Subscribe to our RSS Feed

နယ်ခြားစောင့် တပ်စွဲရာ ၀ဲကြီးစခန်းသို့ ကေအင်န်ယူ အလစ်ဝင်တိုက်

From : ..myat ma kha


ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်း နယ်ခြားစောင့် ခတစ (၁၀၁၄) တပ်ရင်း တပ်စွဲရာ ၀ဲကြီးစခန်းကို ကေအင်န်ယူတပ်မဟာ(၅)မှ သြဂုတ်၁၇ရက် နံနက်ပိုင်းက အင်းအား၂၀ဖြင့် အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု နယ်ခြားစောင့်တပ်(BDF)မှ တာဝန်ရှိသူတို့က ဆိုသည်။

ခတစ (၁၀၁၄) စောအေဘီလွင်ဦးဆောင်သည့် တပ်ရင်းတပ်စွဲရာ ၀ဲကြီးစခန်းသို့ ကေအင်န်ယူတပ်မဟာ(၅)မှ ဗိုလ်မှူး စောဖာနု ဦးစီးသည့်  တပ်ရင်း(၁၀၂)က အင်အား၂၀ခန့်ဖြင့် နယ်ခြားစောင့်တပ်မှ နှစ်ပတ်လည်အခမ်းအနားကျင်းပရန် သုံးရက်အလို နံနက်ပိုင်းက ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“တိုက်ပွဲကြောင့် BDF က တစ်ဦးသေတယ်၊ နှစ်ဦးဒဏ်ရာရရှိသွားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကေအင်န်ယူက တာဝန်ရှိသူတွေက အမိန့်မနာခံတဲ့ တပ်သားတွေကြောင့် ဖြစ်ရတာ၊ သူတို့ကိုစမ်းဖော်ထုတ်ပြီး ထိရောက်စွာအရေးယူ ပေးပါမယ်လို့ ပြောထား တယ်”ဟု BDF တပ်မှ ဗိုလ်မှူးနိုင်မောင်ဇော်က ပြောသည်။

သြဂုတ်လ၂၀ရက်၌ ကျင်းပမည့် နယ်ခြားစောင့်တပ်၏ သုံးနှစ်ပြည့်အခမ်းအနားသို့ ကေအင်န်ယူတပ်ဖွဲ့ကိုလည်း ဖိတ်ကြားထားကြောင်း၊ မိမိတို့အဖွဲ့နှစ်ဖွဲ့ကြား ပြဿနာကြီးကြီးမားမားမရှိကြောင်း၊ ယခုကိစ္စမှာ အမိန့်မနာခံသည့် တပ်သား များကြောင့် နှစ်ဖွဲ့အကြားထားရှိသည့် ငြိမ်းချမ်းမှုအား မပျက်စီးလိုကြောင်း ကေအန်ယူဘက်မှ ပြောဆိုခွင့်ရှိသူက ပြောကြား သည်။

၂၀၁၀ပြည့်နှစ် သြဂုတ်၂၀ရက်၌ စတင်ဖွဲ့စည်းခဲ့သည့် နယ်ခြားစောင့်တပ်(BDF)မှာ လာမည့် သြဂုတ်၂၀ရက်၌ သုံးနှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား ပြုလုပ်ရန် စီစဉ်နေချိန်တွင် ယခုကဲ့သို့

တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 .. www.MyanmarExpress.net

 

1 comments:

အ ချင်း ချင်း ပစ် ကြ တော့ ဘာ အ ရ သာ ရှိ လို့ လဲ မောင်း တော ဘက် နယ် စပ် က အ ကြမ်း ဘက် သ မား တွေ ကို စု ပေါင်း ပြိ တိုက် ပစ် ပါ လား ပြည် သူ တွေ က ကောင်း ချိး ပေး ကြ မှာ ပေါ့ င တုးံ တွေ ရဲ့

ပခက တာ တီး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်