက ပြည်ထောင် စုပါတီအဖြစ် လက်ခံနိုင်သော် လည်း တိုင်းရင်းသားလူမျိုးစုပါတီ များအနေဖြင့်မူ ဒီချုပ်ပါတီကို ပြည်ထောင်စုပါတီအဖြစ် လုံးလုံး အသိအမှတ်ပြုနိုင်ခြေမရှိပေ။ နှစ် ပေါင်းနှစ်ဆယ်ကျော် မဟာမိတ် အဖြစ် လက်တွဲရပ်တည်ခဲ့သော တိုင်းရင်းသားပါတီများနှင့် ခေါင်း ဆောင်များသည်ပင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည် ထောင်စုပါတီအဖြစ် လက်ခံနိုင် ရန် အလှမ်းဝေးဦးမည်ဖြစ်သည်။

တိုင်းရင်းသားခေါင်းဆောင် အများစု၊ တိုင်းရင်းသားနိုင်ငံရေး သမားအများစုနှင့် တိုင်းရင်းသား ပါတီအများစုအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဗမာပါတီ၊မြေပြန့်ပါတီအဖြစ်သာမှတ်ယူကြ သည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဗမာပါတီဟု မခံယူ လင့်ကစား တိုင်းရင်းသားများ ဘက်က ဗမာပါတီအဖြစ် သတ် မှတ်ရသည့်အကြောင်းရင်းများ ကို လေ့လာသုံးသပ်သင့်သည်။ တောင်တန်းဒေသများတွင် ဒီချုပ် ပါတီသည် ဒေသခံတိုင်းရင်းသား ပါတီများနှင့် ချစ်ကြည်ရင်းနှီး သောဆက်ဆံရေးကို တည် ဆောက်လျက် ဖက်ဒရယ် ပြည် ထောင်စု စံချိန်စံညွှန်းများနှင့် အညီ ယုံကြည်မှု၊ နားလည်မှု၊ လေးစားမှုတို့ကို ထူထောင်နိုင်ရန် လိုအပ်နေဆဲဖြစ်သည်။ တောင် တန်းဒေသများတွင် ဒီချုပ်ပါတီ သည် ဒေသခံတိုင်းရင်းသားပါတီ များ အားကောင်းမောင်းသန်ရေး ကို မျက်နှာမူသည့် မိတ်ဖက်ပါတီ ဖြစ်လာမည်ဆိုလျှင် နိုင်ငံရေးအရ ပိုမိုလျော်ကန်သင့်မြတ်မည်ဖြစ် သည်။

ပြည်ထောင်စုကိုယုံကြည် နေသောပါတီ၊ ပြည်ထောင်စု အတွင်း တိုင်းရင်းသားများအားလုံး အေးအေးချမ်းချမ်း၊ ချစ်ချစ်ခင်ခင် နှင့်နေနိုင်သည်ဟုယုံကြည်သော ပါတီဟု နှုတ်မှဖွဖွ ဆိုရုံမျှဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သည် နေ့ချင်းညချင်း ပြည်ထောင် စုပါတီမဖြစ်နိုင်ပေ။ ဒေါ်အောင် ဆန်းစုကြည်နှင့် တိုင်းရင်းသား ခေါင်းဆောင်များအကြား ယုံကြည်မှု၊ လေးစားမှု၊ နားလည်မှုတို့အပေါ်အခြေခံသည့် သူနိုင် ကိုယ်နိုင် အခင်းအကျင်းတစ်ခုကို တည်ဆောက်နိုင်မှသာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် တိုင်း ရင်းသားနိုင်ငံရေးပါတီများ၏ မဟာမိတ်ဗမာပါတီ(သို့မဟုတ်) မြေပြန့်ပါတီအဆင့်ကိုရောက်ရှိ နိုင်မည်ဖြစ်သည်။ ထိုမှတစ်ဆင့် မိတ်ဖက်တိုင်းရင်းသားပါတီများ နှင့်လက်တွဲလျက် မူဝါဒ၊ လမ်း စဉ်၊ လုပ်ငန်းစဉ်များအပေါ် အခြေပြုသည့် တပ်ပေါင်းစုကြီးတစ်ရပ် ကို လွှမ်းခြုံစည်းရုံးဖွဲ့စည်းနိုင်မှ သာ ပြည်ထောင်စုပါတီဆန်ဆန် ခြေဟန်လက်ဟန်စစ်စစ်များကို ရုပ်လုံးပေါ်လာစေမည်ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်ဖြစ်မည်ဆိုပါက အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဝင်ရောက်ယှဉ် ပြိုင်မည့် မဲဆန္ဒနယ်များအားလုံး တွင် နိုင်ငံရေးအရ စီးချင်းထိုးယှဉ် ပြိုင်မည်ဟု သဘောထားထုတ် ပြန်ချက်သည် ပြည်နယ်များတွင် အခြေပြုထားသော တိုင်းရင်းသား နိုင်ငံရေးပါတီများကို နိုင်ငံရေး အရ တပ်လှန့်နှိုးဆော်လိုက်သည့် အသွင်ဆောင်နေသည်။ ဒီချုပ် ပါတီသည် ပြည်နယ်များတွင် အိမ်အပြည့်ဝင်ကစားလာမည်ဆို ပါက အိမ်ရှင်တိုင်းရင်းသားပါတီ များသည် အာဏာရပြည်ခိုင်ဖြိုး ပါတီကိုသာမက ဒီချုပ်ပါတီအား အနိုင်ရရှိရေးကိုလည်း မဖြစ်မနေ ပြင်ဆင်လာကြရမည်ဖြစ်သည်။ သို့ဖြစ်၍ ပြည်ခိုင်ဖြိုးပါတီဝင်ပြိုင် မည့်နေရာတိုင်းတွင် ဒီချုပ်ပါတီ ဝင်ပြိုင်မည်ဆိုသောကြွေးကြော် သံသည် ဒီချုပ်ပါတီနှင့် တိုင်းရင်း သားပါတီများအကြားသာမက ဒီချုပ်ပါတီနှင့် မဟာမိတ်တိုင်းရင်း သားပါတီများအကြား နိုင်ငံရေး ထိပ်တိုက်တွေ့မှုများနှင့် နိုင်ငံရေး စီးချင်းထိုးမှုများဆီ မဖြစ်မနေ ဦးတည် လာစေနိုင်မည်ဖြစ်သည်။

 တိုင်းရင်းသားပါတီများ သည် ပြည်နယ်များတွင် အိမ်ရှင် ပါတီများဖြစ်သည့် အချက်ကို လည်း ဒီချုပ်ပါတီအနေဖြင့် အ လေးအနက် ထည့်သွင်းစဉ်းစား ရမည်ဖြစ်သည်။ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်သည် အကယ် စင်စစ် ပြည်နယ်နိုင်ငံရေးတွင် ဧည့်သည်သာဖြစ်သည်။ လက် ငင်းနိုင်ငံရေးလိုအပ်ချက်များအရ ဒီချုပ်ပါတီအနေဖြင့် ပြည်နယ် မဲဆန္ဒနယ်များတွင် အနိုင်ရရှိရေး ကိုရှေးရှုသည်ဆိုလျှင် တိုင်းရင်း သားနိုင်ငံရေးပါတီများနှင့်ညှိနှိုင်းလျက် မဟာမိတ်ပြုကာရှောင်ပေး သည့်နည်းလမ်းသော်လည်း ကောင်း၊ တိုင်းရင်းသားပါတီများ နှင့် ညှိနှိုင်းလျက် မဲဆန္ဒနယ်ခွဲဝေယှဉ်ပြိုင်သည့် နည်းလမ်းသော်လည်းကောင်းတစ်ခုခုကို ပြတ် ပြတ်သားသား ဆုံးဖြတ်လျက် ဆောလျင်စွာကျင့်သုံးရမည်ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ဥက္ကဋ္ဌဒေါ်အောင်ဆန်း စုကြည်ခေါင်းဆောင်သည့် တိုင်း ရင်းသားအဖွဲ့အစည်းများနှင့် ဆက်ဆံရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားပြီးဖြစ်လင့်ကစား ဒီချုပ်ပါတီ၏ တိုင်းရင်းသားပါတီ များနှင့်ဆက်ဆံရေးသည် ဟန် ချက်ပျက်လျက်ရှိနေသည်မှာ သိ သာမြင်သာသည်။ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်အနေဖြင့် တိုင်း ရင်းသားလူမျိုးစုများအရေးနှင့် ပတ်သက်၍ ကျယ်ပြန့်ပြီး အသေး စိတ်ကျသော မူဝါဒလမ်းစဉ်တစ် ရပ်ကို ရေးဆွဲချမှတ်အကောင် အထည်ဖော်နိုင်ခြင်း မရှိသေး သည်မှာလည်း တိုင်းရင်းသား နိုင်ငံရေးတွင် ဟာကွက်ကြီးဖြစ် နေဆဲဟု ကောက်ချက်ပြုနိုင် သည်။
 

.. https://www.facebook.com/MyanmarExpress
 

လှေစီးပြေး ဒုက္ခသည်တွေ သြစတေးလျ လက်ခံမည်မဟုတ်

From : .. VOA


သြစတြေးလျား နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေကို အခြေချ နေထိုင်ခွင့်ပေးမှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ် Tony Abbott ကပြောကြား လိုက်ပြီး နိုင်ငံရေး ခိုလှုံခွင့်တောင်းခံဖို့ လှေတွေနဲ့ လာရောက်သူတွေကို သြစတြေးလျား နိုင်ငံ လို အနောက်နိုင်ငံတခုမှာ ဘဝသစ်ထူထောင်ဖို့ အခွင့်ပေးမှာ မဟုတ်ကြောင်းလည်း သတိပေးလိုက်ပါတယ်။

အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ ကမ်းတွေကို ထောင်နဲ့ ချီပြီး ရောက်လာတဲ့ ဘင်္ဂလာဒက်ရှ် နိုင်ငံသားတွေနဲ့ မြန်မာ နိုင်ငံမှာ အဖိနှိပ် အနှိပ်စက်ခံရလို့ ထွက်ပြေးလာတယ်လို့ ဆိုတဲ့ ရိုဟင်ဂျာ တွေကို သြစတြေးလျား နိုင်ငံက အခြေချ နေထိုင်ခွင့် ပေးဖို့ ရှိမရှိ မေးမြန်းချက်ကို မစ္စတာ Abbott က လက်မခံကြောင်း ဒီကနေ့ပဲ ပြောကြားခဲ့တာပါ။

အင်ဒိုနီးရှားနိုင်ငံ Aceh ပြည်နယ်မှာ ကမ်းပေါ်ခေါ်တင်ခဲ့တဲ့ ရွေ့ပြောင်းအခြေချသူ ၄၀၀ ကျော်ရဲ့ အခြေနေဟာ သိပ်ကိုဆိုးဝါးနေတယ်လို့ IOM နိုင်ငံတကာ အရွှေ့ပြောင်း အခြေချသူများ အရေး ဆိုင်ရာ ဆောင်ရွက်နေတဲ့ အဖွဲ့ပြောခွင့်ရ Joe Lowry က ပြောကြားနေချိန်မှာပဲ မစ္စတာ Abbottက အခုလို ပြောကြားလိုက်တာပါ။

