From :
..myit ma kha
ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် တိုင်းပြည်ငြိမ်းချမ်းခြင်းမရှိပါက အောင်မြင်မှုမရနိုင်ကြောင်း နိုင်ငံတော်သမ္မတရုံးဝန်ကြီး ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုဥက္ကဌဦးအောင်မင်းက ရန်ကုန်မြို့ရှိ မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ်သည့် NGO လုပ်ငန်းများ၊ ပညာရှင်များနှင့် ပြည်ထောင်စုဝန်ကြီးများ တွေဆုံပွဲတွင် ပြောသည်။
အဆိုပါ အခမ်းအနားကို သမ္မတရုံးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက် ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်နှင့် ပြည်တွင်းပြည်ပ NGOs/INGOs အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
“ကျေးလက်ဒေသဖွံ့ဖြိုးရေးက ငြိမ်းချမ်းရေးမရှိရင် မဖြစ်နိုင်ပါဘူး ဒါကြောင့် ငြိမ်းချမ်းရေရအောင် အရင်ဆောင်ရွက်နေပါတယ် ငြိမ်းချမ်းရေးရလာတာနဲ့အမျှ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဖြည်းဖြည်းချင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။
၎င်းအနေဖြင့် ပဋိပက္ခဖြစ်ရပ်များကိုသာ အဓိကထားဖြေရှင်းဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် အဓိက ပြဿနာမှာ မြန်မာနိုင်ငံသည် ပညာမတတ်၍ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု နောက်ကျရခြင်းဖြစ်ကြောင်း၊ ၎င်းကိစ္စကို အဓိကထား ဖြေရှင်းနိုင်မှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာနိုင်မည် ဖြစ်ကြောင်း ပြည်သူအားလုံး ဝိုင်းဝန်းဆောင်ရွက်နိုင်မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို လုပ်ငန်းစဉ် လေးရပ်နဲ့ ပြင်ဆင်နေပါတယ် ကျွန်တော်တို့ က အမိန့်ပေးစီးပွားရေးစနစ်ကနေ ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်နေတာဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကပြောသည်။
ထို့ပြင် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်ရာတွင် ဒေသခံတို့၏ လိုအပ်ချက်ကို အဓိကထား လုပ်ဆောင် ရမည်ဖြစ်ကြောင်း၊ မိမိပေးနိုင်သည်ထက် ပြည်သူ၏ လိုအပ်ချက်ကို ဦးစားပေးရမည်ဖြစ်ကြောင်း တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ငြိမ်းချမ်းရေးသည် မရှိမဖြစ် လိုအပ်ကြောင်းကိုလည်း နိုင်ငံတော်သမ္မ၏ စီးပွားရေးအကြံပေး ဒေါက်တာအောင်ထွန်းသက်က ပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက် ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်တို့နှင့် ပြည်တွင်းပြည်ပ NGOs/INGOs အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ တက်ရောက်လာကြသည့် ဧည့်သည်များက ကျေးလက် ဒေသဖွံ့ဖြိုးရေးကိစ္စများ မည်သို့ဆောင်ရွက်သွားမည်ကို အပြန်အလှန်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
.. www.MyanmarExpress.net

1 comments:
ကျုပ်အမြင်လေးပြောပြချင်တယ်။ နိုင်ငံတော်က တရားဝင်သတ်မှတ်ထား တဲ့ ၁၅၀၀ တန်ဖုန်းကို သုံးစွဲသူ ပြည်သူတွေ နစ်နာအောင် ပြင်ပဈေးကွက်မှာ အဆမတန် ဈေးတင် ရောင်းနေတာကို အရေးမယူဘဲ ကြည့်နေတာက ကျေးလက်ဖွံ့ဖြိုးရေး ဆောင်ရွက်နေတာလားဗျာ။ သူတို့တွေက ကျေးလက်ပြည်သူတွေ အပါဝင် သုံးစွဲသူ ပြည်သူတွေ နစ်နာအောင် လုပ်နေတာ မဟုတ်ဘူးလား။ စီးပွားရေးမှာ ဒီလိုတွေ ခွင့်ပြုထားရင် နောက်ကျရင် ကျေးလက်နေ ပြည်သူတွေဆီက ထွက်တဲ့ ကုန်ပစ္စည်းတွေကို သူတို့က ဒီလိုမျိုး ဈေးကစား ပစ်ရင် ကျေလက်နေ သူတို့တွေ မွဲဖို့ပဲ ရှိတယ် လို့ ထင်တယ်။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်