Subscribe to our RSS Feed
မြစ်ကြီးနား၌ တစ်ရက်လျှင် ဘိန်းခင်း ဧကတစ်ရာကျော် ဖျက်ဆီးနေ
From :( မြစ်မခ)
မြစ်ကြီးနားမြို့နယ်အတွင်း တစ်ရက်လျှင် ဘိန်းခင်း(၁၂၅) ဧကအား ဖျက်ဆီးနိုင်ခဲ့ကြောင်းမြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှ သိရှိရသည်။
ကချင်ပြည်နယ်ရဲတပ်ဖွဲ့၊ မြစ်ကြီးနားခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီးသည့် ဘိန်းခင်းဖျက်ဆီးရေး အဖွဲ့မှ ယခုလ(၂၈) ရက်နေ့က လူ့ထောင်ရွာမြောက်ဘက် (၁)မိုင်ခန့်အကွာတွင် ဘိန်းခင်း (၂ဝ) ဧက၊ ဘွန်လိန်းရွာ မြောက် ဘက် (၁)မိုင်ခန့်အကွာတွင် (၃ဝ) ဧက၊ ဝေမိုးရွာမြောက်ဘက် (၁) မိုင်ခန့် အကွာတွင် (၁၅)ဧက နှင့် ခနော့ ဘွန်ရွာတောင်ဘက်တွင် (၆ဝ)ဧကခန့်၊ စုစုပေါင်း ဘိန်းခင်း ၁၂၅ ဧကအား ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ် သည်။
“ကျွန်တော်တို့ ၁၂၅ ဧက ဖျက်ဆီးနိုင်ခဲ့ပါတယ်၊ အရင်တုန်းကလည်း ဒီလိုတစ်ရက်ထဲ အများကြီးဖျက်ဆီးဖူး ပါတယ်။ လူများရင် များသလိုဖျက်ဆီးလို့ ရပါတယ်။” ဟု မြစ်ကြီးနားခရိုင်ရဲတပ်ဖွဲရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ထို့အပြင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ငဖဲမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ဘိန်းခင်း ဖျက်ဆီး
ရေး ပူးပေါင်းအဖွဲ့မှာလည်း ယခုလ (၂၈)ရက်နေ့တွင်  ရဲတောင်ရွာအနောက် မြောက်ဘက် (၃) မိုင်ခန့် အကွာနှင့် အရှေ့တောင်ဘက်တွင် ဘိန်းခင်း စုစုပေါင်း (၁.၃) ဧကအား ဖျက်ဆီးနိုင်ခဲ့ ကြောင်းကိုလည်း သိရသည်။
ဘိန်းခင်းများအား ဖျက်ဆီးရာတွင်ဘိန်းပင်၏ခါးလည်အားတုတ်ဖြင့်ရိုက်၍ဖျက်ဆီးလေ့ရှိကြောင်းမြစ်ကြီးနား
ခရိုင်ရဲတပ်ဖွဲ့ရုံးမှတာဝန်ရှိသူထံက သိရသည်။
“ကျွန်တော်တို့ ဘိန်းခင်းတွေကိုဖျက်စီးရင်တော့ ပိုင်ရှင်တွေကတော့ မရှိတော့ဘူး။ ပိုင်ရှင်မဲ့ ဖြစ်သွားတာ
ပေါ့ ၊ ဒေသခံတွေ ကလည်း လိုက်ပြီးမကူရဲဘူး သူ့အခင်းလိုက်ပြတယ်။ ငါ့အခင်းလိုက်ပြတယ် ဖြစ်မှာ ကြောက်တော့။ လမ်းပြရယ် ကိုယ့်လူတွေရယ် ဒါနဲ့ပဲ ဖျက်ဆီးရတယ်” ဟု အဆိုပါရဲဝန်ထမ်းက ဆက်ပြော သည်။
ကချင်ပြည်နယ်တွင် ဝိုင်းမော်မြို့နယ်၊ တနိုင်းမြို့နယ်နှင့် ပူတာအိုမြို့နယ်ဖက်တွင် ဘိန်းခင်းများ ရှိကြောင်း သိရပြီး ဘိန်း တိုက်ဖျက်ရေးအဖွဲ့မှ ဝိုင်းမော်မြို့နယ်ဖက်သို့ ဘိန်းထပ်မံ ဖျက်ဆီးရန် လုပ်ဆောင်သွားမည်ဟု သိရသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ယခုဖျက်စီးပြီး ဘိန်းခင်းဧကအပါအ၀င် ၇၂၅၀၃.၀၅ ဧက ဖျက်ဆီးနိုင်ခဲ့ သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့် ၁၉၉၉ ခုနှစ်မှစတင်၍ မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းများ ကချင်ပြည် နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်တို့တွင် (၁၅)နှစ် စီမံချက်ဖြင့် ၂၀၁၄ အထိ ဆောင်ရွက် သွားမည်ဖြစ်သည်။
 www.MyanmarExpress.net
မြန်မာတွင် သြစတေးလျ ကုန်သွယ်ရေးရုံးခွဲ(မြန်မာပြည်) Austrade (Burma) ကို ယခုနှစ်အတွင်း ဖွင့်လှစ်သွားမည်
From : myanma age
သြစတေးလျ ဖက်ဒရယ်အစိုးရသည် မြန်မာတွင် စီးပွားရေး လုပ်ငန်းများလုပ်ကိုင်မည့် သြစတေးလျကုမ္ပဏီများအတွက်
လုပ်ငန်း အခွင့်အလမ်း များ ရှာဖွေရာတွင် ကူညီနိုင်ရန် သြစတေးလျကုန်သွယ်ရေးရုံးခွဲ(မြန်မာပြည်) Austrade
(Burma)ကို ယခုနှစ်အတွင်း ဖွင့်လှစ်သွားမည်ဟု သိရသည်။
ရန်ကုန်တွင် အခြေစိုက်ဖွင့်လှစ်မည့် ယင်းရုံးခွဲတွင် သြစတေးလျ
အစိုးရသည် ကုန်သွယ်ရေးကော်မရှင်နာတစ်ဦး ခန့်အပ်ထားမည်
ဖြစ်ကာ ပြည်တွင်းမှ စီးပွားရေးလုပ်ငန်းဖွံ့ ဖြိုးရေး မန်နေဂျာများ
ကိုလည်း ခန့်အပ်ထားရှိသွားမည်ဟု သိရသည်။
သြစတေးလျသည် မြန်မာအပေါ် ပိတ်ဆို့ မှုများကို ယမန်နှစ်က
စတင်၍ ရုပ်သိမ်းပေးခဲ့ပြီးနောက် ၎င်း၏ကုမ္ပဏီများသည် အရှေ့
တောင်အာရှ၏ အကြီးဆုံးနိုင်ငံဖြစ်သော မြန်မာတွင် ရင်းနှီးမြုပ်နှံမှု အခွင့်အလမ်းများရှာဖွေရန် ရောက်ရှိလာနေကြသည်။
သြစတေးလျကုန်သွယ်ရေးဝန်ကြီး ခရိတ်ခ်ျ အီမာဆန်က
မြန်မာတွင် ကုန်သွယ်ရေးရုံးခွဲ ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍
“ဒါဟာ သြစတေးလျ အစိုးရရဲ့ အာရှမှာ သံတမန်ရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ချဲ့ထွင်ဖို့ ကြိုးစားမှုမှာ နောက်ထပ်
ခြေလှမ်း တစ်ရပ်ပါ။ ရုံးခွဲသစ်ဟာ သြစတေးလျ စီးပွားရေး
လုပ်ငန်းတွေကို ပညာရေးနဲ့ လေ့ကျင့်သင်ကြားရေး၊ ဘဏ္ဍာရေး ဝန်ဆောင်မှုတွေ၊ တယ်လီဖုန်း ဆက်သွယ်ရေးကဏ္ဍ၊ အခြေခံ အဆောက်အအုံဆိုင်ရာ ကဏ္ဍတွေ၊ သတ္တုတွင်းလုပ်ငန်းနဲ့  ခရီး သွားလုပ်ငန်းတွေ လုပ်ကိုင်ရာမှာ ကူညီထောက်ပံ့ပေးသွားမှာပါ” ဟု
ပြောကြားသည်။
ယခုလအတွင်း ဗြိတိန်ဝန်ကြီးချုပ်နှင့် သြစတေးလျဝန်ကြီးချုပ် တို့၏ နှစ်စဉ်တွေ့ ဆုံမှု အစည်းအဝေးတွင် မြန်မာ့အပြောင်းအလဲ
များကို အသိအမှတ်ပြုခဲ့ပြီး ရင်းနှီးမြုပ်နှံမှုများ တိုးတက်လုပ်ဆောင်
သွားရန် သဘောတူခဲ့ကြသည်။
 www.MyanmarExpress.net
မိုးကောင်းမယန်းတိုက်ပွဲကြောင့် ပြည်သူ(၂)ဦး သေ၊ သုံးဦးဒဏ်ရာရ
From : Myit Makha Mediagroup on 30 Jan, 2013
ကချင်ပြည်နယ်တွင် ပြည်တွင်းစစ်များဆက်လက်ဖြစ်ပွားလျက်ရှိပြီးမိုးကောင်းမြို့နယ်တွင်း တိုက်ပွဲများကြောင့် ဇန်န၀ါရီလ(၂၉)ရက်နေ့ ည(၈း၀၀)ခန့်က ဒေသခံပြည်သူနှစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။
 “အမြှောက်သံ (၇)ချက်၊ (၈)ချက်လောက် ကြားခဲ့ရတယ်။ အဲဒီအိမ်ကို ထိသွားတာသူတို့မိသားစု တွေလေ။ မိန်းမနဲ့ကလေးက သေသွားပြီး ဦးဂန်မော်အောင်နူးကိုတော့ မြစ်ကြီးနားဆေးရုံမှာ ဆေးကု နေပါတယ်”ဟု မယန်းကျေးရွာမှဒေသခံတစ်ဦးက ပြောသည်။
မိုးကောင်းမြို့နယ် မယန်းကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးသေဆုံးသူနှစ်ဦးမှာ အမျိုးသမီး ဒေါ်လဘရန်နန်ဘူ (ခ) လဘရန်လုနှင့်သူမ၏သားဖြစ်သူ အသက် (၉)နှစ်အရွယ် မောင်ဂျန်မော်ဂမ်တို့ ဖြစ်သည်။
ဒဏ်ရာရှိခဲ့သူမှာ   အသက်(၉၅)အရွယ်ရှိ ဦးလဒွဲမှာလည်း တင်ပါး၌ ဒဏ်ရာရရှိကာ အသက်အန္တရာယ်စိုးရိမ်ရကြောင်းနှင့် အသက်(၁)နှစ် ၁လအရွယ်ရှိ မောင်လဆန် ၏ခြေဖ၀ါးများ ထိခိုက်ဒဏ်ရာရခဲ့သလို၊ ဦးဂမ်မော်အောင်နှုးမှာ ခြေလက်များ မရှိတော့ကြောင်း ဆေးရုံသို့ လူနာသွားမေးခဲ့သူ မယန်းရွာသားက ဆိုသည်။
