ဒေါ်ချိုချိုကျော်ငြိမ်း။ ။စစ်ထောက်လှမ်းရေး ဆိုပီးသတ်ခံရတဲ့ကျောင်းသား တပ်မတော် ကမောင်မောင်ကြွယ်က ငါ့မွေးစားသား ဒီကိစ္စ မင်းတာဝန်ယူရမယ်.... မင်းမှာကလေးရှိလား ဆိုတော့မရှိဘူး.... မင်းတနေ့ဝဋ်လည်မယ်...
တရားခံ ၈၈ ကျောင်းသား နိုင်အောင်။ ။ အန်... အဲဒါ... ဒါက ဒီလိုရှိပါတယ်... ကျွန်တော်တို့ကျောင်းသားတွေက ခုနကပြောသလို... အစိုးရမကောင်းတော့ အခြေအနေရ သတ်ရတာပါ..
ကျောင်းသား တပ်မတော် ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင်ကို ဒေါ်ချိုချိုကျော်ငြိမ်းက
သူမ၏မွေးစားသား အ.က.သ က ကိုမောင်မောင်ကြွယ် ကို ၈၈ မျိုးဆက် ကျောင်းသားများက ကျာင်းသားအချင်းချင်းသတ်ဖြတ်ခဲ့တာနဲ့ပတ်သပ်လို့ပြောဆိုနေတာဖြစ်ပါတယ်။
ရှစ်လေးလုံး အရေးတော်ပုံ တွင် ပါဝင်ခဲ့သူ ဒေါက်တာနိုင်အောင်ဟာ ကျောင်းသား တပ်မတော် မြောက်ပိုင်း ဥက္ကဌဟောင်း ကိုထွန်းအောင်ကျော် ခေါင်းဖြတ် သတ်ခံရမှု အတွက် ကိုထွန်းအောင်ကျော်ရဲ့မိခင်က လူသတ်မှုဖွင့် ထားတာကိုခံထားရသူ ဖြစ်ပြီး အလားတူ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် မိုးသီးဇွန် မှာလည်း လူသတ်မှုဖြင့် အမှုဖွင့် ခံထားရသူဖြစ်ပါတယ်။ ယခု ကျင်းပတဲ့ ရှစ်လေးလုံး ငွေရတု ပွဲကြီးမှာ ကျောင်းသားအချင်းချင်းသတ်ဖြတ်မှုနဲ့ တရားစွဲခံထားရသူ အဆိုပါ နှစ်ဦးက အသတ်ခံရသူ ကျောင်းသားများရဲ့ မျက်နှာကို မထောက်ပဲ မျက်နှာပြောင်တိုက်ကာ မိန့်ခွန်းတွေ တက်ပြောပြီး အခြား ကျောင်းသားဆိုသူများ ကလည်း သေဆုံးသူ ကျောင်းသား တပ်မတော်သားများ အတွက် တခွန်းမှ မပြောခဲ့ကြပေ။
ရှစ်လေးလုံး အရေးတော်ပုံ တွင် ပါဝင်ခဲ့သူ ဒေါက်တာနိုင်အောင်ဟာ ကျောင်းသား တပ်မတော် မြောက်ပိုင်း ဥက္ကဌဟောင်း ကိုထွန်းအောင်ကျော် ခေါင်းဖြတ် သတ်ခံရမှု အတွက် ကိုထွန်းအောင်ကျော်ရဲ့မိခင်က လူသတ်မှုဖွင့် ထားတာကိုခံထားရသူ ဖြစ်ပြီး အလားတူ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် မိုးသီးဇွန် မှာလည်း လူသတ်မှုဖြင့် အမှုဖွင့် ခံထားရသူဖြစ်ပါတယ်။ ယခု ကျင်းပတဲ့ ရှစ်လေးလုံး ငွေရတု ပွဲကြီးမှာ ကျောင်းသားအချင်းချင်းသတ်ဖြတ်မှုနဲ့ တရားစွဲခံထားရသူ အဆိုပါ နှစ်ဦးက အသတ်ခံရသူ ကျောင်းသားများရဲ့ မျက်နှာကို မထောက်ပဲ မျက်နှာပြောင်တိုက်ကာ မိန့်ခွန်းတွေ တက်ပြောပြီး အခြား ကျောင်းသားဆိုသူများ ကလည်း သေဆုံးသူ ကျောင်းသား တပ်မတော်သားများ အတွက် တခွန်းမှ မပြောခဲ့ကြပေ။
.. www.MyanmarExpress.net

.jpg)
.jpg)
.jpg)

35 comments:
Myanmar Express
From : ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားများ
ကျောင်းသား သတ်သမား မိုးသီးဇွန် နှင့် နိုင်အောင် တို့အား အရေးယူပေးပါရန် ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားများ တောင်းဆို
(ပေးစာ - ၁၆၇)
ABSDF လူသတ်သမား နိုင်အောင် နှင့် မိုးသီးဇွန် ဆိုတဲ့ ဒေါင်းယောင်ဆောင်ထားသော ဠင်းတများ၊ သိုးရေခြုံထားသော ဝံပုလွေများကို အသိအမှတ်ပြုပြီး မဆက်ဆံဘို့ တိုက်တွန်းချင်ပါတယ်
အဝေးကကြည့်လျှင် ဒေါင်းဟုထင်ရသော်လည်း ထဲထဲဝင်ဝင်လေ့လာကြည့်လျှင် ဠင်းတ ဖြစ်နေသည့် လူသတ်သမား နိုင်အောင် နှင့် လူသတ်သမား မိုးသီးဇွန်
၁၉၈၈ ဒီမိုကရေစီ အရေးအခင်းကြီး အပြီး ကျောင်းသားတွေ နယ်စပ်ဒေသများကို ထွက်ခဲ့စဉ်က အများစုဟာ အသက် ၁၉-၂၀ ပတ်ဝန်းကျင်တွေ များပါတယ်။ တချို့ ၁၄-၁၅ နှစ် အရွယ် ငယ်ရွယ်သူတွေ ပါသလို၊ မိုးသီးနှင့် နိုင်အောင်တို့လို ၂၆-၂၇ နှစ် အရွယ်ရောက်ပြီးသူများလဲ ပါခဲ့ကြပါတယ်။
စစ်တပ်ကို လက်နှက်ကိုင်ပြီး ပြန်တိုက်မယ် ဆိုပြီး ထွက်ခဲ့ကြတာပါ။ အဓိကကတော့ ယုံကြည်ချက် နဲ့ အပေါင်းအသင်းတွေကြောင့်ဆို မမှားပါဘူး။ စာသင်ခန်းတွေ၊ မိသားစုတွေ၊ မိဘရင်ခွင်တွေကို စွန့်ပြီး ထွက်ခွာခဲ့ကြတဲ့ သူတွေပါ။
စဉ်းစားကြည့်ပါ၊ တရားဥပဒေ စိုးမိုးမူ မရှိတဲ့ နယ်စပ် လက်နက်ကိုင်ဒေသမှာ မိဘရင်ခွင်ထဲမှ ရုတ်တရက် ခွဲထွက်လာခဲ့တဲ့ ငယ်ရွယ်သူများအတွက် အဓိက မှီခိုအားထားစရာ အဖြစ် သူတို့မိသားစု နေရာမှာ ဘယ်သူကို အစားထိုးမလဲ။ သူတို့ရဲ့ တော်လှန်ရေး အဖွဲ့အစည်း၊ သူတို့ရဲ့ ခေါင်းဆောင်ဆိုသူများနဲ့ သူတို့ရဲ့ အပေါင်းအသင်း အချင်းချင်း တွေဟာ သူတို့ရဲ့ မိသားစုပဲပေါ့။
နယ်စပ်မှာ ကျောင်းသားအချို့ ရန်သူ့လူဟု စွပ်စွဲ ခံရပြီး လူမျိုးစု အဖွဲ့အစည်းများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ အကျည်းတန်ဆုံးနဲ့ ရင်နာစရာ အကောင်းဆုံးက "ကျောင်းသား" ဆိုတဲ့ အမည်ခံထားတဲ့ ခေါင်းဆောင် ဆိုသူအချို့က အုပ်စုဖွဲ့ပြီး ကျောင်းသားတွေကို ရန်သူ့လူအဖြစ် စွတ်စွဲပြီး ညှင်းပန်းနိုပ်စက် သတ်ဖြတ်ခဲ့ခြင်းပါဘဲ။
