Subscribe to our RSS Feed

ယောက်ျားမိန်းမ ထိုကိစ္စ

From : ..ခလေးလေး



ခုတလော ဖတ်မိသော အင်တာနက်သတင်းတို့တွင် မိမိစိတ်ကို ခိုးလိုးခုလုဖြစ်စေခဲ့သော
သတင်းတပုဒ်ပါရှိလာ၏ ၊ ထိုသတင်းမှာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ
သန်လျင် GTCကျောင်း၏ စာသင်ခန်းအတွင်း ကျောင်းသားနှင့်ကျောင်းသူ ချစ်ရည်လူး
နေကြသည့် ဗွီဒီယိုဖိုင်ကို မသမာသူများက အင်တာနက်ပေါ်လွှင့်တင်လိုက်ရာ
ဂျာနယ်စာမျက်နှာများထက်ရောက်လာပြီးနောက်  ယခုအခါ ဗွီဒီယိုအခွေများအဖြစ်
ရောက်ရှိလာပြီး အင်းလျားမီးပွိုင့်နှင့် ဦးဝိစာရမီးပွိုင့်ကြားတွင် ရောင်းချနေသည်
ဆိုသည့်သတင်း ဖြစ်သည် ၊ မိမိစိတ်က ပထမဆုံးအကြိမ်ထွက်ရှိသောMelody World
တေးစီးရီးတွင်ပါဝင်လျှက် နာမည်ထွက်လာခဲ့သော အဆိုတော်မလေးတစ်ယောက်
ကိုလည်း တစ်ဆက်တည်း သွားသတိရလိုက်မိသည် ၊ သူမသည်လည်း GTCကျောင်းသား
ကျောင်းသူနည်းတူ အင်တာနက်မင်းသမီးဖြစ်ခဲ့ရသည် ၊ သူမအတွက် ပိုဆိုးတာက
သူမသည် ပြည်သူသိ အဆိုတော်တစ်ယောက်ဖြစ်နေခြင်းပင် ဖြစ်သည်၊ ထို့ကြောင့်
သူမအနုပညာပါ သေသွားရသည် ၊ ယခုအခါ ဘယ်ရောက်၍ ဘယ်ပျောက်နေမှန်းပင်
မသိရတော့၊ သူမအကြောင်းတွေးမိတိုင်း မိမိရင်ထဲ နင့်နင့်သီးသီး သနားစိတ်ဝင်မိသည်၊
ထို့နောက် နှမျှောစိတ်လည်း ဖြစ်ရသည် ၊ အရွယ်ရောက်ပြီးသော ယောက်ျားမိန်းမတိုင်း
မကင်းနိုင်သည့်ကိစ္စတစ်ခုကြောင့် ဘ၀နှင့်ရင်းထားရသော အနုပညာလမ်းကြောင်းမှ
သွေဖီသွားရသည့် အဖြစ်၊ ကိုယ်သာ သူတို့လိုအဖြစ်မျိုး ကြုံလိုက်ရမည်ဆိုလျှင်
ဘယ်လောက်များအရှက်ရလိုက်မလဲ၊ ပတ်ဝန်းကျင်မှာ ဘယ်လိုများရပ်တည်နေရမလဲ
ဟူသော ကိုယ်ချင်းစာနာသောစိတ်နှင့် ခံစားကြည့်မိတိုင်း မိမိအလွန်ရင်နာရသည် ၊
ထို့ပြင် အဆိုတော်တစ်ယောက်ဘ၀မှ နိုင်ငံသိသရုပ်ဆောင်ဖြစ်လာသော မင်းသမီး
တစ်ယောက်၏ ဟိုတယ်ခန်းတစ်ခုအတွင်းက အဖြစ်အပျက် ၊ ထိုအဖြစ်အပျက်သည်လည်း
အင်တာနက်ပေါ်ပျံ့နှံ့၍ ညစ်ညမ်းဗွီဒီယိုခွေတို့ဖြင့် လုပ်စားနေကြသူတို့အတွက် အကြိုက်
