Subscribe to our RSS Feed

ရန်ကုန်မြို့ စည်ပင်သာယာ နယ်နိမိတ်အတွင်း စီးနင်းနေသည့် မော်တော်ဆိုင်ကယ် အစီးရေ ၅၈၀ ကျော်ကို အရေးယူ

From : ..eleven

ရန်ကုန်မြို့ စည်ပင်သာယာ နယ်နိမိတ်အတွင်း မော်တော်ဆိုင်ကယ် စီးနင်းခွင့် မပြုထားသော်လည်း စီးနင်းနေမှုများကြောင့် ဇူလိုင်လအတွင်း အစီးရေ ၅၈၀ ကျော်ကို အရေးယူခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး  ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှ တာဝန်ရှိသူတစ်ဦးက သြဂုတ် ၁၀ ရက် နံနက်ပိုင်းက ပြောကြားသည်။

ယင်းကဲ့သို့ ဇူလိုင်လအတွင်း အရေးယူခဲ့သည့် မော်တော်ဆိုင်ကယ် အစီးရေ ၅၈၀ ကျော်မှာ ပိုင်ရှင်မဲ့ ယာဉ်များနှင့် လိုင်စင်ရှိယာဉ်များဖြစ်ကြောင်း သိရသည်။

စည်ပင်သာယာ နယ်နိမိတ်အတွင်းမှာ ဆိုင်ကယ်စီးနင်းခွင့် မပြုထားပေမယ့် စီးနေတဲ့အတွက်ကြောင့် နေ့စဉ်ဆိုင်ကယ်နဲ့ ဆက်စပ်တဲ့ ယာဉ်တိုက်မှုတွေ ဖြစ်ပေါ်နေတယ်။ ဒါကြောင့် ထိထိရောက်ရောက် အရေးယူဖို့အတွက် ခရိုင်အဆင့် ဖမ်းဆီးရေး အဖွဲ့တွေနဲ့ ဆောင်ရွက်နေတယ် . . . . .
လိုင်စင်ရှိ မော်တော်ဆိုင်ကယ်များကို မော်တော်ယာဉ် ဥပဒေဖြင့် ဒဏ်ငွေ ၁၅၀၀၊ စီမံချက်ဒဏ်ငွေ ၅၀၀၀၀ တို့အပြင် နောက်တစ်ကြိမ် ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း ထပ်မံစီးနင်းခြင်း မရှိစေရန် ခံဝန်ကတိကို ရေးထိုးခိုင်းကြောင်း သိရသည်။

အလားတူ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် များကိုလည်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ စီမံခန့်ခွဲသည့် ဥပဒေဖြင့် ဆိုင်ကယ်အား သိမ်းဆည်းခဲ့ကြောင်း သိရှိရသည်။

"စည်ပင်သာယာ နယ်နိမိတ်အတွင်းမှာ ဆိုင်ကယ်စီးနင်းခွင့် မပြုထားပေမယ့် စီးနေတဲ့အတွက်ကြောင့် နေ့စဉ်ဆိုင်ကယ်နဲ့ ဆက်စပ်တဲ့ ယာဉ်တိုက်မှုတွေ ဖြစ်ပေါ်နေတယ်။ ဒါကြောင့် ထိထိရောက်ရောက် အရေးယူဖို့အတွက် ခရိုင်အဆင့် ဖမ်းဆီးရေး အဖွဲ့တွေနဲ့ ဆောင်ရွက်နေတယ်။ ပြီးခဲ့တဲ့ လကဆိုရင် အစီးရေ ၆၀၀ နီးပါးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှ ရဲမှူးသာဌေးက သြဂုတ် ၁၀ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ နယ်နိမိတ်အတွင်း မော်တော်ဆိုင်ကယ် အစီးရေ အကန့်အသတ်ဖြင့် စီးနင်းခွင့် ပြုထားသည့် ဌာနဆိုင်ရာ အချို့မှာ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ စည်ပင်၊ သံရုံးနှင့် လျှပ်စစ်ဝန်ထမ်းတို့ဖြစ်ကြောင်း သိရသည်။

.. www.MyanmarExpress.net
 

2 comments:

1-GOOD JOB DONE BY POLICE OFFICIALS.
2-THE QUESTION IS WHY NOT TAKING ACTION FOR LONG TIME AND LET HAPPEN UNTIL GROUP PROJECT ACTION?
3-CANNOT UNDERSTAND WHY ONLY THE GOVERNMENT
OFFICIALS AND EMPLOYEES ARE ALLOW TO USE MOTOR CYCLES?
4-WHY NOT ALLOW THE QUALIFIED REGISTERED OWNERS
TO USE MOTOR CYCLES?
5-LOOK LIKE MOTORCYCLIST ARE LET THEM GO FREE
BEFORE UNTIL INVOLVED IN ACCIDENT.
6-GOVERNMENT SHOULD NOT DISCRIMINATE BETWEEN
CIVILIAN AND GOVERNMENT SERVANTS.
7-REQUEST MAKE THE LAW AT FIRST AND THEN TAKE
LEGAL ACTION.
8-WE KNEW MANY PEOPLE CALL MOTORCYCLES ARE "WIDOW" MAKERS.
9-WE NEED VERY STRICT LAW TO REDUCE LESS ACCIDENT.

THANK YOU

တစ်ခါတစ်လေကျတော့လည်း လုပ်ရပ်တွေက ရယ်စရာ ကောင်းတယ်။ ဥပမာဗျာ ကျုပ်တို့ ပြည်သူပြည်သားတွေ ကို လူအဆင့်အတန်း မှီအောင် ဘာမှ သွေးမတော် သားမစပ်တဲ တခြားနိုင်ငံတွေက ပြည်တွင်းပေါက်ဈေး ထက် အဆပေါင်း များစွာ ချိုသာတဲ့ ဈေးနှုန်းနဲ့ ရောင်းတဲ့ ကားတွေကို ဝယ်စီးတဲ့ သူတွေကျတော့ ဥပဒေအရ ဆိုပြီး ဖမ်းတယ်ဗျာ။ သူတို့တွေမှာ လူ့အဆင့်အတန်း မြင့်မားစွာ နေလိုစိတ်က လွဲလို့ တခြားသူတွေကို နစ်နာစေလိုစိတ် မရှိကြပါဘူးဗျာ။ ဒါပေမယ့်ဗျာ နိုင်ငံတော်က တရားဝင် သတ်မှတ်ထားတဲ့ ၁၅၀၀ ကျပ်တန် ဖုန်းကိုကျတော့ ပြင်ပဈေးကွက်မှာ သုံးစွဲသူ ပြည်သူတွေ နစ်နာအောင် အဆပေါင်းများစွာ ဈေးတင်ပြီး ရောင်းနေတာကျတော့ မဖမ်းဘူးဗျာ။ ဥပဒေနဲ့ ညီနေသလိုဘဲ။ သေချာစဉ်းစား ကြည့်ပါဗျာ။ တစ်ခုခုတော့ လွဲနေသလိုဘဲ။ အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်စေချင်ပါတယ်ဗျာ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်