Subscribe to our RSS Feed

ဆက်သွယ်ရေးလုပ်ငန်းလိုင်စင် ပဏာမအဆင့် Telenor အောင်မြင်

From : ..YGM

မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ဆက်သွယ်ရေးလိုင်စင် ၂ ခုအတွက် ခေါ်ယူသော တင်ဒါ ပဏာမအဆင့်ရွေးချယ်ရာ၌ Telenor Group ပါဝင်လာကြောင်း သိရ သည်။

Telenor Group သည် ထိုင်းနိုင်ငံ (dtac) ၊ မလေးရှား(DiGi)၊ အိန္ဒိယ (Uninor) ၊ ဘင်္ဂလားဒေရှ့် (Grameenphone) နှင့် ပါကစ္စတန်(Telenor) မှ လုပ်ငန်း များတွင် မိုဘိုင်းအော်ပရေတာအဖြစ် ဦးဆောင် လုပ်ကိုင်ခဲ့သည့် ကုမ္ပဏီဖြစ်ကြောင်းသိရသည်။

Telenor Group အနေဖြင့် လိုင်စင်တင်ဒါ ယှဉ်ပြိုင်မှုအတွက် လိုအပ်သောစာရွက်စာတမ်းများကို ပြင်ဆင်နေစဉ်အချိန်အတွင်း လိုင်စင်ရွေးချယ်စီစစ်ရေးလုပ်ငန်းစဉ်နှင့် ပတ်သက်သော လိုအပ်ချက်များ ကိုလေ့လာသွားမည် ဖြစ်ကြောင်း နှင့် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး လုပ်ငန်းရေရှည် တိုးတက်မှုရှိလာစေရန် အတွက် အားစိုက်လုပ် ကိုင်သွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီမှ သတင်းထုတ်ပြန်ခဲ့သည်။


 .. www.MyanmarExpress.net
 

2 comments:

တရုတ်(အယုတ်တမာ)ကုမ္ပဏီ မဟုတ်ရင်
ရပြီ

တရုတ် မဟုတ်ပေမယ့် တရုတ် ထက်ဆိုးတဲ့ ကုလားတွေ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်