Subscribe to our RSS Feed

အမျိုးသားရေး ကို လူ့အခွင့်အရေးထက် ပိုမိုလေးစားသူသာ ၂၀၁၅ သမ္မတ ဖြစ်ပါစေ



ယနေ့ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ဘာသာရေးဆိုင်ရာ ပြဿနာများ၏ အဓိက အရေးပါသည့် အချက်မှာ အမျိုးသားရေးနှင့် လူ့အခွင့်အရေး အားပြိုင်မှုဖြစ်သည်။ ပြဿနာများကို ကိုယ်တွေ့ မခံစားရသူ များနှင့် အဝေးမှ စောင့်ကြည့်သူများက လူ့အခွင့်အရေးဖြင့် တိုင်းတာကြကြီး ကိုယ်တွေ့ခံစားရသူများနှင့် ထဲထဲဝင်ဝင် အနီးကပ် လေ့လာထားသူများကမူ အမျိုးသားရေးဖြင့် ပြောဆိုထောက်ပြလျှက်ရှိသည်။ အမေရိကန်အပါအဝင် အခြားဒီမိုကရေစီနိုင်ငံတိုင်းသည် လူ့အခွင့်အရေးကိုလေးစားသော်လည်း အမျိုးသားရေး နှင့် လူ့အခွင့်အရေးနှိုင်းယှဉ်လာပါက အမျိုးသားရေးကို ဦးစားပေးသည်မှာ အားလုံးအသိဖြစ်သည်။ အမေရိကန် နိုင်ငံတွင်း၌ပင် လယ်ယာစိုက်ပျိုးနေသော မက္ကစီကိုနိုင်ငံသားများ လူ့အခွင့်အရေး ဆုံးရှုံးနေကြရသည်။  အမေရိကန်သည် ၎င်း၏ အမျိုးသားလုံခြုံရေးကို ထိခိုက်လာသဖြင့် အာဖဂန်နှင့် အီရက်ကို တိုက်ခိုက်ခဲ့ရာ စစ်ဒဏ်ကြောင့် လူအများအပြား လူ့အခွင့်အရေး ဆုံးရှုံးခံခဲ့ရသည်။ အလားတူ အမေရိကန် ပြည်သူများမှလည်း လူ့အခွင့်အရေးထက် အမျိုးသားရေးကို ဦးစားပေးဆောင်ရွက်တတ်သော  ခေါင်းဆောင်ကိုသာ လိုလားကြ သည်။

မြန်မာနိုင်ငံတွင် လွှတ်တော်သတ်တမ်း တစ်ဝက်ကျော်လာပြီးနောက် ပြည်ထောင်စု လွှတ်တော် နာယက ပြောင်းလဲပြီးသွားချိန်တွင် နောက်ထပ် လွှတ်တော်သက်တမ်း ဒုတိယတစ်ဝက်ကို နောက် ရွေးကောက်ပွဲအတွက် အလေးထား ပြင်ဆင်နေကြပြီဖြစ်သည်။ လွှတ်တော်ထဲတွင် ကိုယ်စားလှယ် အင်အား အများဆုံး ရယူထားသည့် အာဏာရ ကြံ့ဖွံ့ပါတီဥက္ကဌ ပြည်ထောင်စုလွှတ်တော် နာယကသစ် သူရဦးရွှေမန်း နှင့် နောက်တစ်ဆက် သမ္မတလုပ်မည်ဟု တရားဝင် ကြေညာထားသော NLD ပါတီ ဥက္ကဌတို့ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ပနံသင့်လှသဖြင့် လွှတ်တော် ဒုတိယသတ်တမ်း လပေါင်း ၃၀ အတွင်း ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်စေဖို့ အခြေခံဥပဒေကို ပြင်ဆင်ရန် အတူကြိုးစားကြမည်မှာ သေချာသလောက်ရှိပြီဖြစ်သည်။