ဖြစ်ခဲ့ရသည် ၊ မြန်မာ့ယဉ်ကျေးမှုထိန်းသိမ်းရေးကို တတွတ်တွတ်ပြောတတ်ကြသော
အနှိပ်ခန်းပျော်လူကြီးလူကောင်းတို့၏ လက်ညှိုးထိုးအပြစ်ဆိုစရာ ဖြစ်ခဲ့ရသည် ၊
အထက်ပါကိစ္စတို့ကို မိမိ၏ပုဂ္ဂလိကအမြင်ဖြင့် ရိုးရိုးသားသားပြောရလျှင် ရိုင်းသည်ဟုလည်း
မမြင် ၊ ယဉ်ကျေးမှုမျက်လုံးဖြင့်လည်း ဘယ်သောအခါမှ ကြည့်လေ့မရှိ ၊ အရွယ်ရောက်
ပြီးသော မိန်းမယောက်ျားတို့၏ ဖိုမသဘာဝသာဖြစ်၍ အပြစ်ဆိုစရာမဟုတ်ဟု ယူဆသည်၊
ဘာသာရေးအမြင်အရ ယုတ်ညံ့သောအကျင့် ဖြစ်ကောင်းဖြစ်မည် ၊ သို့ရာတွင်
ဖိုမသဘာဝ လိင်ကိစ္စသည် အရွယ်ရောက်ပြီးသောမိန်းမယောက်ျားတိုင်း ကင်းနိုင်သော
အရာမဟုတ်ပေ၊ ထင်ရှားခြင်း မထင်ရှားခြင်းသာ ကွာမည်၊ ဘ၀၏ကန့်လန့်ကာနောက်ကွယ်
မှာတော့ ဒီကိစ္စသည် အရွယ်ရောက်ပြီးသော မိန်းမယောက်ျားတိုင်းအတွက် ကြီးမားသော
အခန်းကဏ္ဍတစ်ရပ်အနေဖြင့် ရှိနေသည် ၊ မုဒိန်းမှုကဲ့သို့သော မတရားအနိုင်ကျင့်မှုမျိုး
မဟုတ်လျှင် ကိုယ်နှင့်နှိုင်း၍ စာနာနားလည်နိုင်ရမည်သာ ဖြစ်သည် ၊
အိပ်-စား-ကာမ ၊ ဤသုံးဝသည် လူနှင့် တိရစ္ဆာန်အတူတူဖြစ်သည်ဟု စာပေတို့တွင် ဆိုသည် ၊
ဤအဆိုသည် ယေဘုယျမှန်ကန်သော အဆိုဖြစ်သည် ၊ အထူးအားဖြင့် ကာမကိစ္စတွင်
လူနှင့်တိရစ္ဆာန် များစွာ ခြားနားခြင်းမရှိပေ၊ ဆိုလိုသည်မှာ မိန်းမယောက်ျား နှစ်ဦးသားတို့သည်
သူတို့၏ စိတ်အလိုဆန္ဒပြည့်ဝရေးအတွက် တိရစ္ဆာန်ကဲ့သို့ နှစ်ဦးသဘောတူ ကျင့်ကောင်း
ကျင့်မည် ၊မည်သို့ပင်ကျင့်စေ ဤကိစ္စတို့သည် ယဉ်ကျေးမှုနယ်မြေမှ ကင်းလွတ်သည်သာ
ဖြစ်သည် ၊ ဤအဆိုကို တစ်ချို့လူကြီးလူကောင်းများက ခပ်ရှက်ရှက်နှင့် ငြင်းကောင်းငြင်းမည်
ဖြစ်သော်လည်း သဘာဝတရားကို အနည်းငယ်စဉ်းစားထောက်ဆကြည့်လျှင်တော့ ငြင်းဆိုဖို့
အလွန်ခဲယဉ်းပါလိမ့်မည်၊ စာဖတ်သူကို တစ်ခုတော့ အသိပေးပန်ကြားလိုပါ၏ ၊
ယခု မိမိ၏အဆိုတို့သည် အပြင်လောကတွင် ဖြစ်ချင်ရာဖြစ်၍ အင်တာနက်ပေါ်ရောက်နေသော
မြန်မာအမျိုးသားအမျိုးသမီးတို့၏ ဖိုမသဘာဝလိင်ကိစ္စတို့ကို အကာအကွယ်ပေးနေခြင်းမဟုတ်၊