မြန်မာအစိုးရတပ်မှ မယန်းကျေးရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့်သေဆုံးသူနှင့် ဒဏ်ရာရှိသူတို့၏ အိမ်သို့ ထိမှန်ကာ ယခုကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံရွာသားတို့က ဆိုသည်။
ကချင်ပြည်နယ်အတွင်းရှိ တိုက်ပွဲများကြောင့် ယခင်ကလည်း သေဆုံးသူနှင့်ဒဏ်ရာရရှိသူ တိုးလာပြီး စစ်ဘေးသင့် ဒုက္ခသည် ဦးရေမှာလည်းတိုးပွားလျက်ရှိကြောင်း သိရှိရသည်။
 www.MyanmarExpress.net
အမေရိကန်က ရခိုင်ပဋိပက္ခဒေသခံများအတွက် ဒေါ်လာ လေးသန်းကျော် ထပ်မံထောက်ပံ့
From :7day
အမေရိကန်ပြည်ထောင်စုက ရခိုင်ပြည်နယ်ပဋိပက္ခ ဒေသခံများအတွက် လူသားချင်း စာနာထောက်ထားသော အကူအညီများဆောင်ရွက်ရန် ဒေါ်လာ လေးသန်းကျော် ထပ်မံအကူအညီပေးအပ်လိုက်ကြောင်း သတင်းရရှိသည်။
လူဦးရေတစ်သိန်းကျော်အတွက် နှစ်လခွဲစာ စားသောက်ကုန်များ၊ ပဋိပက္ခဒဏ်ခံမိသားစု ၂,၀၀၀ ခန့်အတွက် အခြေခံအိမ်ထောင်သုံးပစ္စည်းများနှင့် အမျိုးသမီးနှင့်ကလေးများအတွက် တစ်ကိုယ်ရေသန့်ရှင်းရေး ပညာပေးရေး၊ ဘေးကင်းရေးနှင့် သင့်တော်သော တစ်ကိုယ်ရေသန့်ရှင်းရေးနည်းစဉ်များကို မြှင့်တင်အားပေးရေးတို့ကို ဆောင်ရွက်ရန် အမေရိကန်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) က ကုလသမဂ္ဂစားနပ်ရိက္ခာ အစီအစဉ် (WFP) နှင့် Save The Children တို့မှတစ်ဆင့်ပေးအပ်ခဲ့ကြောင်း အမေရိကန်သံရုံးက ဇန်န၀ါရီလ ၃၀ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။
"ကျွန်တော်တို့ကလည်း ကိုယ့်နည်းလမ်းနဲ့ကိုယ် အကူအညီပေးပါတယ်။ ဒါပေမဲ့ လိုအပ်နေတုန်းပါပဲ" ဟု ရခိုင်ပြည်နယ် ဘေးဒုက္ခကယ်ဆယ်ရေးကော်မတီအဖွဲ့ဝင် တစ်ဦးက ဆိုသည်။
ပဋိပက္ခများ စတင်ဖြစ်ပွားခဲ့သော ၂၀၁၂ ခုနှစ် ဇွန်လမှ စ၍ ရခိုင်ပြည်နယ်အတွက် အမေရိကန်အစိုးရက အကူအညီစုစုပေါင်း ဒေါ်လာ ခုနစ်သန်းကျော် ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
  . www.MyanmarExpress.net
KIA မှသစ်ကားများအား ရန်ပုံငွေအဖြစ် အခွန်ကောက်
From :KDN
KIA သည် စစ်ဆင်ရေးကြာလာသည်နှင့်အမျှ အခြေအနေဆိုးရွားလာမှုကို  ထိန်းထားနိုင်ရန်နှင့်KIA စစ်ဆင်ရေး အတွက် အထောက်အပံ့ရရန် ငွေကြေးများကို နည်းမျိုးစုံရှာဖွေလျက်ရှိရာ ရွှေကူမြို့နယ်နှင့် မဘိန်းမြို့နယ် အစပ်မှာရှိတဲ့ ဆင်ဒိုနှင့် မိကပ်ဒေသများမှာ KIA မှ ဗိုလ်မရစ်ရန်ဖန် ခေါင်းဆောင်သော အဖွဲ့မှ လက်နက် ကိုယ်စီ ကိုင်ဆောင်ပြီး ရွှေတောင်ဒေသမှထွက်ရှိသော သစ်ကားများကို တားဆီးကာ တစ်စီးလျှင် ငွေကျပ်(၁၅) သိန်းနှုန်း အဓမ္မတောင်းယူလျက်ရှိကြောင်း၊ မပေးနိုင်ပါက ကားသမားများကို ဖမ်းဆီး ခြိမ်းခြောက်ခြင်းများနှင့် ယာဉ်များအား မီးရှို့ဖျက်ဆီးပစ်မည်ဖြစ်ကြောင်း သိရသည်။ 
KIA တပ်ဖွဲ့သည် စစ်ရေးအခြေအနေရှုံးနိမ့်လာ သည့်အတွက် အင်အားပြန်လည်စုဆောင်းရန် အဓမ္မလူသစ်စုဆောင်းခြင်းနှင့် နည်းမျိုးစုံဖြင့် ၀င်ငွေများရှာဖွေ လျက်ရှိကြောင်း သိရသည်။   ရွှေတောင်ဒေသမှ သစ်များ တစ်ရက်လျှင် ကား(၁၀)စီးနှင့် (၁၅)စီးခန့် နန့်ဟန် ဘက်သို့ ထွက်လေ့ရှိကြောင်း သိရသည်။
 www.MyanmarExpress.net
ထိုင်းတွင် လုပ်ခလစာများ မြင့်မားနေခြင်းကြောင့် မြန်မာ ရွှေ့ ပြောင်းလုပ်သား အများစုလာမည့် သုံးနှစ်အထိ ဆက်ရှိနေမည် ခန့်မှန်း
From : MyanmaAge
ထိုင်းတွင် လုပ်ခလစာများမြင့်မားနေခြင်းကြောင့် နိုင်ငံတွင်း၌ လာရောက်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းလုပ်သားများ
သည် လာမည့် သုံးနှစ်အထိ ဆက်ရှိနေမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားရေးရာ သုတေသီတစ်ဦးက ပြောကြားသည်။
ချူလာလောင်ကွန်တက္ကသိုလ် အာရှလေ့လာရေးဌာနမှ
ရွှေ့ပြောင်းလုပ်သားဆိုင်ရာ အာရှသုတေသနစင်တာ၏
ပညာရှင် ပရင်မ်ဂျိုင် ဝမ်ဆရီ ပိုင်ဆမ်က မြန်မာသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် ဈေးကွက်စီးပွားရေးတို့ကို
ဖေါ်ဆောင်နေသော်လည်း လုပ်သားများအတွက် ဝင်ငွေကောင်း သည့်အလုပ်များ ရရှိရေးမှာ ခက်ခဲနေဆဲဖြစ်ကြောင်း၊ မြန်မာမှ
ရွှေ့ပြောင်းလုပ်သားများမှာ ထိုင်းတွင်မူ အလုပ်လွယ်ကူစွာ ရရှိပြီး နေအိမ်သို့ငွေပြန်ပို့နိုင်ကြကြောင်း ယင်းစင်တာ၌ ပြုလုပ်
သည့် အလုပ်သမားရေးရာ နှီးနှောဖလှယ်ပွဲ(ဆီမီနာ)တစ်ခု၌
ပြောကြားသည်။
ယခုအခါတွင် ပြည်ပရောက်လုပ်သားများက အမိမြေသို့
ပြန်ပို့သောငွေများသည် မြန်မာအစိုးရအတွက် အဓိကဝင်ငွေ
တစ်ရပ်ဖြစ်နေပြီး ထို ပြည်ပ ရောက်လုပ်သားများအား နေရပ်
ပြန်လာရေး တွန်းအားပေးပါက နိုင်ငံအတွက် ဘဏ္ဍာရေးဆုံးရှုံးမှု ကြီးမားမည်ဟု မစ္စ ပရင်မ်ဂျိုင်က ပြောကြားသည်။
သူမက ယမန်နှစ် ဇူလိုင်နှင့် သြဂုတ်တွင် မြန်မာရွှေ့ ပြောင်း
လုပ်သားများအား စစ်တမ်းကောက်ယူမှုတစ်ခုအရ ၁၀ ရာခိုင်နှုန်း
ခန့်ကသာ ယခုနှစ် ၏အတွင်း ဇာတိမြေပြန်လိုကြောင်း ဖေါ်ပြခဲ့
သည်ဟု ကိုးကားပြောကြားသည်။
ယင်းစစ်တမ်းမှာ မြန်မာလုပ်သားအများဆုံးရှိရာ တက်ခ်၊
ဆမွတ်ဆာခွန်နှင့် ဘန်ကောက်ပြည်နယ်များမှ တရားမဝင်
မန်မာရွှေ့ပြောင်း လုပ်သား ၂၀၄ ဦးကို စာရင်းကောက်ယူ
ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ထိုင်းတွင် ယခုအပတ်အတွင်း၌ပင် ထိုင်းအမျိုးသား ငါးလုပ်ငန်း အသင်းချုပ်က ဘင်္ဂလားလုပ်သား ၅၀,၀၀၀ ခန့်ကို ရေလုပ်ငန်း အတွက် ခေါ်ယူသွားရန် စီစဉ်မှုကို အလုပ်သမားဝန်ကြီးကလည်း
ထောက်ခံထားခဲ့သည်။
 www.MyanmarExpress.net
KIA မှ မြို့ကြီးများတွင် အသေခံဗုံးခွဲရန် စေလွှတ်
From : KDN
ကချင်ဒေသအတွင်းသို့ ဆက်သွယ်ထားသော လမ်း/ တံတားများနှင့် ရထားလမ်းများကို KIAမှ အစိုးရတပ်အသုံးပြုသည်ဟု အကြောင်းပြချက်ဖြင့် အကြိမ်ကြိမ် မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း များ ပြုလုပ်ခဲ့သည်။ သို့သော် KIA သောင်းကျန်းသူ၏ အခြေအနေမှာ တစ်နေ့တစ်ခြား ဆိုးရွားလာခဲ့သည်။ ကချင်ဒေသခံနှင့် နိုင်ငံ တစ်ဝှမ်းရှိ တိုင်းရင်းသားများကလည်း KIA အား ရွံ့ရှာစက်ဆုပ်လာကြသည်။
 ယခုတဖန် KIA သည် အစိုးရအား နိုင်ငံရေးသိက္ခာကျဆင်းစေရန်နှင့်   နိုင်ငံတကာမှ   မြန်မာနိုင်ငံအား အထင်မြင်သေးစေရန် ရည်ရွယ်ချက်ဖြင့် မြို့ကြီးများတွင် အကြီးစားဖောက်ခွဲ ဖျက်ဆီးမှုများ ပြုလုပ်ရန် အတွက် အသေခံအဖွဲ့အဖြစ် ဖွဲ့စည်းထားသော KIA သောင်းကျန်းသူများအား ကချင်ပြည်နယ် လိုင်စင်ပို့စ် မှ မနေ့က စတင်စေလွှတ်ခဲ့သည်ဟု လိုင်စင်ပို့စ် ဒေသခံတစ်ဦးထံမှ သတင်းရရှိပါတယ်။  အနီးစပ်ဆုံးမှ ရှိသည့် မြစ်ကြီးနား မြို့မှ ဒေသခံများနှင့် ဗန်းမော်မြို့မှ ဒေသခံများမှ KIA ၏ပြုလုပ်မည့် အစီအစဉ်ကို ကြားသိပြီးစိုးရိမ်မှုများဖြစ်ပေါ်   နေသည်ဟု ဒေသခံများ ၏ပြောပြချက် အရသိရှိရသည်။
