Subscribe to our RSS Feed

ကျောင်းသားများ မတရား သတ်ဖြတ်ခံခဲ့ရသည့် ပါဂျောင်အရေးးနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့၍ ဆောင်ရွက်လျက်ရှိကြောင်း ABSDF ဒုဥက္ကဋ္ဌ ပြောကြား

From : ..eleven

8.11.19
 သြဂုတ် ၁၁ ရက်တွင် ပြုလုပ်ခဲ့သည့် ABSDF သတင်းစာ ရှင်းလင်းပွဲအား တွေ့ရစဉ်
 ကျောင်းသားများ မတရား သတ်ဖြတ်ခံခဲ့ရသည့် မြောက်ပိုင်း ပါဂျောင်ကိစ္စနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့၍ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ဒုဥက္ကဋ္ဌ ဦးမျိုးဝင်းက သြဂုတ် ၁၁ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသည်။

ကျောင်းသားများ မတရား အသတ်ခံရမှုနှင့် စပ်လျဉ်း၍ ကော်မရှင်တစ်ရပ် ဖွဲ့စည်းထားကြောင်း၊ လက်ရှိတွင် ကော်မရှင်အနေဖြင့် ယင်းကိစ္စတွင် ပါဝင်ပတ်သက်ခဲ့သော အဖွဲ့ဝင် ၁၀၀ ဦးအနက် အဖွဲ့ဝင် ၃၄ ဦးကို တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ပြီး ဖြစ်ကြောင်းနှင့် ယခုနှစ် ကုန်ပိုင်းတွင် အစီရင်ခံစာ ထုတ်ပြန်နိုင်မည် ဖြစ်ကြောင်း ၎င်းက သတင်းထောက်များ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

''ကော်မရှင် အစီရင်ခံစာကို အတတ်နိုင်ဆုံး မြန်နိုင်သမျှ မြန်အောင် ဆောင်ရွက်နေပါတယ်။ လက်ရှိမှာ သေဆုံးသွားတဲ့ ကျောင်းသားရဲဘော်တွေရဲ့ မိဘတွေဆီကို တရားဝင် တောင်းပန်စာတွေ ပို့ထားပြီး ဖြစ်ပါတယ်'' ဟု ဦးမျိုးဝင်းက ပြောကြားသည်။ 

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား ဒီမိုကရက်တစ်တပ်ဦး ABSDF သည် ရှစ်လေးလုံး ငွေရတု အခမ်းအနား တက်ရောက်ရန်နှင့် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အတွက် ရန်ကုန်မြို့သို့ လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။ 

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား ဒီမိုကရက်တစ်တပ်ဦး (ABSDF) အနေဖြင့် လက်နက်ကိုင်အဖွဲ့မှ နိုင်ငံရေးပါတီ၊ လူမှုအဖွဲ့အစည်းသို့ အသွင်ကူးပြောင်းမည် မဟုတ်ကြောင်း ဥက္ကဋ္ဌရဲဘော်သံခဲက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တို့ ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို နိုဝင်ဘာလအတွင်း ကျင်းပမည်ဖြစ်ကြောင်း ABSDF ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဝင်းက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

.. www.MyanmarExpress.net
 

46 comments:

ခွေးတိ၇ိဆန်ကောင် နိုင်အောင် လို မြောက်ပိုင်းABSDF တောင်ပိုင်းABSDF ကျောင်းသားပေါင်း(၁၀ဝ)ကျော်ကို ဖက်ဆစ်ဂျပန်တွေကအ၇ှုံးပေး၇မဲ့နည်းမျိုးစုံနဲ့နှိပ်စက်ပီး ကျောင်းသားပေါင်း(၄၀)ကျော်ကို သတ်တာတွေကိုတာဝန်ယူပါတယ်ဆိုတဲ့ ABSDFလူသတ်ကောင်ကို (၈၈)ငွေ၇တုအခမ်းအနားကိုဦးဆောင်ပီးလုပ်တဲ့(၈၈)ခွေးတွေက ဖိတ်တာဟာ မြန်မာပြည်ကိုေ၇ာ ပြည်သူအားလုံးကိုပါ စော်ကားလိုက်တဲ့သဘောပါဘဲ့

လူသတ်သမား နိုင်အောင် နဲ့ မိုးသီး ဝဋ်ပြန်လည်တော့မယ်။ နိုင်အောင် မိုးသီး နေဝင်ချိန်ရောက်ပါပြီ။။

နိုင်အောင် မိုးသီးတို့ကို ခုံရုံးတင် စစ်သင့်တယ်........ သေစားသေစေပေါ့....

မိုးသီးဇွန် နှင့် နိုင်အောင် ကို ABSDF လူသတ်မှုများအတွက် ဖမ်းဆီး စစ်မေးမှုများ ပြုမည်

ABSDF massacre case reopen in Myanmar

ABSDF မြောက်ပိုင်းနှင့် တောင်ပိုင်း လူသတ်မှုများအတွက် အဓိက တာဝန်ရှိသည့်
မိုးသီးဇွန် နှင့် နိုင်အောင် ကို ဖမ်းဆီး စစ်မေးမှုများ ပြုမည်ဟု ခိုင်လုံ တိကျသည့် သတင်းရပ်ကွက်မှ သိရှိရသည်။
Freedom News Group (Burma)

ရက်စက်ယုတ်မာလှတဲ့ ABSDFလူသတ်သမား နိုင်အောင်နဲ့ မိုးသီးဇွန် အတွက် သေဒဏ်မှတစ်ပါး အခြားမရှိ

ကျောင်းသားတပ်က
လူယုတ်မာတွေက သူတော်စင်ပုံဖမ်း
သူရဲကောင်းတွေလို အထင်ခံရအောင်ပြော
မသိတဲ့ ကျောင်းသားလေးတွေက လက်ခုပ်တွေတီး
အပြေးမတော်လို့ ထောင်ကျခဲ့တဲ့ သူတွေကလည်း
တိုင်းပြည်အတွက် သူတို့ကဘဲ အနစ်နာခံခဲ့သလိုပြော

တကယ်လုပ်ခဲ့တဲ့ သူတွေကိုတော့ အားနာပါတယ်။
၈၈ မျိုးဆက်လူသတ်သမားတွေ၊
၈၈ မျိုးဆက်ဇာတ်တူသားစားသူတွေ၊
၈၈ မျိုးဆက်အာဏာရူးတွေ၊
၈၈ မျိုးဆက်အခွင့်အရေးသမားတွေက
သူရဲကောင်းပုံစံမျိုးနဲ့ လူရှေ့ရောက်တာတော့ မသင့်တော်လှပေဘူး။

နိုင်အောင် တို့ မိုးသီးဇွန် တို့က ၈၈ အမည်ခံ လူသတ်သမားတွေ။
မင်းကိုနိုင် တို့ မြအေး တို့က ၈၈ အမည်ခံ အေးဓါးပြတွေ။

၈၈-အမည်ခံကောင်တွေအားလုံး ဘာစောက်ဆင့်မှမရှိတဲ့ကောင်တွေ။
ဒီကောင်တွေပယောဂနဲ့ တောထဲ တောင်ထဲ လူမသိသူမသိ
အသက်စတေးခဲ့ရတဲ့ ကျောင်းသူ/သားတွေ အများကြီး။
သမိုင်းတရားခံကောင်တွေက ခုမှ ဆရာကြီးလိုလို နွားပြာကြီးလိုလို
လူတွင်ကျယ် လုပ်နေကြတာ တော်တော်ရွံ့ဖို့ကောင်းတယ်။

အခု ၈၈ မျိုးဆက် ဆိုတာ လုံးဝ မရှိပါဘူး
မိုးသီးဇွန် နဲ့ နိုင်အောင် သတ်လို့ကုန်ပီ

အခုလာနေတဲ့ ၈၈ တွေက ဘာတိုက်ကပွဲ ဘာဆန္ဒပြပွဲမှာမှ မပါဖူးပဲ အခြေအနေ ကောင်းလို့ ဒေါ်လာထောက်ပံ့ကျေး ရလိုမှုနဲ့ ထင်ပေါ်ဖို့ ထွက်လာတဲ့ ၈၈ တွေ ဆိုတာ သိတဲ့လူ ကျုပ်တစ်ယောက်ထည်း မဟုတ်ဘူးဆိုတာ သိရလို့ ၀မ်းသာတယ် အားလုံး သိနိုင်ကြဖို့လည်း ဆုတောင်းပါတယ် ဒါမှ စစ်မှန်ပြည့်စုံပြီး လိုအပ်ချက်မရှိတဲ့ နိုင်ငံတော်မှာ ကြောင်သူတော်ခွေးသူခိုးတွေ မရှိမှာ

ABSDF လူသတ်ပွဲတွေဟာ ၈၈ ကျောင်းသားအစစ်တွေကို အတုတွေက သတ်တဲ့ပွဲပါဘဲ၊ အခု ၈၈ အမည်ခံတွေအကုန်လုံးက အတုတွေဘဲ၊ ၈၈ ကို တကယ်ပုံဖော်ခဲ့သူတွေကို သူတို့နေရာရဖို့ သတ်လိုက်ကြပြီ၊ ဒါကြောင့် ၈၈ မျိုးဆက် ဆိုတာ မရှိတော့ဘူး။

လူသတ်ကောင်နိုင်အောင်နဲ့
လူသတ်ကောင်မိုးသီးဇွန်...

