Subscribe to our RSS Feed

ဘောလုံးကွင်း ထိုင်ခုံများ ဖျက်ဆီးခြင်းသည် အလွန်ရှက်ဖို့ကောင်းကြောင်း ပြန်ကြားရေး ဒုဝန်ကြီးပြော

From : .. ye htut


မနေ့ညနေက မြန်မာလိဂ်ဖိုင်နယ်ကို စောင့်ကြည့်အားပေးခဲ့ပါတယ်။
ပင်နယ်တီပေးတဲ့အပေါ် အိမ်ရှင်ပရိသတ်ရဲ့ တုန့်ပြန်မှုက အတော်ရှက်ဖို့ ကောင်းပါတယ်။

ဒီနေရာမှာ လုံခြုံရေးမရှိတာကိုထောက်ပြတာတွေ ရှိပါတယ်။ ဒါပေမယ့် ကိုယ်ကိုကိုယ်လေးစားတတ်တဲ့ လူမျိုး၊ စည်းကမ်းရှိတဲ့လူမျိုးအတွက် လုံခြုံရေးရှိခြင်း၊ မရှိခြင်းဟာ ပြဿနာမဟုတ်ဘူးလို့ထင် ပါတယ်။ ဘောလုံးပွဲတစ်ပွဲမှာ ရဲတပ်ရင်းတစ်ရင်းလောက် လုံခြုံရေးယူမှ အေးအေးဆေးဆေးပြီးတယ်ဆိုရင်လည်း ကျွန်တော်တို့ စိတ်ဓာတ်အဆင့်အတန်းက သိတ်မဟုတ်သေးပါဘူး။

တစ်ချို့ကလည်း ဖြတ်သန်းခဲ့ရတဲ့စနစ်ကြောင့်ဆိုပြီးလည်းပြောကြပါတယ်။ ကျွန်တော်ကတော့ ကိုယ်သိက္ခာကိုကိုယ်လေးစားတတ်တဲ့ လူဟာ ဘယ်စနစ်၊ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် ထိန်းသိမ်းနိုင်တယ်လို့ ယုံကြည်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းကတော့ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ မိန့်ခွန်းမှာ ဘောလုံးပွဲရှုံးရင် လူချတတ်တဲ့ အကျင့်ကို ပြောပြီး ဗမာတွေဟာ စိတ်ထက်တယ်ဆိုပြီး တလွဲဆံပင်ကောင်းနေတယ်လို့ ပယ်ပယ်နယ်နယ်သတိပေးခဲ့ပါတယ်။

အခုတော့ လူချရုံတင်မဟုတ်တော့ဘူး၊ ခုံတွေရိုက်ချိုးပစ်တဲ့အဆင့်၊ အကြမ်းဖက်တဲ့ အဆင့်ရောက်လာပါပြီ။ တစ်ခါကလည်း နိုင်ငံတကာပွဲမှာ အဲဒီလို ဖြစ်ခဲ့လို့ အရှက်တကွဲ အရေးယူခံခဲ့ရပြီးပြီ။

မကြာခင် အရှေ့တောင်အာရှ အားကစားပွဲကျင်းပပါတော့မယ်။ ကိုယ့်အသင်းရှုံးတိုင်း ဒီပုံစံနဲ့ သာတုန့်ပြန်မယ်ဆိုရင် မြန်မာနိုင်ငံမှာ နိုင်ငံတကာအားကစားပွဲတွေကျင်းပ ခွင့်ပိတ်ခံရတာမျိုး၊ ဟိုတစ်ချိန်က ဥရောပပွဲတွေမှာ အင်္ဂလန်အသင်းပရိသတ် လိုက်ပါအားပေးခွင့်ပိတ်ခံရတာမျိုးတွေကြုံဖို့ အလှမ်းမဝေးတော့ပါဘူး။

လူတစ်ဦးချင်းရဲ့စည်းကမ်းလိုက်နာမှု၊ ကွင်းအတွင်းဝင်ရောက်လာသူတွေကို အရက်၊ ဘီယာယူဆောင်ခွင့်မပြုတာအပါအ၀င် ကွင်းတွင်းစည်းကမ်းထိန်းသိမ်းမှု၊ အော်ဟစ် ဆဲရေးရမ်းကားသူများကို စောင့်ကြည့်အရေးယူမှု စတာတွေကို စနစ်တကျလုပ်ဆောင် ဖို့ အချိန်ရောက်ပြီလို့ထင်ပါတယ်။

အားလုံးရဲ့ အခြေခံကတော့ တစ်ဦးချင်းစည်းကမ်းရှိမှု၊ တာဝန်သိမှုပါပဲ။ အဲဒါကပဲ အခက်ခဲဆုံးအလုပ်ဖြစ်နေတာကလည်း ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက် စိတ်မကောင်းစရာပါ။