 www.MyanmarExpress.net
ပြည်ထောင်စု ဝန်ကြီးများ ဦးဆောင်ကာ မကြောက်တရား လိုက်လံ ဟောပြောမည်
From :မဇ္ဈိမ
စစ်မက်ဖြစ်ပွားခဲ့သည့် ကရင်ပြည်နယ် ဒေသများတွင် ပြည်ထောင်စု အစိုးရအဖွဲ့မှ ဝန်ကြီးများ ဦးဆောင် ကာ မကြောက်တရားများ လိုက်လံ ဟောပြောသွားမည်ဟု မြန်မာ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး စင်တာ (MPC) တွင် ပြုလုပ်ခဲ့သော အရပ်ဘက် လူမှု အဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲတွင် ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း က ပြောကြားသည်။
“ကျနော်တို့  မကြာခင်မှာ ကရင်ပြည်နယ်ကို သွားမှာပါ။ အဲဒီက ဒေသခံတွေကို မကြောက်ဖို့ တရားသွား ဟောပါ မယ်” ဟု ဇန်နဝါရီလ ၂၇ ရက်နေ့က ပြောသည်။
ထိုသို့ ဟောပြောရခြင်းမှာ ကရင်ပြည်နယ်ရှိ ဒေသခံများမှာ နှစ် ၆၀ ကျော် စစ်ပွဲဒဏ်များ ခံစားခဲ့ရကာ တပ် မတော် အား ကြောက်ရွံ့ခြင်းနှင့် အခြား လက်နက်ကိုင် အဖွဲ့အစည်းများအား ကြောက်ရွံ့ခြင်းများ ယခု အချိန် အထိ ခံစားနေရသောကြောင့် ဖြစ်ကြောင်း ဦးစိုးသိန်း က ရှင်းပြသည်။
မကြောက်တရား ဟောပြောမည့် အစီအစဉ်တွင် အစိုးရအဖွဲ့ အပြင် အရပ်ဘက် လူမှုအဖွဲ့အစည်းများ ပါဝင် သင့်ပြီး ပါဝင်မည်ဆိုပါက ၎င်းတို့နှင့်လာရောက်ဆက်သွယ် ရမည်ဖြစ်ကြောင်း သမ္မတရုံး ဝန်ကြီး ဦးစိုး သိန်းက ပြောဆိုသည်။
သမ္မတရုံးဝန်ကြီးတဦးဖြစ်သည့် ဦးအောင်မင်းက “စစ်ပွဲတွေ ပြီးဆုံးသွားတဲ့အခါ ဒေသခံတွေဟာ စိတ်ဒဏ် ရာတွေ ရလာပါတယ်။ အဲဒီစိတ်ဒဏ်ရာ ပြင်ဖို့ဟာက ဒေသ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် အရေးအကြီးဆုံး လုပ် ငန်း ပါပဲ။ အဲဒါတွေကို ကုပေးနိုင်ဖို့ အန်ဂျီအိုတွေက အရေးကြီးဆုံးဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ မယုံတဲ့ လူတွေ သွားကုလို့လည်း အဆင်မပြေနိုင်ဘူးလေ” ဟု ဆိုသည်။
အဆိုပါ မကြောက်တရား ဟောပြောခြင်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ နောက်ဆက်တွဲ လုပ်ငန်း များဖြစ်ကြောင်းမြန်မာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးစင်တာမှ တာဝန်ရှိသူတဦးက ပြောသည်။
ယခုအစီအစဉ်နှင့် ပတ်သက်၍ KNU အဖွဲ့မှ ပြည်သူ့ ဆက်ဆံရေးတာဝန်ခံ ဗိုလ်မှုးကြီးဖောဒိုက “ဒီအစီ အစဉ် ဟာကောင်းပါတယ်။ တပ်မတော်က ကြောက်စရာ မလိုဘူး ဆိုတာကို အစိုးရဘက်က ပြောတာကို ပြည်သူ့ နား နဲ့ ဆက်ဆက်ကြားရတော့ ဒေသခံတွေရဲ့  စိတ်ခံစားချက်တွေ ပေါ့သွားတာပေါ့” ဟု မဇ္ဈိမကို ပြောသည်။
အဆိုပါ ဒေသများတွင် ငြိမ်းချမ်းရေးရရှိပြီဟု ဆိုသော်လည်း ဒေသခံများအား တပ်မတော် ဝန်ထမ်းများမှ မတရားပြုကျင့်မှုများ ရှိနေသေးပြီး တရားမဝင် အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုများ ရှိသည်ဟု ဆိုကာ ပုဒ်မ ၁၇(၁)ဖြင့် ဖမ်းဆီးမှုများ ရှိနေသေးကြောင်း ကရင်လူမှု အဖွဲ့အစည်း တခုမှ တာဝန်ရှိသူတဦးက ပြောသည်။
“ကျမတို့ နယ်မှာ ငြိမ်းချမ်းရေးရရှိပြီ ဆိုပေမယ့်လည်း တပ်မတော်ရဲ့ အတင်းအဓမ္မ ပြုကျင့်မှုတွေ ခံနေရ တုန်း ပါပဲ။ ဥပဒေအရ ခြိမ်းခြောက်မှုတွေလည်း ခံနေရပါသေးတယ်” ဟု ဆိုသည်။
ကရင်ပြည်နယ်သည် ပြည်တွင်း စစ်ပွဲများ အနှစ် ၆၀ ကျော် ရင်ဆိုင်ခဲ့ရသော ပြည်နယ်တခု ဖြစ်ကာ စစ်ကြောင့် တိမ်းရှောင်နေရသည့် သိန်းနှင့်ချီသည့် ဒုက္ခသည်များ ထိုင်းနိုင်ငံတွင် အများဆုံးနေထိုင်ကြ ရသေး သည်။ ၎င်းတို့အထဲမှ အများစုမှာ ငြိမ်းချမ်းမှု ရရှိပြီဖြစ်၍ ဒေသတွင်းသို့ ပြန်လည်ဝင် ရောက်ရန် ပြင်ဆင်ေ နကြောင်း ဦးအောင်မင်းက ပြောဆိုသည်။
. www.MyanmarExpress.net
သစ်လုံးတင်ယာဉ်များအား KIA တပ်ဖွဲ့ဝင်များ ပစ်ခတ်နှောင့်ယှက်
From :http://www.kachindailynews.com/2013/01/kia_7552.html
ကချင်ပြည်နယ် မန်စီမြို့နယ်၊ မန်ဝိန်းကြီးကျေးရွာတစ်ဝိုက်မှာ တရုတ်နိုင်ငံမှ ကုန်သည်အချို့နဲ့ KIA အဖွဲ့ တို့ သဘောတူညီမှုဖြင့် သစ်ကွက်ထုတ်လုပ်ရောင်းချနေတဲ့ကုမ္ပဏီတွေ ဖွင့်လှစ်ထားလျက်ရှိပါသည်။ အဲဒီကုမ္ပဏီတွေ အနေနဲ့ KIA အဖွဲ့နဲ့စာချုပ်ချုပ်ထားရာမှာ တရားဝင်သတ်မှတ်   ငွေကြေးပေးရတဲ့ အပြင် မော်တော်ယာဉ်မောင်းသူ တွေအနေနဲ့ KIA တပ်ဖွဲ့တွေကို သီးခြားငွေကြေးပေးပြီး   ဖြတ်သန်းသွားလာ နေကြရ ပါသည်။ တိုက်ပွဲတွေမရှိခင် တုန်းကတော့ ပိုက်ဆံပေးပြီးသွားလာလို့ လွယ်ကူပေမယ့် အခုခါမှာတော့ ကားတွေ သွားလာမှုကို KIA ဘက်က ပိတ်ထားလိုက်ကြောင်းသိရှိရသည်။
           ဒါ့အပြင် ကားလမ်းတွေမှာ မိုင်းတွေထောင်ထားတဲ့အတွက် မဖြစ်မနေသွားနေရတဲ့   မော်တော် ကားတွေ မကြာမဏ မိုင်းနင်းမိပြီးလူနဲ့ပစ္စည်း ဆုံးရှုံးမှုတွေဖြစ်ပေါ်နေပါတယ်။ လမ်းကြောင်းသိပြီး ကျွမ်းကျင်တဲ့ ယာဉ်မောင်း တွေအတွက်အခက်အခဲမရှိပေမယ့် တရုတ်နိုင်ငံသား ယာဉ်မောင်းတွေ အတွက်တော့ စိုးရိမ် ဖွယ်ရာ အခြေအနေ ပဲဖြစ်နေပါတယ်။ တရုတ်ကုမ္ပဏီတွေဘက်ကလည်း ငွေကြေးကို အဓိကထား ရှာဖွေနေရ သလို KIA ဘက်က လည်း စစ်တပ်တွေ အယောင်ဆောင် ၀င်လာမှာကို ကြောက်လန့်နေပါတယ်။ KIA တပ်တွေ အတွက်ကျဆုံးမှုတွေ များပြားနေပြီး ထွက်ပြေး သူတွေများ နေတာကြောင့် အရင်ကလို လမ်းကြောင်းတွေမှာ ငွေကြေးတောင်းခံတာတွေ လုပ်ချိန်မရဘူး   ဖြစ်နေကြောင်းသိရှိရသည်။
          စစ်ပွဲတွေဖြစ်နေတဲ့ကာလမှာ သူ့လူ ကိုယ်လူ့ မခွဲခြားနိုင်တော့ဘဲ လမ်းကြောင်းတွေမှာ မိုင်းထောင်ဖို့နဲ့ တံတားတွေဖောက်ခွဲဖျက်ဆီးဖို့ KIA ဗဟိုဌာနချုပ်ရဲ့ အမိန့်အတိုင်း လုပ်ဆောင်နေကြရ ပါတယ်။ တံတားတွေ ဖျက်ထားမှ စစ်တပ်တွေမလာနိုင်မှာဆိုတဲ့အမြင်နဲ့ ဖျက်ဆီးနေပေမယ့် တကယ် ဒုက္ခရောက်နေတာကတော့ KIA တပ်ဖွဲ့ဝင်များနှင့် ဒေသခံနေထိုင်သူတွေပဲဖြစ်ပါသည်။ အရင်တုန်းက သစ်ကားတွေဖြတ်မောင်းလာတာတွေ့ရင် KIA တပ်သားတွေအတွက် ငွေကြေးနဲ့စားစရာတွေ ချပေးခဲ့လို့ သစ်ကားတွေအလာကိုမျှော်နေခဲ့ရကြောင်း သိရှိရပါသည်။ အခု ခါမှာတော့ ပေါ်လာမဲ့ သစ်ကားတွေ အတွက် စိတ်မကောင်းစရာတွေ့ကြုံရမှာကိုတွေးပြီး KIA တပ်ဖွဲ့ဝင်များစိတ် မကောင်းဖြစ်နေကြသည်ဟု   ဒေသခံများ၏ပြောပြချက်အရသိရှိရပါသည်။