ဒီကောင်တွေ ပြည်ပမှာဒေါ်လာစားပြီး ၀လို့ဖီးလို့ အဆီတ၀င်းဝင်းမျက်နှာတွေနဲ့ မြန်မာပြည်ပြန်ပြီး လုပ်ကွက်ရှာကြတာ

ဇတ်တူသားစားတဲ့ နိုင်အောင်နဲ့ မိုးသီးဇွန် ဖေါ်ကောင်လုပ်လို့ ပြည်တွင်းကအဖွဲ့တွေ အဖမ်းခံရသူတွေလည်းအများကြီးပါပဲ မင်းတို့ ဥပဒေရဲ့အဆုံးအမကိုတ၀ကြီးခံစားရမှ ပြည်သူတွေကကျေနပ်နိုင်မယ်

နိုင်အောင်က အေဘီမြောက်ပိုင်းမှာ ကျောင်းသား၇ဲဘော်ချင်း သလှျိုလို့ မဟုတ်မမှန်ပဲနဲ့အတင်းအဒမစွတ်စွဲဖမ်းဆီးပီး လူမဆန်စွာနှိပ်စက်ပီးခေါင်းဖြတ်သတ်တာတွေကို သဘောတူပီးတာဝန်ယူခဲ့တယ် အဲ့တာတင်မက နိုင်အောင်က အေဘီမြောက်ပိုင်းအဆက် အေဘီတောင်ပိုင်းမှာလည်း သလှျို မဟုတ်တဲ့ကျောင်းသားစစ်စစ်တွေကို သလှျိုလို့အတင်းအဒမစွတ်စွဲဖမ်းဆီးပီးလူမဆန်စွာနှိပ်စက်တာတွေကို ကိုယ်တိုင်ကိုယ်ကျလည်းလုပ်ခဲ့သေးတယ်

မိုးသီးဇွန်က သလှျိုလို့ စွတ်စွဲဖမ်းဆီးခံထား၇ပီး လူမဆန်စွာနှိပ်စက်ခံနေ၇တဲ့ ဌေးနိုင်ကိုသတ်ဖို့အမိန့်ပေးခဲ့တယ်

မင်းတို့ကို ပြည်ဝင်ခွင့်ပြုခဲ့တာ မြွေပွေးခါးပိုက်ပိုက်တာထက်ပိုဆိုးတယ် မင်းတို့မို့လို့ မရှက်မကြောက်နဲ့ မြန်မာပြည်ကို ပြန်လာရဲတယ်

လူသတ်ကောင်နိုင်အောင်နဲ့ လူသတ်ကောင်မိုးသီးဇွန်၇ဲ့ အဲ့လူသတ်မှုတွေအတွက် သက်သေအများကြီးရှိတယ် အချိန်မရွေးတရားစွဲနိုင်တယ် မင်းတို့ကိုအခု ၇ဲစခန်းမှာတိုင်ချက်ဖွင့်ထားပီး လူသတ်မှုနဲ့ အမှုဖွင့်ခွင့်ပြုထားပီးတဲ့လူသတ်မှုတွေအပြင် မတ၇ားနှိပ်စက်သတ်ဖြတ်ခံခဲ့၇တဲ့ကျောင်းသား၇ဲဘော်တွေ၇ဲ့မိသားစုတွေနဲ့ မြောက်ပိုင်းင၇ဲခန်းတွေကနေထွက်ပြေးလာပီး အသက်၇ှင်နေသေးတဲ့ကျောင်းသား၇ဲဘော်တွေထဲကမင်းတို့ကိုတ၇ားမစွဲ၇သေးတဲ့သူတွေကလဲ မင်းတို့ကိုလူသတ်မှုတွေ နှိပ်စက်မှုတွေနဲ့နောက်ထပ်တ၇ားစွဲအုံးမှာ မယုံမရှိနဲ့ သူငယ်ချင်း

လူသတ်ကောင်နိုင်အောင်နဲ့
လူသတ်ကောင်မိုးသီးဇွန်...
ဖြစ်ရပ်မှန်ကိုဖုံးကွယ်လို့မရတဲ့ခေတ်မှာ မင်းတို့လုပ်ရပ်တွေအတွက်ထိုက်ထိုက်တန်တန်ပြန်ပေးဆပ်ရမှာပါ

နိုင်အောင်ဆိုတာတိရစ္ဆာန်တစ်ကောင်ပါ

လူသတ်သမား နိုင်အောင် နှင့် မိုးသီးဇွန် ပြန်ဝင်လာတာဟာ ကောင်းဖို့တော့မမြင်

ရက်စက်ယုတ်မာလှတဲ့ ABSDFလူသတ်သမား နိုင်အောင်နဲ့ မိုးသီးဇွန် အတွက် သေဒဏ်မှတစ်ပါး အခြားမရှိ

Shwe Naingan

စဉ်းစားစေချင်တယ် ဒေါက်တာ နိုင်အောင် (ABSDF ဥက္ကဌဟောင်း)

(နန်းအောင်ထွေးကြည် - ABSDF မြောက်ပိုင်းရဲမေဟောင်း)


ရွှေနိုင်ငံ
Saturday, 22 September 2012

ကိုနိုင်အောင်ရဲ့  သြဂုတ်လ ၁၉၉၁ ခုနှစ်မှ မေလ ၁၉၉၂ ခုနှစ် အထိ ABSDF-NB မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု့များ ၊ ကျောင်းသားအချင်းချင်း ရက်စက်စွာ ခေါင်းဖြတ် သတ်မှု့များကို ခပ်ပေါ့ပေါ့ ခပ်ပါးပါးလွှာလွှာလေး ရှင်းပြသုံးသပ်ပြီး အနူးအညတ် တောင်းပန်အပ်ပါသည် ဆိုတာကိုဖတ်မိပြီး ရသမျိုးစုံ ခံစားလိုက်ရပါတယ်။


ဟာသရသတပုဒ် ဖတ်လိုက်ရသလို အော်ဟစ်ပြီး ရီလိုက်ရမှာလား ၊ ဒေါသဘဲ ထွက်လိုက်ရမှာလား ၊ ဒါမှမဟုတ် ကျေးဇူးရှင် ကြီးရှင့် ဆိုပြီး ထိုင်ကန်တော့လိုက်ရမှာလား .. တပြိုင်နက် ခံစားမှု့ပေးနိုင်တဲ့ ဖြေရှင်းချက်ကို ဖတ်လိုက်ရပါတယ်။ တော်ပါပေတယ် ဒေါက်တာနိုင်အောင်ရယ် ၊ ဘယ်အချက်ကနေ စပြီးပြောရရင် ကောင်းမလဲ ။ နှစ်ပေါင်း ၂၀ ဆိုတော့ ပြောစရာတွေ မေးစရာတွေ များလှပေါ့ ။ " ဖမ်းဆီးစစ်ဆေးခံရမှု့များ၌ လူသားဆန်မှု့ ကင်းမဲ့စေသည့် လူ့အခွင့်အရေး ချိုးဖေါက်မှု့များ ရှိမရှိ " ဆိုတဲ့အချက်ကို စပြီး မေးခြင်ပါတယ် ။

(၁) ၁၉၉၂ ခုနှစ် ဖေဖေါ်ဝါရီ ၁၂ ပြည်ထောင်စုနေ့မှာ ကျောင်းသား ၁၅ ဦးကို ရက်စက်စွာ ခေါင်းဖြတ်သတ်တယ် ။ မခင်ချိုဦးကို မသတ်ခင် အဝတ်အစားချွတ်ပြစ်ပြီးမှ သတ်တာဖြစ်တယ် ။