သမ္မတလုပ်မည်ဟု တရားဝင်ကြွေးကြော်ထားသူ NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်သည် နိုဘယ်ဆုရှင်တစ်ဦး၊ လူ့အခွင့်အရေး လေးစားသူတစ်ဦးအဖြစ် လူသိများခြင်းကြောင့် ဒေသတွင်း ပြဿနာများကို လူ့အခွင့်အရေးဖြင့် တိုင်းတာနေခြင်းသည် မြန်မာလူထုအတွက် စိုးရိမ်စရာဖြစ်လာသည်။ ထို့ကြောင့်ပင် ရခိုင်လူငယ်တစ်ဦးဖြစ်သည့် ကိုစစ်ငြိမ်းမှ ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့သို့ သွားရောက်ကာ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လူ့အခွင့်အရေး အကြောင်းပြောချင်လျှင် OIC နိုင်ငံများတွင် သွားပြောဖို့ မီဒီယာများရှေ့တွင် ပြောကြားခဲ့သည်။
OIC နိုင်ငံများသည် ၎င်းတို့နိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နေသော်လည်း မြန်မာနိုင်ငံတွင်း အစ္စလာမ်ဘာသာဝင်များအပေါ် လူသားချင်း တန်းတူဆက်ဆံရန် အစိုးရကို ဖိအားပေးလျှက်ရှိသည်ကို မြန်မာသမ္မတ လုပ်မည့်သူသာမက မြန်မာနိုင်ငံသားအားလုံးမှ အမျိုးသားရေးသတိဖြင့် သတိထား စောင့်ကြည့်ရမည်ဖြစ်သည်။ OIC နိုင်ငံများတွင် သာမက မြန်မာနိုင်ငံတွင်းရှိ အစ္စလာမ်ဘာသာဝင်များတွင်ပင် အမျိုးသားတစ်ဦးလျှင် အမျိုးသမီးများစွာယူစေခြင်း၊ အမျိုးသမီးများ ကျန်းမာရေး စောင့်ရှောက်ခွင့် မခံရဘဲ ကလေးများစွာမွေးစေခြင်း၊ အမျိုးသမီးများ အလုပ်လုပ်ပိုင်ခွင့်နှင့် ပညာသင်ခွင့်ကို တားဆီးပိတ်ပင်ခြင်း၊ အမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်ခံရခြင်း၊ အမျိုးသမီးများအမွေမရ၊ ကလေးများကို ဘာသာရေးကျောင်းများတွင်သာ စာသင်ခွင့်ရှိခြင်း စသည့် လူ့အခွင့်အရေးများ ချိုးဖောက်ခံ နေရသည်။ သို့သော် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ Organization of the Islamic Conference (OIC)၊ Human Rights Watch (HRW) တို့သည် ဗုဒ္ဓဘာသာ မြန်မာလူများစုမှာသာ အစ္စလာမ်ဘာသာဝင် လူနည်းစု အပေါ်တွင် လူ့အခွင့်အရေး ချိုးဖောက်နေကြောင်း တကမ္ဘာလုံးသိအောင် ရေးသားဖော်ပြခဲ့ကြရာ ဗုဒ္ဓဘာသာ ဝင် မြန်မာလူထုအပေါ် ကမ္ဘာတစ်ဝန်းရှိ အစ္စလာမ်ဘာသာဝင်များ၏ ရိုင်းစိုင်းသော တုန့်ပြန်မှုများအပြင် အကြမ်းဖက်မှုများပါ ပေါ်ပေါက်လာခဲ့သည်။ ဗုဒ္ဓဘာသာ ဘုန်းကြီးများကိုပင် အကြမ်းဖက်သမားဟု ကမ္ဘာက သိစေခဲ့သည်။ ဤအခြေအနေမျိုးတွင် လက်ရှိ သမ္မတ ဦးသိန်းစိန် သည် မိမိနိုင်ငံတွင်းရှိ နိုင်ငံသားအားလုံး၏ အမျိုးသားရေးကို ရှေ့ရှုကာ ရပ်တည်ခဲ့သည်။ ဤသို့ပင် နောက်တက်မည့် သမ္မတလည်း အမျိုးသားရေးနှင့် ပတ်သက်လျှင် လက်ရှိ သမ္မတ ဦးသိန်းစိန် ထက် ပိုမိုပြတ်သားသူ ဖြစ်သင့်သည်။    