မိမိကိုယ်ကျိုးအတွက် တခုမှမပါဘဲ တိုင်းပြည်အတွက် ဆိုပြီး မိဘတွေကို စွန့်ပြီး ထွက်လာကြတဲ့ ကျောင်းသားလူငယ်တွေဟာ လပေါင်းများစွာ လူမဆန်စွာ ညှင်းပန်းနိုပ်စက်ခံပြီးမှ သတ်ဖြတ်ခံခဲ့ကြရတာပါ။ တစ်ရက် မဟုတ်ဘူး၊ တစ်ပတ် မဟုတ်ဘူး၊ တစ်လ မဟုတ်ဘူး၊ လပေါင်းများစွာ ရက်ရက်စက်စက် ညှင်းဆဲပြီးမှ တရိစ္ဆန်တွေလို သတ်ခဲ့ကြတာပါ။
· မိုးသီးဇွန်က ကိုဌေးနိုင် (၁၉၈၈ တွင် သင်္ချာံ နောက်ဆုံးနှစ်ကျောင်းသား၊ လက်ရွေးစဉ် ဘောလီဘောသမား၊ ရန်ကုန် တက္ကသိုလ်) ကို စစ်တပ်သူသျှို အဖြစ် စွပ်စွဲပြီး ဖမ်းဆီးခဲ့ပါတယ်။
· နည်းပေါင်းစုံနဲ့ တရိစ္ဆန်တကောင် လို ရက်ရက်စက်စက် စစ်ဆေးခဲ့တယ်။
· ထိုင်လို့ ထလို့ မရတဲ့ မြေကြီးကျွင်းထဲ မှာ လပေါင်းများစွာ ထားခဲ့တဲ့အတွက် ကိုဌေးနိုင် တကိုယ်လုံး ခေါင်းမှအစ ခြေထောက်ထိ ပွေးများစွဲပြီး တကိုယ်လုံး နူခဲ့ရပါတယ်။
· ကိုဌေးနိုင်ကို ထဲ့ထားတဲ့ အချုပ်ကျွင်း ကိုစောင့်ရတဲ့ ABSDF ကျောင်းသားလေး က "ကိုဌေးနိုင်က မျက်ရည်တွေ ကျပြီး သူကို သတ်ပြစ်ပေးဘို့ သူ့ကို တောင်းပန်ခဲ့တယ်" လို့ ပြန်ပြောပြခဲ့ဘူးပါတယ်။
· မိုးသီးဇွန်က ဌေးနိုင်ကို လွယ်လွယ်ဖြင့် သေခွင့် မပေးခဲ့ပါဘူး။ အချိန်ကြာမြင့်စွာ အားရအောင် ညှင်းဆဲပြီး နောက်ဆုံး စခန်းပြောင်းရသည့် အချိန်ကြမှ သတ်ပစ်ခဲ့ပါတယ်။
ဌေးနိုင်ကို သိကြတဲ့ သူများအားလုံး ဌေးနိုင်ဟာ တော်တော် သတ္တိကောင်းပြီး စိတ်ခိုင်မာတဲ့သူ ဖြစ်တယ် ဆိုတာကို သိကြပါတယ်။ ကိုဌေးနိုင်ရဲ့ ညီအကို မောင်နှမ အားလုံးဟာ ၁၉၈၈ အရေးအခင်းကြီးမှာ တက်ကြွစွာ ပါဝင်ခဲ့ကြသူတွေပါ။
· နိုင်အောင် (ယခု မြန်မာပြည်ရောက်နေသူ) နှင့် အောင်နိုင် (ထိုင်းနိုင်ငံ) တို့ ခေါင်းဆောင်ပြီး ကျောင်းသား ကျောင်းသူ ၁၀၀ ခန့် ကို အစိုးရသူသျှိုများ အဖြစ် စွတ်စွဲပြီး ဖမ်းဆီးခဲ့ပါတယ်။
· လပေါင်းများစွာ တော်ရုံလူ မကြားဝံ့ရဲလောက်အောင် ရုပ်မာရက်စက်သော နည်းလမ်း များဖြင့် ညှင်းပန်းနိုပ်စက်ပြီး ၃၈ ယောက်ကို သတ်ဖြတ်ခဲ့ပါတယ်။
· အများစုဟာ ခေါင်းဖြတ်သတ်ခြင်း ခံရပါတယ်။
· အသက် ၁၉ နှစ်အရွယ်တွင် တောခိုခဲ့သော ကျောင်းသူ မခင်ချိုဦးအား မသတ်ခင် ညှင်းပန်းသော ကာလများ အတွင်း သတ်ဖြတ်ခံရသော ကျောင်းသားတဦး၏ ရုပ်လောင်းအား လူအများရှေ့တွင် ကာမ စပ်ရှက်ခိုင်းခြင်း၊
· မခင်ချိုဦး၏ မိန်းမ အင်္ဂါံအတွင်း ဒုတ်ဖြင့်ထိုးကာ ရှာဖွေခြင်း၊ ပါးစပ်အတွင်း ဒါးမြောင်ဖြင့် ထိုးမွှေကာ စစ်ဆေးခဲ့ပါသည်။
· ဖမ်းဆီးခံ ကျောင်းသားများ၏ ခြေ လက်များတွင် မိုင်းဗုံးများ ချီနှောင်၍ ပြေးခိုင်းခြင်း။
· လက်ချောင်းများဖြတ်၍ လည်ပင်းတွင် ပြန်ဆွဲခိုင်းထားခြင်း၊ လက်ကို ခုတ်ဖြတ်၍ ပါးစပ်တွင် ပြန်ကိုက်ခိုင်းခြင်း။
· ခေါင်းဖြတ်၍သတ်ခံရသည့် သူ၏ လည်ပင်းပြတ်မှ ထွက်သော သွေးကို တခြားဖမ်းဆီးခံ ကျောင်းသားတစ်ယောက်အား သောက်ခိုင်းခြင်း။ တို့အပြင် အခြားနည်းလမ်းပေါင်းစုံဖြင့် မသတ်ခင် လပေါင်းများစွာ ညှင်းဆဲနှိပ်စက်ခဲ့ပါတယ်။
မိဘအရွယ် ရောက်လာကြပြီ ဖြစ်တဲ့၊ ကိုယ်ကိုယ်တိုင် မိဘဖြစ်လာပြီ ဖြစ်တဲ့ ကျနော်တို့တတွေ မိဘမေတ္တာ နှင့် သံယောဇဉ်ကို ပိုနားလည်လာကြပါပြီ။ ခုလိုအချိန်မှာ အပြောင်းအလဲတွေဖြစ်ပြီး ကျောင်းသားတွေ မြန်မာပြည် ပြန်လာကြပြီ ဆိုတော့ သက်ရှိထင်ရှား ရှိသေးတဲ့ မိဘတိုင်း သူတို့ရဲ့ သားသမီးတွေကို မျော်ကြမှာပါ။ ညီတွေ ညီမတွေက အကိုတွေ အမတွေကို မျော်ကြမှာပါ။
နိုင်အောင် နှင့် မိုးသီးဇွန် တို့ သတ်ဖြတ်ခဲ့တဲ့ ကျောင်းသားလေးတွေရဲ့ မိဘတွေ ညီအကိုမောင်နှမတွေ နေရာမှာ ကိုယ်ချင်းစာကြည့်ကြပါ။ သူတို့လဲ အခြားမိသားစုတွေလို မျော်ချင်ကြမှာပါ။ အခြားမိသားစုတွေ ပြန်လည် ဆုံစည်းလို့ ပျော်ရွှင်နေချိန်မှာ သူတို့ သားသမီးတွေ ဘယ်တော့မှ ပြန်မလာတော့ဘူး ဆိုတဲ့ အသိက သူတို့ကို ဘယ်လောက် ကြေကွဲစေမယ်ဆိုတာ စဉ်းစားစရာ မလိုပါဘူး။
အဆိုးဆုံးက သူတို့ သားသမီးတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ မိုးသီးဇွန် နှင့် နိုင်အောင်တို့ က သူရဲကောင်းတွေလို မြန်မာပြည် ပြန်ရောက်လာကာ ဒီမိုကရေစီ နှင့် လူအခွင့်ရေး အကြောင်းတွေ ပြောနေကြပြီး အစိုးရကိုယ်တိုင် အပြင် မီဒီယာတွေ နဲ့ ဒီမိုကရေစီသမား ဆိုသူတွေက ချီးမြောက် ဆက်ဆံနေတာကို တွေတဲ့အခါမှာ သူတို့ ဘယ်လောက် အားငယ်မလဲ။
ဒီမိုကရေစီ အတွက် ဆိုပြီး သူတို့ရင်ခွင်က ထွက်သွားခဲ့တဲ့ သတ်ဖြတ်ခံခဲ့ရတဲ့ သူတို့သားသမီးတွေ အတွက် ဘယ်လောက် ယူကြုံးမရ ဖြစ်ကြမလဲ၊ ဘယ်လောက် ခံစားကြရမလဲ။