(၂) အသတ်မခံရဘဲ ကျန်ရှိနေတဲ့ ကျောင်းသားတွေမှာ နည်းမျိုးစုံနဲ့ နှိပ်စက်ခံထားရတဲ့ ဒဏ်ရာဒဏ်ချက်တွေ ၊ ကျမ ကိုယ်တိုင်မှာတောင် လက်ကို ဒါးနဲ့ လှီးတဲ့ဒဏ်ရာ ၊ နှစ် ၂၀ ဆိုပေမဲ့ ကျန်ရှိနေပါသေးတယ် ။
( အဖမ်းမခံရတဲ့ မျက်မြင်သက်သေ တွေနဲ့ အဲ့ဒီ ၂ ချက် လေးနဲ့တင် လူ့အခွင့်အရေး ချိုးဖေါက် မှု့ အထမြောက်မမြောက် )အကုန်ရေးပြနေရင် ပြီးနိုင်မှာမဟုတ်လို့ပါ ။

လွန်ခဲ့တဲ့ ၂၀ နှစ်က ABSDF-NB တာဝန်ရှိခေါင်းဆောင်ပိုင်းမှ ကျောင်းသား (၈၀၀) မှာထောက်လှမ်းရေး (၈၀) ဖမ်းခဲ့ပြီး (၁၅) ဦး ကိုသတ်ခဲ့တယ်လို့ ယိုးဒယားသတင်းထောက်ယင်ဒီး ကို ပြောခဲ့ပါတယ် ။ ထိုအချိန်က ကျောင်းသားအင်အား (၄၀၀) ပတ်ဝန်းကျင်သာရှိခဲ့တယ်။ သိသလောက် ပြောရရင်

စုစုပေါင်း ရက်ရက်စက်စက် ခုတ်သတ်တာ (၁၈) ဦး ။

လူမဆန်တဲ့ ညှင်းပမ်း နှိပ်စက်မှု့ဒဏ်တွေနဲ့ ကျဆုံးခဲ့တာ (၁၄) ဦး ။

မျိုးဝင်းသဘောနဲ့ ထောင်က လွှတ်ပေးလိုက်တာ (၂) ဦး ။

စစ်ကြောရေး ကာလမှာ ထွက်ပြေးလွတ်မြောက် သွားတာ စုစုပေါင်း (၄) ဦး ။

မိဘတွေ တောထဲလာပြီး ငိုပြီး တောင်းပန်ကြလို့ လွတ်ခဲ့တာ (၇) ဦး ။

ထောင်ဖောက် ထွက်ပြေး လွတ်မြောက် ခဲ့တာ (၅၅) ဦး ၊ နှိပ်စက်ခံရတဲ့ ဒဏ်ရာတွေကြောင့် လမ်းမှာ (၁) ဦး သေခဲ့တယ် ။

ဆိုတော့ စုစုပေါင်း ဖမ်းတာ (၁၀၀) ဦး ရှိတယ် ။

( လိုအပ်တဲ့ စာရင်းရှိရင် message မှာ ထားခဲ့ပါ ၊ ဒီစာရင်းဟာ ဒီအမှု့ တခုထဲရဲ့ စာရင်း ပါ ၊ မြတ်ကိုကို တို့ လွှမ်းမိုး တို့ မပါသေးပါ ။ )

ကမ္ဘာ ကို ပထမဆုံး တင်ပြခဲ့တဲ့ Nation သတင်းစာမှာ (၁၅) ဦး ဘဲ သေဆုံးစာရင်း ပါတော့ ကျန်တဲ့ စစ်မှန်တဲ့ ကျောင်းသားသမိုင်း ရိုက်ချိုး အသတ်ခံခဲ့ရတဲ့ ၁၈ ဦး က စာရင်းပျောက် အင်းပျောက် အလုပ်ခံလိုက်ရပါလား ။ ဆိုတော့ ဒီလို လိမ်ညာပြီး လိုတိုး ပိုလျှော့ မမှန်ကန်တဲ့ သေဆုံးစာရင်းတွေ ဖမ်းဆီးတဲ့ စာရင်းလိမ် တွေကိုကော ဘယ်လို ကုလားဖန်ထိုး ဆင်ခြေပေးကြမလဲ ။ မြောက်ပိုင်းကိစ္စ သတ်ဖြတ်မှုတွေကို ထောက်ခံတာဝန်ယူ လက်မှတ်ထိုးခဲ့တဲ့ ABSDF ဥက္ကဌ ဟောင်း မို့လို့မေးလိုက်တာပါ ။

ကိုနိုင်အောင်ရဲ့ရှင်းလင်းချက်မှာ ဦးစိုင်းထွန်း၏ မေတ္တာရပ်ခံချက်အရ ၄င်း၏တူမဖြစ်သူ နန်းအောင်ထွေးကြည်ကို ပြန်လွှတ်ပေးခဲ့ပြီး ၄င်းနှင့်အတူ တပါတည်း ထည့်ပေးလိုက်ရန် မြောက်ပိုင်းဗဟိုနှင့် ညှိနှိုင်းခဲ့ပါသည် " ဆိုတဲ့အချက်မှာ ..

ကိုနိုင်အောင်ရေ .. အသားလွတ်ကြီး မျက်နှာပြောင်တိုက်ပြီး လူစွမ်းကောင်း လုပ်လိုက်ပြန်ပြီလားနော် ။ အံ့ပါရဲ့ ။ ကျေးဇူးတင်ပါတယ်ရှင့် ဆိုပြီး ထိုင် ကန်တော့တာ ခံခြင်တယ်ထင်တယ် ။ ဟုတ်လား ။ ကျမအမေက ရော်နယ်အောင်နိုင် ရှေ့မှာ ဒူးထောက်ထိုင်ချပြီး တောင်းပန်ခဲ့လိုက်ရတယ် ။ အားလုံး သိအောင် ပြောပြမယ်နော် ။

(၁) ၁၂ . ၂ . ၁၉၉၂ မှာ (၁၅) ဦး ကို ရက်စက်စွာ ခေါင်း ဖြတ်သတ်တယ် ။

(၂) ၁၃ . ၂ . ၁၉၉၂ မှာ NATION သတင်းထောက် ယင်ဒီး နဲ့ ကျမ အပါအဝင် (၅) ဦး ကိုတွေ့ခိုင်းတယ် ။

(၃) ၁၉ . ၂ . ၁၉၉၂ မှာ မျိုးဝင်း ကမိဘတွေဆီ စာရေးခိုင်းလို့ ကိုမောင်မောင်မှတဆင့် ကျမတို့ (ရ) ဦး စာရေး ခဲ့ကြရတယ် ။ အဲ့ဒီညမှာ စိုးဝင်းသန်းကို ခေါင်းဖြတ်သတ်ခဲ့ပြန်တယ်။

(၄) ၁၉ . ၃ . ၁၉၉၂ မှာ မိဘ (ရ) ဦးအဖွဲ့ ရောက်လာတယ် ။

(၅) ၂၀ . ၃ . ၁၉၉၂ မှာ အမေ နဲ့ တွေ့ခွင့် ရခဲ့တယ် ။ ဒါပေမဲ့ မိဘနဲ့ ပြန်ထည့်ပေးမဲ့ ဂတိဖျက်တယ် ။ ကျမအမေက ရော်နယ်အောင်နိုင်ကို ဒူးထောက်တောင်းပန် ၊ အမေတွေအားလုံးလဲ ပြောဆို တောင်းပန် ကြတော့မှ ....

(၆) ၂၄ . ၃. ၁၉၉၂ မှာ ကျမတို့ (ရ) ဦး ABSDF-NB ငရဲထောင် မှ လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ် ။

ကျမတို့ (ရ) ဦး ထောင်ကလွတ်တဲ့အချိန် မှာ ABSDF-NB ထောင်တွင်းမှာ ကျောင်းသား (၅၅) ဦးကတော့ သံခြေကွင်းတွေနဲ့ သံကွင်း စွတ်မင်းသားများအဖြစ်နဲ့ ဆက်လက် အကျဉ်းကျခံနေရစဲပါ ။

ကိုနိုင်အောင် နဲ့ပီထွန်းနဲ့ ABSDF-NB ကိုရောက်တာ ၁၉၉၂ ခုနှစ် ဧပြီလ ၁၉ ရက်နေ့ ဆိုတော့ အသလွတ် နာမည်ကောင်း လက်မှတ် အတင်းဝင်ယူ နေပုံက ရီစရာကောင်း နေရောနော် ။ ကျမတို့ရဲ့ မိဘတွေ ကိုသနားပါဦးလေ ကိုနိုင်အောင်ရေ ။

မတရားသဖြင့် ခံထားခဲ့ရတာ နှစ် ၂၀ ကျော် ရှိခဲ့ပါပြီ ။ ကိုယ်ချင်းစာနာစိတ်လေးများ ရှိပေးပါ ။