ဒီ ရွှေ့ပြောင်းအခြေချသူတွေဟာ ပင်လယ်ပြင်မှာ လနဲ့ ချီနေခဲ့ရတာမို့ မျှော်လင့်ထားတဲ့အတိုင်း အခြေနေက ဆိုးဝါးနေပေမယ့် သူတို့ထဲက သေဆုံးသူတော့တယောက်မှ မရှိ ဘူးလို့ပြောပါတယ်။
သူတို့ဟာ Aceh ပြည်နယ်ထဲက လူသူအရောက်အပေါက်နဲတဲ့ နေရာကို မနေ့က ဗုဒ္ဓဟူးနေ့မှာ ရောက်လာတာလာ ဖြစ်ပါတယ်။

 

.. https://www.facebook.com/MyanmarExpress
 

လှေစီးပြေးဘင်္ဂလီများ ရခိုင်ကထွက်လာဟု ဘီဘီစီ ပြောင်လိမ်

From : .. Ye Htut


ဘီဘီစီ( မြန်မာ) သတင်းမှာ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ သတင်းထဲမှာ ပါတဲ့ လှေပေါ် ပါတဲ့ လူနှစ်ရာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လာတာဖြစ်တယ်ဆိုတဲ့အချက်နဲ့ လူမှောင်ခိုလှေ ဘယ်နေ့ မှာ ဘင်္ဂလားဒေ့ရှ်က ထွက်တယ်၊ ဘယ်နေ့မှာ ထိုင်းကမ်းခြေက နေပြန်လှည့်လာတယ်ဆိုတဲ့ အချက်တွေ တစ်ခုမှမရေးပဲနဲ့ ရခိုင်ပြည်နယ်က ထွက်လာသလိုလို လှည့်ပတ်ရေးထားပါတယ်။

ကျွန်တော်တို့ သတင်းမှာ ဘင်္ဂလားဒေ့ရှ်ကလာပါတယ်လို့ အတိအကျ ရက်စွဲ၊နေရာများနဲ့ ရေးထား တာတောင် xx မြန်မာပြန်ကြားရေးဝန်ကြီးဌာန ရဲ့ အင်တာနက်စာမျက်နှာမှာတော့ စက်လှေပေါ် ပါသူအများစုဟာ ဘင်္ဂါလီတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ မြန်မာအစိုးရက ရိုဟင်ဂျာ မူဆလင်တွေကို ဘင်္ဂါလီတွေလို့သာ သုံးနှုန်းခေါ်ဆိုလေ့ရှိပါတယ်xxxဆိုပြီး မလိမ့်တပတ်ရေးထား ပါသေးတယ်။


ဒီလို ရေးသားချက်မျိုးကို အင်တာနက်ပေါ်မှာရော၊ ပုံနှိပ်စာမျက်နှာများမှာရော ၀ိုင်းဝန်း တုန့်ပြန် ဖြေရှင်းသင့်တယ်လို့ထင်ပါတယ်။


ဘီဘီစီမှာ ၀င်လုပ်နေတဲ့ ပြည်တွင်းက မီဒီယာ ဆရာကြီးတွေရော မကန့်ကွက်တော့ဘူးလား မသိပါ။


ဘီဘီစီ၏ မြန်မာတိုင်းရင်းသား လူထုအပေါ် ယုတ်မာမှုများအား http://www.myanmarexpress.net/search/label/%E1%80%98%E1%80%AE%E1%80%98%E1%80%AE%E1%80%85%E1%80%AE%20%E1%80%80%E1%80%AF%E1%80%AD%20%E1%80%A1%E1%80%AC%E1%80%B8%E1%80%B1%E1%80%95%E1%80%B8%E1%81%BE%E1%80%80%E1%80%95%E1%80%AB%E1%80%90%E1%80%9A%E1%80%B9  တွင် ဆက်လက်ဖတ်ရှုနိုင်သည်။

.. https://www.facebook.com/MyanmarExpress
 

သာကေတ မြန်မာ-ကုလား အဓိကရုဏ်း

From : .. Bwar Daw Yu

ဧပြီလ ၄ ၂၀၁၅ ရန်ကုန်

ရန်ကုန်တိုင်းသာကေတမြို့ အနော်မာရပ်ကွက် လမ်းသစ် ၂လမ်းတွင်
၂၉. ၃. ၂၀၁၅ရက်နေ့ ည ၇နာရီ ခန့် ၌ မွတ်ဆလင်ကုလား လူငယ်များမှ ပုလင်းတွေကို လမ်းပေါ်တွင်ရိုက်ခွဲပြီး ဖြန့် ထားပါသည်။

အနီးတွင် အသုတ် အအေး ကော်ဖီရောင်းသည့် ဆိုင်မှ မောင်မင်းမင်းဇော်က ညီလေးတို့  မင်းတို့ အဲ့ဒီလို လုပ်တဲ့အခါကျတော့ လမ်းသွားလမ်းလာတွေ ဆူးရှ ကုန်မယ်
ဒီနေရာမှာ ငါ့ကလေးတွေ ရှိတယ် သူတိုတွေကိုလဲဆူးရှ ကုန်မယ် မင်းတို့ အတွက်လဲဘာမှ အကျိုးမရှိဘူးလို့  ပြောပြတော့ မူဆလင်ကုလားတွေက ခင်ဗျားက ဆရာကြီးလား ဘာလားဆိုပြီး ပြသနာ စရှာတော့တယ်…

ဒီလိုစကားများနေတဲ့အချိန်မှာ ဘေးက အမြင်မတော်တဲ့လူကြီးက
အဲ့ဒီကုလားတွေကို ဆုံးမပြီး ပြန်လွတ်လိုက်ပါတယ်။ ဒါကိုမကျေနပ်လို့  နောက်တနေ့ ကုလားလူမိုက်တွေကို လွတ်ပြီး ဆိုင်ထဲက လင်မယားနှစ်ယောက်ကို အုတ်ခဲနဲ့ စထုတယ် နောက်ထပ် အသင့်ယူဆောင်လာတဲ့ ဂဝံကျောက်နဲ့ထပ်ထုတယ် ။ ပြီးတော့ ကုလားတစ်ယောက်က ချုပ်ပေးပြီး နောက်တယောက်က ဓါးနဲ့လည်ဂုတ်ကို ခုတ်ဖြတ်ပါတယ် ။
ကိုယ်ဝန်နဲ့ အမျိုးသမီးကိုလဲ ဓါးနဲ့လိုက်ခုတ်ပြန်တယ် ဘေးကလူးက ကြားထဲကနေ ဝင်ခံပေးလိုက်တော့ ကိုယ်ဝန်နဲ့အမျိုးသမီးကလွတ်သွားပြီ
သူကတော့ လက်မ တစ်ချောင်း ဓါးနဲ့ခုတ်ခံရပြီးပျက်သွားပါတယ်။

မူဆလင်ကုလားတွေဖြစ်တဲ့ ဇော်မင်းနိုင် ကျော်နိုင်ဦးအစ္စလာမ် (ခ)
လွင်မိုး နှင့်စွာလေးဆို တဲ့ တရားခံ ၄ယောက်အနှက် ဇော်မင်းနိုင်နဲ့စွာလေးကိုတော့ ဖမ်းမိထားပြီဖြစ်ကြောင်း ဓါနဲခုတ်သတ်ခံရတဲ့ ရွှေမြန်မာ နှစ်ယောက်ကတော့ တစ်ဦးက အာရုံကြော ၅ချောင်းအနှက် ၃ချောင်းပျက်သွားပြီ ၁၅ချက်မက ချုပ်လိုက်ရကြောင်းနှင် တစ်ဦးကတော့ လက်မတစ်ဖက် ပျက်သွားကြောင်းသိရှိရပါသည်။

ကဲကမ္ဘာကြီးက လူနဲစုပါဆိုတဲ့ မူဆလကုလားတွေရဲ့  လုပ်ရပ်ကို ကြည့်လိုက်ပါအုံး…

.. https://www.facebook.com/MyanmarExpress
 

ကုလနှင့် အမေရိကန် ဖိအားကြောင့် လှေစီးပြေး ၂၀၀ ကျော် မြန်မာကယ်တင်ထားသော်လည်း ဘင်္ဂလားဒေ့ရှ်သို့ အကုန်ပြန်ပို့မည်

From : .. VOA


လှေစီးပြေး ဒုက္ခသည်တွေ နဲ့ ပတ်သက် လို့ ဒေသတွင်း ဂယက် ရိုက်ခတ်မူတွေ ရှိနေ စဉ် မှာပဲ မြန်မာနိုင်ငံ မောင်တောမြို့အနီး မြန်မာ့ရေပိုင်နက်ထဲမှာ လူ၂၀၀ကျော် ပါဝင်တဲ့ လူကုန်ကူးတဲ့လှေ ၂စင်းကို မြန်မာရေတပ်က ဖမ်းဆီးမိ ခဲ့ပါတယ်။ ဖမ်းမိသူတွေကို ကနဦး စစ်ဆေးချက်အရ ဘင်္ဂလားဒေရှ်နိုင်ငံ သားတွေဖြစ် လို့ သူတို့ကို နေရပ်ရင်းနိုင်ငံပြန်ပို့ ပေးမယ်လို့ မြန်မာနိုင်ငံက ဆိုပါတယ်။ ဒီအကြောင်း အသေးစိတ် ထိုင်းနိုင်ငံ အခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

လူကုန်ကူး ခံရသူ ဘင်္ဂလားဒေရှ့်နိုင်ငံသား ၂၀၀ကျော် ပါဝင်တဲ့လှေကြီးတစင်းနဲ့ စာနပ်ရိက္ခာတွေ သယ်ဆောင်ပေးတဲ့လှေငယ် တစီးကို မြန်မာရေ ပိုင်နက် မောင်တောမြို့နယ် အတွင်းမှာ မြန်မာ့ရေတပ်က ဖမ်းဆီးမိခဲ့တာပါ။ သူတို့တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဖြစ်တယ်လို့ သမ္မတ ရုံးညွန်ကြားရေးမှူး ဦးဇော်ဌေးက ဆိုပါတယ်။

"မောင်တော သင်္ဘောကွေ့ကျေးရွာ ရေမိုင်(၄)မိုင် ကင်းလှည့်နေတဲ့အချိန် ကျနော်တို့ တပ်မတော်ရေယာဉ် စစ်ရေယာဉ်အမှတ် (၅၆၈) ကနေပြီးတော့ မိတာဗျ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၂၀၈) ဦး။ အဲ့တာကို သူတို့ ကနဦး စစ်ဆေးချက်အရဆိုရင် ဒီစက်လှေက ပိုင်ရှင်က ထိုင်းနိုင်ငံ ရနောင်းက။ သူတို့ကို မေးကြည့်လိုက်တော့ အဲ့ဒီ့မှာ စစ်လိုက်တော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၂၀၈)ဦးပါတယ်။ အသက် (၁၄)နှစ်က ဆယ်ဦးလောက်ရှိတယ်။ ကျန်သူတွေက အသက် ၃၀နဲ့ ၄၀ ကြားရှိတယ်။ အဲ့ဒီ့လူတွေက ဘယ်ကလာသလဲဆိုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘာဇားပေါ့ စစ်တကောင်း၊ ဒါကာမြောက်ခြမ်း မှာ နေတဲ့ သူတွေဖြစ်တယ်ဆိုတာ သိရတယ်။ အဲ့မှာ လှေပေါ့ သင်္ဘော Crew က ၉ယောက် ၊ စကားပြန် ဘင်္ဂလီက ၂ ယောက်၊ စုစုပေါင်း (၂၁၉)ယောက်၊ ဒါက လူမှော်ခို လှေပေါ့။ လူမှောင်ခိုလှေမှာပါတဲ့သူ။