 .. www.MyanmarExpress.net
 

3 comments:

ပြ န် ကြား ရေး ၀န် ကြီး ပြော တာ မှန် ပါ တယ် ။ ဒို့  မြန်မာေ တွ စိတ်ဓ တ်ေ တွ အ တော် ပျက်:-) စီးေ န ပါ ပြိ။ က မမ္ဘာ အ လယ် မှာ မျက် နှာ မ ပြ ၀့ံ့ေ အာင် မ လုပ်ပါ နဲ ကွာ။ နိင် ငံ တ. နို င် ငံ ရဲ့  တိုး တက် မူ့ ယ ဉ်ေ ကျး မူ့ အ စ စ ရာ က မင်း တို့  လက် ထဲ မှာ ပါ ကွာ။ ပြ င် ရ င် ဖြစ် ပါေ သး တယ် မောင်ေ လး တို ရ ယ် ။ မြ န် မာ လူ မျိး ကွ လို့ ဂုဏ် ယူ ၀့ံ့ ကြွား နို င်ေ အာ င် ကြိုး စား ပြ လိုက် စ မ်း ပါ ကွာ။

အဓိက ကတော့ ဒိုင်တွေရဲ့စိတ်ဓာတ်ကို အရင်ဆုံးပြင်ခိုင်းလိုက်ပါ ဒိုင်အားလုံးဟာ ရန်ကုန်ယူနိုက်တက်အသင်းကိုပဲ အမြဲအနိုင်ပေးချင်နေတာကရော ဘာကြောင့်လဲဆိုတာကို အရင်ဆုံးအဖြေထုတ်လိုက်ပါဦး ဖြစ်လိုက်တိုင်း ပရိတ်သတ်ကိုပဲ အပြစ်ပုံချတတ်တဲ့ ခင်ဗျားတို့စောက်ကျင့်တွေကိုလည်း ကိုယ်တိုင်ပြန်သုံးသပ်ကြပါဦး ပရိတ်သတ်ဆိုတာ ကိုယ်အားပေးတဲ့အသင်းကို နိုင်စေချင်လွန်းလို့. အလုပ်ပျက်ခံ ပိုက်ဆံကုန်ခံပြီး ကိုယ်ကျိုးအတွက်မပါပဲ နှလုံးသားနဲ့အားပေးရတာ ဒါကိုပဲ ဒိုင်တွေအားလုံးက အသင်းတစ်သင်းကိုပဲအမြဲဘက်လိုက်ပေးနေတာကတော့ မြန်မာတစ်ပြည်လုံးက ဘောလုံးပရိတ်သတ်အားလုံးကို စော်ကားနေတဲ့သဘောပဲ ဒီအချက်ကိုလည်း ဘောလုံးဥက္ကဋ္ဌအပါအဝင် ဘောလုံးအသိုင်းအဝိုင်းအားလုံး သိနေကြတာပါပဲ တမင်တကာမသိချင်ယောင်ဆောင်နေကြတာပါ ခင်ဗျားတို့ဒိုင်အဖွဲ့ကို နိမ့်ကျနေတဲ့စိတ်ဓာတ်လေးတွေကို အရင်ဆုံးပြင်ခိုင်းလိုက်ပါဦး ခင်ဗျားတို့စိတ်ဓာတ်တွေပြင်ပြီးမှ ပရိတ်သတ်ကို အပြစ်ပြောပါ့ 

အပေါ်ကလူ မှတ်ချက်ကတော့ နည်းနည်း တာဝန်မဲ့နေသလိုဖြစ်နေပါတယ်။ ဒိုင်ဘယ်လောက်စုတ်ပဲ့ပဲ့ လူတွေက ကျင့်ဝတ်ထိန်းသိမ်းလို့ရပါတယ်။
နောက်ဆုံး..ခင်ဗျား ဒိုင်ကိုဝင်သတ်ရင်တောင်မှ..အခုလိုဘာမဆိုင်ညာမဆိုင်
ခုံတွေရိုက်ချိုး...မြန်မာ့လူမျိုးသိက္ခာကျစေတဲ့..ကမ္ဘာကအထင်သေးစေမဲ့
behaviour တွေထက်တော့အများကြီးသာပါလိမ့်မယ်။
ခင်ဗျား ရေးထားတာက selfishness နဲ့ biased ဖြစ်နေပါတယ်။
သုံးစွဲတဲ့စကားလုံးတွေကလဲ ရိုင်းပြလှပါတယ်။
ရှက်စ၇ာပါ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်