Subscribe to our RSS Feed
လာမည့်ရွေးကောက်ပွဲ PR စနစ်ကျင့်သုံးပါက ဖက်ဒရယ်ယူနီယံပါတီထူထောင်မည်
From : ..http://myanmar-election.blogspot.com/2013/08/pr.html
၂၀၁၅ ရွေးကောက်ပွဲ PR စနစ်ကျင့်သုံးပါက ကိုယ်စားလှယ်အရေအတွက်များများရရှိရေးအတွက် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရယ်ယူနီယံပါတီ(FUP)အဖြစ်ထူထောင်သွားမည်ဟု တိုင်းရင်းသားပါတီများထံမှ သိရရှိရသည်။
၂၀၁၅ခုနှစ်ရွေးကောက်ပွဲတွင် PRစနစ်ကျင့်သုံးပါက ကိုယ်စားလှယ်အရေအတွက်များများ အနိုင်ရနိုင်ရန်အတွက် ညီနောင် တိုင်းရင်းသားပါတီ(၁၅)ပါတီစုပေါင်း၍ ဖက်ဒရယ်ယူနီယံပါတီအဖြစ် ပြောင်းလဲထူထောင်၍ ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီဥက္ကဋ္ဌ အင်း တိုင်းရင်းသားရေးရာဝန်ကြီးဦးဝင်းမြင့်၏ပြော ကြားချက်အရသိရသည်။
“၂၀၁၅ရွေးကောက်ပွဲကိုဒီပါတီ နဲ့ဝင်ပြိုင်မှာပါ။ ဒါမှရွေးခြယ်တင်မြှောက်ပွဲမှာ PRစနစ်သုံးခဲ့ရင် ကျွန်တော်တို့ ကိုယ်စားလှယ် အရည်အတွက်များများရမှာပါ၊ အခုလက်ရှိတော့ဖွဲ့စည်းပုံဥပဒေကိစ္စ၊ တိုင်းရင်းသားအခွင့်အရေးကာကွယ်ရေးကိစ္စရပ်တွေရယ် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စရပ်တွေကိုပဲ အဓိကထားဆောင်ရွက်နေပါတယ်” ဟုအင်းအမျိုးသားဖွံ့ဖြိုးတိုက်ရေးပါ တီဥက္ကဌလည်းဖြစ် အင်းတိုင်းရင်းသားရေးရာဝန်ကြီးလည်းဖြစ် သူဦးဝင်းမြင့်ပြောသည်။
ထိုသို့ လုပ်ဆောင်ခြင်းမှာ တိုင်းရင်းသားပါတီများအတွက် ပိုမိုကောင်းမွန်သည့် ပေါင်းစည်းမှုတစ်ခုဖြစ်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်မှုအတွက်ကောင်းမွန်သည့် အကျိုးဆက်များဖြစ်ထွန်းလာနိုင်ကြောင်း ချင်းအမျိုးသားပါတီဥက္ကဌဦးဇိုဇမ်က ပြောသည်။
“တိုင်းရင်းသားအချင်းချင်းပေါင်းစည်းမှု၊စည်းလုံးညီညွတ်မှုကိုအခြေခံပါတယ်၊ရလဒ်ကောင်းတွေပေါ်ထွက်လာနိုင်အရမ်းကောင်းမှာပါ”ဟု ၄င်းကဆိုသည်။
အဆိုပါဖက်ဒရယ်ယူနီယံပါတီကိုပြီးခဲ့သည့် သြဂုတ်လ ၈ ရက်နေက ရွေးကောက်ပွဲကော်မရှင်ထံတင်ပြဖွဲ့ စည်းခဲ့ခြင်းဖြစ်ပြီး ပါတီစုံဒီမိုကရေစီစနစ်အတွက် အကောင်းဆုံးပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။
.. www.MyanmarExpress.net
1 comments:
Do these people consider Ba-mar as one of the 137 races living in Myanmar?
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်