နောက် ကျန်တဲ့လှေမှာ ပါတဲ့သူ တစင်းက ပါသေးတယ်။ အဲ့ဒီ့လှေမှာကျတော့ ဘင်္ဂလီ ၁ယောက် လှေ Crew က ၈ယောက်ပါတယ်။ အဲ့ဒီ့လှေ ၉ယောက်ကကျတော့ ခုနကပြောတဲ့ ပင်မ လူမှောင်ခို စက်လှေကို ရိက္ခာ လိုက်ပို့တာလို့ ပြောတယ်ပေါ့နော်။ ဒုတိယလိုက်ပို့တဲ့ စက်လှေ၊ ရိက္ခာလိုက်ပို့တဲ့ စက်လှေက အခုစစ်ဆေးချက်အရပေါ့နော်။ မြိတ်မြို့က ကိုခိုင်ဆိုတဲ့ ပိုင်ရှင်ရဲ့ လှေဖြစ်တယ်ပေါ့နော်။ "

လှေစီးပြေးဒုက္ခသည်တွေ ကိုတင်ဆောင်လာတဲ့ လှေဟာ ၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံတွေကို သွားကြဖို့ပြင်ဆင်ထားပေမဲ့ အဖမ်းအဆီး အစစ်ဆေးတွေ များတဲ့ အတွက် ဧပြီလ ၈ရက်နေ့က ရနောင်းမြို့က နောက်ကြောင်းပြန် ထွက်ခွါလာခဲ့ပြီး ဘင်္ဂလားရေပိုင်နက်မှာ ရပ်နားကာ မေလ ၂၁ရက်နေ့ မှာတော့ မြန်မာ့ရေပိုင်နက်ထဲမှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။ လှေပေါ်မှာ ပါလာတဲ့သူတွေကိုတော့ ရသေ့တောင်မြို့နယ်ထဲမှာ ထားပြီး အစား အသောက်ရေး နဲ့ ကျန်းမာရေး စောင့်ရှောက်မူပေးကာ မူလ လာရင်းနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်ပို့ပေးမှာဖြစ်တယ်လို့ ဦးဇော်ဌေးကဆိုပါတယ်။

"ကျနော်တို့ ဘင်္ဂလားဒေ့ရှ်ပြန်ပို့မှာပေါ့။ သူတို့ရဲ့ Country of Origin ပေါ့  မူလဌာနေနိုင်ငံကို ပြန်ပို့ရမှာ။"

လှေ၂စီးအနက် လူအများကို တင်လာတဲ့ လှေကို ရနောင်းမြို့က ထိုင်းလူမျိုး တဦး ပိုင်ဆိုင်ပြီး လှေငယ် တစီးကတော့မြန်မာနိုင်ငံမြိတ်မြို့က မြန်မာနိုင်ငံသားတဦး ပိုင်ဆိုင်တဲ့လှေဖြစ်ကြောင်း ကနဦးစစ်ဆေးချက်တွေအရ သိရတယ်လို့ ဆိုပါတယ်။

ဒီထဲမှာ မြန်မာနိုင်ငံသားတွေ ပါမပါ ဆက်လက်စစ်ဆေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလှေတွေဟာ မေလ ၂၀ရက်နေ့ကတော့ ဘင်္ဂလားဒေရှ်နိုင်ငံ အပိုင် အုန်းကျွန်းနဲ့ ၄မိုင်အကွာလောက်မှာ ရပ်နားထားပြိး နောက် အစစ်ဆေးတွေများတဲ့ အတွက် ထွက်ခွါလာရင်းနဲ့ မြန်မာရေပိုင်နက်ထဲမှာ တွေရှိခဲ့ရတာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်း ထုတ်ပြန်ချက် အရ မြန်မာရေပိုင်နက် ထဲမှာ လူကုန်ကူးခံရသူတွေကတွေ့ရှိရင် ရှာဖွေ ကယ်ဆယ်ပေး သွားမှာဖြစ်ကြောင်းနိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက် မှာဖြစ်ကြောင်းပြောဆိုထားပါတယ်။
 


.. https://www.facebook.com/MyanmarExpress
 

ရိုဟင်ဂျာပြဿနာနှင့် ထောင်ချောက်မိ မြန်မာပြည် (အပိုင်း-၃)



လှေစီးပြေး ဘင်္ဂါလီကိစ္စကို မြန်မာဘက်သို့ လက်ညိုးထိုးနေကြသော်လည်း Al Jazeera သတင်းဌာနမှ ရိုက်ကူးထားသော ဗွီဒီယိုသတင်းတစ်ခုတွင် လှေစီးပြေးရိုဟင်ဂျာတစ်ဦးက ၎င်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ့်သို့ ပြန်ချင်ကြောင်း ပြောဆိုထားသည်။

“ကျွန်တော့်မှာ ပိုက်ဆံမရှိပါဘူး၊ ကျွန်တော်တို့က ဆင်းရဲပါတယ်။ ကျွန်တော်တို့က မွတ်ဆလင်တွေပါ။ ကျွန်တော်တို့ကို ကယ်ပါ။ ကျွန်တော်တို့ ဘင်္ဂလားဒေ့ရှ်ကို ပြန်ချင်ပါတယ်။ ကျွန်တော်တို့ ဘင်္ဂလားဒေ့ရှ်က လာတာပါ။” ဟု ဘင်္ဂါလီတစ်ဦးမှ အင်္ဂလိပ်စကားဖြင့် ငိုကြွေးရင်း ပြောဆိုထားသည်။     


ဘင်္ဂါလီ (ရိုဟင်ဂျာ) ကိစ္စနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသို့ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် များ နှစ်စဉ်လာရောက်ခဲ့ကြပြီး ရိုဟင်ဂျာများကို မြန်မာနိုင်ငံသားအဖြစ် လက်ခံပေးရန် မြန်မာအစိုးကို ဖိအားပေးထားသည်။ သို့သော် မြန်မာသမ္မတ ဦးသိန်းစိန်မှ ဘင်္ဂါလီ (ရိုဟင်ဂျာ) များကို မြန်မာနိုင်ငံသားအဖြစ် လက်မခံကြောင်းနှင့် UNHCR မှ လက်ခံလျှင် တတိယနိုင်ငံများသို့ ပို့ပေးမည်ဖြစ်ကြောင်း ပြောဆိုထားသည်။


ရခိုင်ပြည်နယ်ရှိ သမိုင်းပါမောက္ခတစ်ဦးမှလည်း ရိုဟင်ဂျာဟူသော စကားလုံး မြန်မာ့သမိုင်းတွင် မရှိကြောင်း၊ တိုင်းရင်းသား ၁၃၅ မျိုးတွင် ရိုဟင်ဂျာမရှိကြောင်း၊ တိုက်တွန်းနေသူများအနေနဲ့ ၎င်းတို့နိုင်ငံများသို့ ခေါ်ထားသင့်ကြောင်း ယခုလိုပြောသည်။ 


“ရိုဟင်ဂျာဆိုတာ မြန်မာ့သမိုင်းမှာ မရှိခဲ့ဘူး။ ၁၉၈၅ နောက်ပိုင်းမှ ဘင်္ဂါလီတွေက သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ သတ်မှတ်လာတာ။ ဒီကနေ့တိုင်းရင်းသား ၁၃၅ မျိုးမှာလည်း ရိုဟင်ဂျာမပါဘူး.. ဒါကို အတင်း နိုင်ငံသားပေးခိုင်းနေတဲ့ လူတွေကိုပြောချင်တယ်။ အဲ့လောက်သနားနေကြရင်၊ အဲ့လောက်ချစ်နေကြရင် ခင်ဗျားတို့နိုင်ငံတွေဆီ ခေါ်ထားလိုက်ကြပါ..” ဟု ဆိုသည်။ 


ရိုဟင်ဂျာပြဿနာသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက ဘင်္ဂါလီများနှင့် လူပွဲစားများ ပေါင်းကာ စနစ်တကျဖန်တီးခဲ့သော ထောင်ချောက်တစ်ခုဖြစ်ပြီး ယနေ့အချိန်တွင် မြန်မာနိုင်ငံသည် ယင်း ထောင်ချောက်အတွင်းမှ ပြန်လည်လွတ်မြောက်ရေး ခက်ခက်ခဲခဲပြန်လည် ကြိုးစားရမည်ဖြစ်ကြောင်း သမိုင်း သုတေသီများက ထောက်ပြထားသည်။
 

ဒေါက်တာမျိုးချစ်
.
. https://www.facebook.com/MyanmarExpress
 

ဒီချုပ်နဲ့ လမ်းခွဲရှင်းတမ်း (၃)


၁။ NLD ပါတီဝင်များသည် အထက်ဖား၊ အောက်ဖိ အမြော်အမြင်နည်းသူများဖြစ်သောကြောင့်

၂။ NLD ပါတီဝင်များသည် အရက်ရောင်းသူများဖြစ်သောကြောင့်

၃။ NLD ပါတီ ဥက္ကဌများသည်  လောင်းကစားဒိုင်များဖြစ် နေသောကြောင့်

၎။ NLD ပါတီ ဥက္ကဌနှင့် အတွင်းရေးမှူးများသည် အုပ်စုဖွဲ့ အနိုင်ကျင့်သူများဖြစ်သောကြောင့်

၅။ ဗိုလ်ချုပ် ရာပြည့် အကြောင်းပြက စီးပွားဖြစ် အလှူငွေကောက်ခံနေသောကြောင့်
 



ယခင် လမ်းခွဲရှင်းတမ်းများအားလုံးကို http://www.myanmarexpress.net/search/label/%E1%80%92%E1%80%AE%E1%80%81%E1%80%BA%E1%80%B3%E1%80%95%E1%80%B9%E1%80%94%E1%80%B2%E1%82%95%20%E1%80%9C%E1%80%99%E1%80%B9%E1%80%B8%E1%80%81%E1%80%BC%E1%80%B2%E1%80%9B%E1%80%BD%E1%80%84%E1%80%B9%E1%80%B8%E1%80%90%E1%80%99%E1%80%B9%E1%80%B8
  တွင် ဆက်လက်ဖတ်ရှုနိုင်သည်။

.. https://www.facebook.com/MyanmarExpress
 

NLD အား အမျိုးသား သစ္စာဖောက်အဖြစ် ဆရာတော်ကြီးများ ကြေညာ

From : .. ရှမ်းမြောက် မဘသ

 
အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(ပြည်နယ်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
စာအမှတ်-၆/ရှမ်းမြောက်/၂၀၁၅
ရက်စွဲ-၂၀၁၅ခုနှစ်မေလ(၂၂)ရက်
သဘောထားကြေညာချက်(၆/၂၀၁၅)

၁။နိုင်ငံတော်အတွက် ပြည်သူ့အတွက်ဆိုသော ပါတီအသီးသီးတို့က နိုင်ငံတော်လုံခြုံရေး အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်နေသော ဘင်္ဂါလီကုးဆိုးသောင်းကျန်းများကို မြန်မာနိုင်ငံမှလက်ခံပေးရန် မြန်မာအစိုးရအား တစ်ဖက်သတ်ဖိအားပေးနေချိန်တွင် နှုတ်ဆိတ်နေကြခြင်းကို ပြင်းထန်စွာရှုတ်ချသည်။

