Subscribe to our RSS Feed

ဦးဥတ္တမ အောက်မေ့ဖွယ် အခမ်းအနား ရခိုင်ပါတီ များသာ ကျင်းပပြီး အခြားပါတီများ နှင့် ၈၈ မျိုးဆက်များ၊ ဗကသ များ ကျင်းပခြင်းမရှိ

From : ..ဇော်နိုင်ဝင်း

ကိုလိုနီ လက်အောက်မှ လွတ်မြောက်ရန် ဦးဆောင် ပါဝင်ခဲ့သည့် ဆရာတော် ဦးဥတ္တမ၏ (၇၄) နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားကို ရခိုင် တိုင်းရင်းသား နိုင်ငံရေးပါတီ နှစ်ခုနှင့် ရခိုင် လူမှု အဖွဲ့အစည်းများ ပူးပေါင်း ကျင်းပမည် ဖြစ်ကြောင်း ရက္ခ အလင်းတန်းအဖွဲ့မှ ဒုတိယ ဥက္ကဋ္ဌ ဦးလင်းတေဇက ပြောကြားသည်။

ဦးဥတ္တမနေ့ အခမ်းအနား ကျင်းပရန်အတွက် သြဂုတ်လ ၁၁ ရက်နေ့တွင် ရခိုင်ပါတီ နှစ်ပါတီနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများက အခမ်းအနား ဖြစ်မြောက်ရေး အကြို ဆွေးနွေးပွဲ ပြုလုပ်ရာတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အခမ်းအနားကို စက်တင်ဘာလ ၉ ရက်နေ့တွင် ပြုလုပ်သွား မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ရန်ကုန်မှာ နေကြတဲ့ ရခိုင်တွေ အားလုံး ပါဝင်ပြီး အခမ်းအနားကို ကျင်းပမယ်။ နောက်ပြီး ဦးဥတ္တမ ပန်းခြံကို ကန်တော်မင် ပန်းခြံလို့ သုံးနှုန်း ထားတာကို ပြန်ပြောင်းပေးဖို့ တောင်းဆိုမယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ဆိုသည်။

အဆိုပါ အခမ်းအနားကို အစီအစဉ် ၁၂ ရပ်ဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်း၊ အခမ်းအနားကျင်းပရေး အကြို ညှိနှိုင်းပွဲတွင် ဆုံးဖြတ်ခဲ့ကြောင်း ယင်းအစည်းအဝေး တက်ရောက်သူများထံမှ သိရှိရသည်။


 .. www.MyanmarExpress.net
 

3 comments:

(၈၈)ဆိုတဲ့ကျောင်းသားအမည်ခံ လုပ်စားကောင်တွေ ခေါင်းဖြတ်လူသတ်ပွဲတွေ (၂၅)နှစ်ပြည့်တာကိုတော့ အမှတ်တ၇ပွဲလုပ်တယ်
ဦးဥတ္တမ အောက်မေ့ဖွယ်အခမ်းအနား မျိုးကျတော့လုပ်၇ကောင်းမှန်းမသိဘူး

*FOR OUR COUNTRY AND FOR OUR PEOPLE*

THANK VERY MUCH TO ALL PEOPLE PARTICIPATING
FOR THE SPECIAL DAY.

1-THE PEOPLE LOVE OUR COUNTRY AND OUR PEOPLE
ONLY LIKE TO DO GOOD THINGS FOR OUR COUNTRY.
2-WE HAD SO MANY PEOPLE GAVE THEIR LIFE FOR
OUR COUNTRY AND OUR PEOPLE BUT AT PRESENT
MANY PEOPLE LOOK LIKE THEY ONLY LIKE TO RECOGNIZED THE RECENT FALLEN LEADERS.
3-NOW WE ALL ENJOYED FREEDOM AND OUR DUTY IS
TO RECOGNISE ALL THE FREEDOM FIGHTERS FOR
OUR INDEPENDENCE.
4-WE CAN CHECK OUR MYANMAR HISTORY AND WE WILL
FIND THE FREEDOM FIGHTERS.
5-SAYADAW U OTTAMA WAS ALSO A SINGLE HANDED
FREEDOM FIGHTER.PLEASE DO NOT INSULT HIM.
SAYADAW GAVE HIS LIFE FOR OUR COUNTRY AND FOR
OUR PEOPLE.LOT OF PEOPLE STAY AWAY FROM SAYADAW BECAUSE THEY SCARE THE BRITISH GOVERNMENT.NOW AGAIN LOT OF PEOPLES INCLUDING
POLITICIANS AND PARTIES DISREGARD SAYADAW.
6-WE CANNOT GIVE OUR LIFE AS OUR NATIONAL
HERO BUT AT LEAST WE SHOULD RECOGNIZE ALL OF
OUR NATIONAL HERO BY ALL MEANS.
7-UNITED STATES OF AMERICA RECOGNIZED ALL
NATIONAL HERO AND EX-PRESIDENTS BY SO MANY WAYS.WE ALL CAN FIND ALL CURRENCY OF USA
PRINTED WITH EX-PRESIDENTS AND NATIONAL HERO.
WHY WE CANNOT DO LIKE THAT?
WE LOOK LIKE WE CONSIDERED MORE VALUE ON
ANIMAL FIGURES THAN OUR NATIONAL HERO.
SIMILARLY MANY PEOPLE,MANY POLITICIANS AND
PARTIES LOOK LIKE THEY ALL DISRESPECT AND
ONLY LOOKING FOR POLITICAL POWER.
8-WHY "PHONE GYI" WORKING FOR US?
THE ANSWER IS STRAIGHT-BECAUSE WE ALL FAILED
TO DO OUR DUTY TO "PROTECT OUR COUNTRY,OUR PEOPLE,OUR CULTURE,OUR NATIONAL HERITAGES AND
OUR "RELIGION".WE GUYS ALL FALL ASLEEP FOR
OUR 65 YEARS AND DO NOT KNOW TO DO OUR DUTY.
THIS IS THE TRUE ANSWER.
9-PLEASE WAKE FROM THE LONG DAY DREAM AND START TO DO FOR OUR COUNTRY AND OUR PEOPLE.

WUNTHARNU RAKETA=NATIONALISM=GUARD OUR NATION

FOR OUR COUNTRY AND FOR OUR RELIGION...
NOTE:THIS COMMENT WRITER IS NOT A BUDDHIST
MONK.

၈၈ ဆိုတဲ့ စာမတတ်ပေမတတ်တွေက
ဦးဥတ္တမဆိုတာ ဘယ်သူမှန်းသိမယ်မထင်ဘူး
ခွင့်လွှတ်ကြပါ။
ဒေါ်စုကတော့ သူ့လင်ရဲ့အမျိုးတွေကို
တော်လှန်တဲ့သူဆိုတော့ ဘယ်ဂုဏ်ပြုမလဲ။
NLD မှာလည်း ဒေါ်စုက တစ်သွေးတစ်သံတစ်မိန့်နဲ့
အုပ်ချုပ်နေတော့ လုပ်ချင်သူရှိရင်တောင်
မလုပ်ရဲဘူးလေ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်