 www.MyanmarExpress.net
KIA လက်နက်ကိုင်များ ``၀``တပ်ဖွဲ့ထံ တပည့်ခံတော့မည်
From :http://www.kachindailynews.com/2013/01/normal-0-false-false-false-en-us-x-none.html
  အစိုးရစစ်တပ်များအား လက်နက်ကိုင်တိုက်ခိုက်ပြီး ၀မ်ပေါင်သမ္မတနိုင်ငံ ထူထောင်မယ်လို့   ကြွေးကြော် ထားတဲ့ KIA တပ်မတော်ဟာ ဒီကနေ့သိရှိရတဲ့ သတင်းတွေအရ ၀ တပ်ဖွဲ့တွေနဲ့ ပူးပေါင်းတော့မယ်လို့ သတင်း ရရှိ ပါသည်။ KIA တပ်တွေအနေနဲ့ ကချင်လူမျိုးတွေကောင်းစားရေး၊ ၀မ်ပေါင်သမ္မတ နိုင်ငံ ထူထောင်ရေး၊ တန်းတူ ရည်တူရှိရေးစတဲ့ အကြောင်းအရာ အချက်အလက်တွေ အမျိုးမျိုးကြေးကြော်ချက်တွေနဲ့ အော်ဟစ်ပြီး လက်နက် စွဲကိုင်တိုက်ပွဲဝင်နေတာဖြစ်ပါသည်။ ကချင်ပြည်နယ်အတွင်းမှာ လက်ညှိုးထိုးပြစရာ ကောင်းကွက် တစ်ကွက်တစ် လေမှ မရှိပေမယ့် မိုင်းထောင်၊လူသတ်၊ဆက်ကြေးကောက်၊ ပြန်ပေးဆွဲ၊ မူးယစ်ဆေးဝါးနဲ့ သစ်ထုတ်လုပ်ရောင်း ၀ယ်၊ လူသစ် စုဆောင်း၊ လောင်းကစားဝိုင်းတွေထောင်၊ ကချင်အမျိုးသမီးငယ်တွေကို ဖမ်းဆီးပြီး တရုတ်နိုင်ငံ ထဲ ရောင်း စား .. စတဲ့လုပ်ငန်းတွေကတော့ ရေတွက်လို့မရ နိုင်အောင်များပြား လွန်းလှ သည်။
          အင်တာနက်နဲ့ ပြည်ပကသတင်းမီဒီယာသမားတွေက ဖာဖာထေးထေး၊ ဖုံးဖုံးဖိဖိရေးသားပေးနေကြ   ပေ မယ့် ကချင်ပြည်နယ်ရဲ့ တကယ့်လက်တွေ့မြင်ကွင်းမှာတော့ KIA ဆိုတာနဲ့ ကချင်လူမျိုးတွေ ကိုယ်တိုင်နှာခေါင်း ရှုံ့နေလျက်ရှိသည်။ ရထားလမ်းမိုင်းခွဲပြန်ပြီ KIA...ကုမ္ပဏီတွေကို မီးရှို့ဖျက်ဆီး လိုက်ပြန်ပြီ KIA... ခရီးသွားနေတဲ့ ကားတွေကို ပစ်ခတ်လိုက်ပြန်ပြီ KIA....ကျေးရွာတွေမှာရှိတဲ့ ပျိုပျိုအိုအိုကျားမ မရွေး လူသစ်ဖမ်းခေါ်သွားပြန်ပြီ KIA....ကချင်ပြည်နယ်ကို အရုပ်ဆိုးစေတာ၊ အကျည်း တန်စေတာ မှန်သမျှ လုပ်ဆောင် နေတာ KIA လက်နက် ကိုင်တွေပဲဖြစ်ပါတယ်။ သတင်းသမား အချို့ကတော့KIA လက်နက် ကိုင်တွေနဲ့ ကချင်လူမျိုးဆိုတာ အတူတူပဲလို့ ထင်သာမြင်သာ   အောင်ရေးသားပေမယ့် ခရစ်ယာန် ဘာသာရေး အဖွဲ့အစည်းနဲ့ ကချင်တိုင်းရင်းသား ခေါင်းဆောင် အများစုကတော့ KIA ဆိုတာ လက်နက်ကိုင်ပြီး ကချင်ပြည်နယ်ကို ဖျက်ဆီးနေသူတွေလို့ပဲ သတ်မှတ်နေ ကြသည်။
          ဒါကြောင့်လဲ အစိုးရတပ်တွေနဲ့ KIA တိုက်ပွဲဖြစ်တိုင်း KIA တွေအရှုံးကြီးရှုံးနေပြီး စခန်းတွေ တစ်ခုပြီးတစ် ခုစွန့်လွှတ်နေရတာ ဖြစ်ပါတယ်။ ဒေသခံပြည်သူတွေ ကိုယ်နှိုက်က အစိုးရတပ်တွေကို သတင်းပေး၊ စခန်းတွေကို လမ်းညွှန်ပြ ကူညီကြတာမို့ KIA ဆိုတာ အခုဆိုရင် လိုင်ဇာကွက်ကွက် ကလေးမှာပဲ နေနိုင်တဲ့ အနေအထားဖြစ် ပါသည်။ ဒီလိုမျိုးအဖက်ဖက်က ရှုံးနိမ့်လာတော့မှပဲ ငြိမ်းချမ်းရေး လုပ်ချင်စိတ်တွေပေါ်လာပြီး UWSA ဆိုတဲ့ ၀ တပ်ဖွဲ့ခေါင်းဆောင်တွေကို ဆရာတင်ပါတော့သည်။ မဟုတ်တာ မမှန်တာ လုပ်ထားသူတွေ ဆိုတော့ အစိုးရက ချိန်းဆို ကြိုဆိုခေါ်ထားတဲ့ နေပြည်တော်ကို မလာရဲတော့ဘဲ ၀ ဌာနချုပ် ပန်းဆန်မှာ ဆွေးနွေးဖို့ ခေါင်းညိမ့်လာ ပါတယ်။ တကယ်တော့KIAရဲ့ ဒီလိုမျိုး ဆုံးဖြတ်ချက်အပေါ်မှာ KIO လူကြီးတွေ အကြားမှာသဘောထားကွဲလွဲမှုတွေ ကြီးကြီးမားမားဖြစ်ပေါ်နေ လျက်ရှိသည်။ အစိုးရနဲ့ တန်းတူရည်တူမဆွေးနွေးဘဲ ၀တပ်ဖွဲ့ကိုဆရာတင်ဆွေးနွေးတာကို အများစုက လက်မခံနိုင်ဖြစ်နေကြောင်း လိုင်ဇာသတင်းရပ်ကွက်မှသိရှိရပါသည်။
 www.MyanmarExpress.net
ကားရေဆေးလုပ်ငန်းများ အလုပ်အကိုင်ကောင်းလျက်ရှိ
From : myanma age
ရန်ကုန်မြို့ တွင် ကားအသစ်များတင်သွင်းခွင့်ပြုပြီးသည့်
နောက်ပိုင်းတွင် ကားရေဆေး၊ ဆီထိုးလုပ်ငန်းများ အလုပ် အကိုင်ကောင်းလျက်ရှိပြီး တစ်နေ့လျှင် အနည်းဆုံးကား
အစီးရေ ၅၀ခန့် ရေဆေးပေးရကြောင်း ကားရေဆေးလုပ်ငန်း လုပ်ကိုင်သူများ၏ ပြောကြားချက်အရ သိရသည်။
“ဟိုးအရင်ကထက် ပိုပြီးအလုပ်ဖြစ်တယ်။ ကားအသစ်တွေ ဝင်လာတာကြောင့်လည်း ပါတယ်။ အရင်တုန်းကကားတွေဆို လူတွေက တော်ရုံ တန်ရုံနဲ့ ရေဆေးကြတာ မဟုတ်ဘူး။ ခင်္ရီးဝေး ဟိုင်းဝေးမောင်းပြီး ပြန်လာတာမျိုး ၊ ပွဲသွားစရာရှိတာမျိုးလောက်ပဲ ဆိုင်မှာလာပြီး ရေဆေးတာ မျိုး လုပ်ကြတာ။ အခုကတော့ ကား အသစ်တွေ တော်တော်များများလာဆေးကြတယ်။ တချို့ဆို
နေ့တိုင်း လာဆေးတဲ့ကားတွေတောင် ရှိ တယ်”ဟု ရွှေကြယ်
ကားရေဆေး၊ ဆီထိုးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထိုကဲ့သို့ ကားရေဆေးလုပ်ငန်းများ အလုပ်အကိုင်ကောင်းလာ
ရခြင်းမှာ ကားအသစ်များ ဝင်လာခြင်းနှင့် ဆိုင်သကဲ့သို့ တိုက် ခန်းများနှင့် နေသူ များခြင်းကြောင့် ကားရေဆေးရန်နေရာ အခက်အခဲဖြစ်ခြင်းတို့ကြောင့် ဖြစ်ကြောင်း မျိုးကားရေဆေး၊
ဆီထိုးလုပ်ငန်းမှ တာဝန်ရှိသူ ဦးမျိုးကိုက သုံးသပ်ပြောကြားသည်။
“ကျွန်တော့်ကားကို ဆိုင်မှာ ရေလာဆေးတယ်ဆိုတာက အချိန်
ချွေတာချင်တာကြောင့်လည်း ပါပါတယ်။ အိမ်မှာကားရေဆေးရင်
ကျွန်တော် တစ်ယောက်တည်းလုပ်ရမှာ ကားတစ်စီးလုံးကို
ရေဆေးဖို့တစ်ယောက်တည်းဆို အချိန်တော်တော်ယူရမယ်။
ဆိုင်မှာဆိုရင် ကားရေဆေးတာ၊ ကားရေသုတ်တာကို လူအင် အားနဲ့လုပ်တာဆိုတော့ မြန်မြန်လည်းပြီးတယ်”ဟု Honda
Insight ကားပိုင်ရှင် ကိုကျော်ဇောက ရှင်းပြသည်။
ထိုကဲ့သို့ကားရေဆေးသူများရခြင်းမှာယခုအချိန်တွင် ရန်ကုန်မြို့တွင် နေထိုင်သူတော်တော်များများမှာ
ကားအဟောင်းများအပ်ကာ ကားအသစ်များ စီးလျက်
ရှိကြသဖြင့် ကားပိုင်ရှင်များမှ ကားများကို အမြဲသစ်လွင်
နေစေရန် ဂရုစိုက်လျက်ရှိနေကြခြင်းကြောင့် ဖြစ်နိုင်ကြောင်း ကိုကျော်ဇောကသုံးသပ်ပြောကြားသည်။
ကားရေဆေးရာတွင် ကားအကြီး၊အသေးပေါ် မူတည်ကာ
ဈေးနှုန်းများ ကွာခြားကြောင်း ၊ ကားတစ်စီးကို ရေဆေးခြင်း၊ ကားအခြောက်ခံခြင်း တို့အတွက် အလုပ်သမားအင်အား ၁၀ယောက်ခန့်က လုပ်ဆောင်ပေးရကြောင်း သိရသည်။
 www.MyanmarExpress.net
သန်းထွဋ်အောင်နှင့် Eleven အား စိန်ခေါ်ခြင်း
From :  Burmese Muslim Youths For Human Rights and Justice
ကျွန်ုပ်တို့၏ Burmese Muslim Youths For Human Rights and Justice အစည်းအရုံး (Group)မှနေ၍ Eleven Media Group ၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင်ထံသို့ အီးမေးလ်မှတဆင့် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၂၉) ရက်နေ့ ရက်စွဲဖြင့် ဖိတ်ကြားချက် တရားဝင်စာကို ပေးပို့ခဲ့ပြီး ဖြစ်ပါသည်။