၂။လှေစီးဒုက္ခသည်ဘင်္ဂါလီများကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ၏ပြောရေးဆိုခွင့်ရ ဦးဥာဏ်ဝင်း၏ ပြောကြားမှုသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံတော်နယ်နိမိတ်တည်တံ့ခိုင်မြဲရေးနှင့် အချုပ်အခြာ ဏာတည်တံ့ခိုင်မြဲရေးတို့ကို ထိပါးစော်ကားနေသည့် ဘင်္ဂါလီကုလားဆိုးသောင်းကျန်းများကို အားပေးအားမြှောက်ပြုလုပ်ခြင်း သူခိုးဓားရိုးကမ်းခြင်း နိုင်ငံသစ္စာမစောင့်သိခြင်းတို့သာဖြစ်သောကြောင့် အမျိုးသားသစ္စာဖောက်အဖြစ်သတ်မှတ်ကြောင်း အတိအလင်းကြေညာသည်။

၃။ လှေစီးဒုက္ခသည်ဘင်္ဂါလီကုလားဆိုးသောင်းကျန်းများကို မြန်မာအစိုးရမှလက်ခံရန် ဝင်ရောက်စွက်ဖက် ဖိအားပေးနေသည့် ပြည်ပနိုင်ငံကြီးများ၏လုပ်ရပ်ကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ရဟန်းရှင်လူ ပြည်သူအားလုံးက ဝိုင်းဝန်းကန့်ကွက်ရှုတ်ချသွားကြရန် တိုက်တွန်းနှိုးဆော်သည်။

၎။ လှေစီးဒုက္ခသည်ဘင်္ဂါလီကုလားဆိုး သောင်းကျန်းများအား မြန်မာအစိုးရမှလက်ခံရန် ဖိအားပေးနေသော ပြည်ပနိုင်ငံကြီးများ၏လုပ်ရပ်သည် ပြည်ထောင်စုသမ္မမြန်မာနိုင်ငံတော်အတွင်း လူမျိုးရေးပဋိပက္ခ ဘာသာရေးပဋိပက္ခများထပ်မံ ဖြစ်ပွားအောင်လှုံ့ဆော်ခြင်းသာဖြစ်ပြီး ယင်းကဲ့သို့လုပ်ဆောင်ခြင်းကို အတိအလင်းဝိုင်းဝန်း ကန့်ကွက်ရှုတ်ချကြသော မည်သည့်ပါတီ အဖွဲ့အစည်းနှင့်မဆို တူညီသောဆန္ဒရှိကြောင်း သဘောထားကြေညာချက်ထုတ်ပြန်လိုက်သည်။
အရှင်အင်္ကုရ
ဥက္ကဋ္ဌ
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့
(ပြည်နယ်)ရှမ်း/မြောက် လားရှိုး

.. https://www.facebook.com/MyanmarExpress
 

ပင်လယ်ထဲ တွေ့သမျှ ဘင်္ဂလီတွေကို မြန်မာနိုင်ငံက လာပါတယ်လို့ မျက်စိစုံမှိတ်ပြောနေသူ များ အတွက်

From : .. Ye Htut

ပင်လယ်ထဲ တွေ့သမျှ ဘင်္ဂလီတွေကို မြန်မာနိုင်ငံက လာပါတယ်လို့ မျက်စိစုံမှိတ်ပြောနေသူ များ အတွက်
ရခိုင်ပြည်နယ်မငြိမ်းချမ်းလို့ ထွက်ပြေးတာလား၊ လူမှောင်ခိုလားဆိုတာ စဉ်းစားနိုင်ဖို့ပါ။
--------------------------------------------------------------------------------------

စက်လှေပေါ်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား (၂၀၈)ဦးပါရှိရာ အသက် ၁၄ နှစ်ခန့် ၁၀ ဦးခန့်နှင့် ကျန်လူများမှာ အသက် ၃၀နှင့် ၄၀ ကြားဖြစ်ကြောင်း၊ ၎င်းတို့မှာ ကော့ဘဇား၊ စစ်တကောင်း၊ ဒါကာမြောက်ခြမ်းတွင် နေထိုင်သူ များ ဖြစ်ကြောင်း၊ လှေသမား(၉)ဦးနှင့် စကားပြန် ဘင်္ဂလီ (၂)ဦး ပါဝင်ပြီး စုစုပေါင်း (၂၁၉)ဦး ပါဝင်ကြောင်း၊


 
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ထွက်ခွာလာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ ပါသည့် စက်လှေတစ်စီးနှင့် အခြားစက်လှေတစ်စီးအား မြန်မာ့ရေပိုင်နက်တွင် ဖမ်းဆီးရမိ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®

မောင်တော၊ မေ ၂၂

မေလ(၂၁)ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်ခန့်တွင် မောင်တောမြို့နယ်၊ သင်္ဘောကွေ့ကျေးရွာ အနောက်ဘက် ရေမိုင်(၄)မိုင်ခန့်အကွာ ပင်လယ်ပြင်၌ တပ်မတော်စစ်ရေယာဉ်အမှတ်(၅၆၈)မှ နယ်မြေလုံခြုံရေးတာဝန် ထမ်းဆောင်နေစဉ် ဘင်္ဂလီလူမျိုး(၂၀၀)ခန့် တင်ဆောင်လာသော စက်လှေ တစ်စီးနှင့် လူလိုက်ပါခြင်းမရှိသော စက်လှေတစ်စီးတို့ကို စစ်ဆေးတွေ့ရှိ သဖြင့် ထိမ်းသိမ်း ခေါ်ဆောင် ခဲ့ရာ အငူမော်ကျေးရွာသို့ မေလ(၂၂)ရက်နေ့ နံနက် ၂နာရီခွဲခန့်တွင် ရောက်ရှိပြီး သက်ဆိုင်ရာသို့ လွှဲပြောင်းအပ်နှံခဲ့သည်။

သက်ဆိုင်ရာမှ စစ်ဆေးရာ လူများတင်ဆောင်လာသော စက်လှေမှာ အလျား(၈၀)ပေ၊ အနံ(၂၀ . ၅) ပေ၊ ရေစူး (၆)ပေ၊ အင်ဂျင် (EK-100) မြင်းကောင်ရေ (၁၅၀)တပ် တံကေးစက်လှေဖြစ်ပြီး ပိုင်ရှင်မှာ ထိုင်းနိုင်ငံ ရနောင်းမြို့နေ အုမင့် ဆိုသူဖြစ်ကြောင်း၊ ရနောင်းမြို့မှ ဧပြီလ (၈)ရက်နေ့တွင် ထွက်ခွာခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေပိုင်နက်ကို ဧပြီလ(၁၃) ရက်နေ့တွင် ရောက်ရှိပြီး ဧပြီလ(၂၀)ရက်နေ့မှစ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေပိုင် နက် အုန်းကျွန်း အနောက်ဘက် (၄)မိုင်ခန့်အကွာတွင် ရပ်တန့်ထား ခဲ့ ကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများမှ လှေငယ်များဖြင့် စက်လှေသို့ အဖွဲ့လိုက် ရောက်ရှိခဲ့ကြောင်း၊ အုန်းကျွန်းမှ ပြန်လည်ထွက်ခွာခဲ့ပြီးနောက် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား တို့တွင် ပင်လယ်ပြင် စစ်ဆေးမှုများ ရှိနေသဖြင့် မေလ(၁၅)ရက်နေ့တွင် နောက်ကြောင်း ပြန်လှည့် မောင်းနှင်လာစဉ် မြန်မာ့ ရေပိုင်နက်သို့ ရောက်ရှိပြီး ယခုကဲ့သို့ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း၊ စက်လှေပေါ်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား (၂၀၈)ဦးပါရှိရာ အသက် ၁၄ နှစ်ခန့် ၁၀ ဦးခန့်နှင့် ကျန်လူများမှာ အသက် ၃၀နှင့် ၄၀ ကြားဖြစ်ကြောင်း၊ ၎င်းတို့မှာ ကော့ဘဇား၊ စစ်တကောင်း၊ ဒါကာမြောက်ခြမ်းတွင် နေထိုင်သူ များ ဖြစ်ကြောင်း၊ လှေသမား(၉)ဦးနှင့် စကားပြန် ဘင်္ဂလီ (၂)ဦး ပါဝင်ပြီး စုစုပေါင်း (၂၁၉)ဦး ပါဝင်ကြောင်း၊ ကျန်စက်လှေ တစ်စီးပေါ်တွင် ဘင်္ဂလီ (၁)ဦး၊ လှေသမား(၈)ဦး ပါရှိပြီး အလျား(၆၈)ပေ၊ အနံ(၁၆ .၉) ပေ၊ ရေစူး(၅)ပေ အင်ဂျင် (TWK-6) ဖြစ်ပြီး ပိုင်ရှင်မှာ မြိတ်မြို့မှ ကိုခိုင် ဆိုသူဖြစ်ကြောင်း၊ ၎င်းစက်လှေမှာ အထက်ပါ ထိုင်းလူမျိုး အုမင့် ပိုင်သော စက်လှေသို့ ရိက္ခာ လိုက်ပို့ခြင်းဖြစ်ကြောင်း၊ မေလ(၄)ရက်နေ့တွင် ကော့သောင်းမှ ထွက်ခွာခဲ့ ရာ မေလ(၁၂)ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေပိုင်နက် သို့ ရောက် ရှိခဲ့ ကြောင်းသိရသည်။

၎င်းတို့အား အငူမော် ကျေးရွာတွင် တာဝန်ရှိသူများမှ နွေးထွေးစွာ ကြိုဆို လွှဲပြောင်းလက်ခံပြီး အလယ်သံကျော်ကျေးရွာသို့ မော်တော်ယာဉ် များဖြင့် ခေါ်ဆောင်၍ အာရ်ဗီကျောင်းတွင် ရခိုင်ပြည်နယ် အစိုးရမှ ယာယီ စခန်းဖွင့်ကာ လိုအပ်သော လူသားချင်းစာနာမှု အကူအညီ များ ဆောင် ရွက်ပေးခြင်းနှင့် လိုအပ်သော စိစစ်မှုများ စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သတင်း ရရှိသည်။


.. https://www.facebook.com/MyanmarExpress
 

NLD မှ မြန်မာနိုင်ငံသားပေးရန် တိုက်တွန်းထားသောလည်း လှေစီးသွားလာသူ အများစု မြန်မာမှ မဟုတ်ဟု ဒုတိယသမ္မတပြော

From : .. The Voice

ကပ္ပလီပင်လယ်နှင့် မလက္ကာရေလက်ကြားတို့တွင် ရောက်ရှိနေသည့် လှေစီးသွားလာ
သူများတွင် မြန်မာနိုင်ငံမှ အနည်းငယ် ပါဝင်နိုင်သော်လည်း အများစုမှာ မြန်မာနိုင်ငံမှ မဟုတ်သည်ကို ပြတ်ပြတ်သားသား ပြောကြားလိုသည်ဟု နိုင်ငံတော်ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ပြောကြားသည်။

နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ဒုတိယသမ္မတဦးစီးရုံး အစည်းအဝေး
ခန်းမ၌ မေလ ၂၁ ရက်နေ့က ကျင်းပသည့် ပင်လယ်ပြင်အတွင်း တရားမဝင်
ရွှေ့ပြောင်းသွားလာသူများဆိုင်ရာ အရေးပေါ် စီမံခန့်ခွဲရေးကော်မတီ ညှိနှိုင်းအစည်း
အဝေးတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။