အဲဒီတော့ ပြည်တွင်းမှာ ရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များအားလုံး အနေဖြင့် သတ်ခံခဲ့ရတဲ့ ကျောင်းသား ကျောင်းသူ အားလုံး၊ သူတို့မိဘများ၊ မိသားစုများ နှင့် ကျနော်တို့အားလုံး အဖြူစင်ဆုံး ပါဝင်ခဲ့ကြတဲ့ ၈၈၈၈ အရေးတော်ပုံကြီး မျက်နှာထောက်ပြီး ဒီ နိုင်အောင် နှင့် မိုးသီးဇွန် ဆိုတဲ့ လူသတ်သမားများကို အသိအမှတ်ပြုပြီး မဆက်ဆံဘို့ တိုက်တွန်းချင်ပါတယ်။
အဲဒီနေရာမှာ______________
ဒါတွေဟာ တောထဲမှာ ဖြစ်ခဲ့တာ၊ ပြီးခဲ့တာ ပြီးခဲ့ပြီ၊
ငါတို့နဲ့ဘာမှမဆိုင်ဘူး၊ ငါတို့ဟာ နာမည်ကြီးတွေဘဲ၊ ဆင်သွားရင် လမ်းဖြစ်တယ်၊
မိုးသီးဇွန်ဟာ ငါတို့ ဗကသ ကလူ၊
နိုင်အောင်ဟာ ခင်ဥမ္မာ ယောင်္ကျား၊ ငါတို့ မကသ ကလူ၊
ငါတို့ကို အများကြီးထောက်ပံ့ ခဲ့တဲ့သူ၊ ____________
ဆိုတဲ့ အတွေးမျိုးတွေနဲ့ အသိအမှတ်ပြု ဆက်ဆံခဲ့မယ် ဆိုလျှင်
သတ်ခံခဲ့ရတဲ့ ကျောင်းသားကျောင်းသူများနှင့် သူတို့ရဲ့ မိသားစုများသာမက ခင်များတို့အားလုံးကို လူအခွင့်အရေး နှင့် တရားမျှတမူ တိုက်ပွဲရဲ့ ခေါင်းဆောင်များအဖြစ် အသိအမှတ်ပြုထားတဲ့သူ အားလုံးနှင့်တကွ ဒီမိုကရေစီရေးတခုလုံးကို စော်ကားလိုက်တာပဲ ဖြစ်မယ်။
တချိန်တည်းမှာ သမ္မတကြီး ဦးသိန်းစိန် နှင့် ဝန်ကြီး ဦးအောင်မင်း တို့အနေဖြင့်လည်း ခုလို အပြောင်းအလဲကာလမှာ အတိုက်အခံအုပ်စုများ အားလုံးနှင့် ညှိ့နှိုင်းဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ အမျိုးသားညီညွတ်ရေးအတွက် ကြိုးပမ်းခြင်းများ အပေါ် အားလုံးက ထောက်ခံအားပေးကြတယ် ဆိုတာကို သိစေချင်ပါတယ်။ ဒါပေမဲ့ ဒီသတ်ဖြတ်မူတွေဟာ ငါတို့ တပ်မတော်ကို တိုက်ခိုက်တော်လှန်နေခဲ့တဲ့ အချိန်မှာ သူတို့အချင်းချင်း ဖြစ်ခဲ့တာ၊ ငါတို့ အုပ်ချုပ်မူ မရှိတဲ့ ဒေသမှာဖြစ်ခဲ့တာ ငါတို့နှင့်မဆိုင်ဘူး ဆိုပြီး မိုးသီးဇွန် နှင့် နိုင်အောင် တို့ကို အသိအမှတ်ပြု ဆက်ဆံမည် ဆိုလျှင် ခင်ဗျားတို့ ကြိုးစားခဲ့တဲ့၊ စေတနာထားခဲ့တဲ့ အမျိုးသားညီညွတ်ရေး လုပ်ငန်းစဉ်များကို ထိခိုက်ရုံသာမက ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး ချစ်မြတ်နိုးသူ အားလုံးကို စော်ကား မထီမဲ့မြင် ပြုလိုက်ခြင်း ဖြစ်ပါလိမ့်မယ်။ သမ္မတကြီးတို့အနေဖြင့် မြန်မာသမိုင်းမှာ ဒီလို အရုပ်ဆိုး အကျည်းတန်လှတဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့ သတ်ဖြတ်မူကြီးမှာ ဘယ်လို ရပ်တည်ခဲ့တယ်၊ ဘယ်လို တာဝန်ယူ ဖြေရှင်းပေးခဲ့တယ်၊ ကျန်ရစ်သူမိသားစုတွေကို ဘယ်လိုနှစ်သိမ့်မူမျိုး ပေးနိုင်ခဲ့တယ် ဆိုတာ သမိုင်းမှာ မှတ်တမ်းတင် ကျန်ရစ်ခဲ့မှာပါ။ အဓိကကတော့ သမ္မတကြီးတို့အနေနဲ့ မိဘချင်း ကိုယ်ချင်းစာနိုင်မယ်လို့ ယုံကြည်ပါတယ်။
ပြည်တွင်းမှာရှိတဲ့ ကျောင်းသားအားလုံး နှင့်တကွ လူ့အခွင့်အရေး မြတ်နိုးသူ အားလုံးအနေဖြင့် ကျောင်းသား သတ်သမား မိုးသီးဇွန် နှင့် နိုင်အောင် နှစ်ယောက်စလုံးအား သူတို့ ကျုးလွန်ခဲ့သော လူမဆန်သည့် ရာဇဝတ်မူများအတွက် ပြန်လည်ပေးဆပ်ရမယ် ဆိုတာကို သူတို့ သဘောပေါက်ရန် ဝိုင်းဝန်း ဆောင်ရွက်ကြဘို့ တိုက်တွန်းလိုက်ပါတယ်။ နောက်ဆုံးအနေနဲ့ ကျနော်တို့အားလုံး ကိုယ်ချင်းစာ နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။
နိုင်အောင် နှင့် မိုးသီးဇွန် ဟာ အဝေးကကြည့်လျှင် ဒေါင်းဟုထင်ရသော်လည်း ထဲထဲဝင်ဝင် လေ့လာကြည့်လျှင် ဠင်းတ ဖြစ်နေသည့် လူသတ်သမားများ ဖြစ်ပါတယ်။
လူသတ်သမား နိုင်အောင် နှင့် လူသတ်သမား မိုးသီးဇွန် ဆိုတဲ့ ဒေါင်းယောင်ဆောင်ထားသော ဠင်းတများ၊ သိုးရေခြုံထားသော ဝံပုလွေများကို အသိအမှတ်ပြုပြီး မဆက်ဆံဘို့ တိုက်တွန်းချင်ပါတယ်။
From : ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားများ
ABSDF လူသတ်သမား နိုင်အောင် နှင့် မိုးသီးဇွန် ဆိုတဲ့ ဒေါင်းယောင်ဆောင်ထားသော ဠင်းတများ၊ သိုးရေခြုံထားသော ဝံပုလွေများကို အသိအမှတ်ပြုပြီး မဆက်ဆံဘို့ တိုက်တွန်းချင်ပါတယ်။
နိုင်အောင် နှင့် မိုးသီးဇွန် ဟာ အဝေးကကြည့်လျှင် ဒေါင်းဟုထင်ရသော်လည်း ထဲထဲဝင်ဝင် လေ့လာကြည့်လျှင် ဠင်းတ ဖြစ်နေသည့် လူသတ်သမားများ ဖြစ်ပါတယ်။
(၂၀၁၂ ခု ဒီဇင်ဘာလ (၂၃) ၇က် တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့တွင် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ တွင် သမ္မတ လုပ်လိုကြောင်း ပြောဆိုလိုက်သည်တွင် ရန်ကုန်မြို့ရှိ မြန်မာ့သင်္ကတ တန်ခိုးအကြီးဆုံး ရွှေတိဂုံစေတီတော်မြတ်ကြီးပေါ်တွင် ဠင်းတများ လာရောက်နားခိုခြင်း ဖြစ်ပွါးခဲ့သည် ။
မြန်မာ့သင်္ကတ တန်ခိုးအကြီးဆုံး ရွှေတိဂုံစေတီပေါ်မှာ လာနားသွားတဲ့ ငှက်ကြီးတွေကိုအဝေးကကြည့်ပြီး ဒေါင်းလို့ထင်နေရာက ကင်မရာများဖြင့်အနီးကပ် ဆွဲယူကြည့်ရှုမိမှ ဠင်းတများ ဖြစ်နေသဖြင့် ပြည်သူအများစိတ်ပျက်သွားကြရသည့်အဖြစ်အပျက်မှာ ဠင်းတများသည် ဒေါင်းယောင်ဆောင်ပြီး မြန်မာ့အထွတ်အမြတ်နေရာကိုတက်လာသည့် နိမိတ်ကိုပြခြင်းဖြစ်ပေသည်။