ကိုယ့်အဖြစ်ကို မျက်ကွယ်ပြု၍ ယဉ်ကျေးမှုစကားကို တွင်တွင်သုံးလျှက် ပါးစပ်သရမ်းနေ
ကြသော လူကြီးလူကောင်းများ စဉ်းစားဆင်ခြင်ကြစေနိုင်ရန် မိမိ၏ရင်ထဲတွင်ရှိသော စာနာမှု
တရားကို ချပြပေးခြင်းမျှသာ ဖြစ်သည် ၊ အဓိကအားဖြင့် ကိုယ်နှင့်နှိုင်းယှဉ်၍ စာနာမှုတရား
ထားရှိရေးပင် ဖြစ်သည် ၊ စာဖတ်သူတို့အနေဖြင့် မိမိ၏ ဦးတည်ရာကို ကောင်းစွာနားလည်
နိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည် ၊
ယခုခေတ်သည် မိမိတို့ ကြားသမျှ မြင်သမျှတို့ကို ဘယ်လိုမှ ငြင်းကွယ်မရအောင်
အလွယ်တကူ ရိုက်ကူးထားနိုင်သော စက်ပစ္စည်းများ ပေါများသော ခေတ်ဖြစ်သည် ၊
မိမိနှစ်သက်သော ရှုခင်းရှုကွက်နှင့် ပျော်ပွဲရွှင်ပွဲစသည်တို့ကို မှတ်တမ်းတင်ရိုက်ကူးခြင်းဖြင့်
ပြဿနာမရှိနိုင်သော်လည်း မိန်းမယောက်ျားတို့၏ ဖိုမသဘာဝလိင်ဆက်ဆံသည့်ကိစ္စရပ်များ
များကို ရိုက်ကူးမှတ်တမ်းတင်မိလျှင်တော့ ကြီးမားသော ပြဿနာများ ဖြစ်နိုင်စွမ်းရှိသည် ၊
အထူးအားဖြင့် အမျိုးသမီးများ ပိုသတိထားဖို့ လိုအပ်ပါသည် ၊ ဖိုမသဘာဝ လိင်ကိစ္စတွင်
နာမည်ပျက်စရာဖြစ်လာပြီဆိုလျှင် အမျိုးသားထက် အမျိုးသမီးက ပိုနာမည်ပျက်သည် ၊
ထို့ကြောင့် မိမိ၏ချစ်သူရည်းစားနှင့်ဖြစ်စေ လင်ယောက်ျားနှင့် ဖြစ်စေ ဆက်ဆံဖြစ်လျှင်
ကင်မရာထောင်ပြီး ရိုက်ကူးမထားမိဖို့ သတိကြီးစွာဆင်ခြင်သင့်သည် ၊အမျိုးသားလုပ်သူက
“ ပြန်ဖျက်ပါ့မယ် “ ဟု ပြောတိုင်းလည်း လုံးဝမယုံကြည်သင့်ပေ ၊ အင်တာနက်ပေါ်
တွေ့ရသော မြန်မာညစ်ညမ်းဇာတ်ကားအများစုသည် ပြန်ဖျက်ပါ့မယ်ဟူသောစကားကို
ယုံကြည်မှုမှ ပေါက်ထွက်လာခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရသည် ၊ ဤနေရာတွင်
ယောက်ျားတို့၏ စိတ်သဘာဝကို အနည်းငယ်ပြောချင်ပါသည် ၊ ယောက်ျားအများစုသည်
ကျန်သောကိစ္စများထက် လိင်ကိစ္စတွင် အချင်းချင်းကြွားလိုသော စိတ်သဘာဝရှိကြသည် ၊
ထိုစိတ်သဘာဝနှင့်ပင်  သူရိုက်ကူးထားသည့်ပုံ(သို့မဟုတ်) ဗွီဒီယိုမှတ်တမ်းတို့ကို
သူ့အပေါင်းအသင်း တစ်ဦးမဟုတ်တစ်ဦးကိုတော့ အလွယ်တကူ ပြမိတတ်ကြသည်၊