လှေစီးသွားလာသူများကို မြန်မာနိုင်ငံသား ဟုတ်မဟုတ် ဇာစ်မြစ်ကို စိစစ်ခြင်း၊ နိုင်ငံ
တကာကောင်စစ် လုပ်ငန်းများနှင့်အညီ စိစစ်ဆောင်ရွက်ခြင်းတို့ ပြုလုပ်ပြီး မြန်မာ
နိုင်ငံသား မှန်ကန်ပါက ကာကွယ်စောင့်ရှောက်မှုများပေးပြီး မြန်မာနိုင်ငံသို့ ပြန်ခေါ်
မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

တရားမဝင် ရွှေ့ပြောင်းသွားလာမှု၊ လူမှောင်ခိုနှင့် လူကုန်ကူးမှု တားဆီးကာကွယ်
နိုင်ရန် မြန်မာ့ရေပိုင်နက်အတွင်း ပုံမှန်ကင်းလှည့်ခြင်း၊ ဘေးဒုက္ခရောက်သူများကို ရှာဖွေကယ်ဆယ်ခြင်းတို့ကို တပ်မတော်၏ ပင်လယ်ရေကြောင်း လုံခြုံရေးဆိုင်ရာ အဓိကတာဝန်တစ်ရပ် အဖြစ် ဆောင်ရွက်နေကြောင်း ဦးဉာဏ်ထွန်းက ပြောဆို
သည်။

ပင်လယ်တွင်း လှေစီးဒုက္ခသည်များသည် လူမှောင်ခိုမှု၊ လူကုန်ကူးမှုများကို
စီးပွားရေးလုပ်ငန်းကြီး တစ်ရပ်သဖွယ် ဆောင်ရွက်နေသည့် နိုင်ငံတကာ ရာဇဝတ်
ဂိုဏ်းများ၏ သားကောင်များသာ ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် ယာယီသက်သေခံကတ်ပြား ပြန်လည်အပ်နှံခြင်းနှင့် နိုင်ငံသား
စိစစ်မှု လုပ်ငန်းများကို နိုင်ငံသားဥပဒေနှင့်အညီ ဆောင်ရွက်နေမှုကို လူမျိုးရေး
ခွဲခြား ဆက်ဆံမှုမရှိဘဲ လုပ်ဆောင်နေခြင်း ဖြစ်သဖြင့် ယင်းလုပ်ငန်းစဉ်ကြောင့်
မိမိနိုင်ငံအား စွန့်ခွာသွားသူများ မရှိနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြား
သည်။

ရခိုင်ပြည်နယ်တွင် ဖိနှိပ်မှု၊ ခွဲခြားဆက်ဆံမှုတို့ကြောင့် ထွက်ပြေးလာသည်ဟု
ပြောဆိုချက်များမှာ လက်ရှိအခြေအနေနှင့် ကွဲလွဲနေကြောင်း၊ စီးပွားရေး အခြေ
အနေအရ ရွှေ့ပြောင်းအခြေချလိုသူ အချို့ ရှိနိုင်သည့်အတွက် ပြည်နယ်အတွင်း
လူမှောင်ခို တားဆီးကာကွယ်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ရမည်
ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများကို လူမှောင်ခိုကူးသူများ စည်းရုံးဆွဲဆောင်မှု မပြုနိုင်
ရေး၊ ပင်လယ်ပြင် တရားမဝင် ထွက်ခွာခြင်းဖြင့် အသက်ဆုံးရှုံးသည်အထိ အန္တရာယ်ကြီးမားသည်ကို အသိပညာပေးရေး၊ ဘင်္ဂါလီစခန်းများတွင် ဘဝ
လုံခြုံမှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီးပေးရန် လိုအပ်ကြောင်း
လည်း ဦးဉာဏ်ထွန်းက ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံပိုင်နက်ရေပြင်ကို ကြားစခန်းထောက်အဖြစ် အသုံးပြုသွားလာမှုများ
ကိုလည်း ပင်လယ်ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အမြဲမပြတ်စောင့်ကြည့်ပြီး အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း ဒုတိယသမ္မတက ဆိုသည်။

၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ် မေလ ၁၇ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာ
နိုင်ငံသို့ ခိုးဝင်သူပေါင်း ၄၃၅ ဦး ရှိခဲ့ပြီး ၎င်းတို့ကို ဖမ်းဆီးအရေးယူကာ ဘင်္ဂလား
ဒေ့ရှ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ပြောကြားသည်။

.. https://www.facebook.com/MyanmarExpress
 

လှေစီးပြေးဒုက္ခသည် စက်လှေထဲတွင် အကြမ်းဖက်သမားများ ပါလာနိုင်ဟု NATO တပ်ဖွဲ့ သတိပေး

From : .. VOA

အစွန်းရောက်တွေဟာ ဥရောပသမဂ္ဂနိုင်ငံတွေကိုရောက်ဖို့ လူမှောင်ခိုကူးတဲ့ သူတွေရဲ့ စက်လှေတွေထဲမှာ လိုက်ပြီး မြေထဲပင်လယ်ကို ဖြတ်ကောင်းဖြတ်နိုင် တယ်လို့ NATO တပ်ဖွဲ့က ပြောလိုက်ပါတယ်။ ရာဇ၀တ်ဂိုဏ်းတွေ နဲ့ အစွန်းရောက် အဖွဲ့တွေရဲ့ အဖွဲ့ဝင်တွေဟာ၊ အရှေ့အလယ်ပိုင်း နဲ့ အာဖရိက တိုက်မြောက်ပိုင်းဒေသတွေ မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ဆင်းရဲမွဲတေမှုကနေ လွတ်မြောက်ဖို့ကြိုးစားနေကြတဲ့ တရားဝင်ဒုက္ခသည်တွေကြားထဲမှာ ပါလာနိုင်တယ် လို့ သံသယရှိကြောင်း နေတိုးတပ်ဖွဲ့ရဲ့တပ်မှူး ၊ အမေရိကန်လေတပ်ဗိုလ်ချုပ် Philip Breedlove က ပြောပါတယ်။ လစ်ဗျားနိုင်ငံက လူမှောင်ခိုကူးတဲ့ဂိုဏ်းတွေကို ပစ်မှတ်ထားတဲ့ ရေကြောင်းစစ်ဆင်ရေးကို ဥရောပသမဂ္ဂက တနင်္လာနေ့မှာ အတည်ပြုလိုက်ပါတယ်။

ရွှေ့ပြောင်းအခြေချနေထိုင်သူတွေကို အများဆုံးလက်ခံထားတဲ့ အီတလီနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး Paolo Gentiloni က - နေတိုး တပ်ဖွဲ့အနေနဲ့ မြေထဲပင်လယ်ဒေသမှာ လက်ရှိရှိနေတဲ့ အကြမ်းဖက် သမားတွေကိုတိုက်ဖျက်နေတဲ့ စစ်ဆင်ရေးကိုပြုပြင်မွမ်းမံပြီး ဥရောပသမဂ္ဂရဲ့ စစ်ဆင်ရေးတွေကို အထောက်အကူပြုနိုင်တယ်လို့ အကြံပြုလိုက်ပါတယ်။

အခုနှစ် တနှစ်တည်းမှာပဲ မြေထဲပင်လယ်ကိုဖြတ်ပြီ ဥရောပကို ၀င်လာတဲ့ ရွှေ့ပြောင်းအခြေချနေထိုင်သူအရေအတွက်ဟာ ၅ သောင်းကျော် ရှိပြီး၊ အဲဒီထဲက ၃ သောင်းကျော်ဟာ အီတလီနိုင်ငံကနေ ဖြတ်ပြီး ၀င်ကြတာဖြစ်တယ်လို့ ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီ (UNHCR) ကက ပြောပါတယ်။ အဲဒီလိုမြေထဲပင်လယ်ကိုလှေတွေနဲ့ ဖြတ်ကျော်စဉ် ၁၇၀၀ ကျော်ထက်မနည်း ရေနစ်သေးဆုံးခဲ့ကြပါတယ်
 

.. https://www.facebook.com/MyanmarExpress
 

ပြည်သူတွေအနေနဲ့ အောင်ဆန်းနဲ့စုကြည်လို့ခွဲသိဖို့လိုမယ် အဲဒါကြောင့်သမ္မတလည်းမလုပ်ပါနဲ့ဗျာ

From : .. Hot News


အထွေထွေရွေးကောက်ပွဲကြီးနီးလာသည်နှင့်အမျှ ပြည်တွင်းရှိနိုင်ငံအရေးအခြေအနေများ၊ နိုင်ငံရေးအင်အားစုများ၏ လှုပ်ရှားဆောင်ရွက်မှုများ၊ ပြည်တွင်းရှိအင်အားကြီးနိုင်ငံရေးပါတီကြီးနှစ်ခုဖြစ်သော USDP နှင့်NLD ပါတီတို့၏ အားပြိုင်လှုပ်ရှားမှုများအပြင် မကြာသေးခင်ကမှပြုလုပ်သွားခဲ့သော ၆ပွင့်ဆိုင်ဆွေးနွေးမှု၏ရလဒ်မှ လာမည့်၂၀၁၅အထွေထွေရွေးကောက်ပွဲကြီးအား ထင်ဟပ်မှုရှိစေနိုင်မည့် ရလဒ်များ အပေါ် သဘောထားသုံးသပ်ချက်များနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူနှင့် ပြည်တွင်းနိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်သူ ဦးလှဆွေအား တွေ့ဆုံဆွေးနွေးမေးမြန်းဖြစ်ခဲ့ပါသည်။

ခုလာမယ့် ရွေးကောက်ပွဲကြီးရဲ့အခင်းအကျင်း မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)  က အနု ပညာရှင်၊ ဂီတပညာရှင်တွေကို ပါတီကိုယ်စားပြု ရွေးချယ်စေမယ်လို့ သတင်းတွေထွက်နေတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း ပြည်တွင်းမှာက အနုပညာ ရှင်ဆိုသူတွေနောက်မှာ သူတို့ကို အားပေးနေတဲ့ ပရိသတ်တွေဆိုတာရှိတော့NLD  ရဲ့ ရွေးကောက်ပွဲ အစီအမံနဲ့ပတ်သက်ပြီး ပြင်ပမှာထွက်နေတဲ့သတင်း တွေအပေါ်USDP ရဲ့ ဗဟိုကော်မတီဝင်တစ်ဦးအနေ နဲ့ ဘယ်လိုသုံးသပ်ပါသလဲ။

