Subscribe to our RSS Feed

ဒီမိုကရေစီနောက်ပြန်မလှည့်ရန် အစိုးရမဟုတ်သောအဖွဲ့အစည်းများကို အလေးထားဟု သမ္မတရုံးဝန်ကြီးပြော

From : .. YMG


ဒီမိုကရေ စီနောက်ပြန်မသွားနိုင်ရန် အစိုး ရအဖွဲ့အနေဖြင့် INGO (အစိုး ရမဟုတ်သောအဖွဲ့အစည်း) များ ၏အခန်းကဏ္ဍအား အလေးထား ကြောင်း သမ္မတရုံးပြည်ထောင် စုဝန်ကြီး ဦးစိုးသိန်းကပြောသည်။
''သန်း၆ဝသော ပြည်သူတွေ ကို ဝိုင်းပြီးတော့ ထိန်းကျောင်း တည့်မတ်ပြီး ကူညီတာ အခုကြွ ရောက်လာတဲ့IGO တွေ IGO တွေဖြစ်ပါတယ်။ ဒါကြောင့် မို့လို့ IGO ရဲ့ အခန်းကဏ္ဍကို ကျွန်တော်တို့အစိုးရက တအား အလေးထားတယ်။ ဘာကြောင့် အလေးထားလဲဆိုတော့ ဒီမိုက ရေစီ နောက်မပြန်ချင်လို့ အလေး ထားတာ''ဟု ပြောသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ဩဂုတ် ၁ရ ရက်တွင် မြန်မာ့ငြိမ်းချမ်းရေး ပြန် လည်ထူထောင်ရေးဗဟိုဌာနတွင် ပြုလုပ်ခဲ့သည့် NGO/INGO များနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒီမိုကရေစီပြောင်းလဲသည့် လုပ်ငန်းစဉ်သည် ခက်ခဲသည့်လုပ် ငန်းဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ် သို့သွားရာတွင် ဝန်ကြီး၃ဝခန့်ရှိ သောအစိုးရ ၆၀ဝကျော်ခန့်ရှိ သည့် လွှတ်တော်ကိုယ်စားလှယ် များနှင့် ဝန်ထမ်းအင်အား နှစ်သိန်း နီးပါးခန့်ရှိသည့်အင်အားနှင့် ဒီမို ကရေစီပြောင်းလဲမှုအား လုပ်ယူ၍ မရကြောင်း၊ နိုင်ငံသားတိုင်း ပါဝင် လုပ်ဆောင်မှသာ ရရှိနိုင်မည်ဖြစ် ကြောင်း ယင်းကဆိုသည်။
လက်ရှိအစိုးရ၏ လုပ် ဆောင်ချက်များနှင့်ပတ်သက်၍ ဦးစိုးသိန်းက ''ကျွန်တော်လက်ခံ ပါတယ်။ တချို့ဟာလေးတွေမှာ နှေးတာလေးတွေ၊ လေးတာလေး တွေ၊ တာဝန်မယူတာလေးတွေ ရှိပါတယ်။ ဒါတွေ ကျွန်တော်တို့ ပြင်ကြရမယ်''ဟု ပြောသည်။
ပြည်သူများအနေဖြင့် လွတ်လပ်ပြီး ပျော်ရွှင်သည့် လူနေ မှုဘဝ ရရှိပါက နောက်ကြောင်း ပြန်သွားသည့်အဖြစ်မျိုး ရောက် ရှိနိုင်မည်မဟုတ်ကြောင်း၊ ဒီမို ကရေစီစနစ် အပြောင်းအလဲဖြစ် နိုင်သည့်အတွက် အချိန်များစွာ ယူခဲ့ရပြီး ယခုအခါတွင် ယင်း စနစ်ဖြင့် သွားနေပြီဟု ဦးစိုးသိန်း က ဆိုသည်။
''ကျွန်တော် အမြဲပြောပါ တယ် သိပ်ပြီးဆန္ဒမပြင်းပြနဲ့။နှစ် ပေါင်း၆ဝလောက် တခြားစနစ် နဲ့သွားတော့ နှစ်နှစ်ခွဲနဲ့ ဒီဟာ လေးကို ပြင်ရတယ်ဆိုတာ သံချေး နည်းနည်းတက်တဲ့လူက သံချေး ခွာရတာ များတယ်။ သံချေး နည်းနည်းတက်တဲ့သူက ပွတ် လိုက်ရင်တော့ သံချေးကျွတ် သွားတယ်။ ဒီဟာလေးလဲ နား လည်ပေးပါလို့ ကျွန်တော်တင်ပြ လိုပါတယ်''ဟု ယင်းက ဆက်လက် ပြောသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးအတွက် NGO/INGO များ၏ အကြံဉာဏ်များ ရ ယူဆောင်ရွက်နိုင်ရန်အတွက် ဆွေး နွေးပွဲများ တစ်လတစ်ကြိမ်ပြုလုပ် သွားမည်ဟု သိရသည်။


.. www.MyanmarExpress.net
 

2 comments:

မှန်တယ်ဗျာစနစ်သစ်ပြောင်းတယ်ဆိုတာပြောသလောက်
ဘယ်လွယ်ပါ့မလဲအားလုံးဝိုင်းကြိုးစားမှဖြစ်မှာပေါ့

