From :
..mizzima
ဝဏ္ဏသိဒ်္ဓိကွင်းဖြစ်ရပ်အတွက် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ချမှတ်ခဲ့သော အိမ်ကွင်းအပိတ်ခံရ သည့်ပြစ်ဒဏ်မှာ ပြင်းထန်လွန်းကြောင်း နေပြည်တော်အသင်း ဒု-ဥက္ကဋ္ဌ ဦးစိုးသီဟက သုံးသပ်ပြောကြားခဲ့သည်။
စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏သြဂုတ် ၁၃ ရက်က ထုတ်ပြန်ချက်တွင် ၀ဏ္ဏသိဒ်္ဓိကွင်းဖြစ်ရပ်အတွက်
နေပြည်တော် အိမ်ကွင်းဖြစ်သော ပေါင်းလောင်းကွင်းတွင် လာမည့်နှစ် မြန်မာနေရှင်နယ်လိဂ် ပ-ကျော့ ပွဲစဉ်များအားလုံး ကျင်းပခွင့်ပိတ်ပင်ခဲ့သည့် ပြစ်ဒဏ်ပါဝင်ခဲ့သည်။ ယင်းပြစ်ဒဏ်နှင့် ပတ်သက်ပြီး ဦးစိုးသီဟက “ပြစ်ဒဏ်နဲ့ပတ်သက်ပြီး မျှတတယ်၊ မမျှတဘူးဆိုတာ ပြစ်ဒဏ်ချတဲ့သူတွေ သိပါလိမ့်မယ်။ ကျွန်တော်တို့ဘက်က အမြင်ကိုပြောရရင် ပြင်းထန်လွန်းတယ် ထင်ပါတယ်။ အိမ်ကွင်းရာသီဝက် တောင် အပိတ်ခံရမှာ ဆိုတော့လေ။
နိုင်ငံတကာမှာလည်း ဒီလိုဖြစ်ရပ်မျိုးတွေရှိတာပဲ။ ဒါပေမဲ့ ဒီလောက်ကြီး အိမ်ကွင်းအပိတ်ခံရတာမျိုးတော့ မကြားဖူးသေးဘူး။ ကျွန်တော်မသိတာလည်း ဖြစ်နိုင်ပါတယ်။ ဒီ့အတွက် အသင်းဘုတ်အဖွဲ့အစည်းအဝေးထိုင်ပြီး အယူခံဝင်ဖို့ရှိပါတယ်” ဟု မဇ္ဈိမသို့ ပြောသည်။
ထို့အပြင် နေပြည်တော်အသင်းအနေဖြင့် စည်းကမ်းထိန်းသိမ်းရေးမှ ပြစ်ဒဏ်ချမှတ်ခဲ့သောကစားသမားများကို အသင်းမှလည်း ထပ်မံအပြစ်ပေးရန် စီစဉ်ထားကြောင်းလည်း ဦးစိုးသီဟက ဆက်လက် ပြောကြားသည်။
“စည်းကမ်းထိန်းသိမ်းရေးက ပြစ်ဒဏ်ချခဲ့တဲ့ ကစားသမားတွေကိုလည်း အသင်းက အပြစ်ပေးဦးမှာပါ။ ဒါပေမဲ့ စည်းကမ်းထိန်းသိမ်းရေး ပြစ်ဒဏ်က ပြင်းထန်လွန်းတဲ့အတွက် ကစားသမားတွေဘက်ကိုလည်း ငဲ့ရဦးမှာပါ။ အရမ်းပြင်းထန်မှာ မဟုတ်ပါဘူး” ဟု ၎င်းကဆိုသည်။
နေပြည်တော်-ရန်ကုန်ပွဲဖြစ်ရပ်အတွက် သြဂုတ် ၁၃ ရက်က ချမှတ်ခဲ့သော စည်းကမ်းထိန်းသိမ်းရေး၏ ပြစ်ဒဏ်များ ကို အယူခံဝင်မည်မဟုတ်ကြောင်း ရန်ကုန်ယူနိုက်တက်အသင်း မီဒီယာတာဝန်ခံ ကိုအောင်ပိုင်က မဇ္ဈိမသို့ အတည်ပြုပြောကြားသည်။
အဆိုပါပွဲစဉ်တွင် နှစ်ဖက်ကစားသမားများ ခိုက်ရန်ဖြစ်ပွားခဲ့သည့်ဖြစ်ရပ်အတွက် စည်းကမ်းထိန်းသိမ်းရေးမှ
ပြစ်ဒဏ်ချခဲ့ပြီး ရန်ကုန်အသင်း လက်ထောက်နည်းပြ ဦးတင်မောင်ထွန်းနှင့် ကြည်လင်းတို့ကို သုံးပွဲပယ် ပြစ်ဒဏ်နှင့် ဒဏ်ငွေငါးသိန်းစီချမှတ်ခဲ့သည်။
ယင်းပြစ်ဒဏ်နှင့်ပတ်သက်၍ကိုအောင်ပိုင်က “ကျွန်တော်တို့အသင်းတာဝန်ရှိသူတွေက ဒီပြစ်ဒဏ်နဲ့ပတ်သက်ပြီး အယူခံမ၀င်ဘူး ပြောပါတယ်။ ပြစ်ဒဏ်နဲ့ပတ်သက်ပြီးတော့ကျွန်တော့်တစ်ဦးတည်းအမြင်ကို ပြောရရင် နည်းပြ ဦးတင်မောင်ထွန်းရဲ့ ပြစ်ဒဏ်ကမမျှတဘူးထင်ပါတယ်။ သူ့ကို ကွင်းထဲဝင်လာတဲ့ ပရိသတ်က အရင်ရန်လုပ်တာ
လေ။ သူကစပြီး လိုက်ထိုးတာမှမဟုတ်တာ။ ဒီပြစ်ဒဏ်နဲ့ပတ်သက်ပြီး သူလည်း စိတ်မကောင်း ဖြစ်နေပါတယ်” ဟု ပြောသည်။
.. www.MyanmarExpress.net

.jpg)

1 comments:
1-OF COURSE EVERYBODY HAVE THE RIGHT TO APPEAL
BUT AUTHORITY SHOULD TAKE THE LEGAL ACTION
IN FULL EXTENT OF THE LAWS.
2-REQUEST AUTHORITY PLEASE MAKE LAWS,RULES AND REGULATIONS IF NECESSARY TO REVISE OR UPDATE.
3-PEOPLE CAN ENJOY DEMOCRACY AND HUMAN RIGHTS
AND THE PEOPLE DUTY IS RESPECT THE LAWS AND
ORDERS AT ALL TIMES.
4-THIS KIND OF BAD CHARACTERS AND BAD BEHAVIORS WERE CONDEMNED BY OUR SUPER HERO AND
THE MYANMAR INDEPENDENCE MAKER BOGOKE/GENERAL AUNG SAN MENTIONED IN HIS SPEECHES.
BOGOKE/GENERAL AUNG SAN GAVE HIS LIFE FOR ALL
OF US AND OUR DUTY IS TO FOLLOW HIS ADVICES.
NEED LAWS AND ORDERS IS VERY IMPORTANT BECAUSE
LAW AND ORDER IS PROTECT ALL OF US TO ENJOY
DEMOCRACY AND HUMAN RIGHTS.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်