နိုင်ချေရှိတယ်လို့ ယူဆတဲ့သူတွေပေါ့နော်။ ဘာ လို့ဆိုတော့ ရှေ့မှာနမူနာလေးတွေရှိခဲ့တယ်။ ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာတုန်းက နေပြည်တော်ရဲ့ ၄ သီရိမဲဆန်္ဒနယ်မှာ ၀င်ပြိုင်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မောင်ရှိန်ကHip Hop  အဆိုတော် ဇေယျာသော်ကို ရှုံးသွားတယ်။ ဗိုလ်ချုပ်ကြီးမောင်ရှိန်ဆိုတာ တိုင်းမှူး လည်းလုပ်ဖူးတယ်။ အတွေ့အကြုံလည်းရင့်တယ်။ ဒီလိုပုဂ်္ဂိုလ်မျိုးကို နိုင်ငံအတွက် လိုအပ်လို့ခိုင်းမယ် ဆိုရင် ဘာမှဖရိုဖရဲမဖြစ်နိုင်ဘူး။ ဒီလိုပုဂ်္ဂိုလ်မျိုးက ဇေယျာသော်နဲ့ပြိုင်လိုက်တော့ ရှုံးပြီး ဇေယျာသော် က အမတ်ဖြစ်သွားတယ်။ ဥပမာ လောက်ကိုင်လို ကိစ်္စမျိုးတွေနဲ့ တိုင်းပြည်က ကျင်းထဲကျပ်ထဲရောက် လာရင် ဗိုလ်ချုပ်ကြီးမောင်ရှိန်ဆိုရင် အေးဆေးပဲ ကိုင်တွယ်နိုင်မှာလေ။ အဲလို Lt. Gen အဆင့်ပုဂ်္ဂိုလ် က သူ့မြေးလောက်ရှိတဲ့ ဇေယျာသော်လိုHip Hop အဆိုတော်ကိုရှုံးခဲ့တယ်ဆိုတဲ့ပုံစံ သာဓကတစ်ခုကို ယူပြီး လာမယ့်ရွေးကောက်ပွဲလှုပ်ရှားမှုကို ပုံသွင်းနိုင် တယ်လို့တော့ ယူဆနိုင်တယ်။ ဒါကြောင့် အနုပညာ ရှင်တွေကို ၂၀၁၅ မှာ ချသုံးဖို့စီစဉ်တာလို့ ကျွန်တော် ထင်ပါတယ်။ အနုပညာရှင်ပဲဖြစ်ဖြစ်၊ စီးပွားရေး သမားပဲဖြစ်ဖြစ် ကိုယ့်အလုပ်ကိုကိုယ် Professional လုပ်ရင် အောင်မြင်တယ်။ သိပ်မအောင်မြင်တဲ့သူ တွေကတော့ ဒီလိုနိုင်ငံရေးအယောင်တွေ ဘာတွေ ပါလာတာပေါ့ဗျာ။ တကယ့်ကိုအောင်မြင်နေတဲ့ Professional အနုပညာသမားတွေက Colourless တွေဗျ။ အခုNLD က၀င်မယ့် အရွေးခံမယ့် အဆို တော်တွေ၊ သရုပ်ဆောင်တွေနဲ့ပတ်သက်ပြီးတော့ ကြားပါတယ်။ တကယ်တော့ အဲဒီအဆိုတော်ဆိုတာ တွေက အစကတည်းက အသံပါဝါမကောင်းရှာတဲ့ သူတွေပဲဗျ။ တက်လာတုန်းကလည်း ရုတ်တရက် ထပေါက်သွားတာကလွဲရင် နောက်ပိုင်းတာရှည်မခံ တဲ့အဆိုတော်တွေပဲ။ ကျွန်တော်မြန်မာအသံမှာ တာဝန်ယူခဲ့ဖူးတော့သိတာပေါ့ဗျာ။ အဲဒီအဆိုတော် တွေကတော့ သူတို့ကိုယ်ကို လူထုထောက်ခံချက် အပြည့်အ၀ရှိတယ်လို့ ထင်ရင်ထင်နေကြမှာပေါ့ဗျာ။ လူထုအနေနဲ့ကလည်း အဆိုတော်ကို အဆိုတော်လို့ ခွဲခြားသိမြင်ပြီးတော့ ဒီအဆိုတော်ဟာ ငါတို့အတွက် လမ်းတွေ၊ တံတားတွေ၊ စာသင်ကျောင်းတွေ၊ ဆေး ခန်းတွေလုပ်ပေးပြီး   ဒေသဖွံ့ဖြိုးရေးအောင်မြင် အောင် လုပ်တတ်ရဲ့လား သေချာကြည့်တတ်ဖို့တော့ လိုမယ်။ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံအမှီပြုပြီး ၀င် လာကြမယ့်သူတွေဆိုတော့ အထင်ကြီးစရာမရှိပါဘူး ဗျာ။ ဒါပေမဲ့ သူတို့ကိုယ်ကိုSelf Confidance, Over Confidance  ဖြစ်နေတာကတော့ အဲကျရင်အဖြေ ပေါ်လာမှာပေါ့ဗျာ။

ခုနကသုံးသပ်ချက်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်း ရဲ့အခန်းကဏ္ဍလည်းပါတယ်ဆိုတော့ ရွေးကောက် ပွဲဆိုတာ ကိုယ့်ပါတီရဲ့ဆောင်ရွက်ချက်၊ အာမခံချက်၊ ကတိက၀တ်စတာတွေကို ပြည်သူကိုချပြီး စည်းရုံးရ တာဖြစ်သော်လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းမှာမရှိ တဲ့ နိုင်ငံတကာရွေးကောက်ပွဲစည်းရုံးမှုတွေမှာမရှိတဲ့ အမျိုးသားဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းလိုပုဂ်္ဂိုလ်မျိုး ရဲ့ပုံကို ပါတီရဲImage ဆိုတာနဲ့ ထင်ယောင်ထင်မှား အသုံးချနေတာရှိတော့ အဲဒီအပေါ်ရော ဘာများ သုံးသပ်ချင်ပါသလဲ။ အထူးသဖြင့် UEC  ရဲ့အခန်း ကဏ္ဍက ဘယ်လိုကိုင်တွယ်သင့်တယ်ဆိုတဲ့သဘော ပေါ့နော်။

ဗိုလ်ချုပ်အောင်ဆန်းဆိုတာ    အတုမရှိတဲ့ ခေါင်းဆောင်တစ်ယောက်ပါ။ ဗိုလ်ချုပ်အောင်ဆန်း ကို တုကြမယ်ဆိုရင်တော့ လုံးဝမဖြစ်နိုင်ဘူး။ ဗိုလ် ချုပ်က အသက် ၃၀ကျော်နဲ့ တကယ့်ကိုခေါင်းဆောင် မှုပေးသွားတယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်ဘူး။ အခုNLD က ဗိုလ်ချုပ်အောင်ဆန်းပုံ သုံးတယ်။ ဒါကို တစ်နိုင်ငံလုံးကလည်း သိတာပေါ့။ ဘာကြောင့်သုံး လဲဆိုတော့ ပါတီခေါင်းဆောင်ရဲ့အဖေက ဗိုလ်ချုပ် အောင်ဆန်းဖြစ်တဲ့အတွက် သူ့သမီးကသုံးတယ်။ ဒါ လည်းသဘာဝကျပါတယ်။ သို့သော်လည်းပဲ လူထု အနေနဲ့တော့ အောင်ဆန်းနဲ့ စုကြည်ကို ခွဲခြားသိဖို့ လိုမယ်။ အောင်ဆန်းကဘာတွေလုပ်ခဲ့ပြီး စုကြည်က ဘာတွေလုပ်တာလဲဆိုတာ သေချာလေ့လာရင် အချက် ၃ချက်သွားတွေ့ရလိမ့်မယ်။ ဘာအချက် တွေလဲ ကျွန်တော်ထုတ်မပြောဘူး။ ဘာလို့ဆိုတော့ ကြီးမားတဲ့အချက်ကြီးသုံးချက်ကို ဗိုလ်ချုပ်အောင် ဆန်းကလုပ်ခဲ့ပြီးတော့ ဒီကြီးမားတဲ့အချက် ၃ချက် ကို သူ့သမီးက ချိုးဖောက်ခဲ့တယ်။ ဒါကြောင့် လူထု အနေနဲ့ကလည်း အောင်ဆန်းနဲ့ စုကြည်ကို ခွဲခြား သိနိုင်ဖို့တော့လိုမယ်။ သူတို့ကပြောကြပါသေးတယ်။ စစ်ကျွန်ဘ၀ကလွတ်အောင် NLD ကိုမဲပေးကြပါတဲ့။ စစ်ကျွန်ဘ၀ကတော့ လောလောဆယ် မြန်မာပြည် မှာရှိနေသေးတယ်တဲ့။ စစ်ကျွန်ဘ၀ပြီးရင် ဘယ်သူ့ ကျွန်ဖြစ်မလဲ။ အဲဒီကျရင် မြန်မာပြည်ဆိုတာ ရှိပါဦး မလား။ ကျွန်တော်တို့က ပြန်မေးခွန်းထုတ်မယ်။

ဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည် သမ်္မတမဖြစ် ဖို့ အဓိကတားဆီးနေတယ်ဆိုတဲ့ ပုဒ်မ ၅၉(စ) နဲ့ ပုဒ်မ ၄၃၆ စတာတွေပြင်ဆင်ရေးပိုင်း ကြန့်ကြာနေ တာဟာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့တပ်မတော် အပေါ် စည်းရုံးနိုင်စွမ်းအားနည်းနေသေးတယ်လို့ ရော ယူဆလို့ရမလား။ ဗိုလ်ချုပ်အောင်ဆန်း ထူ ထောင်ခဲ့တဲ့ တပ်မတော်ကြီးရဲ့အသွင်သဏ္ဌာန် အနှစ် သာရကို   ပြုပြင်ပြောင်းလဲမှုတွေလုပ်မယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကရော ဖခင်တည် ထောင်ခဲ့တဲ့ တပ်မတော်အပေါ် ဘာကြောင့်သြဇာ မညောင်းတာလဲ။ ဥပမာအနေနဲ့ တပ်မှာဆိုရင်Senior, Junior အပြင် လူကြီးသားသမီးပိုင်းရဲ့အရေးပါ မှုအခန်းကဏ္ဍ၊ သြဇာညောင်းမှုပိုင်းကလည်းရှိနေ တော့လေ

၅၉(စ)  နဲ့ပတ်သက်ပြီး  ရွှေကူမေနှင်းရေး တဲ့ဆောင်းပါးတစ်ပုဒ် ကျွန်တော့်Facebook   မှာ လည်း တင်ထားတယ်။ ဗိုလ်ချုပ်အောင်ဆန်းလက် ထက်က တိုင်းပြုပြည်ပြုအမတ်တွေက ၀ံသာနုတရား ရှိဖို့လိုတယ်ဆိုတဲ့အချိန်မှာ အမတ်တစ်ယောက်က ၀ံသာနုတရား ကျွန်တော်တို့ကတော့ မရှိတော့ပါဘူး။ စားဖို့သောက်ဖို့ပဲ အရေးကြီးပါတယ်လို့ပြောတာ ဗိုလ်ချုပ်အောင်ဆန်းကကြားသွားတော့ ကဲအမတ် တွေ အမတ်ဖြစ်ရင် နိုင်ငံခြားအထောက်အပံ့၊ နိုင်ငံ ခြားသားနဲ့ပတ်သက်တဲ့သူမှန်သမျှ အမတ်မဖြစ်ရဘူး ဆိုတဲ့အချက်ကို ဥပဒေမှာထည့်ဗျာဆိုပြီးပြောတယ် လို့ ပင်လုံစာချုပ်မှာ လက်မှတ်ထိုးတုန်းက အငယ် ဆုံးအနေနဲ့ပါခဲ့တဲ့ ပုဂ်္ဂိုလ်ကြီးကပြောတယ်ဆိုတာ ရွှေကူမေနှင်းက ရေးထားတယ်ဆိုတော့ ဒီ ၅၉(စ) ဆိုတာဟာ ဗိုလ်ချုပ်အောင်ဆန်းကစပြီး သနေ်္ဓတည် ခဲ့တယ်ပေါ့နော်။ တစ်ယောက်တည်းအတွက်လည်း မဟုတ်ဘူး။ အများအတွက်။ ဒီပုဒ်မနဲ့ငြိရင် သမ်္မတ မပြောနဲ့ အမတ်တောင်ဖြစ်စရာမလိုဘူး။ သို့သော် ကျွန်တော်တို့ကတော့ ဖြေလျှော့ပြီး အမတ်လေး တော့ဖြစ်ခွင့်ပေးထားတယ်။ ပြောရရင် ဒေါ်အောင် ဆန်းစုကြည်ကို ကျွန်တော်တို့လည်း လေးစားပါ တယ်။ သူ့အနေနဲ့ကလည်း သူ့အရည်အချင်းတွေ၊ ပညာတွေကို တိုင်းပြည်အတွက်ကောင်းကောင်း အသုံးချဖို့လိုမယ်။ အခုမဏ္ဍိုင်ကြီး ၃ရပ် အပြန် အလှန်ထိန်းကျောင်းမှုဖြစ်စဉ်မှာလည်း ဒေါ်စုအနေ နဲ့Speaker  ကောင်းတစ်ယောက် ကောင်းကောင်း လုပ်နိုင်ပါတယ်။သူသာဥပဒေပြုရေးမဏ္ဍိုင်မှSpeaker  တစ်ယောက်လုပ်ပြီး ဥပဒေတွေရေးဆွဲပြဋ္ဌာန်းပြီး အစိုးရအဖွဲ့ကိုControl   လုပ်လို့ရပါတယ်။ ဒါပေမဲ့ ဒေါ်စုကိုက Crazy ဖြစ်နေတာက President   ဖြစ် နေတယ်။ President   ဆိုတာကတော့ လက်ရှိမြန်မာ နိုင်ငံရဲ့တည်ဆဲဥပဒေတွေအရတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။ဥပဒေအရမဖြစ်နိုင်ဘူးဆိုတာကိုသမ်္မတ ဖြစ်ချင်တယ်ဆိုရင်တော့ ဥပဒေမဲ့သမ္မတပဲဖြစ်ပါလိမ့် မယ်။