၎င်းဒေါက်တာသန်းထွဋ်အောင်ထံသို့ ပေးပို့ခဲ့ပြီးသော တရားဝင်ဖိတ်ကြားချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
သို့
          ဒေါက်တာသန်းထွဋ်အောင်
          အမှုဆောင်အရာရှိချုပ်
          Eleven Media Group
          ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။
စာအမှတ် - ၉/၂၀၁၃
နေ့စွဲ ။   ။ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၂၉) ရက်။
အကြောင်းအရာ ။        ။  ရိုဟင်ဂျာတိုင်းရင်းသားများနှင့်ပတ်သက်သည့် သမိုင်းဆိုင်ရာစကားစစ်ထိုးပွဲ (Debate) တစ်ပွဲအား တက်ရောက်ဆင်နွှဲရန် ဖိတ်ကြားခြင်း။
လူကြီးမင်း၏ Eleven Media Group အနေနှင့် ရိုဟင်ဂျာလူမျိုးဟူသည် မြန်မာနိုင်ငံတွင် မည်သည့်အခါ၌မျှ မရှိခဲ့ကြောင်း သမိုင်း၏ အရှိ တရားကို လျစ်လျူ၍ အမှန်တရားကို ငြင်းပယ်ကာ လူမျိုးအစွန်းရောက်ဝါဒနှင့် ဘာသာရေးအစွန်းရောက်ဝါဒတို့ကို အခြေခံ၍ ရိုဟင်ဂျာ လူမျိုး၏သမိုင်းအား ခါးခါးသီးသီး ငြင်းဆန်ခဲ့ကြောင်း လေ့လာ သိရှိရပါသည်။ ထို့ပြင် လူကြီးမင်းတို့၏ Eleven Media Group မှ ရိုဟင်ဂျာလူမျိုးများသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးများအနက်မှ လူမျိုးအုပ်စု တစ်စုဖြစ်ခဲ့ကြောင်းကိုလည်း ထပ်မံ၍ ငြင်းဆန်ထားသည်ကိုလည်း လေ့လာသိရှိရပါသည်။ ထပ်မံ၍ ဆိုရသော် လူကြီးတို့၏ Eleven Media Group မှနေ၍ ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ်၊ မေလနှင့်ဇွန်လတို့တွင် ဖြစ်ပွားခဲ့သော လူမျိုးတုန်းသတ်ဖြတ်မှုကြီး၌လည်းကောင်း၊ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလတွင် ထပ်မံ၍ ဒုတိယအကြိမ်ဖြစ်ပွားခဲ့သော လူမျိုးတုန်းသတ်ဖြတ်မှုကြီး၌လည်းကောင်း၊ မီးလောင်ရာကို လေပင့်၊ ရေနစ်သူကို ၀ါးကူထိုး၍ တစ်နိုင်လုံး၌ လူမျိုးရေးအဓိကရုဏ်းများ ဆက်လက်ဖြစ်ပွားစေရန် ရည်ရွယ်၍ လူမျိုးရေး အစွန်းရောက် အရေးအသားများ၊ မဟုတ်မမှန် လိမ်လည်လုပ်ကြံထားသည့် သတင်းများအား ပုံနှိပ်ဖြန့်ချိခဲ့ကြောင်းကို လေ့လာသိရှိရပါသည်။ လူကြီးမင်းတို့၏ မီဒီယာအုပ်စုကြီးသည် မြန်မာနိုင်ငံတွင် အစိုးရမဟုတ်သော ပုဂ္ဂလိကပိုင် မီဒီယာလောကတွင် အင်အား အကြီးဆုံးဖြစ်ကြောင်းကိုလည်း လေ့လာသိရှိရပါသည်။ 
သို့ပါ၍ လူကြီးမင်းအပါအ၀င် မည်သူနှင့်မဆို ရိုဟင်ဂျာလူမျိုးဟူသည် မြန်မာနိုင်ငံတွင်ရှိနေခဲ့သော လူမျိုးတစ်မျိုးဖြစ်ကြောင်း၊ ပါလီမာန် ဒီမိုကရေစီခေတ်က မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူမျိုးတစ်မျိုးအဖြစ် သတ်မှတ်ခဲ့ကြောင်းကို အထောက်အများနှင့်တကွ ဆွေးနွေး၍ သက်သေထူ တင်ပြပေးမည့် ပါရဂူဘွဲ့ရ နိုင်ငံတကာ သမိုင်းပညာရှင်ကြီးများဖြစ်ကြသော ပါမောက္ခ Dr Abid Bahar နှင့် ပါမောက္ခ Dr. Habib Siddiqui တို့နှစ်ဦးနှင့် ရိုဟင်ဂျာသမိုင်းဆိုင်ရာ စကားစစ်ထိုးပွဲ (Debate) တစ်ပွဲအား ကျွန်ုပ်တို့၏ Burmese Muslim Youths For Human Rights and Justice အစည်းအရုံးမှ တာဝန်ယူ၍ လူကြီးမင်းတို့ စိတ်ကြိုက် ရွေးချယ်မည့် မည်သည့် နိုင်ငံတကာ စင်မြင့်တွင်မဆို နိုင်ငံတကာ မီဒီယာဌာနများနှင့် ဂုဏ်သရေ ရှိ လူကြီးမင်းများ၏ ရှေ့မှောက်တွင် တာဝန်ယူ ကျင်းပပေးသွားပေမည်။
အကယ်၍ လူကြီးမင်းကိုယ်တိုင် ထိုရိုဟင်ဂျာသမိုင်းဆိုင်ရာ စကားစစ်ထိုးပွဲ (Debate) သို့ မတက်ရောက်နိုင်ပါက လူကြီးမင်းအနေနှင့် သမိုင်းပညာရှင်များ ငှားရမ်း၍ သမိုင်းပညာရှင် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို စေလွှတ်၍ တက်ရောက် ယှဉ်ပြိုင်လိုပါကလည်း ကြိုဆိုပါသည်။ ရိုဟင်ဂျာလူမျိုးများ၏ သမိုင်းစစ်၊ သမိုင်းမှန်ကို ငြင်းပယ်ခြင်းသည် လူမျိုးတုန်းသတ်ဖြတ်မှု၏ စိုးရိမ်ဖွယ်ရာ လက္ခဏာများ အနက်မှ လက္ခဏာတစ်ရပ်ဖြစ်ကြောင်းကိုလည်း International Association of Genocide Scholars ၏ ဥက္ကဌဟောင်း Professor William Schabas မှ ပြောကြားခဲ့ပြီး ဖြစ်ပါသည်။
သို့ပါ၍ လူကြီးမင်းတို့၏ Eleven Media Group သည် သမိုင်းစစ်၊ သမိုင်းမှန်ကို ငြင်းဆန်နေသူများ မဟုတ်ကြောင်း၊ လူကြီးမင်းတို့၏ ယုံကြည်ယူဆချက်ဖြစ်သည့် ရိုဟင်ဂျာလူမျိုးဟူသည် မြန်မာ့သမိုင်းတွင် မည်သည့်အခါကမျှ မရှိခဲ့ကြောင်းနှင့် ရိုဟင်ဂျာလူမျိုးများသည် မည်သည့်ခေတ်ကာလကမျှ မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူမျိုးအုပ်စု တစ်စု မဖြစ်ခဲ့ကြောင်းကို လူကြီးမင်းတို့မှ အခိုင်အမာ သက်သေပြရန် ကျွန်ုပ်တို့၏ အစည်းအရုံးမှ တာဝန်ယူ စီစဉ်ကျင်းပပေးမည့် ရိုဟင်ဂျာသမိုင်းဆိုင်ရာ စကားစစ်ထိုးပွဲ(Debate)သို့ တက်ရောက်ပါရန် လေးစားစွာဖြင့် ဖိတ်ကြားလိုက်ပါသည်။
ကျွန်ုပ်တို့၏ ဤဖိတ်ကြားချက်အား လူကြီးမင်းတို့အနေနှင့် လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ ဤဖိတ်ကြားစာအား လက်ခံရရှိ သည့်အချိန်မှစ၍ သုံးရက်အတွင်း ကျွန်ုပ်တို့ထံသို့ Letterhead တွင်ပါရှိသည့် ကျွန်ုပ်တို့၏ အီးမေးလ်များသို့ အကြောင်းပြန်ကြားစေ လိုပါသည်။ ကျွန်ုပ်တို့ အမိမြန်မာနိုင်ငံတော်၏ ပြည်သူပြည်သားများအားလုံး အကြမ်းဖက်မှု ဘေးအန္တရာယ်အမျိုးမျိုးမှ ကင်းဝေး၍ ကိုယ်၊ စိတ်၊ ၀ိညာဉ် သုံးပါးစလုံး အေးချမ်းသာယာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျှက်။
လေးစားစွာဖြင့်
ဦးမောင်မောင်လှ
အထွေထွေ အတွင်းရေးမှူး
လူ့အခွင့်အရေးနှင့် တရားမျှတမှုကို
ချစ်မြတ်နိုးသော ဗမာမွတ်စလင်မ်လူငယ်များ အစည်းအရုံး
Burmese Muslim For Human Rights And Justice
3248 Park Lane
Hawthorne, CA 90250
United States of America
Phone: +1 310 980 9111
E-mail: paletwa@yahoo.com, secretarybmy@gmail.com
http://www.facebook.com/BurmeseMuslimYouthsForHumanRightsAndJustice
ထို့ပြင် အောက်ပါ ပုဂ္ဂိုလ်များထံသို့လည်း အီးမေးလ်မှတဆင့် မိတ္တူကို ပေးပို့ခဲ့ပြီး ဖြစ်ပါကြောင်း ဒီမိုကရေစီ နည်းစနစ်နှင့်အညီ ပွင့်လင်းမြင်သာမှုရှိရှိ ပြည်သူလူထုတစ်ရပ်လုံး သိရှိနိုင်စေရန် ထုတ်ပြန်ကြေညာပေးလိုက်ပါသည်။
(၁) ဦးရဲထွဋ်
နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ
ဒုတိယ၀န်ကြီး
ပြန်ကြားရေး ၀န်ကြီးဌာန
နေပြည်တော်၊ မြန်မာနိုင်ငံ။
Email: myehtut@ gmail.com
yehtut.moi.myanmar@gmail.com
