Subscribe to our RSS Feed

သုံးနှစ်ဆက်ချန်ပီယံ ရန်ကုန်အသင်း၏ စီမံမှုအဖွဲ့အား ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ချီးကျူး

From : ..mizzima


မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က သုံးနှစ်ဆက်တိုက် ချန်ပီယံဆု ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် ရန်ကုန်အသင်းရှိ ကစားသမားများနှင့် စီမံမှုအဖွဲ့အား သြဂုတ် ၅ ရက်က ဆီဒိုးနားဟိုတယ်၌ ပြုလုပ်ခဲ့သည့် ရန်ကုန်အသင်း၏ အောင်ပွဲခံ အခမ်းအနား၌ ချီးကျူးပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၁၁၊ ၂၀၁၂ နှင့် ၂၀၁၃ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံဆုဖလားများရရှိခဲ့သဖြင့် သုံးနှစ်ဆက် ချန်ပီယံဆုရရှိခဲ့သော မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းတစ်သင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က “ဘောလုံးပွဲတစ်ပွဲ နိုင်ဖို့ဆိုတာ အရမ်းခက်ပါတယ်။ နောက်ပြီး လိဂ်တစ်လိဂ်
ရဲ့ ပွဲစဉ်အကုန်လုံး အနိုင်ရဖို့ဆိုတာလည်း အရမ်းခက်ပါတယ်။ ခက်ခဲတဲ့ကြားက သုံးနှစ်ဆက် ချန်ပီယံဘွဲ့ရရှိခဲ့တဲ့ ရန်ကုန်အသင်းကို အထူးပဲ ဂုဏ်ပြုပါတယ်။ ထပ်ပြီး ဂုဏ်ပြုချင်တာက စီမံမှုနဲ့ပတ်သက်တဲ့ ကိစ္စပါပဲ။ ဘောလုံးပွဲတစ်ပွဲ
နိုင်ရုံတင် မဟုတ်ပါဘူး။ ရန်ကုန်အသင်းရဲ့စီမံမှုနဲ့ facility ပါ။ ရန်ကုန်အသင်းရဲ့ facility က အာရှမှာရှိတဲ့ ကလပ်
အသင်းတစ်သင်းရဲ့ facility နီးပါးလောက် ရှိပါတယ်။ နောက်တစ်ခုက အသင်းရဲ့ စီမံမှုကြောင့်ထွက်လာတဲ့ ကစားသမားတွေက ဒီနေ့ လက်ရွေးစင်အသင်းကို အများကြီး ပံ့ပိုး ပေးနိုင်ပါပြီ။ ဒီအသင်းရဲ့ ရင်းနှီးမြှုပ်နှံမှုအကုန်လုံး
က မြန်မာ့လက်ရွေးစင်အသင်း နိုင်ငံတကာမှာ မျက်နှာပန်းလှဖို့အတွက် ရင်းနှီးမြှုပ်နှံထားတာပဲ ဖြစ်ပါတယ်။ ဒီအတွက် အထူးပဲဂုဏ်ယူပါတယ်”ဟု ပြောကြားခဲ့သည်။ 


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်