ပီထွန်းနဲ. ကျမနဲ. တွေ.တဲ့အချိန်မှာ ကျမ ထောင်ကလွတ်ပြီး ကျောင်းသားရဲမေ ပြန်ဖြစ်နေပြီ ။ ကျမ မှတ်မိတာပေါ့။ ကိုနိုင်အောင်က ကျမကို မေးမြန်းတယ်ဆိုတာ ဘာများ မေးမြန်းလိုက်လို.လဲ၊ မြင်သာမြင်လိုက်တာပါ ။ ကျမ စကားတစ်လုံးတောင် မပြောလိုက်ပါဘူး။ ပီထွန်းနဲ.သာ ရှမ်းဘာသာစကားနဲ. ပြောသင့်ပြောထိုက်တာ ပြောပြီး ကျမအဆောင်ကို ပြန်သွားခဲ့တာပါ ။

အော် - ပီ ဆိုတာ ရှမ်းလို ခေါ်လိုက်တာ ။ ဗမာလို ဘာသာပြန်ရင် အကို လို. ခေါ်ပါတယ်။ ကိုနိုင်အောင်တို. နားလည်အောင်လို.ပါ။

“ မှန်သည်ဖြစ်စေ။ မှားသည်ဖြစ်စေ၊ အမှန်တကယ် သူလျှိုဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ “ ကျမတို.အားလုံးရဲ. ဒေါသတွေကို ကိုနိုင်အောင် လိုက်ထိုးဆွနေတာလား။ အယေါက် (၁၀၀) ဟာ ကျောင်းသားတွေပါ ဆိုတာကို လက်မခံပဲ မျက်စေ့မှိတ်၊ နားပိတ်ပြီး ဇွတ်ပြောနေကြတုန်းလား။

မတရားနှိပ်စက်ကြတာ၊ မခံမရပ်နိုင်အောင် နှိပ်စက်ကြတာ။ ကိုနိုင်အောင်ကို ကျမ ခံခဲ့ရသလို Electric Shock (၂) လုံး မပေးဘူးလေ ။ တစ်လုံးပဲ ပေးမယ်။ ဘယ်လိုလဲ ကိုနိုင်အောင် ။ (၇) လ မဟုတ်ဘူး ။ တစ်ညပဲ။

ကျမလိုချင်တဲ့ အဖြေကို ရအောင် တောင်းပြမယ်။ ကိုနိုင်အောင် ကျမတို. အယေါက် (၁၀၀) ခံစားခဲ့ရသလို ခံစားခဲ့ဘူးလား။ စဉ်းစားကြည့်ပါ ။

ကျမတို့ကို နှိပ်စက်ပုံက သူတို့လိုချင်တဲ့ အဖြေ ရရင်ရ မရရင်ကြွ ။ အဖြူရောင်ပြပြီး ဟေ့ကေါင် ဖြေစမ်း ဒါ အမဲ လို.၊ အမဲလို့ မပြောမချင်း ကျမတို့ကို shock ရိုက် နှိပ်စက်၊ အမဲလို. မဖြေလဲ ရတယ်။ မဖြေနဲ.။ သေလိုက်။ အတည်ပြောနေတာ။ သဘောပေါက်တယ်နော် ။
အမဲပါ လို. မပြောပဲ သေသွားတဲ့သူတွေ ရှိတယ်။ မဲလိုက် ဖြူလိုက် ပြောပြီး သေသွားတဲ့သူတွေရှိတယ် ။

စစ်ချက်တွေနဲ့ ရိုက်ထားတဲ့ ဗွီဒီယို အခွေ ဖြန်.ချီလိုက်ပါ ကိုနိုင်အောင် ။ မြောက်ပိုင်း အနှစ်နှစ်ဆယ် အထိမ်းအမှတ်မှာ ပြောခဲ့ပြီပဲ၊ စစ်ချက်နဲ. ဗွီဒီယို ချပြပါလို့ ။ ကျမတို. အယေါက် (၁၀၀) ဆီက ယူထားတဲ့ တစ်ယေါက်ကို တစ်ယေါက် နင် ထောက်လှမ်းရေး ။ သူလဲ ထောက်လှမ်းရေး ဆိုပြီး စွဲဆိုထားခဲ့ရတဲ့ စစ်ချက်တွေ။

စကားပြောစက်က သူ.ဆီမှာ၊ အဆိပ်က ဟိုလူ.ဆီမှာ ဆိုတဲ့ စစ်ချက်တွေ၊ ဗွီဒိယိုတွေ ကိုနိုင်အောင်တို. ဖျက်ဆီးဖျောက်ဖျက်လိုက်ပြီလား၊ မဖျက်ဆီးပြစ်သေးဘူးဆိုရင် တတိုင်းပြည်လုံး သိအောင်ပါ ။

အဖြူကို အမဲ ဖြစ်အောင်။ အမဲပါလို. မပြောပြောအောင် နှိပ်စက်ညှင်းပန်းပြီး ရထားတဲ့ ထွက်ချက်တွေကို ခိုင်လုံတဲ့အထေါက်အထားတွေပါ ဆို၇င် အခုချက်ချင်း ချပြပါ ။

တချို.စစ်ချက် ဆိုရင် စစ်ချက်အပေါ်မှာ သွေးတွေနဲ.နော် ကိုနိုင်အောင်၊ သွေးစက်တွေ ပေနေတဲ့ စစ်ချက်ကို ချပြလိုက်ပါ။ တောင်ပိုင်းမှာ ဒီစစ်ချက်တွေနဲ. ဗွီဒီယိုအခွေ မရှိဘူး မပြောပါနဲ. ။ ယုံကြည်ဖို့ ခက်တယ် ။

ကျမတို.အယောက် (၁၀၀) လုံး တစ်ယေါက်ကို တစ်ယေါက် ကျနော်/ကျမတို.ရဲ. ထောက်လှမ်းရေး ကွင်းဆက်တွေဟာ သူတို.ပါ …. ဟုတ်ပါတယ် ….. သူလဲပါပါတယ် …. သူကတော့ဖြင့် ဗိုလ်ကြီးပါ။ ဗိုလ်မှူးပါ။ ဒုဗိုလ်ပါလို. ဖြေထားခဲ့ရတဲ့ အယေါက် ၁၀၀ ရဲ. စစ်ချက်တွေ၊

ကျမရဲ.ထွက်ချက်ဖြစ်တဲ့ ရေလှိုင်းစစ်ဆင်ရေးတို. ငါးနှစ်စီမံကိန်းတို. ချပြလိုက်ပါ၊ ကျမရဲ. NIB ဒုဗိုလ် ကိုယ်ပိုင်နံပါတ်တို. ဘာတို. အကုန်အစင် တစ်ခုမကျန် ချပြပါ၊

အစဦးဆုံး အဖမ်းခံရတဲ့ စိုးမင်းအောင်ရဲ. ထွက်ချက်။ သူကနေ စတာ။ သူ.ထွက်ချက် မရှိဘူး မငြင်းနဲ. မဖျောက်ဖျက်ပစ်လိုက်ပါနဲ. ။

အခုထက်ထိလဲ ထောက်လှမ်းရေး ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေတဲ့ ဟုတ်လား။ တော်ပါတော့ ဘာတစ်ခုမှ ဖြစ်သည် ဖြစ်စေမဟုတ်ဘူး ။
ကျမနဲ.တကွ အယေါက် (၁၀၀) ကျန်ခဲ့တဲ့သူတွေနဲ. အသတ်ခံခဲ့ရတဲ့ သူတွေရောဟာ လုံးဝစစ်မှန်တဲ့ ကျောင်းသားစစ်စစ်တွေဆိုတာ ပြောခဲ့ပြီးပါပြီ ။ ကိုမင်းကိုနိုင် ကိုကိုကြီး ကိုမြအေး တို့ ပြတ်သားစွာ ရပ်တည်ပေးခဲ့ပြီ ။

ကိုနိုင်အောင်နဲ. ကိုရော်နယ်အောင်နိုင် မှန်မှန်ပြောကြတော့။ ရှင်တို.ဖက်က ရရှိထားတဲ့ ခိုင်လုံတဲ့ အထောက်အထားတွေဆိုတာတွေနဲ့ ကျမတို့ ကျန်ရှိနေသူများနဲ့ ဖြေရှင်းပါတော့ ။

ကိုနိုင်အောင်နဲ့ ရော်နယ်အောင်နိုင်တို့ကို မေးပါရစေ။

(က) ကျမတို.ကို မတရားဖမ်းဆီး စွပ်စွဲပြီး မခံမရပ်နိုင်လောက်တဲ့ လူမဆန်တဲ့ နှိပ်စက်မှုတွေနဲ. ညှင်းပန်းပြီး ဘာလို့ အတင်း ၀န်ခံခိုင်းရတာလဲ။