တစ်ချို့ဆိုလျှင် ပြရုံတင်မဟုတ်တော့ပဲ ရက်ရက်ရောရောပင် မျှဝေပေးလိုက်ပါသေးသည် ၊
 ဤသို့ဖြစ်လာလျှင် သက်ဆိုင်ရာအမျိုးသမီး၏ အရှက်နှင့်သိက္ခာအတွက်တော့ တွေးဝံ့စရာ
မရှိတော့၊ အယုံအကြည်လွန်ကဲသော အမျိုးသမီးများ တစ်ခုသတိထားဖို့က မိမိနှင့်ဆက်ဆံ
သော မိမိ၏ချစ်သူရည်းစား(သို့မဟုတ်) လင်ယောက်ျားသည် မိမိနှင့် အစဉ်ထာဝရ
အဆင်ပြေနေမည်မဟုတ် ၊ တစ်ချိန်မဟုတ် တစ်ချိန်၌ တစ်ယောက်နှင့်တစ်ယောက်
 အဆင်မပြေမှုများ သဘောထားကွဲလွဲမှုများ မလွဲမသွေ ကြုံလာရဦးမည်သာ ဖြစ်သည် ၊
 ထိုအခါ ယောက်ျားလုပ်သူက စိတ်သဘောထားညံ့ဖျင်းမည် ၊ လိင်ဆက်ဆံမှုကို
ရိုက်ကူးထားသော ဗွီဒီယိုမှတ်တမ်းစသည်များလည်း ကျန်ရှိမည်ဆိုလျှင် မိမိ၏အရှက်နှင့်
သိက္ခာကတော့ မလွဲမသွေထိပါးခံရပေလိမ့်မည်၊ ထိုကဲ့သို့ မဖြစ်ရအောင် ခပ်ရိုင်းရိုင်းအကြံ
ပြုရလျှင် အိပ်ခန်းထဲကကိစ္စသည် အိပ်ခန်းထဲမှာပင် ပြီးပြတ်တာအကောင်းဆုံး ဖြစ်သည် ၊
ထို့ပြင် ဘယ်သူနှင့်ပဲဆက်ဆံဆက်ဆံ သန်လျင်GTCကျောင်း၏အဖြစ်အပျက်ကဲ့သို့
မသမာသူများက တိတ်တဆိတ်ရိုက်ကူးခံရခြင်းမှ ကင်းဝေးအောင် လုံခြုံမှုကို အထူး
ဂရုစိုက်ဖို့ လိုအပ်သည် ၊ ကမ္ဘာပေါ်ရှိ အရွယ်ရောက်ပြီးသော ပုထုဇဉ်လူသားတိုင်း
ယခုလို လိင်ကိစ္စများကို နှစ်နှစ်ခြိုက်ခြိုက်ခံစားနေကြသည်ကား မှန်၏ ၊ သို့ရာတွင်
ကမ္ဘာဦးကတည်းက ဖြစ်တည်လာသောလူ့စည်းမျဉ်းဥပဒေက ကွယ်ကွယ်ဝှက်ဝှက်သာ
ခံစားခွင့်ပြုသည် ၊ တရားဝင်လင်မယားပင် ဖြစ်နေပါစေ ၊ မြန်မာစကားပုံဆိုရိုးအတိုင်း
“ သိသာသိစေ ၊ မမြင်စေရ “အောင် ကျင့်သုံးရသည် ၊ မဟုတ်လျှင် အထက်ဖော်ပြပါ
Melody World မှ တက်လာသောအဆိုတော်မလေးကဲ့သို့ မိမိတို့၏ အနာဂတ်ဘ၀သည်
အလွဲမသွေ ပျောက်ဆုံးပါလိမ့်မည်၊ ကြုံ၍ တစ်ခု ၀န်ခံလိုက်ရပါဦးမည် ၊ မိမိ ဤဆောင်းပါး
လေးကိုရေးရန် လေ့လာသောအားဖြင့် လိင်ကိစ္စတို့ဖြင့်နာမည်ထွက်သော bloggerဆိုဒ်
များသို့ ၀င်ကြည့်ရာ တွေ့ရသည်က အံ့သြစရာကောင်းသလို ရယ်စရာလည်းကောင်းသည်၊
ရယ်လည်း ရယ်လိုက်မိပါသည် ၊ ကြည့်လေ ၊ vzoချက်ဆိုသော ဗွီဒီယိုဖိုင်တို့တွင်