ဒါဆိုရင်ဒေါ်အောင်ဆန်းစုကြည်အနေနဲ့သမ်္မတ ဆိုတာထက် အဲဒီသမ်္မတအပါအ၀င် အစိုးရတစ်ဖွဲ့ လုံးကို ဥပဒေနဲ့ပြန် Control  လုပ်မယ့် ဥပဒေပြု မဏ္ဍိုင်အကြီးအကဲပဲဖြစ်စေချင်တယ်လို့ ဆိုလိုချင် တာပေါ့နော်။

သူ့အနေနဲ့ ဖြစ်သင့်တယ်ဆိုတာထက် အဲဒီလို ပဲရည်မှန်းသင့်တယ်။ သူ့ရဲ့ရည်မှန်းချက်ဟာ ကျွန်မ ကိုသမ်္မတဖြစ်ခွင့်ဥပဒေအရ မရှိတဲ့အတွက် ကျွန်မ လွှတ်တော်ဥက်္ကဋ္ဌပဲလုပ်ပါတော့မယ်။ ဖြစ်လာမယ့် အစိုးရကိုလည်း မြန်မာပြည်ကြီးကောင်းအောင်ထိန်း ကျောင်းပါ့မယ်လို့သာဆိုရင် သူမဲတွေအများကြီးရမှာ ဗျ။ ဒါပေမဲ့ သူက Only President တစ်ခုတည်းဖြစ် ချင်နေတယ်။ ဖြစ်ချင်တာကို ကျွန်တော်တို့လည်း မတတ်နိုင်ဘူး။ ဒါကတော့ ဥပဒေအရမဖြစ်နိုင်ဘူး။ ဥပဒေမဲ့ သမ်္မတပဲဖြစ်နိုင်လိမ့်မယ်။အဲဒီတော့သာမန် အားဖြင့် ရွေးချယ်တင်မြှောက်ထားတဲ့သမ်္မတတော့ မဖြစ်နိုင်ဘူး။ ကြားဖြတ်သမ်္မတတော့ဖြစ်နိုင်တယ်။ ကြားဖြတ်သမ်္မတဆိုတာက စစ်တွေဖြစ်ပြီး တရုတ် က အထက်မြန်မာပြည်ကိုသိမ်း၊ အမေရိကန်က ဟို နေရာဝင်သိမ်းနဲ့ စစ်တွေဖြစ်လာရင်တော့ မြန်မာ ပြည်ကြီးစစ်တွေခဏရပ်လိုက်ဦး လောလောဆယ် ကြားဖြတ်အစိုးရဖွဲ့ပြီး သမ်္မတလုပ်ရမယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ဖြစ်နိုင်တယ်။ အဲဒီလိုကြား ဖြတ်သမ်္မတဆိုတာလေး သူဖြစ်ဖို့အတွက်တောင် ရင်းနှီးလိုက်ရမှာက မြန်မာပြည်သူတွေပဲ။

တိုင်းရေးပြည်ရာအရေးကြီးကိစ်္စတွေဖြစ်တဲ့ ကချင်ကိစ်္စ၊ လောက်ကိုင်ကိစ်္စအပြင် အခြားသော တိုင်းရင်းသားရေးရာကိစ်္စတွေမှာ ဒေါ်အောင်ဆန်း စုကြည်လိုပုဂ်္ဂိုလ်မျိုးရဲ့ ပါဝင်မှုကို တိုင်းရင်းသားတွေ အနေနဲ့ မျှော်လင့်ခဲ့သော်လည်း တကယ်တမ်းမှာ ပါဝင်ဆောင်ရွက်မှုအားနည်းတဲ့အပေါ် တိုင်းရင်း သားတွေပိုင်းကလည်း ခံစားချက်တွေရှိတယ်ဆိုတာ သိရတယ်။ လာမယ့်ရွေးကောက်ပွဲအခင်းအကျင်းမှာ လည်း ဒေါ်အောင်ဆန်းစုကြည်သာ သမ်္မတဖြစ်ခဲ့ရင် အထူးသဖြင့် တိုင်းရင်းသားဒေသတွေ လက်နက်ကိုင် ပဋိပက်္ခတွေအပေါ် ကိုင်တွယ်မှုလျော့ရဲခဲ့ရင် တပ်မ တော်အာဏာသိမ်းမှုအောက် ပြန်ရောက်နိုင်တယ် လို့ရော ကြိုတွေးယူဆလို့ရနိုင်မလား။

ကမ်္ဘာမှာ ဒီလိုသာဓကတွေ ရှေ့မှာဖြစ်ပြီးခဲ့ပြီပဲ လေ။ အီဂျစ်မှာဆိုရင် မူဘာရက်တို့၊ အန၀ါရ်ဆဒက် တို့ကတော့ အာဏာရှင်ဆန်ဆန်အုပ်ချုပ်သွားတယ်။ အဲဒါကို မော်စီခေါင်းဆောင်တဲ့ မူစလင်ဘရားသား ဟုဒ်လို့ခေါ်တဲ့ သူတို့အမျိုးဂုဏ်ဆောင်အဖွဲ့လို့ ဆိုရ မှာပေါ့ဗျာ။ သူတို့က နိုင်သွားတယ်။ အဲမှာ မော်စီ က သမ်္မတလုပ်တယ်။ နောက်တော့ ဗိုလ်ချုပ်ကြီး အယ်လ်စီစီက မော်စီဆီက အာဏာသိမ်းပြီး အခု မော်စီကို သေဒဏ်ပေးလိုက်ပြီ။ ဒီလိုသေဒဏ်ပေး တာကိုလည်း သူများတွေက ၀ိုင်းကန့်ကွက်ကြတယ်။ အဲဒါကြောင့် သာဓကတွေရှင်းနေတာပဲရှိနေတာ။ အဲဒါကြောင့် အီဂျစ်ကသာဓက အဲဒီလိုမဖြစ်ပါစေ နဲ့လို့။ မဖြစ်ရအောင် သမ်္မတသာအလုပ်ပါနဲ့လို့။ ဖြစ် ရင် မော်စီလို သေဒဏ်ပေးခံနိုင်မယ့်အနေအထားရှိ တာကိုး။ ကျွန်တော်တို့အနေနဲ့လည်း ဗိုလ်ချုပ်အောင် ဆန်းသမီး မော်စီလို သေဒဏ်ပေးခံရတာမျိုးလည်း မမြင်ချင်ပါဘူးဗျာ။ ဒါကြောင့်မိုလို့ မော်စီလိုမဖြစ်ဖို့ လည်း လိုတာပေါ့ဗျာ။ ရှေ့မှာက နိမိတ်တွေပြနေပြီ။ ကျွန်တော့်အမြင်ပြောတာပါ။ဆက်လက်ဖော်ပြပါမည်။

ခန့်ခန့်ဒဿ      နိက
 

.. https://www.facebook.com/MyanmarExpress
 

လှေစီးခိုးဝင်တွေဟာ မြန်မာပြည်က မဟုတ်ကြောင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြတ်ပြတ်သားသားငြင်းဆို