(ခ) ဘာလို. မင်းတို.ကွင်းဆက်တွေ ဖေါ်စမ်း ဆိုပြီး လိုင်းတင်တဲ့ မေးခွန်းတွေ၊ နာမည်တွေကို ဖေါ်ပြောပြီး မေးရတာလဲ။

(ဂ) ကိုနိုင်အောင် (DNA) အနေနဲ. ဘာမှ တိတိကျကျ မသိပဲ ဘာလို.ဒီလူသတ်မှုကို တာဝန်ယူတယ်ဆိုတဲ့ စာကိုလက်မှတ်ထိုးပြီး ထုတ်ပြန်ကြေငြာရတာလဲ။

(ဃ) ဒီလောက်အများကြီး မဟုတ်တာတွေပါ ပါတယ် ဆိုတော့ ဒါတွေကို သိနေရဲ.သားနဲ. ဘာလို. အဖြစ်မှန် အမှုမှန်ကို ဖုံးကွယ်ထားပြီး ခေါင်းရှောင်နေတာလဲ။

(င) မဟုတ်တာပါနေတယ်လို. သိရင် ကိုနိုင်အောင်ကိုယ်တိုင်ရော ဘာဖြစ်လို. ကိုသိန်းထွန်းတို.ကို နှိပ်စက်သွားရတာလဲ။

မေးခွန်းတွေ အများကြီး ရှိနေသေးတယ်။ ရှင်းနေတာတွေကို ရှုပ်အောင်လုပ်ဖို. မကြိုးစားနဲ.တော့။ အချိန်ဆွဲဖို.လဲ မကြိုးစားနဲ.တော့။

ကျမရဲ.နာမည်ကျော် ထွက်ချက်လဲ တင်ပြအုံး။ ရေလှိုင်းစစ်ဆင်ရေး ဆိုတာလေ။ အဲဒါ ဘယ်လိုရသလဲ ဆိုတာ သိချင်ရင် ပြောပြမယ်။ ကျမကို လက်ဝါးကပ်တိုင်မှာ ကားစင်တင် ကြိုးတုပ်ပြီး နှိပ်စက်တော့ ဒီစစ်ချက်ကို ကျမ သံချောင်းကို ၀တ္ထုတိုတစ်ပုဒ် ရေးပေးလိုက်တာ၊ ၅ နှစ် စီမံကိန်းဆိုတာ သိချင်ရင်တော့ လက်ရှိ ABSDF ဥက္ကဌ သံခဲ မိန်းမ ခင်ရွှေလှိုင် အသိဆုံးပဲ ။

အဲဒါ သူလုပ်ခဲ့တဲ့ ဇတ်လမ်း၊ ကျမက သူ.ကိုအကာအကွယ်ပေးပြီး အသားအနာခံ ကာကွယ်ပေးခဲ့ပြီး ရခဲ့တဲ့ဇတ်လမ်း၊ ဟုတ်ပြီလား ။

ကိုနိုင်အောင်က မိုးသီးဇွန်ထက် အင်အား တောင့်ချင်လို. မြောက်ပိုင်းအဖွဲ. ရှင့်လက်အောက် ရောက်လာအောင် မြောက်ပိုင်းနဲ. မြောက်ပိုင်းလူသတ်မှုကြီးကို တာဝန်ယူလိုက်တာလို. ကျမကတော့ သုံးသပ်လိုက်တယ်။ အာဏာတွေ ပါဝါတွေ ရူးကြတယ်လား ။
ကိုယ့်အာဏာအတွက် ကိုယ့်ကျောင်းသားအချင်းချင်း သတ်တာကို လက်မှတ်ထိုးတယ်တဲ့လား ။

တော်ပြီ ဆက်ရေးနေလို. အရှည်ကြီး အများကြီးဖြစ်တော့မယ် ။
အချိန်မဆွဲဖို့ ကျမက မြောက်ပိုင်းအယေါက် (၁၀၀) ကိုယ်စား လေးစားစွာနဲ.တောင်းဆိုပါတယ် ။

ကျမတို. အယေါက် (၁၀၀) ရဲ. ထွက်ချက်တွေ။ စစ်ချက်တွေ၊ ဗွီဒီယိုကို တပြိုင်ထဲနဲ. ပြည့်ပြည့်စုံစုံ တင်ပြ၊ ပေးပို.ပေးပါ။ ဖြည့်စွက်တာတွေ၊ ဖျောက်ဖျက်တာတွေ လုံးဝ မလုပ်ပါနဲ.၊ မရှိတော့ဘူး တချို.ပဲ ရှိပါတော့တယ် ဆိုပြီး ကွင်းဆက်ပြတ်အောင် မလုပ်စေခြင်ပါ ။

"ကိုနိုင်အောင် အနေဖြင့် ABSDF-NB အတွင်း ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့၌ ရက်စက်စွာ ခေါင်းဖြတ်သတ်ဖို့ အမိန့် ပေးခဲ့သည်ဖြစ်စေ ၊ မပေးသည် ဖြစ်စေ ။

သေဆုံးခဲ့သူများနှင့် နစ်နာခဲ့ရသူများ စစ်မှန်သော သမိုင်း ချေမွှဖျက်ဆီးခြင်း ခံစားရသူများအတွက် ကိုယ်ချင်းစာမှု တကယ် ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ ။
ကိုယ်ချင်းစာမှု အခြေခံဖြင့် လေးနက်စွာ တောင်းပန်အပ်ပါသည် ဆိုသောအချက်နှင့် မိမိ ဆောင်ရွက်ပေးနိုင်သည်များကိုလည်း ဆောင်ရွက်ပေးသွားပါမည် ဟူသောအချက်ကို ကြိုဆိုပါသည် ဟုပြောကြားရင်း ...


လေးစားစွာဖြင့်

နန်းအောင်ထွေးကြည် ။ (ABSDF-NB ရဲမေဟောင်း )

ဒီကောင် နိုင်အောင် နဲ့ မိုးသီးဇွန် တို့ကို အာဏာရူးလို့ပဲသတ်မှတ်ပါတယ် လူယုတ်မာတွေ

မြန်မာဒီမိုကေ၇စီအေ၇းကိုဗန်းပြပီး နိုင်ငံတကာမှာလိုက်တောင်းစားနေတဲ့ သူတောင်းစား လူသတ်ကောင် နိုင်အောင် နဲ့ မိုးသီး ဆိုတဲ့ကောင်တွေကို ၀ိုင်းပြီး နှင်ထုတ်ပစ်။

နိုင် အောင် မိုး သီး တို့ က ဒီေ လာ က်ေ တာ င် ရ က် စ က် သ တဲ့ လား ။ ဒါေ တွ အ မှန် ဆို ရ င် အ စိုး ရ လူ ကြီး များ အ မှန် တရားေ ပါ် လာ ရန် တာ ဝန် ရှိ ပါ တယ်။ ဒီေ ကာင်ေ တွ ကို အ ပြ စ်ေ ပး သ င့် ပါ တယ်။ ကျောင်း သား တပ် က အ သတ် ခံ ရ သူ ေ တြ သ နား စ ရာ ေ ကာ င်း လိုက် တာ။ တာ ဝန် ရှိ လူ ကြီး များ ကိုေ တာင်း ဆို ပါ ရေ စ ။ အ သ တ် ခံ ရ သူေ တွ အ တွ က် နိုင် အောင် မိုး သီး ဆို တဲ့ေ ကာ င်ေ တွ ကို ဖ မ်း ပြီး အ ပြ စ်ေ ပး လိုက် ပါ။

မိုးသီး နဲ့ နိုင်အောင် ဆိုတာ လူစိတ်မ၇ှိတဲ့ တိ၇ိဆာန်၇ိုင်းတွေပါ

နိုင်အောင် နဲ့ မိုးသီးဇွန် ဆိုတာ တစ်သက်လုံးကောင်းေ၇ာင်းကောင်းဝယ်ဘာအလုပ်မှမလုပ်ခဲ့ပဲ တစ်သက်လုံး တိုင်းပြည်ကိုေ၇ာင်းစားလာတဲ့ တောင်းစားလာတဲ့ လူ၇ှုပ်လူလိမ် သူတောင်းစားတွေဘဲ့ ပီးတော့ ကျောင်းသားအချင်းချင်းဇတ်တူသားစားပီး လူတစ်ပြုံတစ်မကြီးသတ်ထားတဲ့ လူယုတ်မာတွေ လူသတ်ကောင်တွေဘဲ့ အဲ့ဒီ လူ၇ှုပ် လူယုတ်မာ လူသတ်ကောင်တွေ ဗမာပြည်ေ၇ာက်လာတုံးမှာ အဲ့ဒီ လူသတ်ကောင် နိုင်အောင် နဲ့ မိုးသီးဇွန် ကို လူသတ်မှုတွေနဲ့တ၇ားစွဲထားတာတွေအတွက် ဖမ်းဆီးပီး တ၇ား၇ုံးမှာသေသေချာချာစစ်ဆေးပီးအပြစ်ပေး၇မှာ

