From :
.. သမ္မတရုံး
(ပုံ)သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
..
www.MyanmarExpress.net
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၃၅ / ၂၀၁၃)
၁၃၇၅ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက်
(၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်)
မကွေးတိုင်းဒေသကြီး ဥပဒေချုပ်အား တာဝန်မှ ရပ်စဲခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၄ ၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၁) ပါ
ပြဋ္ဌာန်းချက်အရ မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးမောင်မောင်ဖြူတင့်အား
လုပ်ငန်းတာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်ခြင်းကြောင့် တာဝန်မှ
ရပ်စဲလိုက်သည်။
(ပုံ)သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်


5 comments:
လက်ရှိသမ္မတကြီးနဲ့ အစိုးရအဖွဲ့ရဲ့လုပ်ဆောင်ချက်ဟာ
တကယ့်ကို ပွင့်လင်းမြင်သာရှိပြီး ဒီမိုကရေစီနိုင်ငံသစ်ကို
သန့်သန့်ရှင်းရှင်း ရည်ရွယ်ချက်ကောင်းကောင်းနဲ့
ဖော်ဆောင်နေတယ်ဆိုတာ တကယ်ကို အားရကျေနပ်စရာပါ။
မကွေးသားတစ်ယောက်အနေနဲ့ ခုပြုတ်သွားတဲ့ ဦးမောင်မောင်တင့်
ဆိုတာ အကြောင်းသိပါ။
ခုထိ လမ်းဟောင်းကိုဖက်တွဲနေဆဲသူတစ်ယောက်ကို
ပြတ်ပြတ်သားသားချန်ခဲ့တာ
ကောင်းမွန်တဲ့လုပ်ပါ။
သမ္မတကြီး တကယ်ကို ပြတ်သားပြီပေါ့နော်...ထွေအုပ်တွေ ရဲတွေ နောက်ထပ် တရားသူကြီးတွေ အများကြီး ကျန်ပါသေးတယ်...ကောင်းမွန်သော အုပ်ချုပ်မှုနဲ့ သန့်ရှင်းသော အစိုးရဖြစ်ဖို့အတွက် ပထမဆုးံသော တရားဝင် ခြေလှမ်း သမိုင်းသစ်ကို ကြိုဆိုပါတယ်...မဟုတ်တာလုပ်တဲ့ ဝန်ထမ်းများ သတိသာထားကြ...
အပေါ်က လူကြီးတွေက လမ်းသစ်ဖောက်ချိန်မှာ
အောက်က ပုဂ္ဂိုလ်အတော်များများက လမ်းဟောင်းမှာဖက်တွယ်နေကြတာ
အများကြီးပါ။
ဒီလို လမ်းသစ်မှာမလိုက်နိုင်ဘဲ ကျန်နေတဲ့သူတွေကို
ခုလို ပြတ်ပြတ်သားသား ချန်ထားခဲ့တာ အားရကျေနပ်စရာပါ။
သမ္မတကြီးနဲ့ လက်ရှိအစိုးရအဖွဲ့ကို အများကြီးကြိုဆိုဂုဏ်ပြုပါတယ်။
ဟုတ်ကဲ့ အောက်ပိုင်းမှာ လမ်းဟောင်းထဲကျန်နေတဲ့သူတွေ
အများကြီးရှိပါသေးတယ်ခင်ဗျာ။
ဖော်ထုတ်အရေးယူ ဆောင်ရွက်ပေးပါဦး။
ဒီအစိုးရအဖွဲ့လက်အောက်က ဘယ်လိုဝန်ထမ်းဖြစ်ဖြစ်
ကောင်းခြင်း ဆိုးခြင်းဟာ လက်ရှိအစိုးရအဖွဲ့မှာ တာဝန်ရှိသလို
ပြည်သူများကလည်း အဲလိုပဲမြင်ကြမှာဖြစ်ပါတယ်။
ပွင့်လင်းမြင်သာမှုရှိပြီး ကောင်းမွန်သောအုပ်ချုပ်ရေး
သန့်ရှင်းသောအစိုးရ ဆိုပြီး ကြွေးကြော်ဆောင်ရွက်နေတဲ့
လက်ရှိသမ္မတကြီးနဲ့ အစိုး၇ထိပ်တန်းအဖွဲ့ဝင်များကို
ပြည်သူတစ်ယောက်အနေနဲ့ အရမ်းကျေးဇူးတင်ရှိပါကြောင်းနဲ့
နိုင်ငံ့အကျိုး ပြည်သူအကျိုး ဆထက်ထမ်းပိုး သယ်ပိုးနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
စကားချပ်။ မီဒီယာပညာရှင်များအနေနဲ့လည်း အကောင်းမြင်ဝါဒဖြင့်
တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီပေးကြပါရန် မေတ္တာရပ်ခံလိုပါတယ်။
ဘ ကြီး စိ န် ။
လေး စား စွာြ ဖ င့် ဘ ကြီး ကို ထော က် ခံ အား ပေး ကြော င်း ဘ ကြီး တ ယော က် သိ စေ ချထင် ပါ တယ်။
မြန် မာ ချ စ် သူ
လက်အောက်က စာရေးမ အပျို ကိုအငယ်ထားတယ်လို့ သိရပါတယ်။
သာမန် ဖြုတ်ရုံတင်မထားပဲ ထောင်ချသင့်တယ်။
ကျန်တဲ့ ပြည်နယ်နဲ့တိုင်းတွေမှာရှိပါတယ်။
အရင် ရန်ကုန်တိုင်းထွေအုပ်က မှူးလှစိုး ဆိုရင် အငယ်ထားလို့ဖြုတ်ပစ်တာ
တိုင်းစည်ပင် ဦးကြည်တင်လည်း တိုင်းရင်းသားကျေးရွာ ထဲမှာနေပြီ
မိတ္ထီလာ က SAE မိန်းခလေးအပြင် တစ်ခြားသူတွေကို ထပ်စားနေပါပြီ
ဝန်ထမ်းလောကမှာ မထားသင့်ပါဘူး။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်