ABSDF လူသတ်သမား နိုင်အောင် နှင့် မိုးသီးဇွန်လို မြန်မာ့နိုင်ငံရေးစင်မြင့်ပေါ်ကိုတက်လာသည့် ဒေါင်းယောင်ဆောင်ထားသော ဠင်းတများကို သတိထားပြီးရှောင်ရှားကြရန် နိမိတ်ကိုပြခြင်းလည်းဖြစ်ပေသည်။)
ကျောင်းသားသပုန်တပ်မှာ ဒီလောက်လူတွေအများကြီးကိုသတ်ထားတဲ့ လူသတ်တ၇ားခံ နိုင်အောင် ဆိုတဲ့ကောင်က ဇီးကင်းလောက် မျက်နှာဘေးလေးနဲ့ မျက်နှာပြောင်တိုက်နိုင်သေးတယ်။
နိုင်အောင် ဆိုတဲ့လူသတ်ကောင်ကအရှက်မရှိလို့  ပွဲကိုမျက်နှာပြောင်နဲ့တက်မှတော့ ဒီဇီးရွက်မျက်နှာ သနားဖို့ မကောင်းပါ။ ABSDF ခေါင်းဖြတ် လူသတ်ပွဲတွေ၊ နှိပ်စက်ပွဲတွေကို ကိုယ်တိုင်ကြုံခဲ့တာ မဟုတ်ခဲ့ပေမယ့် နှာဖူးတွေ့ ၊ ဒူးတွေ့  တွေ့ ခဲ့ရသူတွေရဲ့အရေးအသားနဲ့တင် နိုင်အောင် မိုးသီးဇွန် တို့ ကို အော့နှလုံးနာနေပြီ။
ခွေးတိ၇ိဆန်ကောင် နိုင်အောင် လို မြောက်ပိုင်းABSDF တောင်ပိုင်းABSDF ကျောင်းသားပေါင်း(၁၀ဝ)ကျော်ကို ဖက်ဆစ်ဂျပန်တွေကအ၇ှုံးပေး၇မဲ့နည်းမျိုးစုံနဲ့နှိပ်စက်ပီး ကျောင်းသားပေါင်း(၄၀)ကျော်ကို သတ်တာတွေကိုတာဝန်ယူပါတယ်ဆိုတဲ့ ABSDFလူသတ်ကောင်ကို (၈၈)ငွေ၇တုအခမ်းအနားကိုဦးဆောင်ပီးလုပ်တဲ့(၈၈)ခွေးတွေက ဖိတ်တာဟာ မြန်မာပြည်ကိုေ၇ာ ပြည်သူအားလုံးကိုပါ စော်ကားလိုက်တဲ့သဘောပါဘဲ့
လူသတ်တ၇ားခံ နိုင်အောင် ကို မြောက်ပိုင်းအေဘီလူသတ်မှု တောင်ပိုင်းအေဘီလူသတ်မှုပေါင်း(၄၀)ကျော် ၇က်၇က်စက်စက်နှိပ်စက်မှုပေါင်း(၁၀ဝ)ကျော်အတွက် ဒေါ်ချိုချိုကျော်ငြိမ်းကစွဲချက်တင်တာတွေက အားလုံးအမှန်တ၇ားတွေမို့ လူသတ်တ၇ားခံ နိုင်အောင် ဘာတစ်ခွန်းမှ မချေပနိုင်ပဲ ခေါင်းငိုက်စိုက်ကျနေပါေ၇ာလား ဒီဓါတ်ပုံက အေဘီလူသတ်တ၇ားခံ နိုင်အောင် လူသတ်မှုတွေ ၇က်၇က်စက်စက်နှိပ်စက်မှုတွေအတွက် အပြစ်၇ှိတာကို၇ှင်း၇ှင်းလင်းလင်းအဖြေပေးနေတာဘဲ့ ဓါတ်ပုံဆ၇ာ၇ဲ့တော်ချက်က နိုင်း လောက်၇ှိတယ် ဓါတ်ပုံဆ၇ာကိုလျှပ်တပျက်မှတ်တမ်းဓါတ်ပုံဆုတောင်ပေးသင့်နေပီ
မိုးသီးဇွန် နှင့် နိုင်အောင် ကို ABSDF လူသတ်မှုများအတွက် ဖမ်းဆီး စစ်မေးမှုများ ပြုမည်
ABSDF massacre case reopen in Myanmar
ABSDF မြောက်ပိုင်းနှင့် တောင်ပိုင်း လူသတ်မှုများအတွက် အဓိက တာဝန်ရှိသည့်
မိုးသီးဇွန် နှင့် နိုင်အောင် ကို ဖမ်းဆီး စစ်မေးမှုများ ပြုမည်ဟု ခိုင်လုံ တိကျသည့် သတင်းရပ်ကွက်မှ သိရှိရသည်။
Freedom News Group (Burma)
နိုင်အောင်ဆိုတာတိရစ္ဆာန်တစ်ကောင်ပါ
နိုင်အောင် မိုးသီးတို့ကို ခုံရုံးတင် စစ်သင့်တယ်........ သေစားသေစေပေါ့....
လူသတ်ကောင်နိုင်အောင်နဲ့
လူသတ်ကောင်မိုးသီးဇွန်...
ဒီကောင်တွေ ပြည်ပမှာဒေါ်လာစားပြီး ၀လို့ဖီးလို့ အဆီတ၀င်းဝင်းမျက်နှာတွေနဲ့ မြန်မာပြည်ပြန်ပြီး လုပ်ကွက်ရှာကြတာ
ဇတ်တူသားစားတဲ့ နိုင်အောင်နဲ့ မိုးသီးဇွန် ဖေါ်ကောင်လုပ်လို့ ပြည်တွင်းကအဖွဲ့တွေ အဖမ်းခံရသူတွေလည်းအများကြီးပါပဲ မင်းတို့ ဥပဒေရဲ့အဆုံးအမကိုတ၀ကြီးခံစားရမှ ပြည်သူတွေကကျေနပ်နိုင်မယ်
နိုင်အောင်က အေဘီမြောက်ပိုင်းမှာ ကျောင်းသား၇ဲဘော်ချင်း သလှျိုလို့ မဟုတ်မမှန်ပဲနဲ့အတင်းအဒမစွတ်စွဲဖမ်းဆီးပီး လူမဆန်စွာနှိပ်စက်ပီးခေါင်းဖြတ်သတ်တာတွေကို သဘောတူပီးတာဝန်ယူခဲ့တယ် အဲ့တာတင်မက နိုင်အောင်က အေဘီမြောက်ပိုင်းအဆက် အေဘီတောင်ပိုင်းမှာလည်း သလှျို မဟုတ်တဲ့ကျောင်းသားစစ်စစ်တွေကို သလှျိုလို့အတင်းအဒမစွတ်စွဲဖမ်းဆီးပီးလူမဆန်စွာနှိပ်စက်တာတွေကို ကိုယ်တိုင်ကိုယ်ကျလည်းလုပ်ခဲ့သေးတယ်
မိုးသီးဇွန်က သလှျိုလို့ စွတ်စွဲဖမ်းဆီးခံထား၇ပီး လူမဆန်စွာနှိပ်စက်ခံနေ၇တဲ့ ဌေးနိုင်ကိုသတ်ဖို့အမိန့်ပေးခဲ့တယ်
မင်းတို့ကို ပြည်ဝင်ခွင့်ပြုခဲ့တာ မြွေပွေးခါးပိုက်ပိုက်တာထက်ပိုဆိုးတယ် မင်းတို့မို့လို့ မရှက်မကြောက်နဲ့ မြန်မာပြည်ကို ပြန်လာရဲတယ်
လူသတ်ကောင်နိုင်အောင်နဲ့ လူသတ်ကောင်မိုးသီးဇွန်၇ဲ့ အဲ့လူသတ်မှုတွေအတွက် သက်သေအများကြီးရှိတယ် အချိန်မရွေးတရားစွဲနိုင်တယ် မင်းတို့ကိုအခု ၇ဲစခန်းမှာတိုင်ချက်ဖွင့်ထားပီး လူသတ်မှုနဲ့ အမှုဖွင့်ခွင့်ပြုထားပီးတဲ့လူသတ်မှုတွေအပြင် မတ၇ားနှိပ်စက်သတ်ဖြတ်ခံခဲ့၇တဲ့ကျောင်းသား၇ဲဘော်တွေ၇ဲ့မိသားစုတွေနဲ့ မြောက်ပိုင်းင၇ဲခန်းတွေကနေထွက်ပြေးလာပီး အသက်၇ှင်နေသေးတဲ့ကျောင်းသား၇ဲဘော်တွေထဲကမင်းတို့ကိုတ၇ားမစွဲ၇သေးတဲ့သူတွေကလဲ မင်းတို့ကိုလူသတ်မှုတွေ နှိပ်စက်မှုတွေနဲ့နောက်ထပ်တ၇ားစွဲအုံးမှာ မယုံမရှိနဲ့ သူငယ်ချင်း
လူသတ်ကောင်နိုင်အောင်နဲ့
လူသတ်ကောင်မိုးသီးဇွန်...