လူ သတ် ကောင် နိုင် အောင် နဲ. မိုး သီး က စောက် ရှက် လုံး လုံး မ ရှိ တဲ့ ကောင် တွေ
အ ခု အဲ့ လူ သတ် ကောင် တွေ မျက် နှာ ပြောင် တိုက် ပီး မြန် မာ ပြည် မှာ (၈၈) ပွဲ လာ တက် နေ တယ်
နိုင် အောင် နဲ. မိုး သီး ကို ပြန် ထွက် ခွင့် မ ပေး နဲ.
လူ သတ် မှု နဲ့. တ ရား စွဲ
သေ ဒါဏ် ချ

ခွေးမသား နိုင်အောင် မိုးသီးဇွန်
၈၈ အရေခြုံ လူသတ်ကောင်တွေ
မျက်နှာပြောင်တိုက်ပြီး မြန်မာပြည်ကိုပြန်လာကြပြန်ပြီ။

မင်းတို့ကြောင့်
အသက်အချည်းအနှီးစတေးခဲ့ရတဲ့
ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေအတွက်
မင်းတို့ကို ပြန်ပေးဆပ်ခိုင်းမယ်။

နိုင်အောင် မိုးသီးတို့ကို ခုံရုံးတင် စစ်သင့်တယ်........ သေစားသေစေပေါ့....

လူသတ်တ၇ားခံ နိုင်အောင် ကို မြောက်ပိုင်းအေဘီလူသတ်မှု တောင်ပိုင်းအေဘီလူသတ်မှုပေါင်း(၄၀)ကျော် ၇က်၇က်စက်စက်နှိပ်စက်မှုပေါင်း(၁၀ဝ)ကျော်အတွက် ဒေါ်ချိုချိုကျော်ငြိမ်းကစွဲချက်တင်တာတွေက အားလုံးအမှန်တ၇ားတွေမို့ လူသတ်တ၇ားခံ နိုင်အောင် ဘာတစ်ခွန်းမှ မချေပနိုင်ပဲ ခေါင်းငိုက်စိုက်ကျနေပါေ၇ာလား ဒီဓါတ်ပုံက အေဘီလူသတ်တ၇ားခံ နိုင်အောင် လူသတ်မှုတွေ ၇က်၇က်စက်စက်နှိပ်စက်မှုတွေအတွက် အပြစ်၇ှိတာကို၇ှင်း၇ှင်းလင်းလင်းအဖြေပေးနေတာဘဲ့ ဓါတ်ပုံဆ၇ာ၇ဲ့တော်ချက်က နိုင်း လောက်၇ှိတယ် ဓါတ်ပုံဆ၇ာကိုလျှပ်တပျက်မှတ်တမ်းဓါတ်ပုံဆုတောင်ပေးသင့်နေပီ

လူသတ်သမား နိုင်အောင်ကို (၈၈)ကောင်တွေက ပွဲတက်ဖို့ဖိတ်တယ်ဆိုတာက အတော်အသုံးမကျတဲ့လုပ်၇ပ်ဘဲ့

ကျောင်းသားသပုန်တပ်မှာ ဒီလောက်လူတွေအများကြီးကိုသတ်ထားတဲ့ လူသတ်တ၇ားခံ နိုင်အောင် ဆိုတဲ့ကောင်က ဇီးကင်းလောက် မျက်နှာဘေးလေးနဲ့ မျက်နှာပြောင်တိုက်နိုင်သေးတယ်။

နိုင်အောင် ဆိုတဲ့လူသတ်ကောင်ကအရှက်မရှိလို့  ပွဲကိုမျက်နှာပြောင်နဲ့တက်မှတော့ ဒီဇီးရွက်မျက်နှာ သနားဖို့ မကောင်းပါ။ ABSDF ခေါင်းဖြတ် လူသတ်ပွဲတွေ၊ နှိပ်စက်ပွဲတွေကို ကိုယ်တိုင်ကြုံခဲ့တာ မဟုတ်ခဲ့ပေမယ့် နှာဖူးတွေ့ ၊ ဒူးတွေ့  တွေ့ ခဲ့ရသူတွေရဲ့အရေးအသားနဲ့တင် နိုင်အောင် မိုးသီးဇွန် တို့ ကို အော့နှလုံးနာနေပြီ။

ရက်စက်ယုတ်မာလှတဲ့ ABSDFလူသတ်သမား နိုင်အောင်နဲ့ မိုးသီးဇွန် အတွက် သေဒဏ်မှတစ်ပါး အခြားမရှိ

နိုင်အောင် ဆိုတဲ့ကောင်က မြောက်ပိုင်းABSDF တောင်ပိုင်းABSDF မှာ ကျောင်းသား(၁ဝဝ)ကျော်ကို အစိုး၇သူလျှိုလို့အထောက်အထားမ၇ှိတစ်ဖက်သတ်စွပ်စွဲပီး မကြားဝံ့လောက်အောင် ၇က်စက်ယုတ်မာလှတဲ့နည်းအမျိုးမျိုးနဲ့နှိပ်စက်ပီး ကျောင်းသား(၄ဝ)ကိုသတ်ခဲ့တဲ့ အဓိကလူသတ်တရားခံပါ

ABSDF လူသတ်တရားခံ နိုင်အောင် ကို ၈၈၈၈ ငွေရတုပွဲမှာ တွေ့ရတါ အ တေါ် ကျက် သ ရေ ယုတ်တယ်

လူသတ်ကောင် နိုင်အောင်က ABSDF ကျောင်းသားတပ်မှာအုပ်စုအားကိုးလက်နက်အားကိုးနဲ့ လူတွေအများကြီးကိုသတ်၇ဲ နှိပ်စက်၇ဲပေမဲ့အမှန်တ၇ားကိုတော့၇င်မဆိုင်၇ဲဘူး လူသတ်ကောင် နိုင်အောင်က သူ့အပြစ်တွေကို သူသိနေတော့ အားနွဲ့တဲ့အမေအိုတယောက်ကိုတောင် ၇င်မဆိုင်၇ဲလို့ ခေါင်းငုံ့ထားတဲ့ပုံ အ၇င်အပတ်ကတွေ့လိုက်တယ်။

သြော်.... ပြည်တော်ပြန် ကျောင်းသားအရေခြုံ
ABSDF လူသတ်သမားကြီး နိုင်အောင်
၈၈၈၈ ငွေရတုပွဲ တက်ဖို့ အရှက်မရှိ ရောက်လာပြန်ပြီလား.......
ခင်ဗျားအနေနဲ့ ရှက်တတ်ရင် ကိုယ့်ကိုကိုယ် သတ်သေလိုက်သင့်တယ်...
လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်က ခင်ဗျားကြီး ပြောခဲ့တဲ့စကားက ဘာတဲ့......
ဒီကောင်တွေအားလုံးကို သတ်ပစ်လိုက်... ငါတာဝန်ယူတယ်ဆို.....
အခုကျတော့..... ကျွန်တော့်အနေနဲ့
မသတ်ဖို့ တားခဲ့ပါသေးတယ်တဲ့လား.....
ခင်ဗျား ယောကျာ်းမဟုတ်ဘူးလား... မရှက်တတ်ဘူးလား.....
သူတော်ကောင်းအယောင် သိပ်ဆောင်မနေပါနဲ့ဗျာ....
ခင်ဗျားလက်မှာ စွန်းနေတဲ့...
ကိုထွန်းအောင်ကျော်.. ကိုချိုကြီး... ကိုမောင်မောင်ကြွယ်.. ကိုရန်ရှင်း.. တို့လို
အပြစ်မဲ့ကျောင်းသားတွေရဲ့ သွေးတွေ
ဒီနေ့အထိ မခြောက်သေးဘူးဆိုတာ အမှတ်ရစမ်းပါ.......

ဒီဓါတ်ပုံထဲက မိုးသီးဇွန် ဆိုတဲ့ အယုတ်တမာကောင်ရော... နိုင်အောင် ဆိုတဲ့ ဟိုအကောင်ကြီးရော... နှစ်ကောင်လုံးက အဆင့်အတန်းမရှိတဲ့ လူသတ်သမား လူယုတ်မာတွေပါ....

