Subscribe to our RSS Feed

ဘင်္ဂလားဒေ့ရှ်မှ ရခိုင် မျိုးနွယ်စုဝင်များ ဘင်္ဂါလီ တိုက်ခိုက်မှုကြောင့် အိန္ဒိယနယ်စပ် ထွက်ပြေးနေရ၊ ကင်တားနား နှင့် နိုဘယ်ဆုရှင်များ စိုးရိမ်ကြောင်းမပြောသေး

From : ..the voice


ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း တောင်တန်းဒေသ ခါ့ရ်ခရဆော်ရီ မြို့နယ်တွင် နေထိုင်သည့် ရခိုင် တိုင်းရင်းသား မျိုးနွယ်စုဝင်များ ဘင်္ဂါလီများ က တိုက်ခိုက်မှုကြောင့် ၁၅၀၀ ဦးခန့် အိန္ဒိယနိုင်ငံ နယ်စပ် ထရိပူရ ဒေသ များသို့ ထွက်ပြေး ခိုလှုံနေရကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖလောင်းချိတ် မြို့နယ်ရှိ အာတီဗာသိ အဖွဲ့မှ အတွင်းရေးမှူး ဦးဦးထွန်းလှက The Voice သို့ ပြောကြားသည်။

ဘင်္ဂါလီ အမျိုးသား ဆိုင်ကယ် ကယ်ရီသမား တစ်ဦးကို ရခိုင် တိုင်းရင်းသား များက ပြန်ပေးဆွဲထားသည်ဟု ကောလာဟလ သတင်း ထွက်ပေါ်ပြီးနောက် သြဂုတ်လ ၃ ရက်နေ့မှ စတင်ကာ ရခိုင် တိုင်းရင်းသား မျိုးနွယ်စုဝင်များ ဖြစ် သည့် မရာမာ၊ သက်၊ ဒိုင်းနက် မျိုးနွယ်စုဝင် အချို့ သတ်ဖြတ်ခံရပြီး နေအိမ် များ မီးရှို့ခံခဲ့ရကြောင်း ၎င်းက ဆိုသည်။

ယင်းတိုက်ခိုက်မှုတွင် ကျေးရွာ ၃ ရွာခန့် မီးရှို့ ဖျက်ဆီးခံရပြီး အိမ်ခြေ ၆၀ ခန့် ပျက်စီးသွားကာ လူ ၁၅၀၀ ကျော် အိန္ဒိယနယ်စပ် ကျေးရွာများတွင် ထွက်ပြေး ခိုလှုံနေကြာင်း ဦးဦးထွန်းလှက ထပ်မံပြော ကြားသည်။

ခါ့ရ်ခရဆော်ရီ မြို့နယ်အတွင်း ကျန်နေသော ဌာနေ တိုင်းရင်းသား ကျေးရွာ များမှာလည်း ဆက်လက် မနေထိုင်ရဲသဖြင့် အိန္ဒိယနိုင်ငံတွင် ခိုလှုံ နေထိုင်ခွင့် တောင်းခံနေကြကြောင်း အာတီးဗာသိ (မွတ်ဆလင် မဟုတ်သော ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် နေထိုင်သည့် ဌာနေ တိုင်းရင်းသား များ အဖွဲ့) အဖွဲ့ထံမှ သိရှိရသည်။

တိုက်ခိုက်မှုများသည် သြဂုတ်လ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ သုံးရက် ကြာ ဖြစ်ပွားခဲ့ကြောင်း ယင်းအဖွဲ့မှ သိရှိရသည်။

ဆိုင်ကယ် ကယ်ရီသမား ပြန်ပေးဆွဲခံရသည် ဆိုသည့်သတင်း မဟုတ်မှန်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ သတင်း မီဒီယာများတွင် ဖော်ပြခဲ့ကြောင်း ဖလောင်းချိတ် မြို့တွင် နေထိုင်သူ ဦးနိုင်နိုင်မှ ဆိုသည်။

ယင်းတိုက်ခိုက်မှုများကို တားဆီးပေးရန် သြဂုတ်လ ၅ ရက်နေ့က ပျက်စီး ဆုံးရှုံးသွားသည့် နေအိမ်များ နှင့် ပျက်စီး ဆုံးရှုံးမှုများကို အစိုးရ က ဖြေရှင်းပေးရန်၊ ယခင် ဆုံးရှုံးထားသည့် လယ်ယာမြေများကို ပြန်ပေးရန် ဖလောင်းချိတ်မြို့တွင် ရခိုင် တိုင်းရင်းသားများ ဆန္ဒပြခဲ့ကြကြောင်း ဖလောင်းချိတ် ဒေသခံများက ပြောကြားသည်။
 


 .. www.MyanmarExpress.net
 

2 comments:

UN human right groups and global eminent person should say something who are violating human right and who are making genocide , who are innocent ,,let me claims to the world , bangalis are making genocide the minority ethnics who are running and left their home to save their life

UN, Nobel prize winners are all biased toward Bengali.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်