ဖြစ်ရပ်မှန်ကိုဖုံးကွယ်လို့မရတဲ့ခေတ်မှာ မင်းတို့လုပ်ရပ်တွေအတွက်ထိုက်ထိုက်တန်တန်ပြန်ပေးဆပ်ရမှာပါ
နိုင်အောင် တို့ မိုးသီးဇွန် တို့က ၈၈ အမည်ခံ လူသတ်သမားတွေ။
မင်းကိုနိုင် တို့ မြအေး တို့က ၈၈ အမည်ခံ အေးဓါးပြတွေ။
၈၈-အမည်ခံကောင်တွေအားလုံး ဘာစောက်ဆင့်မှမရှိတဲ့ကောင်တွေ။
ဒီကောင်တွေပယောဂနဲ့ တောထဲ တောင်ထဲ လူမသိသူမသိ
အသက်စတေးခဲ့ရတဲ့ ကျောင်းသူ/သားတွေ အများကြီး။
သမိုင်းတရားခံကောင်တွေက ခုမှ ဆရာကြီးလိုလို နွားပြာကြီးလိုလို
လူတွင်ကျယ် လုပ်နေကြတာ တော်တော်ရွံ့ဖို့ကောင်းတယ်။
ဒီကောင် နိုင်အောင် နဲ့ မိုးသီးဇွန် တို့ပါပေါ့ အာဏာရူးလို့ပဲသတ်မှတ်ပါတယ် လူယုတ်မာတွေ
ဒေါက်တာနိုင်အောင် နဲ့ မိုးသီးဇွန် ဒီတစ်ခေါက် ဗမာပြေပြန်လာတုံးမှာ မြောက်ပိုင်း ABSDF လူသတ်မှုတွေ တောင်ပိုင်း ABSDF လူသတ်မှုတွေနဲ့ တစ်ခါထဲဖမ်းထားလိုက်၇င် မြန်မာပြည်တွင်းကမသိနားမလည်တဲ့လူတွေကို ပြည်ပကနေပီး ဆူပူသောင်းကျန်းဖို့ အမျိုးမျိုးလှုံ့ ဆော်နေတာတွေ တော်တော်နဲသွားမှာ
ABSDF လူသတ်ကောင် နိုင်အောင် ကို (၈၈)အထိမ်းအမှတ်ဆိုတဲ့ပွဲကိုလာတက်ဖို့ (၈၈)ဆိုတဲ့ကောင်တွေကဖိတ်လိုက်တာက
(၈၈)ကျောင်းသားအိုတွေက ဒီမိုလုပ်စား နိုင်အောင် ခင်ဥမ္မာ တို့လင်မယားဆီကပိုက်ဆံတွေယူပီး ABSDF လူသတ်ကောင် နိုင်အောင် ၇ဲ့ မြောက်ပိုင်း ABSDF လူသတ်မှုတွေ တောင်ပိုင်း ABSDF လူသတ်မှုတွေကို(၈၈)ကျောင်းသားအိုတွေကဖုံးကွယ်ပေးနေတာကိုဝန်ခံလိုက်ပီးသားဖြစ်ကေ၇ာ
နိုင်အောင် နှင့် မိုးသီးတို့တတွေ ၀ဋ်ပြန်လည်တော့မယ်။ နိုင်အောင် နှင့် မိုးသီး နေ၀င်ချိန်ရောက်ပါပြီ။။
လူသတ်သမား နိုင်အောင် နှင့် မိုးသီးဇွန် ပြန်ဝင်လာတာဟာ ကောင်းဖို့တော့မမြင်
ABSDF လူသတ်ပွဲတွေဟာ ၈၈ ကျောင်းသားအစစ်တွေကို အတုတွေက သတ်တဲ့ပွဲပါဘဲ၊ အခု ၈၈ အမည်ခံတွေအကုန်လုံးက အတုတွေဘဲ၊ ၈၈ ကို တကယ်ပုံဖော်ခဲ့သူတွေကို သူတို့နေရာရဖို့ သတ်လိုက်ကြပြီ၊ ဒါကြောင့် ၈၈ မျိုးဆက် ဆိုတာ မရှိတော့ဘူး။
မြန်မာဒီမိုကေ၇စီအေ၇းကိုဗန်းပြပီး နိုင်ငံတကာမှာလိုက်တောင်းစားနေတဲ့ သူတောင်းစား လူသတ်ကောင် နိုင်အောင် နဲ့ မိုးသီး ဆိုတဲ့ကောင်တွေကို ၀ိုင်းပြီး နှင်ထုတ်ပစ်။
နိုင်အောင် နဲ့ မိုးသီးဇွန် ဆိုတာ တစ်သက်လုံးကောင်းေ၇ာင်းကောင်းဝယ်ဘာအလုပ်မှမလုပ်ခဲ့ပဲ တစ်သက်လုံး တိုင်းပြည်ကိုေ၇ာင်းစားလာတဲ့ တောင်းစားလာတဲ့ လူ၇ှုပ်လူလိမ် သူတောင်းစားတွေဘဲ့ ပီးတော့ ကျောင်းသားအချင်းချင်းဇတ်တူသားစားပီး လူတစ်ပြုံတစ်မကြီးသတ်ထားတဲ့ လူယုတ်မာတွေ လူသတ်ကောင်တွေဘဲ့ အဲ့ဒီ လူ၇ှုပ် လူယုတ်မာ လူသတ်ကောင်တွေ ဗမာပြည်ကိုေ၇ာက်လာတုံးမှာ အဲ့ဒီ လူသတ်ကောင် နိုင်အောင် နဲ့ မိုးသီးဇွန် ကို လူသတ်မှုတွေနဲ့တ၇ားစွဲထားတာတွေအတွက် ဖမ်းဆီးပီး တ၇ား၇ုံးမှာသေသေချာချာစစ်ဆေးပီးအပြစ်ပေး၇မှာ
လူသတ်သမား နိုင်အောင်ကို (၈၈)ကောင်တွေက ပွဲတက်ဖို့ဖိတ်တယ်ဆိုတာက အတော်အသုံးမကျတဲ့လုပ်၇ပ်ဘဲ့
Shwe Naingan
စဉ်းစားစေချင်တယ် ဒေါက်တာ နိုင်အောင် (ABSDF ဥက္ကဌဟောင်း)
ရွှေနိုင်ငံ
Saturday, 22 September 2012
ကိုနိုင်အောင်ရဲ့  သြဂုတ်လ ၁၉၉၁ ခုနှစ်မှ မေလ ၁၉၉၂ ခုနှစ် အထိ ABSDF-NB မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု့များ ၊ ကျောင်းသားအချင်းချင်း ရက်စက်စွာ ခေါင်းဖြတ် သတ်မှု့များကို ခပ်ပေါ့ပေါ့ ခပ်ပါးပါးလွှာလွှာလေး ရှင်းပြသုံးသပ်ပြီး အနူးအညတ် တောင်းပန်အပ်ပါသည် ဆိုတာကိုဖတ်မိပြီး ရသမျိုးစုံ ခံစားလိုက်ရပါတယ်။
ဟာသရသတပုဒ် ဖတ်လိုက်ရသလို အော်ဟစ်ပြီး ရီလိုက်ရမှာလား ၊ ဒေါသဘဲ ထွက်လိုက်ရမှာလား ၊ ဒါမှမဟုတ် ကျေးဇူးရှင် ကြီးရှင့် ဆိုပြီး ထိုင်ကန်တော့လိုက်ရမှာလား .. တပြိုင်နက် ခံစားမှု့ပေးနိုင်တဲ့ ဖြေရှင်းချက်ကို ဖတ်လိုက်ရပါတယ်။ တော်ပါပေတယ် ဒေါက်တာနိုင်အောင်ရယ် ၊ ဘယ်အချက်ကနေ စပြီးပြောရရင် ကောင်းမလဲ ။ နှစ်ပေါင်း ၂၀ ဆိုတော့ ပြောစရာတွေ မေးစရာတွေ များလှပေါ့ ။ " ဖမ်းဆီးစစ်ဆေးခံရမှု့များ၌ လူသားဆန်မှု့ ကင်းမဲ့စေသည့် လူ့အခွင့်အရေး ချိုးဖေါက်မှု့များ ရှိမရှိ " ဆိုတဲ့အချက်ကို စပြီး မေးခြင်ပါတယ် ။
(၁) ၁၉၉၂ ခုနှစ် ဖေဖေါ်ဝါရီ ၁၂ ပြည်ထောင်စုနေ့မှာ ကျောင်းသား ၁၅ ဦးကို ရက်စက်စွာ ခေါင်းဖြတ်သတ်တယ် ။ မခင်ချိုဦးကို မသတ်ခင် အဝတ်အစားချွတ်ပြစ်ပြီးမှ သတ်တာဖြစ်တယ် ။
(၂) အသတ်မခံရဘဲ ကျန်ရှိနေတဲ့ ကျောင်းသားတွေမှာ နည်းမျိုးစုံနဲ့ နှိပ်စက်ခံထားရတဲ့ ဒဏ်ရာဒဏ်ချက်တွေ ၊ ကျမ ကိုယ်တိုင်မှာတောင် လက်ကို ဒါးနဲ့ လှီးတဲ့ဒဏ်ရာ ၊ နှစ် ၂၀ ဆိုပေမဲ့ ကျန်ရှိနေပါသေးတယ် ။
( အဖမ်းမခံရတဲ့ မျက်မြင်သက်သေ တွေနဲ့ အဲ့ဒီ ၂ ချက် လေးနဲ့တင် လူ့အခွင့်အရေး ချိုးဖေါက် မှု့ အထမြောက်မမြောက် )အကုန်ရေးပြနေရင် ပြီးနိုင်မှာမဟုတ်လို့ပါ ။
လွန်ခဲ့တဲ့ ၂၀ နှစ်က ABSDF-NB တာဝန်ရှိခေါင်းဆောင်ပိုင်းမှ ကျောင်းသား (၈၀၀) မှာထောက်လှမ်းရေး (၈၀) ဖမ်းခဲ့ပြီး (၁၅) ဦး ကိုသတ်ခဲ့တယ်လို့ ယိုးဒယားသတင်းထောက်ယင်ဒီး ကို ပြောခဲ့ပါတယ် ။ ထိုအချိန်က ကျောင်းသားအင်အား (၄၀၀) ပတ်ဝန်းကျင်သာရှိခဲ့တယ်။ သိသလောက် ပြောရရင်
စုစုပေါင်း ရက်ရက်စက်စက် ခုတ်သတ်တာ (၁၈) ဦး ။
လူမဆန်တဲ့ ညှင်းပမ်း နှိပ်စက်မှု့ဒဏ်တွေနဲ့ ကျဆုံးခဲ့တာ (၁၄) ဦး ။
မျိုးဝင်းသဘောနဲ့ ထောင်က လွှတ်ပေးလိုက်တာ (၂) ဦး ။
စစ်ကြောရေး ကာလမှာ ထွက်ပြေးလွတ်မြောက် သွားတာ စုစုပေါင်း (၄) ဦး ။
မိဘတွေ တောထဲလာပြီး ငိုပြီး တောင်းပန်ကြလို့ လွတ်ခဲ့တာ (၇) ဦး ။
ထောင်ဖောက် ထွက်ပြေး လွတ်မြောက် ခဲ့တာ (၅၅) ဦး ၊ နှိပ်စက်ခံရတဲ့ ဒဏ်ရာတွေကြောင့် လမ်းမှာ (၁) ဦး သေခဲ့တယ် ။
ဆိုတော့ စုစုပေါင်း ဖမ်းတာ (၁၀၀) ဦး ရှိတယ် ။
( လိုအပ်တဲ့ စာရင်းရှိရင် message မှာ ထားခဲ့ပါ ၊ ဒီစာရင်းဟာ ဒီအမှု့ တခုထဲရဲ့ စာရင်း ပါ ၊ မြတ်ကိုကို တို့ လွှမ်းမိုး တို့ မပါသေးပါ ။ )
ကမ္ဘာ ကို ပထမဆုံး တင်ပြခဲ့တဲ့ Nation သတင်းစာမှာ (၁၅) ဦး ဘဲ သေဆုံးစာရင်း ပါတော့ ကျန်တဲ့ စစ်မှန်တဲ့ ကျောင်းသားသမိုင်း ရိုက်ချိုး အသတ်ခံခဲ့ရတဲ့ ၁၈ ဦး က စာရင်းပျောက် အင်းပျောက် အလုပ်ခံလိုက်ရပါလား ။ ဆိုတော့ ဒီလို လိမ်ညာပြီး လိုတိုး ပိုလျှော့ မမှန်ကန်တဲ့ သေဆုံးစာရင်းတွေ ဖမ်းဆီးတဲ့ စာရင်းလိမ် တွေကိုကော ဘယ်လို ကုလားဖန်ထိုး ဆင်ခြေပေးကြမလဲ ။ မြောက်ပိုင်းကိစ္စ သတ်ဖြတ်မှုတွေကို ထောက်ခံတာဝန်ယူ လက်မှတ်ထိုးခဲ့တဲ့ ABSDF ဥက္ကဌ ဟောင်း မို့လို့မေးလိုက်တာပါ ။
ကိုနိုင်အောင်ရဲ့ရှင်းလင်းချက်မှာ ဦးစိုင်းထွန်း၏ မေတ္တာရပ်ခံချက်အရ ၄င်း၏တူမဖြစ်သူ နန်းအောင်ထွေးကြည်ကို ပြန်လွှတ်ပေးခဲ့ပြီး ၄င်းနှင့်အတူ တပါတည်း ထည့်ပေးလိုက်ရန် မြောက်ပိုင်းဗဟိုနှင့် ညှိနှိုင်းခဲ့ပါသည် " ဆိုတဲ့အချက်မှာ ..