ဟိုအကောင်ကြီး နိုင်အောင် ကတော့... တောင်ပိုင်း ABSDF မှာ ကိုနေဝင်းအောင် အပါအဝင် ကျောင်းသားတစ်ချို့ကို မတရား စွပ်စွဲနှိပ်စက်ခဲ့တယ်.... အဲဒီမှာ ကျောင်းသားရဲဘော်ကိုအောင်သူဟာ နိုင်အောင် တို့လက်ချက်ကြောင့် သေခဲ့ရတယ်..... နောက်ပြီး ဟိုအကောင်ကြီး နိုင်အောင် က သူ ABSDF ဗဟိုဥက္ကဌဖြစ်ဖို့အတွက် အမှန်တရားကို မျက်ကွယ်ပြုပြီး.... မြောက်ပိုင်း ABSDF က ကိုထွန်းအောင်ကျော်တို့ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်.....

ဒီအကောင် မိုးသီးဇွန်လဲ ဘာထူးလဲ..... သူနဲ့ နိုင်အောင် ABSDF ဗဟိုဥက္ကဌနေရာအတွက် စားခွက်လုပြီး နှစ်ဖွဲ့ကွဲကြတော့ သူ့အဖွဲ့က ကျောင်းသားရဲဘော်ကိုဌေးနိုင်ကို မတရားစွပ်စွဲပြီး နှိပ်စက်ခဲ့လို့ သေခဲ့ရတယ်..... လူသတ်သမားတွေက ကျောင်းသားအမည်ခံထားတာ ကျောင်းသားတွေ သိက္ခာကျတယ်......။

လူ သတ် ကောင် နိုင် အောင် နဲ.့  ဂွေး. သီး ဇွန်. ကို ခုံ ရုံး တင် သင့် တယ် ၊

ခွေး ကို နိုင်
နိုင် အောင် နဲ့ မိုး သီး ဇွန် ABSDF မှာ အာ ဏာ လု ၇င်း ကျောင်း သား ချင်း တိ၇ဆာန် ၇ိုင်း တွေ လို နှိပ် စက် ပီး ခေါင်း ဖြတ် သတ် တာ တွေ ကို ခွေး ကို နိုင် မသိ တာ လား
မသိ ယောင် ဆောင် နေ တာ လား
ခွေး သူ တောင်း စား ။

မင်းကိုနိုင် ကိုကိုကြီး ဆိုတဲ့ (၈၈)ကျောင်းသားအမည်ခံကောင်တွေက အေဘီလူသတ်တ၇ားခံ နိုင်အောင် ဆီက ပိုက်ဆံ၇လို့ နိုင်အောင် ၇ဲ့ မြောက်ပိုင်းအေဘီလူသတ်မှု တောင်ပိုင်းအေဘီလူသတ်မှုကြီးတွေကို မသိချင်ယောင်ဆောင်ပေးနေတာပါ

မင်းကိုနိုင် ဦးဆောင်သော ၈၈မျိုးဆက်ကျောင်းသား (၁၆)ဦး ၁၄၊၁၊၂ဝ၁၃ ၇က်နေ့တွင် ထိုင်းနိုင်ငံမှတစ်ဆင့် ဖိလစ်ပိုင်နိုင်ငံသို့ လေ့လာရေးခ၇ီး ထွက်သွား၇ာတွင် ခ၇ီးစဉ်တာဝန်ခံသည် ခင်ဥမ္မာ ဖြစ်သည်။

ခင်ဥမ္မာ သည် ABSDF လူသတ်သမား နိုင်အောင် ၏ မိန်းမ ဖြစ်သည်။

လူသတ်သမား နိုင်အောင် နှင့် ခင်ဥမ္မာ သည် ဒီမိုကေ၇စီေ၇းဘန်းပြကာ စီးပွါး၇ှာ လုပ်စားသူများအနက် အချမ်းသာဆုံးစာ၇င်းဝင်သူ လင်မယား ဖြစ်သည်။

မင်းကိုနိုင် ဦးဆောင်သော ၈၈မျိုးဆက်ကျောင်းသားများသည် ABSDF လူသတ်သမား နိုင်အောင် နှင့် ခင်ဥမ္မာ လင်မယားထံမှ လာဘ်ငွေ အကူအညီအထောက်အပံ့ ယူကာ လူသတ်သမား နိုင်အောင် ၏ ABSDF မြောက်ပိုင်းလူသတ်မှုများနှင့် ABSDF တောင်ပိုင်းလူသတ်မှုများကို ဖုံးကွယ်ပေးနေခြင်းကြောင့် ၈၈မျိုးဆက်ကျောင်းသားများသည် သိက္ခာ အကြီးအကျယ်ကျဆင်းကာ လူထု၏အယုံအကြည်ကင်းမဲ့မှုကို ခံနေ၇ပြီဖြစ်သည်။

အဲ့ဒီ နိုင်အောင် ခင်ဥမ္မာ လင်မယားက ထိုင်းနယ်စပ် မဲဆောက်မြို့ကနေ မြန်မာပြည်မကောင်းကြောင်း မြန်မာအစိုး၇မကောင်းကြောင်း ပြောပီး နိုင်ငံတကာအလှူ၇ှင်အဖွဲ့အစည်းပေါင်းစုံဆီကနေ အလှူခံစား၇င်းချမ်းသာနေကြတာပေါ့
ခင်ဥမ္မာ ယောင်္ကျား နိုင်အောင် ဆို၇င် ABSDFမြောက်ပိုင်းမှာကျောင်းသား(၁ဝဝ)ကျော်ကိုတိ၇ာဆန်အ၇ိုင်းတွေလိုနှိပ်စက် ကျောင်းသား(၄ဝ)ကိုသတ်ဖြတ်ပီး လူ့အခွင့်အေ၇းကိုကမ်းကုန်အောင်ချိုးဖေါက်ခဲ့တဲ့ လူသတ်တ၇ားခံပါ

အဲ့ဒီ ABSDFလူသတ်သမား နိုင်အောင်က မြန်မာအစိုး၇ကလူ့အခွင့်အေ၇းချိုးဖေါက်နေပါတယ်လို့ပြောပီး အလှူခံစားလာတာဘဲ့ သူခိုးကလူပြန်ဟစ်လာတာဘဲ့
ABSDFလူသတ်သမားနိုင်အောင် ခင်ဥမ္မာ လင်မယားက နိုင်ငံတကာအလှူ၇ှင်အဖွဲ့အစည်းပေါင်းစုံဆီကနေ အလှူခံစားထားတဲ့ထောက်ပံ့ငွေတွေနဲ့ မဲဆောက်နဲ့ဘန်ကောက်မှာ အိမ်တွေကားတွေဝယ်ပီးချမ်းသာနေတာကို (၈၈)မင်းကိုနိုင်တို့က အားကျပီး နိုင်အောင် ခင်ဥမ္မာ ၇ဲ့အလှူခံစားတဲ့လမ်းစဉ်ကို မင်းကိုနိုင်တို့လဲလိုက်နေကြပီ

အဲ့ဒီကောင်မ ခင်ဥမ္မာက အစက ABSDFကျောင်းသားသပုန်တပ်က တခြားကောင်တစ်ကောင်၇ဲ့မိန်းမလေ
နောက်မှ ABSDFလူသတ်တ၇ားခံ
ဒေါက်တာနိုင်အောင်နဲ့ဖြစ်ပီးတ၇ားဝင်ယူလိုက်တာ
ခင်ဥမ္မာကမိုးသီးဇွန်နဲ့လဲဇတ်လမ်း၇ှိခဲ့တယ်

ဒေါက်တာနိုင်အောင်ကို ကြာကူလီနိုင်အောင် လို့ခေါ်နေကြတာ အဲ့ဒီအ၇ှုပ်အထုပ်ဇာတ်လမ်းတွေကြောင့်နေမယ်

နိုင်အောင်က အမြဲတန်းဗြောင်လိမ်ဗြောင်စားလုပ်နေတာဘဲ့ နိုင်အောင်က ပြည့်တန်ဆာမလောက်တောင်အ၇ှက်မ၇ှိပဲဗြောင်လိမ်နေတာ နိုင်အောင်စကားကို ပြည့်တန်ဆာမစကားလောက်တောင်အလေးအနက်ထားလို့မ၇ဘူး

မြောက်ပိုင်းABSDFမှာ လူသတ်မှု ဖြစ်ပီးစ နိုင်အောင် ကိုယ်တိုင်လက်မှတ်ထိုးပီး စာထုတ်ခဲ့တာဘဲ့ အဲ့ဒီ ၁၉၉၂ မေလ ၃၁ ၇က် နေ့စွဲပါ နိုင်အောင် ၇ဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ မြောက်ပိုင်းABSDFမှာအစိုး၇ထောက်လှမ်းေ၇း(၁၅)ယောက်ကိုသတ်ခဲ့ခြင်းသည် မှန်ကန်ပါသည် ထိုကိစ္စအတွက်ကျနော်တာဝန်ယူပါသည် လို့ နိုင်အောင်ေ၇းထားတာဘဲ့

