Subscribe to our RSS Feed

NLD အမတ် ဦးကျော်သီဟ မှ လက်မထပ်ပဲ ကာမ ရယူကာ မယားစရိတ် လေးသိန်း ထုတ်ပေးခြင်းအား တိုင်ကြားသူ မခိုင်ဝတ် ရည်သန္တာမောင် ကို NLD ပါတီဝင်များမှ မတရား ရိုက်နှက်ခဲ့မှု ဆက်လက်စစ်ဆေးနေ

From : ..http://myanmarheadline.blogspot.com/2013/08/nld-nld.html

 

ပြင်ဦးလွင်သို့ ဒေါ်အောင်ဆန်းစုကြည်လာရောက်စဉ်က ဝင်ခွင့်တောင်းခံခဲ့ရာ တွင် ဒီချုပ်လုံခြုံရေးများက ဝိုင်းဝန်းရိုက်နှက်ခံခဲ့ရသူ ဒေါ်ခိုင်ဝတ် ရည်သန္တာမောင်ကစွဲဆို သောအမှုအား မြို့နယ်တရားရုံးမှ တရားလိုပြများကို ဆက်လက်စစ်ဆေးတော့မည် ဖြစ်ကြောင်း သိရသည်။
 ”ကျွန်မနဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သီဟနဲ့ ဖြစ်နေတဲ့အမှုကို အမေစု ကို အကူအညီပေးဖို့တောင်းခံတဲ့စာကို ပေးမလို့ဝင်ခွင့်တောင်းတာ။ ပထမအမျိုးသမီး နှစ်ယောက်က လာထိန်းတယ်။ ပြီးတော့ အမျိုးသားတွေရောက်လာပြီး ထိန်းသိမ်း သလိုနဲ့ ကျွန်မကို ရိုက်တယ်။ လည်ပင်းညှစ် တယ်။ ဗိုက်ကို လက်သီးနဲ့ ထိုးတယ်။ ကျွန်မက ဘာမှ ပြန်မလုပ်နိုင်ဘူး” ဟု ရိုက်နှက်ခံရသူ မခိုင်ဝတ်ရည်သန္တာမောင်က ပြောသည်။
ဒေါ်ခိုင်ဝတ်ရည်သန္တာမောင်သည် ဦးကျော်ဆန်းဦး ပါလေးဦးအား ပြစ်မှုဆိုင် ရာ ဥပဒေပုဒ်မ ၃၂၃ (နာကျင်စေမှု)၊ ၃၅၄ (ကာယိနြေ္ဒဖျက်ဆီးမှု)၊ ၅ဝ၆ (ဆဲရေး ကြိမ်းမှု) တို့ဖြင့် တရားစွဲခဲ့ခြင်းဖြစ်သည်။
ယခုအခါ တရားလိုအား ဇူလိုင်လကုန်တွင် စစ်ဆေးပြီးဖြစ်ပြီး တရားလိုပြများကို ဆက်လက်စစ်ဆေးမည်ဖြစ်ကာ တရားလိုနှင့် တရားလိုသက်ေ သများအရ စွဲဆိုထားသည့် ပြစ်မှုမြောက်လျှင် တရားရုံးမှစွဲချက်တင်မည်ဖြစ်ပြီး ပြစ်မှုမမြောက် လျှင် တရားရှင်လွတ်မြောက်မည်ဖြစ်ကြောင်း   ပြင်ဦးလွင်ဒီချုပ်ပါတီဝင်များဘက်မှ ရှေ့နေလိုက်ပေးနေသည့် တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။
”အမှုကပေါ်ပါတယ်။ သူနဲ့ ဒီလူတွေက ရန်ငြိုးရန်စမရှိဘူးဆိုတာ ပေါ်ပါတယ်။ လုံခြုံရေးတာဝန်ထမ်းဆောင်နေတယ်ဆိုတာ ပေါ်တယ်။ အဲ့ဒီဝင်း ထဲကို ဘယ်သူမှ ဝင်ခွင့်မရှိဘူးဆိုတာလည်း ပေါ်တယ်။ ဒီိကိစ္စမှာနောက်ကွယ်က မရိုးသားတဲ့ လုပ်ကြံမှုတွေပါတယ်” ဟု ဦးသိန်းသန်းဦးက ပြော သည်။
အထက်ပါအမှုမတိုင်မီ ဒေါ်ခိုင်ဝတ်ရည်သန္တာမောင်နှင့် ပြင်ဦးလွင်ဒီချုပ်လွှတ် တော်ကိုယ်စားလှယ် ဦးကျော်သီဟတို့မှာ ၁၉၉၈ ခုနှစ်တွင် ရည်း စားဖြစ်ခဲ့ကြကြောင်း၊ ဦးကျော်သီဟမှ ဒေါ်ခိုင်ဝတ်ရည်သန္တာမောင်အား လက်ထပ်ပါမည်ဟု ယုံကြည် အောင်ပြောဆိုကာ ကာမရယူခဲ့ပြီး ကိုယ်ဝန် ရရှိခဲ့ကြောင်း၊ ကလေး၏အသက် ၁နှစ် နှင့် ခြောက်လအရွယ်တွင် လက်ထပ်ရန် တောင်းဆိုသော်လည်း ငြင်းဆိုခဲ့ကြောင်း ဦးကျော်သီဟအား စွဲဆိုထားသည့်အမှုရှိခဲ့သည်။ ပြင်ဦးလွင်မြို့နယ် အမျိုးသမီးရေး ရာအဖွဲ့ထံ တိုင်ကြားခဲ့ပြီး ဦးကျော်သီဟနေထိုင်သည့် ရပ်ကွက်မှလူကြီးများက ညှိ နှိုင်းပေးသဖြင့် မယားစရိတ်၊ ကလေးစရိတ်အဖြစ် ငွေကျပ်လေးသိန်းအား ပေးချေ ခဲ့ပြီး နောက်ပိုင်းတွင် ဆက်လက်ထောက်ပံ့မှုမပြုလုပ်တော့ေ ကြာင်း  အဆိုလွှာတွင် ပါရှိသည်။

.. www.MyanmarExpress.net
 

13 comments:

NLD တွေ က တော့၊ တော်တော် စိတ်ပျက် ဖို့ ကောင်း နေ ပြီ....

ဘာတွေမှန်းလဲမသိ ဘူး

တော်တော် သရမ်း နေတယ်

အင်းဒီ လိုဆိုရင်တော့ အမျိုး တစ်ခြမ်း ရုပ်နေပြီ!

လူတွေကိုကျင့်တရားထားကြပါ

လူအချင်းချင်းဆာညှာစိတ်ထားကြဘာ

လူသားအချင်းချင်းဆညှာစိတ်ထားကြဘာ

လူသားအချင်းချင်း စာနာစိတ်ထားပါ

လူသားအချင်းချင်း စာနာစိတ်ထားပါ...

စောက် သုံး ကိုမ ကျဘူး

ဖြစ်နိုင်ရင် ဒါတွေမကြားချင်ဘူး

ဖြစ်နိုင်ရင် ဒါတွေမကြားချင်ဘူး။အဟုတ်...

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်