ကိုနိုင်အောင်ရေ .. အသားလွတ်ကြီး မျက်နှာပြောင်တိုက်ပြီး လူစွမ်းကောင်း လုပ်လိုက်ပြန်ပြီလားနော် ။ အံ့ပါရဲ့ ။ ကျေးဇူးတင်ပါတယ်ရှင့် ဆိုပြီး ထိုင် ကန်တော့တာ ခံခြင်တယ်ထင်တယ် ။ ဟုတ်လား ။ ကျမအမေက ရော်နယ်အောင်နိုင် ရှေ့မှာ ဒူးထောက်ထိုင်ချပြီး တောင်းပန်ခဲ့လိုက်ရတယ် ။ အားလုံး သိအောင် ပြောပြမယ်နော် ။
(၁) ၁၂ . ၂ . ၁၉၉၂ မှာ (၁၅) ဦး ကို ရက်စက်စွာ ခေါင်း ဖြတ်သတ်တယ် ။
(၂) ၁၃ . ၂ . ၁၉၉၂ မှာ NATION သတင်းထောက် ယင်ဒီး နဲ့ ကျမ အပါအဝင် (၅) ဦး ကိုတွေ့ခိုင်းတယ် ။
(၃) ၁၉ . ၂ . ၁၉၉၂ မှာ မျိုးဝင်း ကမိဘတွေဆီ စာရေးခိုင်းလို့ ကိုမောင်မောင်မှတဆင့် ကျမတို့ (ရ) ဦး စာရေး ခဲ့ကြရတယ် ။ အဲ့ဒီညမှာ စိုးဝင်းသန်းကို ခေါင်းဖြတ်သတ်ခဲ့ပြန်တယ်။
(၄) ၁၉ . ၃ . ၁၉၉၂ မှာ မိဘ (ရ) ဦးအဖွဲ့ ရောက်လာတယ် ။
(၅) ၂၀ . ၃ . ၁၉၉၂ မှာ အမေ နဲ့ တွေ့ခွင့် ရခဲ့တယ် ။ ဒါပေမဲ့ မိဘနဲ့ ပြန်ထည့်ပေးမဲ့ ဂတိဖျက်တယ် ။ ကျမအမေက ရော်နယ်အောင်နိုင်ကို ဒူးထောက်တောင်းပန် ၊ အမေတွေအားလုံးလဲ ပြောဆို တောင်းပန် ကြတော့မှ ....
(၆) ၂၄ . ၃. ၁၉၉၂ မှာ ကျမတို့ (ရ) ဦး ABSDF-NB ငရဲထောင် မှ လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ် ။
ကျမတို့ (ရ) ဦး ထောင်ကလွတ်တဲ့အချိန် မှာ ABSDF-NB ထောင်တွင်းမှာ ကျောင်းသား (၅၅) ဦးကတော့ သံခြေကွင်းတွေနဲ့ သံကွင်း စွတ်မင်းသားများအဖြစ်နဲ့ ဆက်လက် အကျဉ်းကျခံနေရစဲပါ ။
ကိုနိုင်အောင် နဲ့ပီထွန်းနဲ့ ABSDF-NB ကိုရောက်တာ ၁၉၉၂ ခုနှစ် ဧပြီလ ၁၉ ရက်နေ့ ဆိုတော့ အသလွတ် နာမည်ကောင်း လက်မှတ် အတင်းဝင်ယူ နေပုံက ရီစရာကောင်း နေရောနော် ။ ကျမတို့ရဲ့ မိဘတွေ ကိုသနားပါဦးလေ ကိုနိုင်အောင်ရေ ။
မတရားသဖြင့် ခံထားခဲ့ရတာ နှစ် ၂၀ ကျော် ရှိခဲ့ပါပြီ ။ ကိုယ်ချင်းစာနာစိတ်လေးများ ရှိပေးပါ ။
ပီထွန်းနဲ. ကျမနဲ. တွေ.တဲ့အချိန်မှာ ကျမ ထောင်ကလွတ်ပြီး ကျောင်းသားရဲမေ ပြန်ဖြစ်နေပြီ ။ ကျမ မှတ်မိတာပေါ့။ ကိုနိုင်အောင်က ကျမကို မေးမြန်းတယ်ဆိုတာ ဘာများ မေးမြန်းလိုက်လို.လဲ၊ မြင်သာမြင်လိုက်တာပါ ။ ကျမ စကားတစ်လုံးတောင် မပြောလိုက်ပါဘူး။ ပီထွန်းနဲ.သာ ရှမ်းဘာသာစကားနဲ. ပြောသင့်ပြောထိုက်တာ ပြောပြီး ကျမအဆောင်ကို ပြန်သွားခဲ့တာပါ ။
အော် - ပီ ဆိုတာ ရှမ်းလို ခေါ်လိုက်တာ ။ ဗမာလို ဘာသာပြန်ရင် အကိုလို. ခေါ်ပါတယ်။ ကိုနိုင်အောင်တို. နားလည်အောင်လို.ပါ။
“ မှန်သည်ဖြစ်စေ။ မှားသည်ဖြစ်စေ၊ အမှန်တကယ် သူလျှိုဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ “ ကျမတို.အားလုံးရဲ. ဒေါသတွေကို ကိုနိုင်အောင် လိုက်ထိုးဆွနေတာလား။ အယေါက် (၁၀၀) ဟာ ကျောင်းသားတွေပါ ဆိုတာကို လက်မခံပဲ မျက်စေ့မှိတ်၊ နားပိတ်ပြီး ဇွတ်ပြောနေကြတုန်းလား။
မတရားနှိပ်စက်ကြတာ၊ မခံမရပ်နိုင်အောင် နှိပ်စက်ကြတာ။ ကိုနိုင်အောင်ကို ကျမ ခံခဲ့ရသလို Electric Shock (၂) လုံး မပေးဘူးလေ ။ တစ်လုံးပဲ ပေးမယ်။ ဘယ်လိုလဲ ကိုနိုင်အောင် ။ (၇) လ မဟုတ်ဘူး ။ တစ်ညပဲ။
ကျမလိုချင်တဲ့ အဖြေကို ရအောင် တောင်းပြမယ်။ ကိုနိုင်အောင် ကျမတို. အယေါက် (၁၀၀) ခံစားခဲ့ရသလို ခံစားခဲ့ဘူးလား။ စဉ်းစားကြည့်ပါ ။
ကျမတို့ကို နှိပ်စက်ပုံက သူတို့လိုချင်တဲ့ အဖြေ ရရင်ရ မရရင်ကြွ ။ အဖြူရောင်ပြပြီး ဟေ့ကေါင် ဖြေစမ်း ဒါ အမဲ လို.၊ အမဲလို့ မပြောမချင်း ကျမတို့ကို shock ရိုက် နှိပ်စက်၊ အမဲလို. မဖြေလဲ ရတယ်။ မဖြေနဲ.။ သေလိုက်။ အတည်ပြောနေတာ။ သဘောပေါက်တယ်နော် ။
အမဲပါ လို. မပြောပဲ သေသွားတဲ့သူတွေ ရှိတယ်။ မဲလိုက် ဖြူလိုက် ပြောပြီး သေသွားတဲ့သူတွေရှိတယ် ။
စစ်ချက်တွေနဲ့ ရိုက်ထားတဲ့ ဗွီဒီယို အခွေ ဖြန်.ချီလိုက်ပါ ကိုနိုင်အောင် ။ မြောက်ပိုင်း အနှစ်နှစ်ဆယ် အထိမ်းအမှတ်မှာ ပြောခဲ့ပြီပဲ၊ စစ်ချက်နဲ. ဗွီဒီယို ချပြပါလို့ ။ ကျမတို. အယေါက် (၁၀၀) ဆီက ယူထားတဲ့ တစ်ယေါက်ကို တစ်ယေါက် နင် ထောက်လှမ်းရေး ။ သူလဲ ထောက်လှမ်းရေး ဆိုပြီး စွဲဆိုထားခဲ့ရတဲ့ စစ်ချက်တွေ။
စကားပြောစက်က သူ.ဆီမှာ၊ အဆိပ်က ဟိုလူ.ဆီမှာ ဆိုတဲ့ စစ်ချက်တွေ၊ ဗွီဒိယိုတွေ ကိုနိုင်အောင်တို. ဖျက်ဆီးဖျောက်ဖျက်လိုက်ပြီလား၊ မဖျက်ဆီးပြစ်သေးဘူးဆိုရင် တတိုင်းပြည်လုံး သိအောင်ပါ ။
အဖြူကို အမဲ ဖြစ်အောင်။ အမဲပါလို. မပြောပြောအောင် နှိပ်စက်ညှင်းပန်းပြီး ရထားတဲ့ ထွက်ချက်တွေကို ခိုင်လုံတဲ့အထေါက်အထားတွေပါ ဆို၇င် အခုချက်ချင်း ချပြပါ ။
တချို.စစ်ချက် ဆိုရင် စစ်ချက်အပေါ်မှာ သွေးတွေနဲ.နော် ကိုနိုင်အောင်၊ သွေးစက်တွေ ပေနေတဲ့ စစ်ချက်ကို ချပြလိုက်ပါ။ တောင်ပိုင်းမှာ ဒီစစ်ချက်တွေနဲ. ဗွီဒီယိုအခွေ မရှိဘူး မပြောပါနဲ. ။ ယုံကြည်ဖို့ ခက်တယ် ။
