Subscribe to our RSS Feed

မြေနီကုန်းနှင့် ရှစ်မိုင်တွင် ခုံးကျော်တံတား ဆောက်မည်

From : ..the voice


ရန်ကုန်မြို့တော်၏ လူဦးရေထူထပ်ရာ မြို့ပတ်မြို့နယ်များမှ ရန်ကုန်မြို့တွင်းသို့ ဝင်ရောက်ရာ ပြည်လမ်းမပေါ်ရှိ အချက်အချာ ကျသည့် မြေနီကုန်းနှင့် ရှစ်မိုင်လမ်းဆုံနေရာ တို့တွင် ယခု ဘဏ္ဍာရေးနှစ် (၂၀၁၃- ၂၀၁၄) အတွင်း ခုံးကျော်တံတားသစ် နှစ်စင်းကို တည်ဆောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား)မှ ဒုတိယဌာနမှူး ဦးမျိုးလွင်က ပြောကြားသည်။

ယင်းခုံးကျော်တံတားနှစ်စင်း တည်ဆောက်ရန် လေ့လာစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီး တည်ဆောက်မည့် ရက်နှင့် တည်ဆောက်မည့်ပုံသဏ္ဌာန် အတိအကျကို ပြောကြားနိုင်ခြင်းမရှိသေး ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
"ခုံးကျော်တံတားတွေဆောက်တဲ့ အချိန်မှာတော့ ဒုက္ခခံရမှာပေါ့"ဟု ၁၅ နှစ် ခန့် အဌားယာဉ်မောင်း လုပ်ကိုင်သူ ဦးမင်းနိုင်ကဆိုသည်။

အသစ်ထပ်မံတည်ဆောက်မည့် ခုံးကျော်တံတားနှစ်ခုကို တည်ဆောက်ဆဲ ရွှေဂုံတိုင် ခုံးကျော်တံတားနှင့် ဘုရင့်နောင် ခုံးကျော်တံတားများ ပြီးစီးမှသာ တည်ဆောက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) ထံမှသိရသည်။

ယခုရန်ကုန်မြို့တော်၌ တည်ဆောက်ဆဲ ခုံးကျော်တံတား သုံးစင်းအနက် လှည်းတန်း ခုံးကျော်တံတားကို ဧပြီလ ၁၀ ရက်နေ့ နံနက်က မော်တော်ယာဉ်များ စတင်ဖြတ် သန်းမောင်းနှင်ခွင့် ပြုခဲ့ရာ လှည်းတန်း လမ်းဆုံ၌ ယာဉ်ကြောပိတ်ဆို့မှု လျော့ပါးသွားသော်လည်း ဟံသာဝတီအဝိုင်းနှင့် မြေနီကုန်း လမ်းဆုံတို့တွင် ပိုမို ပိတ်ဆို့သွား ခဲ့သည်ကို တွေ့ရသည်။


.. www.MyanmarExpress.net
 

4 comments:

လူ ဘ ဝ ခ ဏ လေး ပါ ကင် ဆာ ရော ဂါ သ တိ ပြု ကြ ပါဝမ်း နည်း ကြေ ကွဲ စ ရာ ရော ဂါ ဆိုး ကြိး ပါ

ကင် ဆာ ရော ဂါ သ တိ ပြု ကြ ပါ

ကင် ဆာ သ တိ

Tadar sout tar cancer nelt bar sai lal.money be sai dar.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်