From :
..the voice
အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးထားနိုင်ခြင်း မရှိသည့် တအာင်း လွတ်မြောက်ရေး တပ် (TNLA) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ကော်မတီတို့ ယခုလအတွင်း ထပ်မံ တွေ့ဆုံ မည် ဖြစ်ကြောင်း မြန်မာ ငြိမ်းချမ်းရေး စင်တာမှ ပဋိပက္ခ ဖြေရှင်းရေးဆိုင်ရာ ညွန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက ပြောကြားသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီက TNLA တပ်ဖွဲ့သို့ ယခုလအတွင်း ထပ်မံ တွေ့ဆုံရန် စာပေးပို့ထားကြောင်း အဆိုပါ ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြား သည်။
အဆိုပါ တွေ့ဆုံပွဲကို TNLA တပ်ဖွဲ့များ အခြေစိုက်ရာ နမ့်ခမ်းမြို့တွင် ပြုလုပ် သွားမည် ဖြစ်ကြောင်း ဒေါက်တာမင်းဇော်ဦးက ဆိုသည်။
ဇူလိုင်လ ၃၀ ရက်နေ့က ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ယင်းသို့ ထပ်မံ တွေ့ဆုံရန် သဘောတူထားပြီး TNLA ဘက်မှ တွေ့ဆုံရန် အဆင်သင့်ဖြစ်သည့် အချိန်တွင် ဆွေးနွေးပွဲ ကျင်းပမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် ထပ်မံ တွေ့ဆုံ ရန် သဘောတူထားသော်လည်း တရားဝင် အကြောင်းကြားစာများ ပေးပို့ ထားခြင်း မရှိသေးကြောင်း TNLA မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
TNLA တပ်ဖွဲ့များနှင့် တပ်မတော်တို့ ဇူလိုင်လ ပထမပတ်အတွင်း တိုက်ပွဲ အချို့ ဖြစ်ပွားခဲ့ပြီး ဇူလိုင်လ ၃၀ ရက်နေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း အပစ်အခတ် ရပ်စဲရေးအတွက် သဘော တူညီချက်များ မရရှိသေးပေ။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ သည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) နှင့် သြဂုတ်လ ၁၀ ရက်နေ့တွင် ပထမအကြိမ် ပြည်ထောင်စု အဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ထိုးခဲ့သည်။
.. www.MyanmarExpress.net

1 comments:
နိုင် ငံ တော် အ စိုး ရ နှင့် လွှတ် တော် အ မတ် များ သိ ရှိ ရန် တင် ပြ အပ် ပါ သည်
မိုင်း လား မြို့ က မြန် မာ နိုင် ငံ မြေ ပုံ ထဲ မှာ လား တရုတ် ပိုင် လား ခင် ဗျား
ပန် ဆိုင် က မြန် မာ ပိုင် လား တ ရုတ် ပိုင် လား ခင် ဗျား
