Subscribe to our RSS Feed

ကျပ် သိန်းတစ်ရာဝန်းကျင် ကားများသာ အရောင်းအဝယ်ဖြစ်

From : ..the voice

ရန်ကုန်မြို့တော် သီရိမင်္ဂလာနှင့် မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေး စခန်း ဈေးကွက်တွင် ကျပ် သိန်းတစ်ရာ ဝန်းကျင် ကားများသာ အရောင်းအဝယ်ဖြစ်ကြောင်း ယင်းဈေးကွက် အတွင်းမှ စုံစမ်း သိရှိရသည်။

ထိုသို့ ဖြစ်ရခြင်းမှာ နယ်အဝယ် နည်းလာခြင်းနှင့် ကျပ် သိန်းထောင်ချီ ကားစီးသူများပင် ဈေးအမြင့်ပိုင်း ကားများကို ဝယ်စီးမှု မရှိတော့ခြင်းကြောင့် ဖြစ်နိုင်ကြောင်း သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေး စခန်းမှ မော်တော်ယာဉ် ဝယ်ရောင်း ဦးဇော်ဇော်က ပြောကြားသည်။

မေလမှ စ၍ သြဂုတ်လအထိ ကျပ် သိန်းတစ်ရာ ဝန်းကျင် ကားများသာ အရောင်းအဝယ် ဖြစ်ပြီး ကျပ် သိန်း နှစ်ရာနှင့်အထက် ကားများမှာ အရောင်း အဝယ် မရှိသလောက် ရှားနေကြောင်း မော်တော်ယာဉ် ဝယ်ရောင်း ပြုလုပ်နေသော ဦးကျော်စိုးက ပြောဆိုသည်။

ကျပ် သိန်းတစ်ရာ ဝန်းကျင် ကား တစ်လလျှင် ၁၀ စီးခန့် ရောင်းရပြီး ကျပ် သိန်းနှစ်ရာ ဝန်းကျင် ကားများမှာမူ တစ်လလျှင် ငါးစီးခန့်သာ ရောင်းချ ရကြောင်း မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေး စခန်းမှ မော်တော်ယာဉ် ဝယ်ရောင်း လုပ်ငန်းရှင် ဦးအေးကျော်က ပြောဆိုသည်။

ပရိုဘောက်စ်၊ ဟွန်ဒါဖစ်၊ တိုယိုတာဘစ်နှင့် မာဇဒါ ဒန်မီယိုတို့မှာ လက်ရှိ ဈေးကွက်အတွင်း ကျပ်သိန်း ၁၂၀ ဝန်းကျင်ဖြင့် အရောင်း အဝယ် ဖြစ်လျက်ရှိကြောင်း မင်းရဲကျော်စွာ မော်တော်ယာဉ် ရောင်းဝယ်ရေး စခန်းမှ စုံစမ်း သိရှိရသည်။

.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်