(၂) မြန်မာ မီဒီယာအချို့
(၃) ကိုမင်းကိုနိုင်
ကျောင်းသားခေါင်းဆောင်
၈၈ မျိုးဆက်ကျောင်းသားများ
ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။
Email: info@the88generation.org
https://www.facebook.com/88GenerationStudents
(၄) အလ်ဟာဂ်ျ ဃာဇီ ဦးတင်မောင်သန်း
အထွေထွေအတွင်းရေးမှူး
အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်
ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။
Email: irac@iracmyanmar.org
lion.tmt@gmail.com
https://www.facebook.com/irac.myanmar
သမိုင်းဆိုင်ရာ စကားစစ်ထိုးပွဲ (Historical Debate) အား
တာဝန်ယူစီစဉ်ပေးရခြင်း၏ ရည်ရွယ်ချက်များ
==============================
၁။       ရိုဟင်ဂျာလူမျိုးသည် မြန်မာနိုင်ငံတွင် အမှန်တကယ် တည်ရှိခဲ့သော လူမျိုး တစ်မျိုး ဟုတ်၊ မဟုတ်ဆိုသည့်အချက်အား ကမ္ဘာ့နိုင်ငံ အသီးသီးနှင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူလူထုတစ်ရပ်လုံး သိရှိစေရန်။
၂။       “ရိုဟင်ဂျာလူမျိုးများ မရှိဟု ပြောဆိုနေသူများသည် လူလိမ်များဖြစ်သလော” (သို့မဟုတ်) “ရိုဟင်ဂျာလူမျိုးများ ရှိသည်ဟု အခိုင် အမာပြောဆိုနေသူများသည် လူလိမ်များဖြစ်ပါသလား”ဆိုသည့်အချက်ကို လူသားထုတစ်ရပ်လုံး ကွက်ကွက်ကွင်းကွင်း သိရှိစေရန်။
၃။       ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ်၊ ဇွန်လမှ စတင်၍ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်အရေးသည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး၏ အရေးကိစ္စဖြစ်သည်ဟု လက်ရှိ နိုင်ငံရေးခေါင်းဆောင်များမှ လက်ခံထားပေသည်။ သို့ပါ၍ ထိုကဲ့သို့ မြန်မာတစ်နိုင်ငံလုံးနှင့်ပတ် သက်နေသည့် အရေးတော်ပုံကြီး၏ မူလအကြောင်းအရင်းများတွင် သမိုင်းဆိုင်ရာရှုပ်ထွေးမှုသည် အဓိကကျသော အကြောင်းအရာ တစ်ရပ် ဖြစ်ပေသည်။ ထို့ကြောင့် သမိုင်းမှန် ပေါ်ပေါက်ခြင်းဖြင့် ရခိုင်ပြည်နယ်တွင် ဘာသာမတူ၊ လူမျိုးကွဲပြားသော နိုင်ငံသူ၊ နိုင်ငံ သားများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို အထောက်အကူ ပြုစေရန်။
၎။ သမိုင်းစစ်၊ သမိုင်းမှန်ကို ဖော်ထုတ်ပေးခြင်းဖြင့် အပြစ်မဲ့ လူသားများ၏ အသက်၊ သွေး၊ အိုးအိမ်၊ စည်းစိမ်၊ ဂုဏ်သိက္ခာများကို အကာ အကွယ်ပေးရန်။
၅။ ရခိုင်ပြည်နယ်အရေးကြောင့် ကျွန်ုပ်တို့၏ အမိမြန်မာနိုင်ငံတော်၏ ဂုဏ်သိက္ခာသည် နိုင်ငံတကာ မျက်နှာစာတွင် အလွန်အမင်း ကျဆင်းလျက်ရှိရာ သမိုင်းစစ်၊ သမိုင်းမှန်အား ဖော်ထုတ်ခြင်းဖြင့် အမုန်းတရားများကို အတိုင်းတစ်ခုအထိ ငြိမ်းသတ်နိုင်မည်ဖြစ်ရာ ကျွန်ုပ်တို့၏ အမိမြန်မာနိုင်ငံတော်၏ ဂုဏ်သိက္ခာအား နိုင်ငံတကာ မျက်နှာစာတွင် ပြန်လည်၍ မြင့်တင်ပေးရန်။
www.MyanmarExpress.net
ABSDF မြောက်ပိုင်းဌာနချုပ်အား မြန်မာစစ်တပ်သိမ်းပိုက်
From :Yan Naing Aung
 ABSDF မြောက်ပိုင်းကမင်းဌေးတို့ ဌာနချုပ်ဖွင့်ခဲ့တဲ့နေရာ။
 တရုတ်ဘီယာတွေ တ၀ကြီးသောက်သွားတဲ့ ABSDF မြောက်ပိုင်း က မင်းဌေး တို့နေရာ။ ရှေ့တန်းမှာ ဘီယာအ၀သောက်နိုင်တယ်။ ဘယ်ကအထောက်အပံ့တွေပါလိမ့်
 စခန်းစွန့်ထွက်ပြေးသွားသော မင်းဌေး
 မင်းဌေး နှင့် ဇနီး
 www.MyanmarExpress.net
မိုးကောင်း မြို့နယ်၊ မရမ်းကျေးရွာ အနီး ကေအိုင်အေများ လူနေအိမ်ကို အသုံးပြုတိုက်ခိုက်
From : http://www.oppositeyes.info/2013/01/blog-post_9416.html
ဇန်န၀ါရီလ ၂၉ ရက် ညနေ ၇ နာရီ ၂၀ ခန့်တွင်  မိုးကောင်းမြို့နယ်၊ မရမ်းကျေးရွာ အနီး မြန်မာ့တပ်မေ တ်ာနှ င့် ကေအိုင်အေ တို့ တိုက်ပွဲ ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ပွဲတွင် ကေအိုင်ေ အများမှ လူနေအိမ်ကို အကာအကွယ်ပြု တိုက်ခိုက်သဖြင့် ပြန်လည် ပစ်ခတ်ရာ လက်နက်ကြီး ထိမှန်မှုကြောင့် နေအိမ် ပေါ်ရှိ အသက် ၂၅ နှစ်အရွယ် မိခင်နှင့် အသက် ၈ နှစ် အရွယ် ကလေးတို့ သေ ဆုံးခဲ့ကြောင်း သိရသည်။
ကေအိုင်အေ သောင်းကျန်းသူများ အနေဖြင့် ယခုရက်ပိုင်းအတွင်း ရွာသားများ ဟန်ဆောင်၍ လည်းေ ကာင်း၊ ဘာသာရေး အဆောက်အအုံများ၊ လူနေအိမ်များကို အသုံးချ၍ လည်းကောင်း တိုက်ခိုက်မှုများ ပြုလုပ် လျှက် ရှိသည်။
 www.MyanmarExpress.net
မန္တလေးတံတားဦး ဟိုတယ်ဇုန်ကို အမေရိကန် ဒေါ်လာသန်း ၅၀၀ ကျော် ကုန်ကျခံ တည်ဆောက် သွားမည်
From : mrtv4
မန္တလေးတိုင်း ဒေသကြီး တံတားဦး မြို့နယ် အတွင်း  တံတားဦး ဟိုတယ်ဇုန် စီမံကိန်းကို တည်ဆောက် သွားမှာ ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု အနေနဲ့ အမေရိကန်
ဒေါ်လာ သန်း ၅၀၀ ကျော်ရင်နှီး မြှပ်နှံသွား မှာဖြစ်တယ်လို့ မန္တလေး ဟိုတယ်ဇုန်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အဆိုပါ ဟိုတယ်ဇုန် စီမံကိန်း မှာတော့ ပြည်တွင်း ရင်နှီးမြှပ်နှံမှုတွေ အပြင် နိုင်ငံခြား ကုမ္ပဏီများကိုပါ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ နဲ့အညီ ရင်နှီးမြှုပ်နှံခွင့် ခွင့်ပြု သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီ တံတားဦး ဟိုတယ်ဇုန် စီမံကိန်း ကိုတော့ ၂၀၁၃ ခုနှစ် မတ်လ မတိုင်မီမှာ စတင် ဆောင်ရွက် သွားမှာဖြစ်ပြီး တံတားဦး မြို့နယ် ကူးတို့ဆိပ် ကျေးရွာ အနီး မြေဧက ငါးထောင် ကျော်ပေးမှာ အကောင်ထည်ဖော် တည်ဆောက် သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီ စီမံကိန်းမှာ ပြည်တွင်း လုပ်ငန်းရှင်များ အနေနဲ့ မြေဧရိယာ ၁၀၁၃ ဒဿမ ၇၃ ဧက ရှိမြေကွက် ၁၉၂ ကွက်ပေါ် မှာဟိုတယ် လုပ်ငန်းများ မြှုပ်နှံခွင့် ရမှာဖြစ်ပြီး နိုင်ငံခြား ကုမ္ပဏီများ အနေနဲ့ မြေဧရိယာ ၅၈၄ ဒဿမ ၄၁ ဧကရှိ မြေကွက် ၁၀၀ ပေါ်မှာ ရင်းနှီးမြှုပ်နှံခွင့်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီဟိုတယ် ဇုန်ကိုတော့ မြို့တစ်မြို့ အသွင် တည်ဆောက် သွားမှာဖြစ်ပြီး စီမံကိန်း အတွင်းမှာ ဟိုတယ်တွေ အပြင် Shopping Mall များကို မြေဧရိယာ ၆၀ ဒဿမ ၇၉ ဧက ၊ ငွေကြေး ၀န်ဆောင်မှု ပေးမည့် ဇုန်ကို မြေဧရိယာ ၃၂ ဒဿမ ၀၃ ဧကပေါ်မှာ အကောင်အထည်ဖော် ဆောက်လုပ်မယ့် စီမံကိန်း များလည်း ပါဝင်တယ်လို့ သိရပါတယ်။ ဆက်လက်ပြီး တံတားဦး ဟိုတယ်ဇုန် စီမံကိန်း အတွင်းမှာ သယ်ယူ ပို့ဆောင်ရေး အနေနဲ့ ရထားလမ်းများ၊ ဘူတာရုံများ၊ ကားလမ်းများ အပြင် ဂေါက်ကွင်း များလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ စီမံကိန်း မှာတော့ ညဈေးများ၊ လက်မှု အထည်ပစ္စည်းများ ထုတ်လုပ်မည့် ရွာ၊ ဖျော်ဖြေရေးဇုန်နဲ့ ရေဆိုးသန့်ဇင် စက်ရုံများ ကိုပါ ထည့်သွင်း တည်ဆောက် သွားမယ် လို့လည်းသိရပါတယ်။