တစ်ချို့ကောင်မလေးများက သူတို့၏အမြင်မတော်ရာကို ဖော်ချွတ်ပြကြသည့်အဖြစ်၊
ဒီကောင်မလေးတွေ ဘယ်လိုစိတ်ကူးနဲ့များ ဒီလိုလုပ်ရပါလိမ့်ဟု မိမိစဉ်းစားမရ ၊
ဖော်ချွတ်ပြတတ်သော သဘောသည် မိန်းမတို့၏ ၀ါသနာတစ်ခုပေလား ၊ ဆောရီး ၊
(ဤစကားရပ်တွင် တကယ့်ကို ဣနြေ္ဒသိက္ခာကြီးမားသော အမျိုးသမီးများမပါဝင်ပါ၊
မိမိပတ်ဝန်းကျင်တွင် အသက်ထက် အရှက်ကို ပိုတန်ဘိုးထားသော အမျိုးသမီးများစွာ
ရှိပါသည် ၊ ဤစကားရပ်သည် vzoချက်ဆိုသော ဗွီဒီယိုဖိုင်များကို လေ့လာကြည့်ပြီးနောက်
အမှတ်မထင်သုံးသပ်မိသော အတွေးမျှသာ ဖြစ်ပါသည်၊ )
vzoချက်ရာတွင် ၀ါသနာကြောင့်ပဲဆိုဆို တစ်ခြားဘာအကြောင့်ကြောင့်ပဲဖြစ်ဖြစ် ဖော်ချွတ်
ပြခြင်းသည်ကား ပြဿနာမဟုတ် ၊ ကိုယ့်ကိုယ်ပိုင် အခွင့်အရေးသာ ဖြစ်သည် ၊
ပြဿနာက မိမိပြလိုက်သော တစ်ဖက်ယောက်ျားလေးက ထိုပုံရိပ်ကို ဖမ်းယူထားပြီး
အင်တာနက်ပေါ်လွှင့်တင်ခြင်းပင် ဖြစ်သည် ၊ယခုကဲ့သို့ဖြစ်လာလျှင် မိမိ၏အနာဂတ်ဘ၀ကို
မထိခိုက်စေဦးတော၊့ မိမိကိုသိသော ပတ်ဝန်းကျင်မှာတော့ အရှက်ရဖို့ရာ များသည် ၊
ထို့ကြောင့် ခပ်လွယ်လွယ်ဖော်ချွတ်ပြတတ်သော ၊ ဖော်ချွတ်ပြချင်သောကောင်မလေးများ
အနေဖြင့် ဘာမဟုတ်သည့်ကိစ္စလေးတစ်ခုနှင့် မိမိတို့၏ရည်မှန်းချက်များ ၊ အနာဂတ်ဘ၀များ
အဖုအထစ်မဖြစ်စေရန် လေးလေးနက်နက်တွေးတောဆင်ခြင်သင့်ပါသည် ၊
ထို့ပြင် မိမိ၏၀ါသနာဆန္ဒအရ အမှတ်မထင်ပြုမူလိုက်မိသောကိစ္စရပ်လေးတစ်ခုက မိမိ၏
မိဘဆွေမျိုး မိတ်ဆွေ ညီအကိုမောင်နှမအားလုံးကိုပါ ထိခိုက်နိုင်ကြောင်း သတိပြုသင့်ပါသည်၊
ဤဆောင်းပါးတွင် မြန်မာ့လိင်မှုကိစ္စများကို ပညာပေးသဘောမဟုတ်ပဲ မသမာစိတ်ဖြင့်
နည်းမျိုးစုံဖြင့် ရယူပြီး အင်တာနက်ပေါ်လွှင့်တင်နေကြသူတို့အား တစ်စုံတစ်ခုပြောချင်မိ
သော်လည်း မိမိ၏ ပြောစကားသည် လုံးဝအရာထင်မည်မဟုတ်ပေ၊ ထိုသူတို့အတွက်
ကုရာနတ္ထိ ဆေးမရှိပေ ၊ နှမချင်း ကိုယ်ချင်းစာနာတတ်သောစိတ်ကလေး နည်းနည်းလောက်
ထားပေးနိုင်ကြလျှင်တော့ အထူးဝမ်းမြောက်ဖွယ်ရာ ဖြစ်ပေလိမ့်မည်၊
