Subscribe to our RSS Feed

တရုတ်(တိုင်ပေ)မှ အမျိုးသမီး တစ်ဦး မွေးနေ့တွင် လေယာဉ်ပေါ်မှ ခုန်ချ သေကြောင်းကြံ

From : .. မြဝတီ

တရုတ်(တိုင်ပေ)မှ ဆုယန်အမည်ရှိ အသက် ၂၁ နှစ်အရွယ် အမျိုးသမီး တစ်ဦးသည် သူမ၏ မွေးနေ့တွင် အပေါ့စား လေယာဉ် တစ်စင်းပေါ်မှ ခုန်ချ၍ သူမကိုယ်သူမ အဆုံးစီရင် ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
ဖြစ်ပွားပုံမှာ ဆုသည် သူမ၏ သူငယ်ချင်းဖြစ်သူ ရှင်ကျန်းနှင့် အတူ တိုင်ဘန်း ခရိုင်တွင် ဇူလိုင် ၃၁ ရက်က လေယာဉ်လိုက်ပါ စီးနင်းနေစဉ် မီတာ ၁ဝဝ အမြင့်သို့ အရောက်၌ ထိုင်ခုံ ခါးပတ်ဖြုတ်၍ ခုန်ချခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထိုအချိန်၌ ကျန်းသည် သူမအား လှမ်းဆွဲ ရန် ကြိုးပမ်းသော်လည်း မအောင်မြင် ခဲ့ကြောင်း၊ ထို့နောက် လေယာဉ်ပေါ်တွင် သူမချန် ခဲ့သည့် မှတ်စုစာအုပ် တစ်အုပ်ကို ရဲတပ်ဖွဲ့ဝင်များက တွေ့ရှိခဲ့ကြောင်း သိရသည်။  ၄င်းစာ အုပ်တွင် သူမဘဝသည် မည်သည့် အဓိပ္ပာယ်မှ  မရှိသောကြောင့် အသက်ဆက်ရှင်လိုသည့်  ဆန္ဒ မရှိကြောင်းနှင့် သူငယ်ချင်းဖြစ် သူ ကျန်းကိုလည်း တောင်းပန်ကြောင်းကို ရေးသား ထားကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောကြား ထားသည်။


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်