ကျမတို.အယောက် (၁၀၀) လုံး တစ်ယေါက်ကို တစ်ယေါက် ကျနော်/ကျမတို.ရဲ. ထောက်လှမ်းရေး ကွင်းဆက်တွေဟာ သူတို.ပါ …. ဟုတ်ပါတယ် ….. သူလဲပါပါတယ် …. သူကတော့ဖြင့် ဗိုလ်ကြီးပါ။ ဗိုလ်မှူးပါ။ ဒုဗိုလ်ပါလို. ဖြေထားခဲ့ရတဲ့ အယေါက် ၁၀၀ ရဲ. စစ်ချက်တွေ၊
ကျမရဲ.ထွက်ချက်ဖြစ်တဲ့ ရေလှိုင်းစစ်ဆင်ရေးတို. ငါးနှစ်စီမံကိန်းတို. ချပြလိုက်ပါ၊ ကျမရဲ. NIB ဒုဗိုလ် ကိုယ်ပိုင်နံပါတ်တို. ဘာတို. အကုန်အစင် တစ်ခုမကျန် ချပြပါ၊
အစဦးဆုံး အဖမ်းခံရတဲ့ စိုးမင်းအောင်ရဲ. ထွက်ချက်။ သူကနေ စတာ။ သူ.ထွက်ချက် မရှိဘူး မငြင်းနဲ. မဖျောက်ဖျက်ပစ်လိုက်ပါနဲ. ။
အခုထက်ထိလဲ ထောက်လှမ်းရေး ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေတဲ့ ဟုတ်လား။ တော်ပါတော့ ဘာတစ်ခုမှ ဖြစ်သည် ဖြစ်စေမဟုတ်ဘူး ။
ကျမနဲ.တကွ အယေါက် (၁၀၀) ကျန်ခဲ့တဲ့သူတွေနဲ. အသတ်ခံခဲ့ရတဲ့ သူတွေရောဟာ လုံးဝစစ်မှန်တဲ့ ကျောင်းသားစစ်စစ်တွေဆိုတာ ပြောခဲ့ပြီးပါပြီ ။ ကိုမင်းကိုနိုင် ကိုကိုကြီး ကိုမြအေးတို့ ပြတ်သားစွာ ရပ်တည်ပေးခဲ့ပြီ ။
ကိုနိုင်အောင်နဲ. ကိုရော်နယ်အောင်နိုင် မှန်မှန်ပြောကြတော့။ ရှင်တို.ဖက်က ရရှိထားတဲ့ ခိုင်လုံတဲ့ အထောက်အထားတွေဆိုတာတွေနဲ့ ကျမတို့ ကျန်ရှိနေသူများနဲ့ ဖြေရှင်းပါတော့ ။
ကိုနိုင်အောင်နဲ့ ရော်နယ်အောင်နိုင်တို့ကို မေးပါရစေ။
(က) ကျမတို.ကို မတရားဖမ်းဆီး စွပ်စွဲပြီး မခံမရပ်နိုင်လောက်တဲ့ လူမဆန်တဲ့ နှိပ်စက်မှုတွေနဲ. ညှင်းပန်းပြီး ဘာလို့ အတင်း ၀န်ခံခိုင်းရတာလဲ။
(ခ) ဘာလို. မင်းတို.ကွင်းဆက်တွေ ဖေါ်စမ်း ဆိုပြီး လိုင်းတင်တဲ့ မေးခွန်းတွေ၊ နာမည်တွေကို ဖေါ်ပြောပြီး မေးရတာလဲ။
(ဂ) ကိုနိုင်အောင် (DNA) အနေနဲ. ဘာမှ တိတိကျကျ မသိပဲ ဘာလို.ဒီလူသတ်မှုကို တာဝန်ယူတယ်ဆိုတဲ့ စာကိုလက်မှတ်ထိုးပြီး ထုတ်ပြန်ကြေငြာရတာလဲ။
(ဃ) ဒီလောက်အများကြီး မဟုတ်တာတွေပါ ပါတယ် ဆိုတော့ ဒါတွေကို သိနေရဲ.သားနဲ. ဘာလို. အဖြစ်မှန် အမှုမှန်ကို ဖုံးကွယ်ထားပြီး ခေါင်းရှောင်နေတာလဲ။
(င) မဟုတ်တာပါနေတယ်လို. သိရင် ကိုနိုင်အောင်ကိုယ်တိုင်ရော ဘာဖြစ်လို. ကိုသိန်းထွန်းတို.ကို နှိပ်စက်သွားရတာလဲ။
မေးခွန်းတွေ အများကြီး ရှိနေသေးတယ်။ ရှင်းနေတာတွေကို ရှုပ်အောင်လုပ်ဖို. မကြိုးစားနဲ.တော့။ အချိန်ဆွဲဖို.လဲ မကြိုးစားနဲ.တော့။
ကျမရဲ.နာမည်ကျော် ထွက်ချက်လဲ တင်ပြအုံး။ ရေလှိုင်းစစ်ဆင်ရေး ဆိုတာလေ။ အဲဒါ ဘယ်လိုရသလဲ ဆိုတာ သိချင်ရင် ပြောပြမယ်။ ကျမကို လက်ဝါးကပ်တိုင်မှာ ကားစင်တင် ကြိုးတုပ်ပြီး နှိပ်စက်တော့ ဒီစစ်ချက်ကို ကျမ သံချောင်းကို ၀တ္ထုတိုတစ်ပုဒ် ရေးပေးလိုက်တာ၊ ၅ နှစ် စီမံကိန်းဆိုတာ သိချင်ရင်တော့ လက်ရှိ ABSDF ဥက္ကဌ သံခဲ မိန်းမ ခင်ရွှေလှိုင် အသိဆုံးပဲ ။
အဲဒါ သူလုပ်ခဲ့တဲ့ ဇတ်လမ်း၊ ကျမက သူ.ကိုအကာအကွယ်ပေးပြီး အသားအနာခံ ကာကွယ်ပေးခဲ့ပြီး ရခဲ့တဲ့ဇတ်လမ်း၊ ဟုတ်ပြီလား ။
ကိုနိုင်အောင်က မိုးသီးဇွန်ထက် အင်အား တောင့်ချင်လို. မြောက်ပိုင်းအဖွဲ. ရှင့်လက်အောက် ရောက်လာအောင် မြောက်ပိုင်းနဲ. မြောက်ပိုင်းလူသတ်မှုကြီးကို တာဝန်ယူလိုက်တာလို. ကျမကတော့ သုံးသပ်လိုက်တယ်။ အာဏာတွေ ပါဝါတွေ ရူးကြတယ်လား ။
ကိုယ့်အာဏာအတွက် ကိုယ့်ကျောင်းသားအချင်းချင်း သတ်တာကို လက်မှတ်ထိုးတယ်တဲ့လား ။
တော်ပြီ ဆက်ရေးနေလို. အရှည်ကြီး အများကြီးဖြစ်တော့မယ် ။
အချိန်မဆွဲဖို့ ကျမက မြောက်ပိုင်းအယေါက် (၁၀၀) ကိုယ်စား လေးစားစွာနဲ.တောင်းဆိုပါတယ် ။
ကျမတို. အယေါက် (၁၀၀) ရဲ. ထွက်ချက်တွေ။ စစ်ချက်တွေ၊ ဗွီဒီယိုကို တပြိုင်ထဲနဲ. ပြည့်ပြည့်စုံစုံ တင်ပြ၊ ပေးပို.ပေးပါ။ ဖြည့်စွက်တာတွေ၊ ဖျောက်ဖျက်တာတွေ လုံးဝ မလုပ်ပါနဲ.၊ မရှိတော့ဘူး တချို.ပဲ ရှိပါတော့တယ် ဆိုပြီး ကွင်းဆက်ပြတ်အောင် မလုပ်စေခြင်ပါ ။
"ကိုနိုင်အောင် အနေဖြင့် ABSDF-NB အတွင်း ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့၌ ရက်စက်စွာ ခေါင်းဖြတ်သတ်ဖို့ အမိန့် ပေးခဲ့သည်ဖြစ်စေ ၊ မပေးသည် ဖြစ်စေ ။
သေဆုံးခဲ့သူများနှင့် နစ်နာခဲ့ရသူများ စစ်မှန်သော သမိုင်း ချေမွှဖျက်ဆီးခြင်း ခံစားရသူများအတွက် ကိုယ်ချင်းစာမှု တကယ် ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ ။
ကိုယ်ချင်းစာမှု အခြေခံဖြင့် လေးနက်စွာ တောင်းပန်အပ်ပါသည် ဆိုသောအချက်နှင့် မိမိ ဆောင်ရွက်ပေးနိုင်သည်များကိုလည်း ဆောင်ရွက်ပေးသွားပါမည် ဟူသောအချက်ကို ကြိုဆိုပါသည် ဟုပြောကြားရင်း ...
