From :
. .the voice.
ရခိုင်ပြည်နယ်ရှိ ဝေးလံခေါင်းပါး (လူမှုရေး ခက်ခဲ) သည့် မြို့နယ် လေးခုတွင် တာဝန် ထမ်းဆောင်နေသည့် နိုင်ငံ့ ဝန်ထမ်းများကို လစာ နှစ်ဆ တိုးမြှင့်ပေးရန် ပြည်ထောင်စု အစိုးရကို တောင်းဆိုသွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
ကားလမ်းများ မရှိဘဲ ရေလမ်းများကိုသာ အဓိက အားထားရပြီး လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့် မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပေါက်တောမြို့နယ်တို့ရှိ နိုင်ငံ့ ဝန်ထမ်းများကို လစာ နှစ်ဆ တိုးမြှင့်ရန် တောင်းဆိုရန် စီစဉ်ခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက် တွင် ဖော်ပြသည်။
“ဒီမြို့ လေးမြို့က သွားရေး လာရေး ခက်ခဲတယ်။ ပြည်မက ဝန်ထမ်းတွေ လည်း ဒီဒေသတွေမှာ တာဝန် ထမ်းရတာ အခက်အခဲ ဖြစ်ကြောင်း ပြောဆို ထားကြတယ်” ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်း ပြန်ကြားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးဦးလှသိန်းက ပြောကြားသည်။
ရခိုင်ပြည်နယ်တွင် လူမှုရေး ခက်ခဲသည့် ဒေသဟု သတ်မှတ်ထားသည့် မာန်အောင်၊ မောင်တော၊ တောင်ပြို လက်ဝဲ မြို့နယ်ခွဲတို့ရှိ ဝန်ထမ်းများမှာ လစာ နှစ်ဆ ရရှိနေကြကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။
ရခိုင်ပြည်နယ်ရှိ အဆိုပါမြို့နယ် လေး မြို့နယ်သည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်အပြင် ရခိုင်နှင့် ဘင်္ဂါလီများ နေထိုင်သည့် နေရာ ဖြစ်သဖြင့် အချို့နေရာများတွင် လုံခြုံရေးအတွက် စိုးရိမ်ရကြောင်း ဒေသခံများ ကို မေးမြန်းချက်အရ သိရှိရသည်။
. www.MyanmarExpress.net

.jpg)

1 comments:
မှန်တယ် ခွင့်ပြုသင့်တယ် ရှမ်းပြည်တောင်ပိုင်း၊လင်းခေးခရိုင်၊မိုးနဲမြို့  ကိုလည်းလစာနှစ်ဆတိုးပေးသင့်ပါတယ် ဘယ်ပါတီ ဘယ်အဖွဲ့ အစည်း၊ဘယ်လူကြီးကမှတင်ပြပေးခြင်းမရှိပါ။အကြောင်းက လင်းခေးခရိုင်ြုမို့နယ်လေးမြို့နယ်နဲ့  မြိုနယ်ခွဲနှစ်မြို့နယ်အနက်မိုးနဲမြို့တမြို့သာလစာနှစ်ဆမရခြင်းဖြစ်ပါတယ် မိုးနဲမြို့နယ်လက်အောက်ခံဖြစ်တဲ့ ကျိုင်းတောင်းမြို့နယ်ခွဲကိုတော့လစာနှစ်ဆသတ်မှတ်ပေးပါတယ် ဘာအကြောင်းကြောင့်လဲ။တချို့ ကမိုးနဲ-နမ်စန်ရထားလမ်းရှိလို့ လို့ဆိုပါတယ် အဲဒါကြောင့်ဆိုရင်မိုးနဲ-နမ်စန်ရထားလမ်းဟာလွန်ခဲ့တဲ့(၇)နှစ်လောက်ကတည်းက ပျက်စီးနေပြီးပြေးဆွဲခြင်းမပြုတော့ပါဘူး။ပြည်သူလူထုအတွက်လဲဘာအကျိုးမှမဖြစ်ထွန်းပါ။ တချို့ကမိုးနဲမြို့ဟာပြည်ထောင်စုလမ်းမကြီးနဲ့(၃၀)မိုင်သာကွာဝေးလို့လို့ဆိုပြန်ပါတယ်။ အဲဒီလိုဆိုရင် မိုးနဲမြိုနဲ့စာရင်ပြည်ထောင်စုလမ်းမနဲ့မိုင် (၅၀)လောက်ကွာဝေးတဲံ့ လင်းခေးမြို့၊မောက်မယ်မြို့ စတဲ့မြိုများရဲ့စားသောက်ကုန်ကျစရိတိ၊ကုန်ဈေးနှန်းတွေဟာဘာမှကွာခြားမှုမရှိပါဘူး၊တချို့ကုန်ဈေးနှုန်းတွေဟာမိုးနဲမြို့ထက်တောင်ပိုပြီးသက်သာ နေတာတွေ့နိုင်ပါတယ်။မိုးနဲမြို့ကနေအချိန် နှစ်နာရီသာမောင်းရင်ရောက်နိုင်တဲ့မိုးနဲလက်အောက်ခံကျိုင်းတောင်ြးိမို ခွဲကိုတော့ကောဘာကြောင့်လစာနှစ်ဆပေးရတာလဲ။စဉ်းစားမရတော့ပါ။ဘယ်လိုစံနှုန်းနဲ့သတ်မှတ်ြ့ပီးလစာနှစ်ဆပေးပါသလဲ။မိုးနဲမြို့နယ် အိမ်ထောင်ဦးစီးအောက်ခြေ၀န်ထမ်းမိသားစု(၄)ယောက်(၁)လကုန်ကျစရိတ်ဟာစားဖို့သက်သက်အတွက်အချွေသာဆုံး(၈၀၀၀၀ိ)ခန့်ရှိပါတယ်အခြားဝတ်စားဆင်ယင်မှု၊စရိတ်၊ကျန်းမာရေးစိရိတ်၊လူမှုရေးစရိတ်မပါ သေးပါ။ ဒါကြောင့်မိုးနဲမြို့ ကိုလည်းလစာနှစ်ဆတိုးပေးဖို့ ပေါင်းပြီးတင်ပြပေးစေလိုပါတယ်။ ကျွန်တော်တို့ရှမ်းပြည်အစိုးရ၊မြို့နယ်၊ခရိုင်နဲ့ မိုးနဲမြို့နဲ့သက်ဆိုင်တဲ့လွတ်တော်အမတ်တွေကတော့ အားကိုးမရ၊သုံးစားမရဘဲမိုးနဲမြိုကိုလစ်လျုရှုထားလို့ လူကြီးမင်းတို့ ရခိုင်ဲပြည်နယ်အစိုးရတင်ပြတဲ့အါးကိုးတကြီးတင်ပြပေးပါရန်မေတာရပ်ခံအပ်ပါတယ်ခင်ဗျား။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်