  www.MyanmarExpress.net
KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့ ထောင်ထားသော မိုင်းနင်းမိ၍ အပြစ်မဲ့ အရပ်သား နှစ်ဦး ဒဏ်ရာရရှိ
From : မြဝတီ
နေပြည်တော် ဇန်နဝါရီ ၂၈
၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၂၇ ရက် နံနက် ၆ နာရီခန့်က ဖားကန့်မြို့နယ် လုံးခင်း ကျေးရွာနေ စိုးနိုင်(ခ) ကံကြီးမောင် ၃ဝ နှစ်(ဘ) ဦးခင်စိုးနှင့်  ဖားကန့်မြို့နယ် မမုံ ကျေးရွာနေ မောင်ဝဏ္ဏ ၂၁ နှစ်(ဘ) ဦးအုန်းမြင့်တို့ နှစ်ဦးသည် ဆိုင်ကယ် တစ်စီးဖြင့်
ဆိုင်ဂျာဘွမ် ကျေးရွာမှ ဖားကန့် သို့ ထွက်ခွာခဲ့ရာ မန်နားအောက် ကျေးရွာ အနီးတွင် KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့ ထောင်ထားသော မိုင်းတစ်လုံးအား နင်းမိ ပေါက်ကွဲသဖြင့် စိုးနိုင် (ခ) ကံကြီးမောင်နှင့် မောင်ဝဏ္ဏ တို့နှစ်ဦး မိုင်းစ ထိမှန် ဒဏ်ရာ ရရှိခဲ့သည်။ အခင်း ဖြစ်ပွားသည့် နေရာသို့ အနီးဆုံး လုံခြုံရေး တပ်ဖွဲ့ဝင် များက ချက်ချင်း သွားရောက်၍ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးပြီး ဒဏ်ရာ ရလူနာများကို ဖားကန့်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင် ကာ ဆေးဝါး ကုသ ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။
 www.MyanmarExpress.net
၂၀၁၃ အာဆီယံ ဥက္ကဋ္ဌ အား တရုတ် ကာကွယ်ရေး ဝန်ကြီး ကူညီ မည်
From :မြဝတီ
တရုတ် ကာကွယ်ရေး ဝန်ကြီး Liang Guanglie သည် အာဆီယံ အဖွဲ့ အစည်း၏ ၂ဝ၁၃ ခုနှစ် အတွက် အလှည့်ကျ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်မည့် ဘရူနိုင်း နိုင်ငံအား ထောက်ပံ့ ကူညီ သွားမည် ဖြစ်ကြောင်း ဇန်နဝါရီလ ၂၈ ရက် နေ့တွင် ထုတ်ဖော် ပြောကြား ခဲ့ပါသည်။
အဆိုပါ မှတ်ချက် စကားအား Liang သည် ဘရူနိုင်း တော်ဝင် တပ်မတော်မှ ဗိုလ်ချုပ် Dato Paduko Seri Haji Aminuddin Ihsan နှင့် တွေ့ဆုံ ဆွေးနွေးမှု အပြီး ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ တရုတ်နိုင်ငံ အနေဖြင့် ၂ဝ၁၃ ခုနှစ်၏ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်မည့် ဘရူနိုင်း နိုင်ငံ အတွက် ကူညီပေးရန် အသင့် ရှိကြောင်း၊ တရုတ်နှင့် အာဆီယံ နိုင်ငံများ အကြား အပြန်အလှန် ယုံကြည်မှု တိုးမြှင့်ရန်နှင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေး တို့တွင်လည်း အကူအညီ ပေးရန် မျှော်လင့် ပါကြောင်း Liang က ပြောကြား ခဲ့ပါသည်။ ဘရူနိုင်း နိုင်ငံ၏ စစ်တပ်သည်လည်း တရုတ် စစ်တပ်နှင့် ဆက်ဆံရေး ပိုမို ကောင်းမွန် လာစေရေးသည် ဘရူနိုင်း နိုင်ငံ အတွက် အလွန် အရေးကြီး ပါကြောင်း၊ နှစ်နိုင်ငံ ဆက်သွယ်ရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု များအား ပိုမို အားကောင်းစွာ ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း Aminuddin က ပြောကြား ခဲ့ပါသည်။
 www.MyanmarExpress.net
ငြိမ်းချမ်းရေးအတွက် လိုင်ဇာမြေပေါ်တွင် အသက်ပေး၍ လမ်းလျှောက်ကြသူများ
From :http://www.oppositeyes.info/2013/01/blog-post_1605.html
သူတို့တွေ လမ်းလျှောက်နေကြပါတယ်။ ကျောတစ်ပိုးစာ ရိက္ခာ၊ ကျောတစ်ခင်းစာ အိပ်ယာနဲ့ ကိုယ့်ကိုကိုယ် ကာ ကွယ် ရဖို့ သေနတ်ကို လွယ်ပြီး လမ်းလျှောက်နေကြတဲ့ မြန်မာ့ တပ်မတော်ရဲ့ စစ်သားတွေပါ။ ဒီအပင် ပန်း ဆင်းရဲခံမှုတွေ အဆုံး မှာတော့ သူတို့ဟာ သူတို့ တပ်ရင်းတွေဆီပြန်သွားကြမှာ ဖြစ်ပြီး သူတို့လျှောက် ခဲ့တဲ့ လမ်းပေါ်က ကချင် ပညာ တတ် ကလေးတွေ ၊ ကချင်စီးပွားရေး သမားတွေ၊ ကချင်ပြည်သူလူထုတွေ ဖြတ်သန်း သွားလာ နေတာကို အဝေးကနေ ကျေနပ် ပေးနေကြမှာပါ။
သူတို့ ဒီလမ်းကို ဘယ်နေ့မှာ စလျှောက်မယ် ဆိုပြီး မကြေငြာခဲ့ပါဘူး။ သူတို့ ဒီနေရာကို ရောက်နေမှန်း လူတွေ သိကြပေမယ့် သူတို့ကို မြင်တောင် မမြင်ဖူးကြပါဘူး။ ဒါပေမယ့် သူတို့ ဒီနေရာထိ ရောက်လာတဲ့ လမ်း မှာ သူတို့နဲ့အတူ ပါလာတဲ့ ရဲဘော်ရဲဘက်တွေရဲ့ အသက်ခနာတွေ အများကြီး ပေးဆပ်ခဲ့ရပြီးပါပြီ။ သူတို့ ကို ရေသန့် တစ်ဗူး ကမ်းမယ့်သူ၊ ဓာတ်ပုံရိုက် မှတ်တမ်းတင်ပြီး အင်တာနက်ပေါ် တင်ပေးမယ့် သူ လည်း မရှိပါဘူး။
သူတို့ သိတာက ဒီနယ်မြေ ငြိမ်းချမ်းရမယ်။ ဒီနယ်မြေ အတွင်းမှာ ရှိတဲ့ ပြည်သူတွေ လွတ်လပ်စွာနဲ့ လုပ်ချင် တာ ကို တရားဥပဒေစိုးမိုးမှု အောက်မှာ လုပ်နိုင်ရမယ်။ ဒါကြောင့် လိုင်ဇာဆောင်းမှာလဲ ဒီဝတ်စုံနဲ့ပါပဲ။ သူတို့ ရဲ့ ကျော်တစ်ပိုးစာဟာ သူတို့ရဲ့ ဘ၀ပါပဲ။ သူတို့တွေ နောက်ထပ် ဘယ်လောက်ကြာကြာ ချမ်းအေးနေ ရမယ်၊ အစားအသောက်တွေ ငတ်ပြတ်နေရမယ် ဆိုတာ မသေချာပါဘူး။ ဒါပေမယ့် သူတို့ လျှောက်နေကြ ပါတယ်။
ခင်ဗျားတို့က ပြောမှာပေါ့။ တပ်မတော်သားတွေ လိုင်ဇာမြို့လယ်ထိ လမ်းလျှောက်ပြီးသွားရင်လဲ အမှန် တ ကယ် ငြိမ်းချမ်းရေး မရနိုင်ဘူး ဆိုပြီးတော့ ပြောချင်ပြောကြမှာပေါ့။ ငြိမ်းချမ်းရေး ရတာ၊ မရတာထက် သူတို့ ခြေ လက် ကိုယ်ခနာတွေ ပေးဆပ်ပြီး လျှောက်ခဲ့တဲ့လမ်းမှာ ခင်ဗျားတို့ လျှောက်ရတာ ဘယ်သူက မငြိမ်း ချမ်း သလဲ တွေးကြည့်ပေါ့ဗျာ။ 
သူတို့တွေ လမ်းလျှောက်နေပါတယ်။ ABSDF တွေ၊ ကေအိုင်အေတွေ ဟန်ရေးပြခဲ့တဲ့ တံတားပေါ်ကနေ ဖြတ်ပြီး သူတို့ လမ်းလျှောက် နေပါတယ်။ ဒီတံတား ပေါ်က ဖြတ်ပြီးတဲ့အခါ လိုင်ဇာ အပေါက်ဝ၊ လဂျားယန် စခန်း နဲ့ တစ်နေ့မှာတော့ ထာဝရ ငြိမ်းချမ်းစေရမယ့် အတွေးတွေနဲ့ပါ။
ဒီ စစ်သည်ကတော့ ရခိုင် တိုင်းရင်းသား တစ်ဦးပါ။ ဒါပေမယ့် ဘင်္ဂလီ အရေးကို ကာကွယ်ပေးမှု မရှိဘဲ လိုင်ဇာရောက် ရခိုင့်တပ်မတော် ဆိုတာကို သူတစ်ခါမှ မကြားဖူးတဲ့ ရခိုင်လူမျိုးပါ။ ဒီတစ်ခါ ရှေ့တန်းပြန်ဝင်တဲ့ အခါမှာ ရခိုင်က အမျိုးတွေကို သွားကြည့်ဖို့ ခွင့်တောင်းထားတဲ့ စစ်သားပါ။
လဂျားယန် တိုက်ပွဲ အပြီးမှာ လိုင်ဇာဆောင်းရဲ့ အအေးဒဏ်ကြောင့် သူ သိပ်ပြီး နေမကောင်းပါဘူး။ ဆွယ် တာ တစ်ထည်၊ ခေါင်းစွပ်တစ်လုံးရှိရင် စစ်သား မချမ်းတော့ဘူးလို့ ကြွေးကြော်ပြီး သူ လမ်းဆက်လျှောက် ပါတယ်။
ဒီတံတားပေါ်ကို မြန်မာ့တပ်မတော်က လေယာဉ်တွေနဲ့ ဗုံးကြဲချတယ်ဆိုပြီး ကေအိုင်အေနဲ့ ABSDF တို့ ၀ါဒဖြန့် ဖူးတယ် ပြောလို့ သူခပ်ဖြည်းဖြည်း ရယ်လိုက်ပါသေးတယ်။
