From :
..mwd
..
www.MyanmarExpress.net
တရုတ်နိုင်ငံမှ ရဲတပ်ဖွဲ့ ဝင်များသည်
သားဖွားနှင့် မီးယပ် ဆရာဝန် တစ်ဦးက တရားမဝင် ရောင်းချလိုက်သည့် ကလေး ငယ်
တစ်ဦးကို ကယ်တင်နိုင်ခဲ့ကာ ကလေး၏ မိဘများထံ ပြန်လည်အပ်နှံ နိုင်ခဲ့ကြောင်း
သြဂုတ် ၅ ရက်တွင် တရုတ် သတင်း မီဒီယာ တစ်ခု၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ကလေးငယ်သည် ယောက်ျားလေး ဖြစ်ပြီး
ရှန်ဇီပြည်နယ်တွင် ဇူလိုင် ၁၆ ရက်က မွေးဖွားခဲ့သူဖြစ်ကြောင်း၊ ၎င်းကလေးငယ်ကို
ဟေနန် ပြည်နယ်တွင် သြဂုတ်၎ရက် အစောပိုင်းက တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊
ကလေးငယ်၏ မျိုးရိုး ဗီဇနှင့် ပတ်သက်၍ အတည်ပြုချက် ရယူနိုင်ရန် DNA စစ်ဆေးမှု
များ ပြုလုပ်ခဲ့ကြကြောင်း ၎င်းသတင်း ဌာနက ပြောကြား ခဲ့သည်။
ဖြစ်စဉ်မှာ အဆိုပါ သားဖွားမီးယပ်
ဆရာဝန်သည် ကလေးငယ်၌ အလွန်ဆိုးရွားသော မွေးရာပါ ရောဂါ ပါလာခြင်းကြောင့်
ကလေးငယ်ကို ၎င်းထံတွင် အပ်နှံ၍ ဆေးကုသမှု ပြုလုပ်ပေးရန် မိဘများအား
ပြောကြားခဲ့ခြင်း ဖြစ်ပြီး မိဘများကလည်း ကလေးငယ်ကို ဆရာဝန်ထံတွင်
အပ်နှံခဲ့ကြောင်း၊ အပ်နှံခဲ့ပြီးနောက် မိဘ နှစ်ပါးသည် ၎င်းတို့ အလှည့်စားခံ
လိုက်ရ သည်ဟု သံသယဖြစ်ရာမှ ရဲတပ်ဖွဲ့ထံ အကြောင်းကြား ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။


0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်