Subscribe to our RSS Feed

ထိုင်းနိုင်ငံလွတ်ငြိမ်းချမ်းသာခွင့် ပြဋ္ဌာန်းမှုအပေါ် ကုလသမဂ္ဂသတိပေး

From : .. မြစ်မခ


လူ့အခွင့်အရေးဆိုးဆိုးရွားရွားချိုးဖောက်ထားသူများအား အပြစ်စီရင်ခြင်းမခံရဘဲလွတ်မြောက်သွားစေမည့် လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေမျိုးအတည်ပြု ပြဋ္ဌာန်းလိုက်ခြင်း မဆောင်ရွက်ရန် ထိုင်းနိုင်ငံအားကုလသမဂ္ဂ လူအခွင့်အရေးများရုံးကသတိပေးပြောကြားလိုက်သည်။
ကုလသမဂ္ဂလူ့အခွင့်အရေးများဆိုင်ရာအဆင့်မြင့် ကော်မရှင်နာရုံးမှ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီးချေချိလ် ပူယီလိကယခုရက်သတ္တပတ်တွင် ပါလီမန်၌ တင်သွင်းမည့် ဥပဒေမူကြမ်းတွင် ၂၀၁၀ပြည့်နှစ် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲအားစစ်တပ်မှ ဖြိုခွဲရာတွင် လူအခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့ သောပုဂ္ဂိုလ်များအားလွတ်ငြိမ်းချမ်းသာခွင့် ပြုမိနိုင်ကြောင်းထောက်ပြသည်။
 ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် သူမက “ ထိုင်းအစိုးရသည် လ့ူအခွင့်အရေးချိုးဖောက်သူများအားလွတ်ငြိမ်းချမ်းသာခွင့် မပြုမိစေရန် သေချာစီစဉ်ရန် လိုအပ်ကြောင်း နှင့် ထိုသို့ လူ့အခွင့်အရေးချိုးဖောက်သူများအားတရားစီရင်နိုင်ရေးအတွက် တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ရန် လိုအပ်ပါတယ် ” ဟုပြောကြားခဲ့သည်။
ထိုင်းအစိုးရအနေဖြင့် ဆန္ဒပြသူများကိုလူစုခွဲနှိမ်နင်းစဉ်က ဖြစ်ပွားခဲ့သောသေဆုံးသူ ၉၀ခန့် နှင့် ဒဏ်ရာရသူထောင်ပေါင်းများစွာတို့အတွက် တာဝန်ရှိသူများအား ၎င်းတို့မှ ဖွဲ့စည်းထားသောစုံစမ်းစစ်ဆေးရေးကော်မရှင်၏ အကြံပြု ချက်များအတိုင်းလိုက်နာဆောင်ရွက်သောအားဖြင့် အစဉ် အလာကောင်းတစ်ခု ဖြစ်လာစေရန် ဆောင်ရွက်သင့်ကြောင်း အကြံပြုပြောကြားလိုက်သည်။


.. www.MyanmarExpress.net
 

1 comments:

I want to ask the UN the following question.
Where is your compassionate feelings toward those people whom you hate? Bull shit UN. I do not respect at all for your extremely bias attitude. I Myanmar you are invariably on the side of Muslim Bengali and you are always against Myanmar Buddhist Monks.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်