အထက်ပါစကားရပ်တို့ကို ခြုံငုံပြီး မိမိထပ်ပြောပါဦးမည် ၊ မှုဒိန်းမှုကဲ့သို့သော မတရား
အနိုင်ကျင့်စော်ကားခြင်း၊ သူတစ်ပါးမယားကို ကြာခိုခြင်း ၊သူတစ်ပါးလင်ယောက်ျားနှင့်
နောက်မီးလင်းခြင်းကိစ္စမျိုးမဟုတ်လျှင် အရွယ်ရောက်ပြီးသော ယောက်ျားမိန်းမတို့၏
နှစ်ဦးသဘောတူချစ်ရည်လူးသည့်ကိစ္စသည် အပြစ်မဟုတ် ၊ ယဉ်ကျေးမှုနှင့် မဆိုင် ၊
ဒီကိစ္စသည် ဘ၀တစ်ခုအတွက် အရေးပါသောစည်းစိမ်ဖြစ်သည် ၊ ခံစားလိုက ခံစားပိုင်ခွင့်
ရှိသည် ၊ ဘာသာရေးပုဂ္ဂိုလ်အနည်းငယ်မှတစ်ပါး အနန္တစကြာဝဠာတစ်ခုလုံး ဒီစည်းစိမ်ကို
ခံလည်း ခံစားနေကြသည် ၊သို့ရာတွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လက်ခံထားသော
လူ့စည်းမျဉ်းဥပဒေအရ သိုသိုဝှက်ဝှက် ခံစားဖို့လိုတော့ပါသည်၊ ဒီကိစ္စရပ်ကြောင့် မိမိတို့၏
အနာဂတ်ဘ၀ တိမ်းစောင်းသွားသည်အထိ မဖြစ်စေရပေ၊ ကိုယ့်ဘာသာရိုက်ကူး၍
အင်တာနက်ပေါ်လွှင့်တင်ခြင်းမျိုးမဟုတ်ပဲ မသမာသူများက ရိုက်ကူးလွှင့်တင်လိုက်
သောကြောင့် ထင်ထင်ရှားရှားဖြစ်လာသောချစ်ရည်လူးသည့်ကိစ္စရပ်များကိုလည်း
ယဉ်ကျေးမှုအမြင်ဖြင့် အပြစ်ရှုထောင့်ကမကြည့်ပဲ ကိုယ်နှင့်နှိုင်းယှဉ်၍ စာနာနားလည်
ပေးနိုင်ကြစေရေးသည် ဤဆောင်းပါး၏ ပဓာနရည်ရွယ်ရာ ဖြစ်ပါသည် ၊
မြေနိမ့်ရာ လှံမစိုက်ကြဖို့ အထူးပန်ကြားချင်ပါသည် ၊ အားလုံးကို ကျေးဇူးတင်ပါသည် ……..။

.. www.MyanmarExpress.net
 

7 comments:

ရွ တဲ့ ဟာ မ တွေ က ရွ ၊ ထ တဲ့ ဟာ မ တွေ က ထ သ လို ၊ ချ လို့  ရ ရ င် ချ ရ မှာ လဲ တို့  ယော င်္ကျား တွေ တာ ၀န် ပဲ ။ ယော င်္ကျားေ ကာ င်း ဖြစ် မှ မောင်း မ တစ် ထောင် လောက် ချ ရ မှာ မ မေ့ နဲ့  လေ ။ သူ့  ဟာ သူ အ ရွ လွန် လို့  အင် တာ နက် ပေါ် ရော က် တာ မ သ နား ဘူး ။ မိန်း မ က အ ခြေ ခံ အား ဖြင့် ၄ မျိုး ရှိ တယ် ။ မ ရွ ၊ နဲ နဲ ရွ ၊ တော် တော် ရွ နဲ့  စောက် ရ မ်း ရွ လို့  ခွဲ လို့ ရ တယ် ။ ယော င်္ကျား မှာ လဲ အဲ့ လိုလေး မျိုး ခွဲ လို့  ရ တယ် ။ အ သေး စိတ် သိ ချင် ရင် စွ ယ် စုံ ကျော် ထင် ကျမ်း ၀ယ် ဖတ် ။ စောက် ရ မ်း ရွ မ တွေ ဆို ရ င် အချိန် ပြည့် နီး ပါး အ ရ ည် ရ်ွှဲ နေ တာ ။ ခု အင် တာ နက် မယ် တွေ က ဥ ပ ဓိ ရုပ် အ ရ ဆို ရင် တော် တော် ရွ ထဲ မှာ ပါ တယ်။ နှာ ခေါင်း အ နေ အထား ကို ကြည့် ပြီး လေ့ လာ ဆုံး ဖြတ် ရင် တော် တော် နီး စပ် တယ် ။ အ ကြံ ပေး ချင် တာ က တော့ ခု လို တ လွဲ သနား မ နေ ပဲ မိန်း မ ကျမ်း ကျေ သူ တစ် ယောက် ဖြစ် အောင် လေ့ လာ စေ ချင် တယ် ။ လည် သူ စား စ တမ်း ပဲ ။ တကယ့် မိန်း မ ကောင်း မ ရွ လေး တွေ ကျ လျှို့  ၀ှက် အပ် တဲ့ နေ ရာ မှာ အ ရမ်း ရှက် တတ်ေ ကြာ က် တတ် တယ် ။ ဘ ၀ ပေး ကု သို လ် အ ရ ဖာ ဖြ၀် နေ ပါ စေ ၊ စိတ် ဓာတ် မြင့် မြတ် တယ် ။ စီး ပွား ရေး အ ရ ဆက် ဆံ နေ ရ တာ ပေ မယ့် မ လော် လီ ၊ မ ပြီ တီ ၊ မ က လက် တတ် ကြ ဘူး ။ မိန်း မ တစ် ယောက် ကို ကောင်း ကောင်း သုံး သပ် နိုင် သူ ယောင်္ကျား ကောင်း တွေ ဖြစ် ကြ ပါ စေ ။ heinsoe aung.

ဘု၇ား ဘု၇ား မိန်းကလေးတွေကို ဝေဖန်ထားတာ ကြောက်စ၇ာပါလား
နှာခေါင်းအနေအထားတဲ့
မွတ်စ်တွေလို ခေါင်းစည်းကို နှာခေါင်းအထိ စည်းသင့်ပြီထင်တယ်
ဆိုးရွားစွာ ဝေဖန်တတ်တဲ့ မြန်မာယောင်္ကျားများ -
မိန်းကလေးများရဲ့ အားနည်းချက်ကို အလေးထိုးပြီး မပြောတတ်တဲ့ အခြားနိုင်ငံသားများ -
ကွာတယ်နော် ----

hein soe aung philosophy is down to earth philosophy. He calls a spade a spade. He does not wishy washy around. Good.

ဟု တ် ပါ့  သယ် ရ င်း ရယ် ။ နှ မ ချင်း မစာနာ လိုက် တာ။ ဒီ ပုံ တာ ဆို သယ် ရင်းေ ပြာ သ လို နေ ခါ င်း လုံေ အာင် ဖုံး ထား မှ ပဲ။ကြောက်:-) စ ရာထကြီး။

**LAW LESS ACTIONS MUST BE STOPPED NOW**

1-THE ABOVE ARTICLE IS VERY GOOD AND RIGHT EXCEPT FEW POINTS.
2-ACCORDING TO THE TEACHING OF BUDDHA;PEOPLE
COMMITTED SEX WITHOUT MARRIAGE AND WITHOUT
PERMISSION FROM PARENTS AND GUARDIANS IS
CALLED ADULTRY;THE CONSENTED SEX BETWEEN TWO
ADULT IS NOT FREE FROM BLAME.
