Subscribe to our RSS Feed

အီဂျစ်ဆန္ဒမှုအတွင်း လူ ၂၀၀၀ ကျော်သေ

From : ..abc

ဆန္ဒပြမှုကြောင့် အီဂျစ်နိုင်ငံတခွင်လုံးမှာ သေဆုံးသူဦးရေ ၂၇၈ ယောက်
ရှိသွားပြီလို့ အီဂျစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုပြောဆို
ခဲ့ပေမယ့် ရာထူးကနေဖယ်ရှားခံရတဲ့ အီဂျစ်သမ္မတဟောင်း မိုဟာမက်
မော်စီကိုထောက်ခံတဲ့ Muslim Bortherhood ပါတီ ဖက်ကတော့
သေဆုံးသူဦးရေ နှစ်ထောင်ကျော် ရှိတယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ ဆန္ဒပြမှုသတင်းတွေကို သတင်းလိုက်ယူရိုက်ကူးခဲ့တဲ့ ဗြိတိန်နိုင်ငံ Sky News သတင်းဌာက ကင်မရာသမားတဦးလည်းပါဝင်
တယ်လို့ အဆိုပါသတင်းဌာက ဆိုပါတယ်။

အခုဆိုရင် အီဂျစ်နိုင်ငံတခွင်လုံးမှာ ကာဖြူးအမိန့် ထုတ်ပြန်ထားပြီး အရေးပေါ်အခြေအနေထုတ်ပြန် ထားတယ်လို့ သိရပါတယ်။

အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရိုမြို့မှာ ဖြစ်ခဲ့တဲ့ ဆန္ဒပြမှုအတွင်း လူစုဖြိုခွင်း ဖို့အတွက် လုံခြုံရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေ သုံးခဲ့တဲ့အပေါ် အမေရိကန်နိုင်ငံက ရှုတ်ချခဲ့သလို ကုလသမဂ္ဂ အထွေထွေအတွင်းရေး
မှူးချုပ် ဘန်ကီမွန်းကလည်း ရှုတ်ခဲ့ပါတယ်။

အီဂျစ်နိုင်ငံက ဆန္ဒပြမှုနဲ့ သတ်ဖြတ်မှုတွေကို ရှုတ်ချတဲ့အနေနဲ့ သြစတြေး
လျနိုင်ငံ ဆစ်ဒနီမြို့ အနောက်တောင်ဖက်မှာရှိတဲ့ အီဂျစ်လူမျိုး သုံးရာလောက်ကလည်း မနေ့ညက ဆန္ဒပြမှုတွေပြုလုပ်ခဲ့ပါတယ်။

သြစတြေးလျနိုင်ငံ ခြားရေးဝန်ကြီးဘော့ကားကလည်း အီဂျစ်နိုင်ငံကဖြစ်နေ
တဲ့ ဆိုးဝါးတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့လည်း စိုးရိမ်မကင်း
ဖြစ်မိကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။
 


 .. www.MyanmarExpress.net
 

1 comments:

သင် ခန်း စာ ယူ ကြ ပါ မြန်မာ တို့ လို့ ဆို လိုက် ပါ ရ စေ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်