From :
..Posted From Classic Burma News
မလေးရှားနိုင်ငံ ဂျိုဟိုး kota tinggi မြို့ taman kota ရပ်ကွက်တွင်နေထိုင်သူ မြန်မာ မိန်းကလေး တစ်ယောက်အား မနေ့ည (16.8.2013)က မလေးလူမျိုး ၃ ဦးမှ ည ၁၀နာရီ ခွဲအချိန်တွင် နေအိမ်ထဲ သို့ ဝင်ရောက်ကာ ဓားဖြင့်ထောက် ခေါ်ဆောင်သွားပြီး
သားမယားပြုကျင့်ခဲ့သည့် အခင်းဖြစ် ပွားပုံမှာ ည ၁၀ နာရီ ခွဲ အချိန်ခန့်တွင် မိန်းကလေးအဆောင်နောက်ဘေး အဆောင် တံခါးပေါက် အားဖြတ်ဆီး၍ မလေးသုံး ယောက်မှာ အဆောင်တွင်းသို့ ဝင်ရောက်လာသောအခါ အဆောင် တွင်းနေ မြန်မာမိန်းကလေးများ ကြောက်ရွံ့အော်ဟစ်ခါ သူငယ်ချင်းများအားလုံး သတိပေးကာ အဆောင်ရှေ့ပေါက်မှ ထွက်ပြေးကြလေ သည်။
ကံဆိုးသူ မ... ကတော့ ဆေးစစ်ပြီး ပြန်လာချိန် ဖြစ်၍ ပင်ပန်း၍ မနိုးပဲ အိပ်ရာထက် ကျန်ခဲ့သော အခါ သူတို့ ၃ ယောက်က ဓားဖြစ်ထောက်ခေါ်ဆောင်သွားခြင်းဖြစ်သည်
ထိုအဖြစ်အပျက် အား မြန်မာသံရုံး သို့ တိုင်ကြားသောအခါ
မြန်မာသံရုံးမှ မလေးရှားလဝက အားတိုင်ကြားပြီး တနင်္လာနေ့ ညနေ ၃ နာရီတွင် ရောက်ရှိမည်ဖြစ်ကြောင်း အကြောင်းပြန်ပါသည်
ယခုဖော်ပြပါ ဓာတ်ပုံမှာ မြန်မာမိန်းကလေးများ အလုပ်မဆင်းပဲ ဆန္ဒပြ တောင်းဆိုနေတာဖြစ်ပါတယ်။
သူတို့ ဆန္ဒ ပြသော အကြောင်း အရာမှာ သူတို့ နေအိမ် အဆောင်များ လုံခြုံမှုရှိအောင်လုပ်ပေးရန် နှင့် ယခု ကိစ္စ အားအရေးယူတိုင်ကြားပေး ရန် ဖြစ်ပါတယ်။
.. www.MyanmarExpress.net

2 comments:
မ လေးရှားမှာရှိတဲ့ မြန်မာလူမျိုးတွေ အ စော်ကားခံနေရတဲ့ အချိန်မှာ လူ့အခွင့်အ ရေးသမားတွေ ဘယ်ရောက်နေပါသလဲ. မစ္စတာ ကင်တားနား ဘယ်လိုဆောင်ရွက်ပေးမလဲ?
ငါ က တော့မြန်မာအမျိုးသမီးတွေကိုစောင့်ရှောက်ပါတယ်ဆိုတဲ့ ပါးရိုက်နားရိုက်လုပ်တဲ့မြန်မာကောင်တွေဘယ်ရောက်နေလဲဘာလုပ်သလဲဘဲ မေးချင်တယ်။နောက်တခုက ဘာဖြစ်လို့ရှိတဲ့လက်နက်နဲ့လူအုပ်နဲ့မခုခံကြတာလဲ။ မရှိဘူးဆိုမိန်းကလေး၁၀ယောက်အနဲဆုံးရှိနိုင်တယ်ဒုတ်ချက်ပြုတ်တဲ့အိုးခွက်ကအစပစ်ပေါက်ခုခံအောင်ဟစ်ရင်ဒီကောင်တွေလုပ်ဘို့တောင်စဉ်းစားမယ်မထင်ဘူး ကြောက်သူကိုဖြဲခြောက်တဲ့သဘာဝနဲ့မတရားမှု့ကိုမခုခံခြင်းဟာမတရားမှု့ကိုအားပေးတာဘဲဖြစ်တယ်။အခြေအနေနဲ့အချိန်အခါကိုကြည့်ပြီးလူညီရင်ညီသလိုမတရားမှု့ကိုကာကွယ်နိုင်ပါလိမ့်မယ်။ သံရုံးကလဲအထူးဂရုပြုပြီးမြန်မာတွေကို အနိုင်ကျင့်ခံဘ၀ကနေလွတ်ဘို့တရားဝင်နည်းလမ်းများနဲ့ကာကွယ်ပေးဘို့လိုပါလိမ့်မယ်။အခုမလေးပလိပ်တို့လ၀ကတို့ကမြန်မာဆိုညှစ်ဘို့လောက်မြင်တာမြန်မာသံရုံးကကာကွယ်ပေးနိုင်ပါလိမ့်မယ်။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်