From : .. မြဝတီ

မူဝါဒအရ မိမိတို့ တပ်မတော် အနေဖြင့် လှေစီး ဒုက္ခသည်များ မရှိစေလိုပါကြောင်း၊ မိမိနိုင်ငံ အနေဖြင့်လည်း မြန်မာနိုင်ငံ သားများကို ယင်းသို့ ထွက်ခွာ သွားစေရန် တွန်းအားပေး ဆောင်ရွက်မှုများ မရှိပါကြောင်း ၊ သို့ဖြစ်၍ လှေစီး ဒုက္ခသည်များ ဘယ်က လာသည်ကို ဦးစွာစဉ်းစားရမှာ ဖြစ်ကြောင်း၊ မြန်မာ့ တပ်မတော် အနေဖြင့်လည်း ကယ်ဆယ်ရေး လုပ်ငန်းများတွင် တတ်နိုင်သမျှ ကူညီ ဆောင်ရွက်ခြင်းဖြင့် အကောင်း ဆုံး ဖြစ်အောင် လုပ်ဆောင် သွားမည်ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲ ၂နာရီခွဲတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး မစ္စတာ အန်တိုနီ ဘလင်ကန်အား ဇေယျာသီရိ ဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာ၌ ထည့်သွင်းပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး မစ္စတာ အန်တိုနီ ဘလင်ကန် နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချဲလ်နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ပထမဦးစွာ ဧည့်သည်တော် ဒုတိယ ဝန်ကြီးမှ အင်ဒိုနီးရှားတွင် ရောက်ရှိနေသည့် လှေစီး ဒုက္ခသည်များတွင် မြန်မာနိုင်ငံမှ အင်အား ၂ဝဝဝ ကျော်ခန့် ပါဝင်သည်ဟု ကြားသိရပါကြောင်း၊ ယင်းဒုက္ခသည်များကို အမြန်ကယ်တင်ပြီး လုံခြုံသည့် နေရာသို့ ပို့ဆောင်လျက်ရှိရာ မြန်မာနိုင်ငံ၊ မြန်မာ့တပ်မတော် အနေဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများကို ပါဝင်ဆောင်ရွက် ပေးစေလိုပါကြောင်း ပြောကြားခဲ့ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ယင်းသတင်းများ ရရှိပြီး ဖြစ်ပါကြောင်း၊ ဒုက္ခသည် အများစု အနေဖြင့် UNHCR မှ အထောက်အပံ့ကို ရရှိလိုသဖြင့် မြန်မာနိုင်ငံမှ လာခြင်းဖြစ်သည်၊ ရိုဟင်ဂျာများ ဖြစ်သည်ဟု ပြောဆိုမှုများ ရှိနိုင်ပါကြောင်း၊ ၎င်းတို့၏ နေရပ် အမှန်အား သေချာစွာ စစ်ဆေးရန် လိုကြောင်း၊ ယင်းအချက်များအပေါ်တွင် အခြေခံ၍ နိုင်ငံတစ်ခုအား တစ်ဖက်သတ် မစွပ်စွဲသင့်ကြောင်း၊ ပြည်ပသတင်း မီဒီယာ အချို့မှလည်း ယင်းလှေစီး ဒုက္ခသည် များမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ လာရောက်ခြင်း ဖြစ်ကြောင်း တွေ့ဆုံမေးမြန်း ခန်းများတွင် ဖော်ပြနေပါကြောင်း ၊ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ထွက်ပြေးလာသူ အချို့ ခရီးဆက်လက် သွားရောက်ရန် အခက်အခဲရှိသဖြင့် မိမိနိုင်ငံ၊ မောင်တောမြို့ အောက်ဘက်ရှိ မြင်းလွတ်ရွာသို့ ဝင်ရောက်လာ၍ လိုအပ်သည့် စား၊ ရေ၊ ရိက္ခာများ ဖြည့်ဆည်းထောက်ပံ့ပြီး ပြန်လည်စေလွှတ် ပေးခဲ့ရကြောင်း၊ တပ်မတော် အနေဖြင့် နိုင် ငံတော် သမ္မတကြီး၏ ညွှန်ကြားမှု နှင့်အညီ ပါဝင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်ပြီး အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုကိစ္စရပ် များနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တိုင်းရင်းသား လက်နက်ကိုင် ကိစ္စရပ်များတွင် တိုင်းရင်းသားများ သာမက ပြည်ပလှုံ့ဆော်မှု အချို့ ပါဝင်နေကြောင်း၊ နောက်ခံသမိုင်းကြောင်း ကိုလည်း ထည့်သွင်း စဉ်းစား ရကြောင်း၊ ငြိမ်းချမ်းရေး ရယူရန်မှာ အမှန်တကယ် ဆန္ဒရှိရန် အရေးကြီး ပါကြောင်း၊ ပါတီစုံ လမ်းကြောင်း လျှောက်လှမ်းရာတွင် လက်နက်ကိုင်ပြီး အာဏာ ယူရန် မဖြစ်နိုင်ကြောင်း၊ လက်နက်စွန့်ရန် ဝန်လေးနေသည့် အဖွဲ့များ ရှိနေပါကြောင်း၊ ယနေ့သွားနေသည့် ပါတီစုံ လမ်းကြောင်းတွင် ငြိမ်းချမ်းရေးသည် မရှိမဖြစ် လိုအပ်သဖြင့် ၂ဝ၁၁ ခုနှစ်မှစပြီး နိုင်ငံတော် သမ္မတကြီးမှလည်း ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့ပါကြောင်း၊ သမ္မတကြီး ကမ်းလှမ်းခဲ့သည့် ငြိမ်းချမ်းရေးကို မရရအောင် တပ်မတော် အနေဖြင့်လည်း အတတ်နိုင်ဆုံး လိုက်လျော၍ ပါဝင် ဆောင်ရွက်နေကြောင်း၊ တပ်မတော် အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ် ရေးထိုးနိုင်ရေး ပြင်ဆင်ထားပါကြောင်းဖြင့် တပ်မတော်၏ ငြိမ်းချမ်းရေးမူအား အခြေခံ၍ ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ရွေးချယ်တင်မြှောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍လည်း တပ်မတော် အနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ချက်များ အတိုင်း လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း၊ ပွင့်လင်းမြင် သာပြီး လွတ်လပ်မျှတမှုရှိရေး အကောင်းဆုံး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိ လျှောက်လှမ်း နေသည့် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းတွင် ခိုင်မာစွာ လျှောက်လှမ်းနိုင်ရေး ပါဝင် ဆောင်ရွက်လျက် ရှိကြောင်း၊ ကာကွယ်ရေး၊ စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံတကာ ဆက်ဆံရေး စသည့် စိန်ခေါ်မှုများနှင့် နိုင်ငံသားများ၏ ဒီမိုကရေစီ ရင့်ကျက်မှုများပေါ်တွင် မူတည်၍ တပ်မတော်၏ အခန်းကဏ္ဍကို အချိန်ယူပြုပြင် မြှင့်တင် သွားမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး မစ္စတာ အန်တိုနီ ဘလင်ကန် တို့သည် အဖွဲ့ဝင်များ နှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။


.. https://www.facebook.com/MyanmarExpress
 

လှေစီးဒုက္ခသည်အားလုံး မြန်မာနိုင်ငံမှ ဖြစ်ကြောင်းပြောကြားချက်ကို လက်မခံနိုင်ဟု သမ္မတဦးသိန်းစိန် တုံ့ပြန်ပြောကြား ~ 7 Day

From : .. 7 day


ပင်လယ်ပြင်အတွင်း လှေစီးဒုက္ခသည်များ မြန်မာ့ရေ ပိုင်နက်တွင် တွေ့ရှိပါက စောင့် ရှောက်စိစစ်မှုများပြုလုပ်မည်ဖြစ် သော်လည်း ယင်းလှေစီးဒုက္ခ သည်အားလုံး မြန်မာနိုင်ငံမှဖြစ် ကြောင်း ပြောကြားချက်ကို လက် မခံနိုင်ကြောင်း သမ္မတဦးသိန်းစိန် က အမေရိကန် ဒုနိုင်ငံခြားရေး ၀န်ကြီးအား ပြောကြားလိုက် သည်။

မေလ ၂၁ ရက်က သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးတို့ သည် နေပြည်တော် သမ္မတအိမ် တော်တွင် တွေ့ဆုံစဉ် ပင်လယ် တွင်း လှေစီးဒုက္ခသည်များအရေး စိုးရိမ်ကြောင်း ဒုဝန်ကြီး၏ ပြော ကြားချက်အပေါ် သမ္မတ ဦးသိန်းစိန်က ပြန်လည်ပြောကြား ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ပင်လယ်အတွင်း မှ အခြားဒေသသို့ ရောက်ရှိသွားသူများအနက် မြန်မာနိုင်ငံသားဖြစ်ကြောင်း

ပြောဆိုနေသူများကို နိုင်ငံသား ဟုတ်၊ မဟုတ် စိစစ်မည်ဖြစ်ပြီး လူမှောင်ခိုကူးမှုနှင့် ပတ်သက်၍ ဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု သမ္မတက ကန်ဒုဝန်ကြီးအား ပြောကြားခဲ့ကြောင်း တွေ့ဆုံမှုတွင် ပါဝင်သည့် သမ္မတ ပြောခွင့်ရပုဂ္ဂိုလ်  ဦးရဲထွဋ်က ပြောသည်။

‘‘လှေနဲ့ ရွှေ့ပြောင်းနေသူ တွေက မြန်မာနိုင်ငံကလို့ ပြောရင် ဒုက္ခသည်အဆင့်အလွယ်တကူ ရနိုင်တဲ့အတွက် လူမှောင်ခိုကူး သူတွေက ဒီစကားလုံးကို အသုံး ချနေကြောင်း ထောက်ပြတယ်။ ဒါကြောင့် အခုရောက်နေသူတွေ အားလုံးကို မြန်မာကလို့ ပြောတာ မျိုး လက်မခံကြောင်း ပြောခဲ့ပါ တယ်’’ဟု ၎င်းက ဆက်လက်ပြော သည်။ အရှေ့တောင်အာရှဒေသ တွင်း ရွှေ့ပြောင်းသူများဆိုင်ရာ အကျပ်အတည်းနှင့် ပတ်သက်၍ အမေရိကန်အစိုးရ၏ စိုးရိမ်ပူပန် မှုများကို ကန်နိုင်ငံခြားရေးဒုဝန် ကြီးက နေပြည်တော်တွင် မျှဝေ ပြောကြားခဲ့ကြောင်း အမေရိကန် သံရုံး(ရန်ကုန်)က ထုတ်ပြန်သည်။

ယခုပြဿနာကို ရင်ဆိုင်ဖြေရှင်းရေး ဒေသတွင်း မိတ်ဖက်များနှင့် အတူတကွ လုပ်ဆောင်ရန် မြန်မာအစိုးရအား ၎င်းက တိုက်တွန်းခဲ့သည်။ လူ့အခွင့် အရေးကာကွယ်စောင့်ရှောက်ရန် အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများနှင့် မျိုးစောင့်ဥပဒေလေးခုတွင် ပါရှိသည့် ၀ိရောဓိများကိုလည်း ဒုဝန်ကြီးက အလေးထား ပြောကြားခဲ့သည်ဟုလည်း ဖော်ပြထားသည်။

နိုင်ငံခြားရေးဒုဝန်ကြီး အန် ထော်နီဘလင်ကင်း ဦးဆောင် သည့် အမေရိကန်ပြည်ထောင်စုမှ ကိုယ်စားလှယ်အဖွဲ့သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံခဲ့သည်။ ကန်ဒုနိုင်ငံခြားရေးဝန်ကြီး အန်ထော်နီဘလင်ကင်းနှင့် လှေစီးဒုက္ခသည်များအရေးအပြင်၂၀၁၅ရွေးကောက်ပွဲကျင်းပရေး၊ ငြိမ်းချမ်းရေး၊ အခြေခံဥပဒေပြင်ဆင်ရေးတို့ ဆွေးနွေးခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်အနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင်တတ်နိုင်သမျှ ကူညီဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်ဟုသတင်းရရှိသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ပင် လယ်အတွင်း မျောနေကြသည့် လှေစီးရွှေ့ပြောင်းဒုက္ခသည်အ ရေးတွင် ထိုင်း၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့က ဒုက္ခသည် များကို လက်မခံနိုင်သဖြင့် ကမ်း ကပ်ခွင့်မပေးဘဲ အစားအစာနှင့် ရေများဖြည့်ဆည်းပေးလျက် ပင် လယ်ပြင်အတွင်း ပြန်လွှတ်ခဲ့ သည်။ ထို့နောက် နိုင်ငံတကာဖိ အားပေးမှုများ မြင့်တက်လာချိန် တွင် မေလ ၂၀ ရက်က မလေးရှားနှင့် အင်ဒိုနီးရှားတို့က ဒုက္ခသည်များကို ယာယီလက်ခံမည် ဖြစ်ကြောင်း နိုင်ငံတကာသို့ ပြောကြားခဲ့သည်။ လှေစီး ဒုက္ခသည်များကို မြန်မာနိုင်ငံသားဖြစ်ပါက ပြန် လည်လက်ခံမည်ဟု အစိုးရ၏ပြောကြားချက်ကို ကြိုဆိုပြီး ရွှေ့ပြောင်းဒုက္ခသည်များအရေးမှာ တစ်ကမ္ဘာလုံးတွင် ကြုံတွေ့နေရ သည့် ပြဿနာဖြစ်၍ ဒုက္ခသည် များကို အရေးကြုံမှ ကူညီကယ် ဆယ်ခြင်းထက် ဒုက္ခသည်များ ပေါ်ပေါက်ရသည့် ဇာစ်မြစ်ကို ရှာ ဖွေ၍ ထိထိရောက်ရောက်ကိုင် တွယ်ပြုပြင်ရန်လိုကြောင်း ဒေါ် အောင်ဆန်းစုကြည်က RFA နှင့် သီးသန့်မေးမြန်းခန်း၌ ပြော ကြားခဲ့သည်။
 


.. https://www.facebook.com/MyanmarExpress