သမ္မတကြီး ဦးသိန်းစိန်မှ ရိုဟင်ဂျာသည် မြန်မာတိုင်းရင်းသား မဟုတ်ကြောင်း၊ ကုလ ဒုက္ခသည် မဟာ မင်းကြီးရုံးမှလက်ခံလျှင် တတိယနိုင်ငံများသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ပြတ်ပြတ်သားသား ပြောကြားခဲ့ သည်ပင်လျှင် ယနေ့အခါတွင် ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်က (၇) ကြိမ်၊ INGO မျိုးစုံ၊ OIC အတွင်း ရေးမှူးသာမက OIC ကိုယ်စားလှယ်အများ အကြိမ်ကြိမ် လာရောက်နေသည့်အပြင် ကုလကိုယ်စားလှယ်က ၁၉၈၂ နိုင်ငံသားဥပဒေကို ပြင်ဆင်ဖို့ တိုက်တွန်းနေသည်မှာ အားလုံးအသိဖြစ်သည်။ အကယ်၍ ၂၀၁၅ တွင် လူ့အခွင့်အရေးကို အမျိုးသားရေးထက် ဦးစားပေးသူ သမ္မတဖြစ်လာပါက ဘင်္ဂါလီများသာမက မွတ်ဆလင် များက ယနေ့ထက် ရမ်းကား အစွန်းရောက်လာမည်ဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံတွင် မြို့တိုင်း၏ အလည် ဗဟိုတွင် ဗလီများရှိပြီး မြို့အစွန်များ၌ ဘုန်းကြီးကျောင်းများရှိသည်မှာ သက်သေဖြစ်သည်။ နောက်ပိုင်းတွင် မွတ်ဆလင်များက မြို့လည်အချက်အချာအားလုံးကို နေရာယူသွားမည်ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်အားလုံး မြို့အပြင် ရောက်သွားမည့်အပြင် ဘူးသီးတောင်နှင့် မောင်းတောကဲ့သို့ ဖြစ်သွားမည်ဖြစ်သည်။  


ယနေ့ မြန်မာလူထု သန်း ၆၀ ကျော်အတွက် အမျိုးသားရေးနှင့် အမျိုးသားအကျိုးစီးပွားဖြစ်ထွန်းရေးက အခြေခံလိုအပ်ချက်ဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်များ အစွန်းရောက်နေပြီး အလားတူ အိမ်နီးချင်း ထိုင်းနိုင်ငံသာမက အနောက်ဥရောပနိုင်ငံများတွင်လည်း နိုင်ငံခြားသား၊ ဘာသာခြား အစွန်းရောက် များ၏ လူမျိုးရေးအစွန်းရောက်မှုနှင့် ဘာသာရေးအစွန်းရောက်မှုကြောင့် ဒေသခံပြည်သူအများအပြား ဒုက္ခ ကြီးမားစွာ ရင်ဆိုင်နေကြရသည်။ သို့ဖြစ်၍ အမျိုးသားရေးကို ကာကွယ်စောင့်လျှောက်ရာတွင် အထူးပြတ်သား သူတစ်ဦး၊ အမျိုးသားရေးကို လူ့အခွင့်အရေးထက် ပိုမိုလေးစားသူတစ်ဦးသာ ၂၀၁၅ မှာ မြန်မာနိုင်ငံ သမ္မတ ဖြစ်ပါစေ။
 

.. www.MyanmarExpress.net
 

24 comments:

good articles,,

try like this articles,,

မှန်တာပေါ့ဗျာဒါကြောင့်ဦးသိန်းစိန်ပဲပြန်ရစေချင်တာပေါ့
အမျိုးသားရေးကအဓိကတဲ့ကြိုက်တယ်ဗျာ
ဒီလိုပဲဖြစ်သင့်တာပေါ့

ကြိုက်တယ်ကွာ

မွတ်တွေက မြန်မာတွေကို လုပ်ရင် ညီညီညွတ်ညွတ်နဲ့ အသံမထွက်အောင်လုပ်တယ်။ မြန်မာတွေက လုပ်ရင် လူသိရှင်ကြား ပေါ်လွင်အောင်လုပ်တယ်။ အဲဒါကြောင့် ဗုဒ္ဓဘာသာကို အစွန်းရောက်လို့ ပြောလာတာပါ။ တကယ်တမ်း ဘယ်ဘာသာက အစွန်းရောက် ဆိုတာ အားလုံး သိပါတယ်။

very good.I am real Burmese. stay in Singapore. But for national interest we have to think about it properly.
I had proposal. Hornorble President Post if DASSK win election 2015 and 2020 to accepet it as General Aung San to respect as Hornorble President Post .Only for General Aung San General Aung San generation.
But law maker PM must be elected by public direct from public as all party. So she can be President as adminstration and law will be written by PM including 20% of military 2015 and 15% of 2015.1982 nationality law must be more tighten.
88 said national service to country law I will be accept.That is very good openion to stable country and security for country.
So international pressure will be less and build up country smoothly for 10 years 2 Perliment and we can get chance to build country.
Election law may be change for her just 2 term.After that we are nomal procedure as 2008 state constitution.
But for the law makers must be all nationalist.

