Subscribe to our RSS Feed

အတိတ်က သူရဲကောင်းတွေလား၊ ပစ္စုပ္ပန် အာဇာနည်တွေလား၊ အနာဂတ် ခေါင်းဆောင်တွေလား ???

From : ..မေတ္တာရေချမ်း


၈၈ ခုနှစ်တုန်းက ကျုပ် ၁၃ နှစ် အရွယ်ကလေးပါ၊ တောရွာမှာပေါက်ဖွားကြီးပြင်းခဲ့တော့ မြို့ကြီးပြကြီးတွေမှာ ၈၈ ခုနှစ်တုန်းက ဆန္ဒပြတာကိုမကြုံဘူး၊ မတွေ့ဘူးခဲ့ပါဘူး၊ ကလေးသဘာဝဆိုတော့ကျောင်းပိတ်တာကိုပဲ ပျော်နေရတာပေါ့ဗျာ... အဲ့နောက်တော့ရွာကလူကြီးအိမ်မှာ လူတွေစုရုံးစုရုံးနဲ့မို့ ကလေးသဘာဝသွားပြီးစပ်စုမိတယ်...

အား..လား...ကြောက်စရာလန့်စရာပါလားဗျာ၊ ဘေးကဦးလေးကို ဘာလဲလို့မေးကြည့်တော့ ၈၈ အရေးအခင်းက ဖြစ်ရပ်မှန်ဇာတ်ကား လှိုင်းကြီးလေထန်ဖြစ်ရပ်မှန် ကားတဲ့... ကျွန်တော်လဲကြောက်တာနဲ့ တစ်ယောက်ထဲ အိမ်မပြန်ရဲတော့ ဦးလေးကိုစောင့်ရင်း မရဲတရဲကြည်လိုက်ခေါင်းလွဲလိုက်နဲ့ပေါ့ဗျာ... လူတွေလဲသတ်တယ်ဗျာ၊ မီးတွေလည်းရှို့တယ်ဗျာ၊

အချို့ဆိုရက်ရက်စက်စက်ခေါင်းဖြတ်အသတ်ခံရတယ်ဗျာ၊ အမျိုးသမီးတစ်ယောက်ဆို ခေါင်းဖြတ်ခံရတာများ ခြေထောက်တွေတောင် တစ်ဆက်ဆက်တုန်နေရှာတယ်၊ အခုခေတ်လူသားစား လူရိုင်းကားလိုအင်မတန်ရက်စက်ကြမ်းကြုတ်တဲ့မြင်ကွင်းတွေပါဗျာ... အဲ့ဒီလို ကြည့်ရင်းလွှဲရင်းနဲ့ နောက်ဆုံး ငြိမ်းချမ်းသွားတဲ့အချိန်ကတော့ စစ်တပ်တွေဝင်လာတဲ့အချိန်ပါဘဲ။ ကြည့်ဘူးကြတဲ့ သူတိုင်းသိပါတယ်။

အဲ...အဲ့ဒီကနေပြီး ငြိမ်းချမ်းလာခဲ့တာ ဒီနေ့ အင်တာနက်စာမျက်နှာတွေမှာ ၈၈ မျိုးဆက်တွေက ၈ လေးလုံးငွေရတုကို ခြိမ့်ခြိမ့်သဲလုပ်နေကြတယ်ဆိုတဲ့အကြောင်းတွေ့တော့ ဟိုးငယ်ငယ်တုန်းကကြည့်ဘူးတဲ့ ဗွီဒီယိုကားကို ဘယ်လိုအသက်သွင်းကြအုံးမလဲလို့ စဉ်းစားမိတယ်...

တဖြည်းဖြည်းလည်းဆက်ပြီး စဉ်းစားမိတာ ၈၈ မျိုးဆက် ခေါင်းဆောင်များဆိုတော့ ၈၈ ခုနှစ်အရေးအခင်းဟာ ကိုမင်းကိုနိုင်တို့၊ ကိုကိုကြီးတို့ ဦးဆောင်ခဲ့တာလား၊ အဲ့ဒါဆို ဘာလို့အဲ့လောက်အကျည်းတန်အရုပ်ဆိုးအောင် ဦးဆောင်ခဲ့ကြတာလဲ... ဘာကြောင့်များ လူသားချင်းစာနာ ထောက်ထားမှုမရှိခဲ့တာလဲ၊

