Subscribe to our RSS Feed

အမေရိကန်စစ်တပ်မှ ရဟတ်ယာဉ်တစ်စင်း ဂျပန်တွင်ပျက်ကျ

From : ..Mizzima

အမေရိကန်စစ်တပ်မှ ရဟတ်ယာဉ်တစ်စင်း တနလာင်္နေ့တွင် အိုကီနာဝါကျွန်းစုတောင်ပိုင်း၌ ပျက်ကျခဲ့ ကြောင်း၊ ဂျပန်ရဲများနှင့် အာဏာပိုင်များက ပြောကြားလိုက်သည်ဟု သြဂုတ် ၆ ရက်က အေအက်ဖ်ပီသ တင်းဌာနမှဖော်ပြထားသည်။

HH-60 အမျိုးအစား ရဟတ်ယာဉ်ပေါ်တွင် တပ်ဖွဲ့ဝင်လေးဦးပါဝင်ခဲ့ပြီး၊ ၎င်းတို့အနက်သုံးဦးမှာ ထိခိုက်မှု မရှိခဲ့သော်လည်း ကျန်အဖွဲ့ဝင်တစ်ဦးမှာ အတည်ပြု၍မရသေးသည့် ဒဏ်ရာတစ်ခုကြောင့် ဆေးရုံသို့ခေါ် ဆောင်သွားခဲ့ရသည်ဟု ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနရှိ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

“ရဟတ်ယာဉ်က ဟန်ဆန်စခန်းမှာပျက်ကျခဲ့တာပါ၊ သုံးယောက်ကတော့ ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့တစ် ယောက်ကတော့ ဘယ်လိုအခြေအနေရှိလဲမသိသေးပါဘူး” ဟု ၎င်းကဆိုသည်။ ဟန်ဆန်မှာ ဂျပန်နိုင်ငံရှိ အမေရိကန်စစ်အခြေစိုက် စခန်းတစ်ခုဖြစ်သည်။ ရဟတ်ယာဉ် ပျက်ကျမှုကြောင့် မြေပြင်ပေါ်ရှိ အရပ်သား များ ဒဏ်ရာရရှိကြောင်း အစီရင်ခံထားသည်ကိုလည်း မတွေ့ရှိရသေးပေ။

NHK ရုပ်သံဌာနမှ သစ်တောအတွင်း မီးလောင်နေသည့် ယာဉ်တစ်စင်းဟု ယူဆရသည့် ဗီဒီယီမှတ်တမ်း တစ်ခုအား ဖော်ပြခဲ့သည်။

ယင်းမတော်တဆမှုအားပထမဆုံးသတင်းပေးခဲ့သူမှာ ဒေသခံတစ်ဦးဖြစ်ပြီး ဒေသ စံတော်ချိန် ညနေ ၄ နာရီတွင် သစ်တောအတွင်း၌ မီးခိုးများထွက်နေကြောင်း ပြောကြားခဲ့သည်ဟု ဒေသခံရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။



 .. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်