မိုင်း လား ဟေါ် တယ် မီး လောင် တာ တ ရုတ် မီး သတ် ကား လာ ငြိမ်း တယ် တဲ့ မြန် မာ မီါ် သတ် ကား က ဘာ လို့ မ ငြမ်း ဘာ လဲ လို့ မေး တော့ ဝ သူ ပုန် တပ် တွေ က ထု မှာ ပေါ့ တဲ့ လမ်း မှာ ဝတ် တွေ ရှိ တယ် တဲ့ မြန် မာ တပ် တောင် သွား မ ရ ဘူး တဲ့ အဲ လောက် တောင် မြန်မာ န်ုင် ငံ လူ မ သိ သူ မ သိ အ စိတ် စိတ် အ မွှာ မွှာ ကွဲ နေ ကြ ပြိ လား ပြညမ မှာ တော့ ဖွဲ့ စည်း ပုံ အ ခြေ ခံ ဥ ပ ဒေ ကို ပြင် ပြင် ဘဲ ပြော နေ ကြ တယ် တိုင်း ပြည် အ အ ခြေ အ နေ တော့ သိ ကြ ရဲ့ လား က ချင် သူ ပုန် ထက် ဝသူ ပုံ က ပို ပြိး တိုင်း ပြည် ပြို ကွဲ အောင် လုပ် မှာ တ ရုတ် က နောက် က မြှောက် ပင့် ပေး နေ တယ် နိုင် ငံ ရေး သ မား တွေ ဒေါ် စုတို့ မ သိ ကြ ဘူး လား ၂၀၁၅ မှာ ဒေါ် စု အာ ဏာ ရ ရင် တိုင်း ပြည် ပြီူ ကွဲ နိုင် တယ် ယ ခု အ ထိ လူ အ ခှင့် အ ရေး ကို လက် သုးံ စကား ဖြစ် နေ လို့ ပါ ဒီ စ ကား ဟာ သုးံ သင့် တဲ့ နေ ရာ မှာ သုးံ ရင် တော့ ကောင်း ပါ တယ် နေ ရာ တ ကာ သုးံ ရင် တော့ ယခု တိုင်း ပြည် အ ခြေ အ နေ နဲ့ တိုင်း ပြည် ကြီး ပြို ကွဲ မှာ အ မှန် ပါ
အ ဓိ က က တိုင်း ရင်း သား တွေ အ သိ အ မြင် မ ကြွယ် တာ ပါ နောက် ပြိး အိမ် နီး ချင်း နိုင် ငံ မ ကောင်း တာပါ ဝသူ ပုန် တွေ ကျု ဂ ယု စိုက် ပါ တ ရုတ် က ဝ ကို ခူပ် ကိုင် ထား တယ် ဝ က ရှမ် သူ ပုန် ကို ခူပ် ကိုင် ထား တယ် သူ တို့ ရဲ့ ရည် ရွယ် ချက် က တ ဖြေး ဖြေး တ ရုတ် နယ် တွေ ဖြစ် မယ် နောက် နိုင် ငံ ထောင် မယ် တရုတ် ရဲ့ ပြည် နယ် လေး ပေါ့
ပြော ချင် တယ် တိုင်း ပြည် ပြီု ကွဲ ရင် ယခု နိုင် ငံ ရေး သ မား များ ယခု ဒေါ် စု အ ပါ အဝင် ခေါင်း ဆောင် များ မှာ လုးံ ဝ အ ပြစ် ရှိတယ်
ဘာ ဖြစ် လို့ လဲ ဆို ရင် ခုတ် ရာ တ ခြား ထစစ် ရာ တ ခြား ဖြစ် နေ လို့ ပါ မျက် နှာ လျင်း ဆိုင် ပြိး စ ကား များ နေ ပြိး နောက် က ဘာ ဖြစ် နေ ကြ လဲ ဆို တာ ပြန် မ ကြည့် ကြ ဘူး
ဒါ လား တိုင်း ပြည် ကျု ချစ် ကြ တာ ပြည် မမ မှာ ဆို ရင် ခွေး ချင်း ပူး တာ တောင် ထ ပြိး ဆန္ဒ ပြ တယ် က ချင် သူ ပုန် ဝ သူ ပုတ် တွေ လုပိ ရပ် ကြ တော့ ဘယ် သူ ဆန္ဒ ပြ လဲ ငွေ တု တွေ ငါ တို့ အ ညာ တောင် ပြန့် ကုန် ပြိ ပြော ကြ လေ စား စ ရာ မ ရှိ လို့ နွား လေး ရောင်း ပါ တယ် ၃၅၀၀၀၀ ရ တယ် အ တု တွေ ဖြစ် လို့ ဒုက္ခ ရောက် ရ တယ် ဘယ် လို လုပ် ကြ မှာ လဲ အ တု ထုတ် တဲ့ ကာ ရ ကံ ရှင် ကို သိ စိ ကြ ပါ တယ် လုပ် ကြ လေ ဆန္ဒ ပြ ကြ လေ ပြော ရင် ပြိး မှာ မ ဟုတ် ဘူး ဆက် ပြိး ပြော အုန်း မယ်
ပ ခ က တာ တီး
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်