Subscribe to our RSS Feed

မွတ်စလင်နဲ့ မြန်မာတို့ တွေ့ဆုံဆွေးနွေးမှု လုပ်ဖို့ ကုလတိုက်တွန်း

From : ..Radio Australia
 
မြန်မာအစိုးရနဲ့ ရခိုင်ပြည်နယ်က မွတ်စလင်တွေအကြား တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက အရာရှိ Andrian Edwards က ပြောလိုက်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ခဲ့တဲ့ ပဋိပက္ခကြောင့် ခုချိန်ထိ အိမ်မပြန်နိုင်ပဲ ဒုက္ခသည်စခန်းတွေမှာ နေနေရတဲ့ မွတ်စလင်တွေနဲ့ အာဏာပိုင်တွေကြား ငြိမ်းချမ်းရေးအရ ဆွေးနွေးမှုတွေ လုပ်ပြီး တစ်ဦးပေါ်တစ်ဦး ယုံကြည်မှုတွေ တည်ဆောက်ဖို့ ကြိုးစား သင့်တယ်လို့ ပြောလိုက်တာ ဖြစ်ပါတယ်။

ဒီလို တွေ့ဆုံမှုတွေက နောက်ထပ် အကြမ်းဖက်မဖြစ်အောင် တားဆီးနိုင်မယ့် အဓိက အချက် အဖြစ် မြင်ကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က လုံထိန်းရဲတွေနဲ့ မွတ်စလင်တွေကြား ပဋိပက္ခဖြစ်ခဲ့ပြီး မွတ်စလင်တစ်ဦးသေဆုံးခဲ့ရပြီးနောက် ကုလသမဂ္ဂက အရာရှိက ခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ တိုမတ်စ်အိုဟေးကင်တားနားကလည်း ရခိုင်ပြည်နယ်ကို နှစ်ရက်ကြာလည်ပတ်ခဲ့ပြီး ခုအခါမှာ ရန်ကုန်မြို့ကို ပြန်ရောက်နေပြီ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း ရိုဟင်ဂျာမွတ်စလင်တွေ အများစုနေထိုင်တဲ့ စစ်တွေမြို့က အောင်မင်္ဂလာရပ်ကွက်ကို လည်ပတ်ခဲ့ပြီး လူမှုအဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲ့ဒါ့အပြင် စစ်တွေမြို့အကျဉ်းထောင်ကိုလည်း လည်ပတ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်ကို အလာမှာ ဆန္ဒပြမှုတွေနဲ့ ကြုံခဲ့ရသလိုပဲ အပြန်မှာလည်း သူ့ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

မစ္စတာကင်တားနားဟာ ကချင်ပြည်နယ်၊ မိတ္တီလာမြို့အပြင် တခြားဒေသကိုလည်း သွားရောက်လေ့လာဖို့ရှိပြီး ဆယ်ရက်ကြာ ခရီးစဉ် အဆုံးသတ်တဲ့နေ့မှာတော့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

 .. www.MyanmarExpress.net
 

2 comments:

Ignorant UN officer Andrian Edwards. He does know that the problem is between the trouble making terrorist Bengali and Rakhine people and not with the authorities.

U N က ရ ခို င် မြောက် ပိုင်း မှာ bingali တွေ ကို နေ ရာ ပေး ဖို့ စီ စ ဉ် ထါး ပု ရ တ ယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်