From :
...http://myanmarheadline.blogspot.com/2013/08/nld.html
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ အတွင်းရေးမှူးကို သြဂုတ်လတွင် ပါတီအတွက် ဝေစုရသည့် တန်ဖိုးနည်း ၁၅၀၀ ကျပ်တန် ဆင်းကတ်များ အလွဲသုံးစား ပြုလုပ်သည်ဟု ဆိုကာ တိုင်းဒေသကြီး ပါတီ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ ထံသို့ သြဂုတ်လ ၅ ရက်နေ့က တိုင်ကြားခဲ့ကြောင်း အဆိုပါမြို့နယ် မြို့မ အနောက် ရပ်ကွက် NLD ပါတီ ဥက္ကဋ္ဌ ဦးခင်အောင်လင်းက The Voice သို့ ပြောကြား သည်။
ပါတီအတွက် ရရှိသည့် နံပါတ် ၂၅၆၀၀ ဖြင့်စသော GSM ဆင်းကတ် သုံးကတ်အား ပါတီ အဖွဲ့ဝင်များ ကို ချထားပေးခြင်း မရှိဘဲ တစ်ကတ်လျှင် ကျပ်တစ်သိန်းဖြင့် ရောင်းချခဲ့ခြင်းကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ထံလည်း တိုင်ကြားထားကြောင်း သြဂုတ်လ ၂ ရက်နေ့တွင် နံပါတ် ၃၃၄၂ ဖြင့်စသော CDMA ဆင်းကတ် နှစ်ကတ်ကို ကျပ် ခြောက်သောင်းဖြင့် ထပ်မံ ရောင်းချခဲ့ခြင်းကြောင့် တိုင်းဒေသကြီး ပါတီ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီထံသို့ တိုင်ကြားရခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
အဆိုပါ ဆင်းကတ် ရောင်းချမှုအတွက် အလုပ် အမှုဆောင် အစည်းအဝေး ခေါ်ယူကာ စုံစမ်း စစ်ဆေးရေး ကော်မတီ ဖွဲ့၍ ဖြေရှင်း မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှသောင်းက ပြောကြားသည်။
. www.MyanmarExpress.net

.jpg)

1 comments:
ဆပ်ပြာမှုန့်  ထိုင် ငို သွား မှာ ပေါ့ ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်