Subscribe to our RSS Feed

လျှပ်စစ်ဝါယာရှော့ဖြစ်၍ အိမ်တစ်လုံးမီးလောင် လူတစ်ဦးသေဆုံး

From : myanma age

ဆိပ်မူမြို့ရပ်ကွက်(၄)ရှိ ဦးလောဟန်၏ (၂)ထပ် ပျဉ်ထောင်နေအိမ်တွင် ည ဆယ်နာရီခွဲခန့၌ လျှပ်စစ်ဝါယာကြိုးမှရှော့ ဖြစ်၍ အိမ်အပေါ်ထပ်တစ်ခုလုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ပိုင်ရှင် ဦးလောဟန်၏
ကိုယ်ပေါ်တွင် လျှပ်စစ်ဝါယာကြိုး ပြုတ်ကျကာ ဓာတ်လိုက် သေဆုံးနေကြောင်း သိရသည်။ ၎င်း၏သမီးဖြစ်သူသည် ကြောက်လန့်၍ ထွက်ပြေးရာ ယခုချိန်ထိ ရှာမတွေ့သေးကြောင်းလည်း ဆက်လက် သိရသည်။


ရပ်ကွက်လူထုမှဝိုင်း၍ ငြိမ်းသတ်ကြရာ ၁၀း၄၅တွင် မီးငြိမ်းခဲ့သော်လည်း အိမ်သုံးပရိဘောဂများနှင့် အိမ်ပေါ်ထပ် တစ်ခုလုံးမီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။ ဖားကန့်မြို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ လာရောက်ခဲ့သော်လည်း လမ်းများအခက်အခံကြောင့် မီးလောင်ပြီးမှသာ ရောက်ရှိခဲ့ကြောင်း မီးငြိမ်းသတ်သူများက ပြောကြသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ စစ်ဆေးဆောင်ရွက်လျက် ရှိနေကြောင်းလည်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
 


www.MyanmarExpress.net

 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်