အစိုးရမှာ တာဝန်ရှိကြောင်းဝန်ခံပြီ
သရော်စာ

ရွှေနိုင်ငံ

မြန်မာပြည်မှာ…..
အမှား ကြာရင် ....
အမှန် ဖြစ်သွားတတ်ပါတယ်…….။

၈၈ အရေးအခင်းကြီးမှာ ….
တကယ်မဖြစ်ခဲ့ တဲ့ ကိစ္စတွေ…..
လိုတာထက် ပိုပြီး လုပ်ဇာတ်ဆင်ထားတဲ့  ….
ရင်နင့် ဖွယ်ဇာတ်လမ်းတွေ….
လေလှိုင်းကြားက ……
မြှောက်ထိုးပင့်ကော် အခါပေးသံတွေကြားမှာ…..
သမိုင်းဟာ ဖြစ်သင့်တာထက်ပိုပြီး ……
မီးဟုန်းဟုန်းတောက်ခဲ့ရတယ်ဆိုတာ …..
ဘယ်သူမှ မငြင်းနိုင်ပါဘူး……

တော်လှန်ရေးကို လိုတာထက်ပိုပြီး ….
အမွန်းတင်လာတဲ့ အခါ….
သမိုင်း အမှန်ဟာ …..
တဖြေးဖြေးတိမ်ဝင် ဆွံ့ အ လာခဲ့ ပါတယ်…..
ဒီလိုနဲ့ …..
ဆယ်စုနှစ် နှစ်စုကျော်ကြာမြင့်ချိန်မှာတော့ ……
ခင်ဗျားတို့ ဟာ …..
အမုန်းတရား နဲ့ ပြည့်ဝနေတဲ့ မျိုးဆက်တစ်ဆက်ကို …
တိုင်းပြည်အတွက် မွေးထုတ်ပေးပြီးခဲ့ပါပြီ…..

ဒီအတွက် ခင်ဗျားတို့ .....
ဂုဏ်ယူမယ်ဆိုလဲ ယူနိုင်ပါတယ်…..
ကြည့်လိုက်စမ်းပါ…..
ခင်ဗျားတို့ တော်လှန်ရေးကြီး မြင့်မြတ်ဖို့ အတွက်….
ငယ်ရွယ်တဲ့ မျိုးဆက်ကို …..
ဘယ်လောက် အဆိပ်ခတ်ပြစ်လိုက်ပြီဆိုတာ…..။

ကျွန်တော်နားမလည်တာက…..
တော်လှန်ရေးဟာ ……
အာဏာရှင်ကို တော်လှန်ခဲ့ တာနဲ့ တင် မြင့်မြတ်ပြီးသားပါ….
လူသိန်းချီပါဝင်တဲ့ အုံကြွမှုကြီးတစ်ခုဟာ….
မြန်မာလူမျိုးတွေရဲ့ နှစ်ယောက်ရှိရင် …..
သုံးပိုင်းကွဲတဲ့ စိတ်နဲ့ သွားတွေ့ ချိန်မှာ……
ထိန်းမနိုင် သိမ်းမရဖြစ်ကုန်တော့တာ …..
အဆန်းမဟုတ်နိုင်ပါ……..

တပ်မတော်ရဲ့ …..
ပြင်းပြင်းထန်ထန် အင်အားသုံးဖြိုခွဲမှုတွေ…
တကယ်ဖြစ်ခဲ့ တဲ့ သွေးထွက် သံယိုဇာတ်လမ်း တွေကို …
အရှိအတိုင်း ချရေးသင့်သလို….
အတိုက်အခံအဖွဲ့ တွေ ကြားက ……
အချင်းချင်း အာဏာ အဝေမတည့်ဇာတ်လမ်းတွေ ….
လုယက် အကြမ်းဖက် အဖြစ်အပျက်တွေ…..
စစ်ရေး အရ အမြတ်ထုတ်ခံရတဲ့ ….
နယ်စပ်ဒေသက တိုက်ပွဲကြီးတွေ….
မြေပေါ်မြေအောက် အဖွဲ့ အစည်းတွေရဲ့ ပါဝင်ပတ်သက်မှုတွေ ….
နိုင်ငံခြားတပ်ဖွဲ့ တစ်ချို့ ရဲ့ ကျူးကျော်ဝင်ရောက်မှုတွေ…..
ဒါတွေကိုရော….
အခု မျိုးဆက်တွေ မသိသင့်တော့ဘူးလားဗျာ…..

ဖြစ်စဉ်တွေကို ထိန်ချန်ထားခံရတဲ့ …..
အနာဂတ်မျိုးဆက်ရဲ့ အမြင်မှာ...
တပ်မတော်ဟာ….
အပ်တိုတစ်ချောင်း တောင်ကိုင်မထားတဲ့ ….
ဆန္ဒပြ ပြည်သူတွေကို …..
မောင်းပြန်သေနတ်တွေနဲ့ အတွဲလိုက်ပစ်ခတ် ….
အလောင်း တောင်လိုပုံအောင် ဖန်တီးခဲ့ တဲ့  …..
လူသတ်ကောင်တွေ ဆိုတဲ့ အမြင်နဲ့ သာ …..
တစ်ဖက်သတ်မုန်းတီးလာရာက ….
ဒီတိုက်ပွဲဟာ …..
ဖေ့စ်ဘုတ်ပေါ်ထိပါ ရောက်ရှိလာ ပါတော့တယ်…..။

Action ရှိရင် Reaction ရှိပါတယ်……
တပ်မတော်ကို တစ်ဖက်သတ် ….
တစ်ချိန်လုံးတိုက်ခိုက်လာချိန်မှာ….
တပ်မတော်ထဲက ငယ်ရွယ်တဲ့ ….
မျိုးဆက်သစ်လူငယ်တစ်ချို့ ဟာလဲ….
မခံမရပ်နိုင်ဖြစ်ပြီး ……
တန်ပြန် ရေးသားတိုက်ခိုက် လာကြတော့တာကလဲ …..
ဓမ္မတာပါပဲ……

ရေးသားသူ - ရဲမိုး နှင့် ရုပ်ဆိုး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်