3-THEREFORE PEOPLE SHOULD ENJOY SEX AFTER
LEGALLY MARRY WITH FULL PERMISSION FROM THE
PARENTS AND GUARDIANS.
4-OF COURSE ALL WOMEN YOUNG OR OLD ARE PROTECTED BY GUARDIANS.
5-ALL BEINGS INCLUDING HUMAN BEINGS LIKE SEX
AND ENJOY SEX.
6-WE DO NOT SAY YES GO AHEAD FOR SEX BUT WE
ALL BETTER CONTROL SO THAT WE ALL CAN ENJOY
WITH CLEAN MIND,CLEAN MARRIAGE AND PEACEFUL
LIFE.
7-OF COURSE WE ALL SHOULD NOT TAKE VIDEO AND
VOICE RECORDING WITHOUT LEGALLY AGREE AND
PERMITTED BY PERSONS INVOLVED.
8-NOW DAY IN MYANMAR WE HAVE WELL ADVANCE
ELECTRONIC EQUIPMENT SUCH AS DIGITAL CAMERA,VIDEO CAMERA AND HAND PHONE ETC.. CAN RECORD VOICE AND VIDEO.
9-ACCORDING TO THE LAWS PRACTICING IN FOREIGN
COUNTRIES ALL RECORDING WITHOUT CONSENT IS
A CRIME AND BRING THE CASE TO COURT AND
DEFINITELY WILL GET A SEVERE PUNISHMENT.
10-THOSE RECORDING CANNOT USE AT THE COURT
OF LAW AS AN EVIDENCE IF RECORDED WITHOUT CONSENT BUT THE PERSON RECORD THE VOICE OR
VIDEO WILL GET PUNISHMENT BECAUSE THAT PERSON
BREAK THE LAW AND COMMITTED THE CRIME.
11-WE NEED NEW LAW TO PROTECT TO OUR GENERAL
PUBLIC.
12-WE NEED NEW LAWS TO STOP ALL THE UNAUTHORIZED VOICE AND VIDEO RECORDING SOONEST POSSIBLE.
13-SINCERELY REQUEST TO ALL LAW MAKERS PLEASE
INITIATE TO PUT NEW LAW TO THE PYI THU LUTTAW
FOR APPROVAL.
14-PEOPLE HAVE NO RIGHT TO PUT THE SECRET
RECORDING TO THE INTERNET.
15-WE HEARD SO MANY STORIES ABOUT HOTEL AND MOTEL STAFFS ARE SET UP VIDEO CAMERAS IN LIVING ROOMS AND RESTROOMS.
16-REQUEST ALL RESPONSIBLE GOVERNMENT MINISTRIES TO ISSUE DIRECTIVES AND ORDERS
TO ALL CONCERN TO STOP RECORDING
AND PUTTING IN INTERNET AND FACEBOOK.
17-PLEASE BRING THOSE CULPRIT TO THE COURT OF LAW WITHOUT FAIL.
18-WE LIKE TO ASK TO THOSE TROUBLE MAKERS ARE YOU LIKE TO ENJOY TO WATCH THE VIDEO AND VOICE RECORDINGS OF YOUR MOTHER,YOUR WIFE,YOUR
SISTERS,YOUR AUNTIES AND YOUR DAUGHTERS HAVING SEX WITH SOME ONE?
19-WE THINK NO BODY LIKE TO WATCH INVOLVING
OWN RELATIVE SO WHY INSULTING AND MAKING
SHY AND LOSS SOCIAL LIFE TO THE OTHERS.
20-THOSE CRAZY AND STUPID PERSONS SHOULD
WATCH YOURSELF IN THE MIRROR ABOUT YOUR SEX.

စောက်ရူး မင်းနှမနဲ့ငါသဘောတူချစ်ရည်လူးရင်
မင်းဘာမှမပြောဘူးပေါ့ မယူဘူးနော် ချစ်သူလည်း
မဟုတ်ဘူး လူးယုံတင်လေးပေါ့ ခနခနဆိုရင်တော့
ဖာသာသာပေါ့ကွာ မြန်မာလိုစဉ်းစားစာရေးတဲ့ကောင်ရဲ့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်