From :
..YMG
ရန်ကုန် ၊ သြဂုတ် - ၁၁ ။ ။အမျိုးစောင့် ဥပဒေကို NDF ပါတီ၏ အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က လွှတ်တော် တွင် တာဝန်ယူတင်သွင်းမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာသို့ ထုတ်ဖော်ပြော ကြားလိုက်သည်။ ''တိုင်းပြည်အကျိုးရှိမယ်၊ လူမျိုးကောင်းစားမယ်ဆိုရင်ဘာ မှ နောက်တွန့်နေစရာမလိုဘူး။ အန်တီ ဒီဥပဒေကို လွှတ်တော်မှာ တင်ပေးမယ်။ သတ္တိရှိစွာနဲ့ တင် သွားမှာပါ''ဟု ပြောသည်။
ဆက်လက်ပြီး ယင်းက ''ကန့် ကွက်နေတဲ့သူတွေကိုလဲ ပြောချင် တာက သေချာလေ့လာပြီးမှ ဒါနဲ့ ပတ်သက်တဲ့ မှတ်ချက်ကောင်း တယ် မကောင်းဘူး ပြောကြပေါ့။ အခုတော့ ဘာမှန်းမသိဘဲ ကန့် ကွက်နေကြတယ်''ဟု ပြောသည်။ မြန်မာ အမျိုးသမီး များ၏ ဆုံးရှုံးနစ်နာမှုများကို ကာကွယ် နိုင်ရန်အတွက် သိက0x081ခာတော်ရ ဆရာတော်ကြီးများ ဦးဆောင်၍ မျိုးစောင့်ဥပဒေ ဖြစ်မြောက်ရေး အတွက် ဝိုင်းဝန်းဆောင်ရွက်နေ ချိန်တွင် ယင်းဥပဒေနှင့် ပတ်သက် ၍ အရပ်ဘက် လူမှု အဖွဲ့ အစည်း များ၊ နိုင်ငံရေးပါတီများ၊ ပြည်သူ များ၊ လွှတ်တော်ကိုယ်စားလှယ် များကြား သဘောထား ကွဲလွဲမှု များ ရှိနေသည်။
ယင်းဥပဒေအား လွှတ် တော်တွင် တာဝန်ယူတင်ပြပေး မည့် လွှတ်တော်ကိုယ်စားလှယ် မရှိဟု သတင်းများထွက်ပေါ်နေ သော်လည်း ယခုယင်းဥပဒေအ တွက် လွှတ်တော်တွင် ရဲဝံ့စွာတင် ပြပေးမည့် လွှတ်တော်ကိုယ်စား လှယ် ထွက်ပေါ်လာသည့်အတွက် ယင်းဥပဒေဖြစ်မြောက်ရေး ဆောင် ရွက်နေသော ဆရာတော်များက ဝမ်းသာစွာ ကြိုဆိုနေကြောင်း မိန့်ကြားသည်။ အရှင်စန္ဒာသီရိက '' ဒီလိုမျိုး တာဝန်သိစွာနဲ့ လုပ်ဆောင်ပေး မယ့်သူရှိလာတော့ ဦးဇင်းတို့အ နေနဲ့ဝမ်း သာတယ်။ ကျေးဇူးလဲ တင်တယ်။ ကြိုလည်းကြိုဆို ပါ တယ်။ ဦးဇင်းတို့ စလုပ်တုန်းက လဲ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်း၊ ဘယ်ပါတီအတွက်မှ ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့တာ မဟုတ်ပါဘူး။ နိုင်ငံတော်ငြိမ်းချမ်းရေးအတွက် တစ်ဖက် တစ်လမ်းက အထောက် အကူပြုမယ်ထင်လို့ သံဃာတော် တွေ ဦးဆောင်ခဲ့တာပါ''ဟု မိန့် ကြားသည်။
အဆိုပါဥပဒေနှင့်ပတ်သက် ၍လည်း အမျိုးဘာသာ၊ သာသ နာထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့(ဗဟို)မှ နိုင်ငံရေးပါတီမှတာ ဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်း များ၊ ဘာသာပေါင်းစုံ ချစ်ကြည် ရေးအဖွဲ့မှ ခေါင်းဆောင်များနှင့် ဆွေးနွေးမှု များကို ပြုလုပ် လျက် ရှိကြောင်း သိရသည်။
''ဘာသာပေါင်းစုံ ချစ်ကြည် ရေးက ခေါင်းဆောင်တွေနဲ့ ဆွေး နွေးမှုလုပ်တဲ့အခါမှာလဲ သူတို့က ဒီဥပဒေဘာကြောင့် လုပ်ဆောင် ရလဲဆိုတဲ့ ရည်ရွယ်ချက်ကို ရှင်း ပြတဲ့အခါကျတော့ သူတို့အနေနဲ့ လက်ခံတယ်။ အားလုံးတန်းတူညီ မျှတဲ့ အခွင့် အရေး အတွက် ဖြစ်သင့် တယ်လို့ ပြောကြတယ်''ဟု အမျိုး ဘာသာ၊ သာသနာထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့(ဗဟို)မှ ရုံးအဖွဲ့မှူးက မိန့်သည်။ မျိုးစောင့်ဥပဒေကို ထောက် ခံသည့် ပြည်သူများ၏လက်မှတ် သုံးသန်းကျော်ကို ပြည်သူ့ လွှတ် တော်ရုံး သို့ ပေးပို့ခဲ့သည်မှာ နှစ် ကြိမ်ရှိပြီးဖြစ်ပြီး ဆက်လက်၍ လည်း ပြည်သူ့လက်မှတ်များကို ကောက်ခံပေး ပို့သွားဦးမည် ဖြစ် ကြောင်း အမျိုးဘာသာ၊ သာသ နာ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့(ဗဟို)မှ ပြောကြားချက်အရ သိရ သည်။
.. www.MyanmarExpress.net

5 comments:
ပြည်ဖျက် လွတ် တော် အမတ်တွေ မင်းတို့ ဆင်းကြပေတော့  သေကြမလား နေချင်သလား
ကြိုက်ရာရွေး
တာဝန်မကျေတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို
လည်လှီးသတ်ကြ
Congratulation Daw Khin Wai Kyi! This law is for the interest of nation, country and Buddhist religion. This law should be existed in a Thirawara Buddhism flourised country Myanmar.