ကျွှနုပ် တို့ ၏ ရွှေတိဂုံစေတီတော်ကြီး ထာဝရ တည်တံပါ စေ။

ကျွှနုပ်တို့ ၏ ရွှေတိဂုံစေတီတော်ကြီး ထာဝရ တည်တံပါ စေ။

MEကို မ နား တ မ်း လက် ခု ပ် သံ များ ဖြ င့်ေ ထာ က် ခံ ပါ တယ် ။

Nationalism must be at the front line, otherwise, our country will be ruin. All intruders into our country are nationalists of their nation unitedly. Thus, we must defend our country with nationalism-mindset and must oppose national betrayers. Who are our national betrayers?

စာသားတွေကထိပါပေတယ် တင်ထားတဲ့ပုံကလည်း ပို၍ ရူးသွတ်စေတယ် ဗလီကျောင်းတွေ အရူးတွေလိုအော်နေတာတွေ စိတ်သုဉ်းမလား တိုးလားမလား နောက်လာမဲ့သမ္မတပေါ်မူတည်တယ်

nice post,thanks myanmar express

အမှန်ကန်ဆုံးပါ။ အမျိုး ဘာသာ သာသနာ အတွက် ။

Great thinking and right article!

ဒေါ်စု သမ္မတ ဖြစ် သွားရင် ဗုဒ္ဓဘာသာ ပျက်သုဉ်းသွားလိမ့် မယ်

ဒေါ် စု သမ္မတ ဖြစ် တဲ့နေ့ ဗုဒ္ဓ ဘာသာ သေဆုံး တဲ့နေ့

မြန် မာ ကို အ ထင် မ ကြီး လို.့  ကု လား ဖြ.ူ ကို ယူ တာ ၊

နီး စပ် လို.့  အိမ် ထောင် ပြု မိ တာ ပြော ရင် ၊ ကိုယ့် စိတ် ကိုယ် မ နိုင်. သူ ၊ လေ ယူ ရာ တိမ်း. သူ. လို.့  ပြော ရ မှာ

နိုင် ငံ့  ဖ. ခင် ရဲ.့  သ မီး. က. လူ မျိ.ုး ခြား မ ယူ သင့် ဘူး

အဲ့ ဒီ လို သ မီး က သ မ တ ဖြစ် ချင် လို.့  အ ခြေ ခံ ဥ ပ ဒေ ကို မ ပြင် ခိုင်း သင့်. ဘူး ၊

ရို ဟင် ဂျာ ဟာ တိုင်း ရင်း သား မ ဟုတ် ဘူး. လို.့  ပြတ် ပြတ် သား
သား. မ ပြော တဲ့ သူ. ၊ သမတ မဖြစ် ထိုက် ၊

သွေး မ တော် သား မ စပ် ဘဂ် လီ. ကို လူ.့  အ ခွင့် အ ရေး ရှူ ထောင့် က အား ပေး ပြီး. ၊ သွေး. တော် တဲ့ ရ ခိုင် ကို ပြစ် ထား ရက် သူ. ၊ သမတ. မ ဖြစ် သင့်

People are confused from the very beginning. Most people hate Tat-Ma-Daw and Government. At the same time, they are nationalists, and admire the western way of life. They are interested in more politics than Buddhism(Monks included). They forget one's own KARMA effect ones life. (For instance, Aung San Su Kyi was house arrested by her doing, not by Senior General Than Shwe). So if the people are fool enough to elect Aung San Su kyi their President, they will their own consequences.

ဟုတ် တာ ပေါ့ ဗျာ နိုင် ငံ့ ဖ ခင် တစ် ယောက် ရဲ့ သ မီး က အ မျိုး တော့ စောင့် ထိန်း သင့် တာ ပေါ့ ၊ သူ သာ အာ ဏာ ရ သွား ရင် ကျွန် တော် တို့ နိုင် ငံ ကု လား နိုင် ငံ ဖြစ် ဖို့ နီး စပ် သွား ပါ ပြီ ၊ NLD များ ဖင် ပိတ် ငြင်း ချင် သေး လား ။

If Daw Aung San Su kyi will be the president,Myanmar will be a Islamic country.

ထောက်ခံပါတယ်

ဒေါ်စု အင်္ဂလန် ပြန်ပါတော့။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်