ဒါကတော့ လဂျားယန် စခန်းပေါ်မှာ ကျန်ခဲ့တဲ့ တပ်ဖွဲ့က ကရင်တိုင်းရင်းသား စစ်သည်ကလေးပါ။ အသက် ကတော့ ၂၀ ကျော်ပေ မယ့် နုပျိုပြီး သွက်လက်တာမို့ ကရင်လေးလို့ ပဲ ချစ်စနိုးနဲ့ ခေါ်ကြပါတယ်။
ကေအန်ယူ ခေါင်းဆောင်တွေ ဘယ်လို ငြိမ်းချမ်းရေးယူပြီး ကရင်လူမျိုးတွေအတွက် ဘယ်လို ဆောင် ရွက် တာ၊ သမ္မတကြီးက ကရင်ဝတ်စုံဝတ်၊ ဒေါ်စုက ဒုံးယိမ်းကပြီး မင်းတို့ ပြည်နယ် အေးချမ်းပြီ ဆိုတဲ့အကြောင်း ပြောပြ တော့ သူ့မျက်နှာက ပျော်လို့ပါပဲ။
ကင်မရာ ပါတယ်။ ဓာတ်ပုံရိုက်မယ်လို့ ပြောတော့ ကေအိုင်အေဆီက ရလာတဲ့ ချပ်ဝတ်အကျီင်္နဲ့ ဗုံးသီးကို အပြေး ကိုင်ပြီး ဟန်ရေးပြနေတဲ့ ကရင်တိုင်းရင်းသား တပ်မတော်သား ပါ။
သူ့ဆီ မှာ လူမျိုးစွဲတွေ၊ ၀ါဒစွဲတွေ မရှိပါဘူး။ သူပြောတာက အရမ်း ရိုးရှင်းပါတယ်။ ကျွန်တော် အိမ်ပြန်ချင်ပြီ တဲ့။
ဒေါက်တာဆိတ်ဖွားကို တရားစွဲရေးအတွက် ကန့်ကွက်သံများ ဆူညံနေချိန် လွတ်လပ်စွာထုတ်ဖော်ရေးသားမှုအတွက် Myanmar Express အား Eleven မှ တရားစွဲ
အင်တာနက် Website ပေါ်တွင် လွတ်လပ်စွာ ဝေဖန်ရေးသားသူ  ဒေါက်တာဆိတ်ဖွားကို တရားစွဲရေးအတွက် ယနေ့ မြန်မာလူထုအကြေား ပြင်းပြင်းထန်ထန် ဝေဖန်၊ ကန့်ကွက်သံများ ဆူညံနေချိန် တွင် လွတ်လပ်စွာ ထုတ်ဖော်ရေးသားမှုအတွက် Myanmar Express အား Eleven မှ တရားစွဲ လိုက်ကြောင်း သတင်းရရှိပါတယ်။ Eleven Media မှ Myanmar Express သာ မက ဒေါက်တာဆိတ်ဖွားကိုလည်း တရားစွဲဆိုရန်ရှိပြီး ယခုအခါ ဒေါက်တာဆိတ်ဖွားအမှုကို ဆိုင်းငံ့ထားကြောင်း သိရသည်။
Myanmar Express အား Eleven အယ်ဒီတာ ဝေဖြိုးမှ တရားစွဲသည့် အကြောင်းပြချက်မှာ ၁၅-၁-၂၀၁၃ တွင်  http://www.myanmarexpress.net/2013/01/eleven-ddos.html တွင် ဖော်ပြထားသော သတင်းကြောင့်ဟု အကြောင်းပြချက်ပေးထားသည်။ 
၎င်းနေ့မှာပင် နှစ်ကြိမ်၊ နောက်တစ်နေ့တွင် တစ်ကြိမ် Red-Army Team မှ Eleven Media အား ဝင်ရောက်တိုက်ခိုက်ခဲ့သော်လည်း တစုံတရာ တုန့်ပြန်နိုင်ရန် အရည်အချည်းညံ့ဖျင်းလှသဖြင့် မဆီမဆိုင် သတင်းတင်သူ Myanmar Express ကို သာ တရားစွဲခဲ့ကြောင်း ဝန်ခံထားသည်။ ထို့ပြင် Eleven အယ်ဒီတာ ဝေဖြိုးမှလည်း Cyber Abuse ကို လက်မခံနိုင်ကြောင်း ပြောဆိုထားသည်ကို ထူးဆန်းစွာတွေ့ရသည်။
Eleven Media စာမျက်နှာ Hack ခံရချိန်တွင် မြန်မာပြည်သူအများအပြား မျက်ရည်ကျခဲ့ရပြီး ၎င်း မျက်ရည်မှာ ဝမ်းသာလွန်းဆို့ကာ စီးကျလာသော မျက်ရည်ဖြစ်ကြောင်း Facebook ပေါ်မှ ရေးသားမှုအများအရ သိရသည်။
Eleven Media ၏ တရားစွဲဆိုမှုဟာ ရုတ်တရပ် နှစ်ရက်ဆက်တိုင် Hack ခံရလို့ ရှက်ရမ်းရမ်းတာ ဖြစ်နိုင်ကြောင်းကို Myanmar Express အယ်ဒီတာမှ အခုလိုပြောကြားခဲ့သည်
"ရှက်ရမ်းရမ်းသွားတာ ဖြစ်နိုင်ပါတယ်... ပထမနေ့ Hack ခံရတုန်းက ကယောင်ကတမ်းတွေပြောနေတာတွေ့တယ်... hacker တွေကို တရားစွဲမယ်တောင်ပါသေးတယ်ဗျ.. ပြောပြီးနောက်တစ်ရက် ထပ်ပြီး hack ခံရတယ်လေ... ဒုတိယနေ့ hack ခံရတာကိုတော့ လျှို့ဝှက်ထားတယ်ပြောတယ်... comment ပေးတဲ့လူတောင် ban တယ်တဲ့ဗျ... တော်တော်လေးကို ရုတ်ပျက်ဆင်းပျက်နိုင်ပါတယ်... နောက်နေ့ကျတော့ ပထမနေ့က တင်ထားတဲ့ post တွေ အကုန်ဖျက်လိုက်တယ်ပြောတယ်... လုံးဝကို ကယောင်ကတမ်းဖြစ်သွားတာဗျ... အခုနောက်ဆုံးတော့ အရှက်ပြေ တရားစွဲတာပေါ့ဗျာ..." ဟု ဆိုသည်။
 BHG ကတော့ "Site ကို ဟက်ခံရပြီး မိနစ်ပိုင်းအတွင်း recovery လုပ်နိုင်ပေမယ့် DDoS ခံပြီး ရက်ကြာကြာ Down သွားချင်ရင် လုပ်ပေါ့ကွာ။ DDoS မခံရအောင်လုပ်တဲ့ Services ဖိုး upgrade လုပ်လို့ ပေးရမယ့် bills တွေ များများ ရှင်းချင်ရင်တော့ လူငယ်တွေကို စိန်ခေါ်လိုက်ပါ၊ The Voice Journal လို ဖြစ်သွားမယ်ဆိုတာ နားလည်ထားလိုက်၊
ဟု ပြင်းပြင်းထန်ထန် အပြစ်တင်ပြောဆိုခဲ့သည်။
Eleven Media မှ ဦးရဲထွဋ်အား နာမည်တပ်ကာ အောက်တန်းကျစွာ စွပ်စွဲပုတ်ခတ်ရေးသားမှုများ ရှိခဲ့သော်လည်း ဦးရဲထွဋ်မှ တရားစွဲခြင်းလုံးဝ မရှိပဲ လူကြီးလူကောင်းဆန်စွာ ဖြေရှင်းခဲ့မှုအား http://www.myanmarexpress.net/2012/05/eleven-media_30.html တွင် ဖတ်ရှုနိုင်သည်။
ဒါ့အပြင် Eleven Media မှ သန်းထွဋ်အောင်နှင့် ဝေဖြိုးတို့၏ နာမည်ပျက်များဖြင့် ကြော်ကြားမှုများ၊ လူထုသာမက သံဃာထုကပါ စိတ်ပျက်မှုများကို http://www.myanmarexpress.net/search/label/%E1%80%98%E1%80%AC%E1%80%9C%E1%80%B2%E1%80%9F%E1%80%B2%E1%80%B7%20Eleven%20Media တွင်  ပိုစ့်ပေါင်း ၃၆ ခုကျော် အား ဖတ်ရှုနိုင်သည်။
Eleven Media မှ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၄(က)ဖြင့် Myanmar Express အား တရားစွဲဆိုထားကြောင်းသိရပြီး BHG ကတော့ Eleven ပြောသည့် ဥပဒေအား bla bla ဟု လှောင်ပြောင်ခဲ့သည်။
 အင်တာနက်ပေါ်တွင် ဝေဖန်ရေးသားမှုများကို နိုင်ငံတကာ ဥပဒေနှင့်တောင် အရေးယူ၍မရကြောင်းအား ဆွေးနွေးထားခြင်းကို http://www.bbc.co.uk/burmese/multimedia/2013/01/130123_hys.shtml တွင် နားထောင်နိုင်ပါသည်။
www.MyanmarExpress.net
KIA အဖွဲ့ ရတနာတောင်တန်း ကုမ္ပဏီအား မိးရှို့ဖျက်ဆီး
KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ ဖားကန့် ရတနာ တောင်တန်း ကုမ္ပဏီ အား အကြောင်းမဲ့ မီးရှို့ ဖျက်ဆီးထားသည်ကို တွေ့ရစဉ်။  
KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ ဖားကန့် ရတနာ တောင်တန်း ကုမ္ပဏီ အား အကြောင်းမဲ့ မီးရှို့ ဖျက်ဆီးထားသည်ကို တွေ့ရစဉ်။
KIA အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် နယ်မြေဒေသ တည်ငြိမ် အေးချမ်းရေးကို နှောင့်ယှက် ဖျက်ဆီးလျက်ရှိရာ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၂၈ ရက် နံနက် ၁ နာရီခွဲ ခန့်တွင် ဖားကန့်မြို့နယ် ဖားပြင်ကျေးရွာ အနီး ရတနာ တောင် တန်း ကုမ္ပဏီ အား အကြောင်းမဲ့ မီးရှို့ ဖျက်ဆီး ခဲ့သဖြင့် ကုမ္ပဏီ အတွင်းရှိ ဝန်ထမ်း နှစ်ထပ် အိပ်ဆောင်တစ်လုံး မီးလောင်ကျွမ်း ခဲ့ပြီး ဒေသခံ ပြည်သူများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မီးငြှိမ်းသတ် မှုကြောင့် နံနက် ၃ နာရီ ခန့်တွင် မီးငြိမ်း သွားခဲ့ကြောင်း သတင်းရရှိသည်။
www.MyanmarExpress.net