Thank a lot Daw Khin Win Kyi, at the presrnt your the greatest woman for our nation.
""FOR OUR COUNTRY,FOR OUR PEOPLE AND OUR RELIGION""
1-THANK YOU VERY MUCH TO DAW KHIN WYNE KYI.
2-WELCOME AND THANK FOR THE ABOVE NEWS.
3-THE PROPOSED"NATIONAL PROTECTION LAW" IS
*AIM TO PROTECT ALL MYANMAR WOMEN AND GIRLS
FOR THEIR RELIGIOUS FREEDOM OF WORSHIP,
*TO ENJOY ONE HUSBAND AND ONE WIFE LIFE,
*TO ENJOY SOLID ONE FAMILY LIFE,
*TO STAY TOGETHER OWN BROTHERS AND OWN
SISTERS IN THE SAME HOUSE.
*TO MAINTAIN HER OWN CULTURE,
*TO MAINTAIN HER ORIGINAL RELIGIOUS FAITH.
*TO PRESERVE BUDDHA RELIGION.
*TO PARTICIPATE IN MAINTAINING NATIONAL
HERITAGES.
*TO MAINTAIN OUR WOMEN/GIRLS POPULATION ETC.
4-THE PROPOSED LAW WILL BENEFIT TO ALL FAMILIES INCLUDING OUR FAMILIES AND EVERYBODY
FAMILIES.
5-WE ALL WILL TRY TO GET THIS LAW PASS AT
PYITHU LUTTAW ETC..
6-WE WILL NEVER STOP BUT KEEP WORKING FOR
OUR COUNTRY,OUR PEOPLE,OUR CULTURE AND OUR
RELIGION BECAUSE WE LOVE OUR COUNTRY AND
OUR PEOPLE.
7-WE ARE KEEPING DOORS OPEN TO WELCOME ALL
THE PEOPLE AGAINST THIS PROPOSED LAW.
8-PLEASE ASK YOURSELF WHY YOU GUYS CANNOT
SUPPORT THIS PROPOSED LAW?
MAY BE NOT REALLY LOVE OUR COUNTRY AND OUR PEOPLE OR WHAT OR MAY BE YOU GUYS WANT TO
LET IT HAPPEN LIKE THIS WITHOUT PREVENTING.
WHY?
9-WE NEED THIS LAW.
10-THIS PROPOSED LAW IS SOMETHING LIKE AN ACID
TEST IN A LABORATORY.
THE LAW LOVERS ARE SOMETHING LIKE PURE GOLD
AND ALL THE ANTI MOVEMENT AGAINST THIS LAW
ARE SOMETHING LIKE NOT PURE GOLD.THAT MEAN
WE ALL WILL GET THE RESULT WHO ARE TRUSTWORTHY
TO OUR COUNTRY AND OUR PEOPLE AND WHO ARE
UNTRUSTWORTHY TO OUR COUNTRY AND OUR PEOPLE.
11-LOOK LIKE ALL MEDIA ARE VERY QUIET ON
THIS NATIONAL ISSUE BUT THEY ALL ARE SHOUTING
LIKE CROWS TO CHANGE THE MEDIA LAW AND
DEMANDING OUR GOVERNMENT FOR MEDIA FREEDOM.
***GUARD YOUR OWN PEOPLE***=SAUNT LAY MYO NGWE...THIS IS OUR DUTY TO DO.REPEAT THIS IS OUR DUTY TO DO.REPEAT THIS IS OUR DUTY TO DO.
WE ALL WILL WRITE A GOOD HISTORY FOR US.
FOR OUR COUNTRY AND FOR OUR PEOPLE...
ထောက် ခံ ကြောင်း လက် မှတ် ပေး ချင် သူ တွေ အ များ
ကြီး ရှိ ပါ တယ်။ ဘယ် လို ပေး ရ မယ် ဆို တာ မသိ ကြ
လို့ ပါ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်