လေးစားစွာဖြင့်
နန်းအောင်ထွေးကြည် ။ (ABSDF-NB ရဲမေဟောင်း )
အခု ၈၈ မျိုးဆက်ဆိုတာ လုံးဝမရှိပါဘူး မိုးသီးဇွန်နဲ့နိုင်အောင် သတ်လို့ကုန်ပီ အခုလာနေတဲ့ ၈၈ တွေက ဘာတိုက်ကပွဲ ဘာဆန္ဒပြပွဲမှာမှမပါပဲ အခြေအနေ ကောင်းလို့ဒေါ်လာထောက်ပံ့ကျေး ရလိုမှုနဲ့ထင်ပေါ်ဖို့ ထွက်လာတဲ့ ၈၈ တွေဆိုတာ သိတဲ့လူ ကျုပ်တစ်ယောက် ထည်း မဟုတ်ဘူးဆိုတာ သိရလို့ဝမ်းသာတယ် အားလုံး သိနိုင်ကြဖို့လည်း ဆုတောင်းပါတယ် ဒါမှ စစ်မှန်ပြည့်စုံပြီး လိုအပ်ချက်မရှိတဲ့ နိုင်ငံတော်မှာ ကြောင်သူတော်ခွေး သူခိုးတွေမရှိမှာ
မိုး သီး နဲ့ နိုင် အောင် ကို ပြန် ထွက် ခွင့် မ ပေး နဲ.့ 
လူ သတ် မှ.ု နဲ့ စွဲ
လူယုတ်မာတွေက သူတော်စင်ပုံဖမ်း
သူရဲကောင်းတွေလို အထင်ခံရအောင်ပြော
မသိတဲ့ ကျောင်းသားလေးတွေက လက်ခုပ်တွေတီး အပြေးမတော်လို့ ထောင်ကျခဲ့တဲ့ သူတွေကလည်း တိုင်းပြည်အတွက် သူတို့ကဘဲ အနစ်နာခံခဲ့သလိုပြော
တကယ်လုပ်ခဲ့တဲ့ သူတွေကိုတော့ အားနာပါတယ်။
၈၈ မျိုးဆက်အခွင့်အရေးသမားတွေ လူရှေ့ရောက်တာတော့ မသင့်တော်လှပေဘူး။
တရားစွဲသေဒါဏ်ချ
လူသတ်ကောင် နိုင်အောင်က ABSDF ကျောင်းသားတပ်မှာအုပ်စုအားကိုးလက်နက်အားကိုးနဲ့ လူတွေအများကြီးကိုသတ်၇ဲ နှိပ်စက်၇ဲပေမဲ့အမှန်တ၇ားကိုတော့၇င်မဆိုင်၇ဲဘူး လူသတ်ကောင် နိုင်အောင်က သူ့အပြစ်တွေကို သူသိနေတော့ အားနွဲ့တဲ့အမေအိုတယောက်ကိုတောင် ၇င်မဆိုင်၇ဲလို့ ခေါင်းငုံ့ထားတဲ့ပုံက ABSDF လူသတ်ကောင် နိုင်အောင် အပြစ်၇ှိတာကိုသက်သေပြပီးသားဖြစ်သွားေ၇ာ
နိုင် အောင် မိုး သီး တို့ က ဒီေ လာ က်ေ တာ င် ရ က် စ က် သ တဲ့ လား ။ ဒါေ တွ အ မှန် ဆို ရ င် အ စိုး ရ လူ ကြီး များ အ မှန် တရားေ ပါ် လာ ရန် တာ ဝန် ရှိ ပါ တယ်။ ဒီေ ကာင်ေ တွ ကို အ ပြ စ်ေ ပး သ င့် ပါ တယ်။ ကျောင်း သား တပ် က အ သတ် ခံ ရ သူ ေ တြ သ နား စ ရာ ေ ကာ င်း လိုက် တာ။ တာ ဝန် ရှိ လူ ကြီး များ ကိုေ တာင်း ဆို ပါ ရေ စ ။ အ သ တ် ခံ ရ သူေ တွ အ တွ က် နိုင် အောင် မိုး သီး ဆို တဲ့ေ ကာ င်ေ တွ ကို ဖ မ်း ပြီး အ ပြ စ်ေ ပး လိုက် ပါ။
ရက်စက်ယုတ်မာလှတဲ့ ABSDFလူသတ်သမား နိုင်အောင်နဲ့ မိုးသီးဇွန် အတွက် သေဒဏ်မှတစ်ပါး အခြားမရှိ
သြော်.... ပြည်တော်ပြန် ကျောင်းသားအရေခြုံ လူသတ်သမားကြီး နိုင်အောင် ရောက်လာပြန်ပြီလား.......
ခင်ဗျားအနေနဲ့ ရှက်တတ်ရင် ကိုယ့်ကိုကိုယ် သတ်သေလိုက်သင့်တယ်...
လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်က ခင်ဗျားကြီး ပြောခဲ့တဲ့စကားက ဘာတဲ့......
ဒီကောင်တွေအားလုံးကို သတ်ပစ်လိုက်... ငါတာဝန်ယူတယ်ဆို.....
အခုကျတော့..... ကျွန်တော့်အနေနဲ့ မသတ်ဖို့တားခဲ့ပါသေးတယ်တဲ့လား.....
ခင်ဗျား ယောက်ျားမဟုတ်ဘူးလား... မရှက်တတ်ဘူးလား.....
သူတော်ကောင်းအယောင် သိပ်ဆောင်မနေပါနဲ့ဗျာ....
ခင်ဗျားလက်မှာ စွန်းနေတဲ့... ကိုထွန်းအောင်ကျော်.. ကိုချိုကြီး... ကိုမောင်မောင်ကြွယ်.. ကိုရန်ရှင်းတို့လို အပြစ်မဲ့ကျောင်းသားတွေရဲ့ သွေးတွေ ဒီနေ့အထိ မခြောက်သေးဘူးဆိုတာ အမှတ်ရစမ်းပါ.......
နိုင်အောင် ဆိုတဲ့ လူသတ်တရားခံကို ၈၈၈၈ ငွေရတုပွဲမှာ တွေ့ရတါ အ တေါ် ကျက် သ ရေ ယုတ်တယ်
နိုင်အောင် ဆိုတဲ့ ဒီအကောင်ကြီးရော... မိုးသီးဇွန် ဆိုတဲ့ ဟိုအယုတ်တမာကောင်ရော နှစ်ကောင်လုံးက အဆင့်အတန်းမရှိတဲ့ လူသတ်သမား လူယုတ်မာတွေပါ....
အခုပုံမှာပါတဲ့ အကောင်ကြီး နိုင်အောင် ကတော့... တောင်ပိုင်း ABSDF မှာ ကိုနေဝင်းအောင် အပါအဝင် ကျောင်းသားတစ်ချို့ကို မတရား စွပ်စွဲနှိပ်စက်ခဲ့တယ်.... အဲဒီမှာ ကျောင်းသားရဲဘော်ကိုအောင်သူဟာ နိုင်အောင် တို့လက်ချက်ကြောင့် သေခဲ့ရတယ်..... နောက်ပြီး ဒီအကောင်ကြီး နိုင်အောင် က သူ ABSDF ဗဟိုဥက္ကဌဖြစ်ဖို့အတွက် အမှန်တရားကို မျက်ကွယ်ပြုပြီး.... မြောက်ပိုင်း ABSDF က ကိုထွန်းအောင်ကျော်တို့ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်.....
ဟိုအကောင် မိုးသီးဇွန်လဲ ဘာထူးလဲ..... သူနဲ့ နိုင်အောင် ABSDF ဗဟိုဥက္ကဌနေရာအတွက် စားခွက်လုပြီး နှစ်ဖွဲ့ကွဲကြတော့ သူ့အဖွဲ့က ကျောင်းသားရဲဘော်ကိုဌေးနိုင်ကို မတရားစွပ်စွဲပြီး နှိပ်စက်ခဲ့လို့ သေခဲ့ရတယ်..... လူသတ်သမားတွေက ကျောင်းသားအမည်ခံထားတာ ကျောင်းသားတွေ သိက္ခာကျတယ်......။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်