အဲ့ဒီအချိန်က နိုင်ငံတော် ရုပ်ဆိုးအကျည်းတန်ခဲ့မှုများကိုဘာကြောင့် မတားဆီး၊ မထိန်းသိမ်းခဲ့သလဲ၊ အခုရော ဘယ်လိုရည်ရွယ်ချက်နဲ့ ၈ လေးလုံးငွေရတုဆိုပြီး ၈၈ ခုနှစ်ကအကျည်းတန်မှုကို အသက်သွင်းချင်ရသလဲ၊ ယနေ့ခေတ် တည်ငြိမ်အေးချမ်းတိုးတက်နေတဲ့ အမိနိုင်ငံတော်ကို နောက်တစ်ကြိမ် ဆူပွက်အကျည်းတန်အောင်လုပ်ချင်နေကြလို့လား... စသဖြင့်ပေါ့ဗျာ


 .. www.MyanmarExpress.net
 

4 comments:

Min Ko Naing, Moe Thee Zun etc. are mentally sick people who look normal to common people. These mental disease can only be recognized by only expert Psychologists.

၁၉၈၈ မှာ မြို့တွေပေါ်မှာ ကျောင်းသားအမည်ခံဆူပူသောင်းကျန်းသူတွေက နိုင်ငံတော်ပိုင်၇ုံး စက်၇ုံ ကုန်လှောင်၇ုံ အေ၇ာင်းဆိုင်တွေကို လူအုပ်နဲ့ဝင်လု ဖျက်ဆီးမီး၇ှို့ လူအုပ်ထဲကလူတခိျု့ကိုဆွဲထုတ်ပီး ထောက်လှမ်းေ၇းလို့အတင်းစွပ်စွဲပီးခေါင်းဖြတ်သတ်နေကြလို့ တပ်မတော်ကမလွဲမေ၇ှာင်သာပဲဝင်ပီးထိန်းသိမ်းခဲ့၇တာ တပ်မတော်ကဝင်ထိန်းသိမ်းတာနောက်ကျသွား၇င် နောက်ထပ်ခေါင်းဖြတ်သတ်ပွဲတွေအများကြီးထပ်ဖြစ်အုံးမှာ (၈၈)ကျောင်းသားအမည်ခံဆူပူသောင်းကျန်းတဲ့ကောင်တွေက မြို့ပေါ်မှာခေါင်းဖြတ်သတ်လို့မ၇တော့တာတောင် တောထဲမှာကျောင်းသားသပုန်တပ် ABSDF ဖွဲ့ပီး သူတို့ကျောင်းသားသပုန်အချင်းချင်းထောက်လှမ်းေ၇းလို့အတင်းစွပ်စွဲ ကျောင်းသား(၁ဝဝ)ကျော်ကိုဖက်ဆစ်ဂျပန်တွေထက်အများကြီးပိုဆိုးတဲ့နည်းတွေနဲ့နှိပ်စက်ပီး ခေါင်းဖြတ်သတ်ပွဲတွေကိုဆက်လုပ်ကြလို့ ကျောင်းသား(၄ဝ)သေကုန်ကြတာပေါ့ နိုင်အောင် မိုးသီးဇွန်ေ၇ာ်နယ်အောင်နိုင် သံချောင်း ဆိုတဲ့လူသတ်ကောင်တွေကို ဘာမှနိုင်ငံေ၇းသမားစာ၇င်းထဲထည့်စ၇ာမလိုဘူး နိုင်ငံေ၇းသမားအဖြစ်လူ၇ာသွင်းစ၇ာမလိုဘူး ABSDF လူသတ်ကောင် နိုင်အောင် မိုးသီးဇွန် တို့ကိုစွဲဆိုထားတဲ့လူသတ်မှုတွေနဲ့ခုံ၇ုံးတင်စစ်ဆေးပီးအပြစ်ပေးဖို့ပဲလိုတယ်

MRTV က လှိုင်းကြီးလေ ထန် လေး ပြန်လည်တင်ဆက်ပေးပါအုံး။ နောက်ပေါက် လူငယ်တွေလဲ ကြည့်ရအောင်လေ...

There is a saying "Monkey see monkey do". You can precisely tell they are mentally illed people. So, what about you?

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်