၂၀၁၂ မှာ မြောက်ပိုင်းABSDFမှာ ဖက်ဆစ်ဂျပန်ထက်ဆိုးတဲ့နည်းပေါင်းစုံနဲ့ နှိပ်စက်ခံခဲ့၇ပီးထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ အေဘီဟောင်းတွေက နိုင်အောင် ကိုတ၇ားစွဲတော့မယ်ဆိုတဲ့အသံတွေဆူညံလာတော့ နိုင်အောင် ဗြောင်လိမ်တော့တာဘဲ့ ၂ဝ၁၂ မတ်လ ၂၅ ၇က် နေ့စွဲနဲ့ထုတ်တဲ့ နိုင်အောင် ၇ှင်းလင်းချက်မှာ မြောက်ပိုင်းABSDFသတ်ဖြတ်မှုတွေကို ဖြစ်ပီးမှကျနော်သိ၇တာပါ ဆိုပီး နိုင်အောင် ကဗြောင်လိမ်ထားတယ်

သြော်.... ပြည်တော်ပြန် ကျောင်းသားအရေခြုံ လူသတ်သမားကြီး နိုင်အောင် ရောက်လာပြန်ပြီလား.......
ခင်ဗျားအနေနဲ့ ရှက်တတ်ရင် ကိုယ့်ကိုကိုယ် သတ်သေလိုက်သင့်တယ်...
လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်က ခင်ဗျားကြီး ပြောခဲ့တဲ့စကားက ဘာတဲ့......
ဒီကောင်တွေအားလုံးကို သတ်ပစ်လိုက်... ငါတာဝန်ယူတယ်ဆို.....
အခုကျတော့..... ကျွန်တော့်အနေနဲ့ မသတ်ဖို့တားခဲ့ပါသေးတယ်တဲ့လား.....
ခင်ဗျား ယောက်ျားမဟုတ်ဘူးလား... မရှက်တတ်ဘူးလား.....
သူတော်ကောင်းအယောင် သိပ်ဆောင်မနေပါနဲ့ဗျာ....
ခင်ဗျားလက်မှာ စွန်းနေတဲ့...
ကိုထွန်းအောင်ကျော်.. ကိုချိုကြီး... ကိုမောင်မောင်ကြွယ်.. ကိုရန်ရှင်း တို့လို
အပြစ်မဲ့ကျောင်းသားတွေရဲ့ သွေးတွေ ဒီနေ့အထိ မခြောက်သေးဘူးဆိုတာ အမှတ်ရစမ်းပါ.......

လူသတ်တရားခံ နိုင်‌‌အောင်‌ တို့ မိုးသီးဇွန်‌ တို့များ မြန်မာပြည်ကို ပြန်‌လာရဲ‌သေးတယ်‌...

အစိုးရအ‌နေနဲ့... ဒီလိုရာဇဝတ်‌‌ကောင်‌‌တွေကို ဒီအတိုင်း ငုတ်‌တုတ်‌ထိုင်‌ကြည့်‌‌နေ‌တော့မှာလား..
ပြည်‌ထဲ‌ရေးက‌ရော ဒီလိုပဲလွှတ်‌ထားမှာလား.....
မဟုတ်‌‌သေးဘူးထင်‌တယ်‌......

လူဆိုတာ ကိုယ်‌လုပ်‌တဲ့လုပ်‌ရပ်‌ကို တာဝန်‌ယူရဲရမယ်‌......
လူတစ်‌‌ယောက်‌ဟာ....လူသတ်‌မိပြီဆိုလိုက်‌တာနဲ့...သူ့‌ရှေ့‌ရေးဟာ ထိတ်‌ထိတ်‌လန့်‌လန့်‌နဲ့‌
‌နေသွားရမှာပါ....
ရာဇဝတ်‌‌ဘေး...‌ပြေးမလွတ်‌ပါဘူး...‌နောက်‌ဆုံး‌ထောင်‌ထဲပါဘဲ...

အခု‌တော့ဗျာ... လူ‌ပေါင်းများစွာသတ်‌ထား ဖြတ်‌ထားတဲ့ နိုင်‌‌အောင်‌ တို့ မိုးသီးဇွန်‌ တို့က‌တော့ သူတို့မဟုတ်‌သလိုဘဲ... အခမ်းအနားပွဲ‌တွေလဲတက်‌တယ်‌.... လူ‌ရှေ့သူ‌ရှေ့ေ‌ခါင်း‌မော့ရင်‌‌ကော့သွားနိုင်‌တယ်‌....‌ ‌ဆွေး‌နွေးပွဲ‌တွေလဲလုပ်‌နိုင်‌တယ်‌....
တစ်‌‌ယောက်‌နဲ့တစ်‌‌ယောက်‌ ‌ဘောလီ‌ဘောပုတ်‌တယ်‌... သူတို့မလုပ်‌ခဲ့တဲ့အတိုင်းပဲ...‌

လူတစ်‌‌ယောက်‌ဟာ အပြစ်‌‌တွေကျူး
လွန်‌ခဲ့ပြီး အခြားနိုင်‌ငံမှာ‌ဆယ်‌စုနှစ်‌ ကြာကြာ‌ရှောင်‌‌နေရုံနဲ့ လွတ်‌‌ရောပဲလား....
‌သေသွားခဲ့တဲ့ ‌ကျောင်းသား‌တွေရဲ့ မိဘ‌တွေကိုယ်‌စား ရင်‌နာလွန်းလို့ပါ.......

တာဝန်ရှိတာနဲ့ အပြစ်ရှိတာ မတူပါဘူး.. ကျနော့်မှာ တာဝန်ရှိပေမဲ့အပြစ်မရှိပါဘူး.. လို့ စောက်ရှက်မရှိ မျက်နှာပြောင်တိုက်ပြီး ပြောနေတဲ့ နိုင်အောင် ဆိုတဲ့ အယုတ်တမာကောင်ကြီးရော... မိုးသီးဇွန် ဆိုတဲ့ ဟိုအယုတ်တမာကောင်ရော နှစ်ကောင်လုံးက အဆင့်အတန်းမရှိတဲ့ လူသတ်သမား လူယုတ်မာတွေပါ....

အယုတ်တမာကောင်ကြီး နိုင်အောင် ကတော့... တောင်ပိုင်း ABSDF မှာ ကိုနေဝင်းအောင် အပါအဝင် ကျောင်းသားတစ်ချို့ကို မတရား စွပ်စွဲနှိပ်စက်ခဲ့တယ်.... အဲဒီမှာ ကျောင်းသားရဲဘော်ကိုအောင်သူဟာ နိုင်အောင် တို့လက်ချက်ကြောင့် သေခဲ့ရတယ်..... နောက်ပြီး ဒီအကောင်ကြီး နိုင်အောင် က သူ ABSDF ဗဟိုဥက္ကဌဖြစ်ဖို့အတွက် အမှန်တရားကို မျက်ကွယ်ပြုပြီး.... မြောက်ပိုင်း ABSDF က ကိုထွန်းအောင်ကျော်တို့ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်.....

ဟိုအကောင် မိုးသီးဇွန်လဲ ဘာထူးလဲ..... သူနဲ့ နိုင်အောင် ABSDF ဗဟိုဥက္ကဌနေရာအတွက် စားခွက်လုပြီး နှစ်ဖွဲ့ကွဲကြတော့ သူ့အဖွဲ့က ကျောင်းသားရဲဘော်ကိုဌေးနိုင်ကို မတရားစွပ်စွဲပြီး နှိပ်စက်ခဲ့လို့ သေခဲ့ရတယ်..... လူသတ်သမားတွေက ကျောင်းသားအမည်ခံထားတာ ကျောင်းသားတွေ သိက္ခာကျတယ်......။

စောက်ရေးမပါတဲ့ဟာတွေ ဘာဇမှမရှိဘဲ ဟိုလူကြောက် ဒီလူကြောက် ပြီးတောထဲဝင် ပထွေးအဖေခေါ် အသေဆိုးနဲ့သေမှ စောက်ပြသာနာရှာနေကျတာ တောထဲဝင်ရင် ဘယ်သူမဆိုသေမယ်ဆိုတာသိပြီးသား ကလေး မေးတောင်သိတယ် ခုမှလာပြီး အစိုးရလာအလုပ်ရူပ်နေကြတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်