From :
..(သန်းဝင်း)
ပြည်သူ၊ရဲဘော်၊မိတ်ဆွေများခင်ဗျား
မိုးသီးဇွန်ဆီမှ အီးမေးတစောင်၊ လျှို့ဝှက်စွာ တွဲပြီးပို့ခဲ့ပါတယ်။
အီးမေးထဲမှာ “ ကျနော့ရဲ့အခြေအမြစ်မရှိတဲ့ တိုက်ခိုက်မှုတွေကို အခုလိုအရေးကြီးကာလမှာ
ဖြေရှင်းစရာမလိုဘူး။ ဋ္ဌေးနိုင်ကိုသူမသတ်ဘူးလို့ရေးထားပါတယ်။”
ဒီကိစ္စနှင့်ပတ်သက်လို့ ဋ္ဌေးနိုင်ကိုမိုးသီးသတ်သလားမသတ်ဘူးလားဆိုတာ ကို
အများက ဆုံးဖြတ်ပါ။ ကျနော်သိသလောက်ရှင်းလင်းတင်ပြပါ့မယ်။
ဋ္ဌေးနိုင် ဟာ ၁၉၈၈ ရန်ကုန်တက္ကသိုလ်ကျောင်းသားတယောက်ပါ။
၁၉၈၈ မှာ ကျနော် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ကို တည်ထောင်တဲ့အခါ
ဋ္ဌေးနိုင်ဟာ ကျနော့ရဲ့လက်အောက်ဖြစ်တဲ့ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ ဒေသကောလိပ် (၂) ရဲ့
သမဂ္ဂတာဝန်ခံတယောက်ဖြစ်ပါတယ်။
ကျနော့ရဲ့အချစ်ဆုံးသူငယ်ချင်းလည်းဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီး ၁၉၈၈ နယ်စပ်ကိုရောက်တော့ သေဘောဘိုး စခန်းကိုရောက်ပါတယ်။
အဲ့ဒီအချိန်ဟာ ABSDF ပထမသက်တန်း ကျနော်အထွေထွေအတွင်းရေးမှူး ( အေဘီ ဗဟို) မှာ
တာဝန်ထမ်းဆောင်နေတဲ့ ကာလဖြစ်ပါတယ်။
ဒီလိုနဲ့ နှစ်လ သုံးလ အကြာမှာ ဋ္ဌေးနိုင်ဟာ ကျနော်နဲ့အတူနေဖို့ အေဘီ ဗဟို ကိုရောက်လာပြီး၊
ကျနော့နားမှာနေခဲ့ပါတယ်။
ABSDF နှစ်ခြမ်းကွဲတော့
ကျနော် ၊ ကိုကိုဦး၊ မိုးသီး ဦးဆောင်တဲ့ဘက်ကိုရပ်ခဲ့ပြီး မိုးသီးဥက္ကဋ္ဌ ဖြစ်ပါတယ်။
ကိုကိုဦး က အထွေထွေအတွင်းရေးမှူး၊ ကျနော် က EC ပါ။
မိုးသီး က ဋ္ဌေးနိုင်ကို ဗဟိုစစ်ရေးတာဝန်ခံပေးအပ်ခဲ့ပါတယ်။
ဒီလိုနဲ့ ကိုကိုဦးနဲ့ကျနော် တောင်ပိုင်းမှာတာဝန်ထမ်းဆောင်နေတဲ့အချိန်
ဋ္ဌေးနိုင်ကို မိုးသီး ကဖမ်းလိုက်ပါတယ်။
ဒီအချိန်မှာ နုငိအောင်ဘက်မှာ ကိုနေဝင်းအောင် နှင့် ကိုစိုးလင်း ( မြောက်ပိုင်း ABSDF) ကို သူလျှိုမှုနှင့်ဖမ်းဆီးပြီး မြေကျင်းမှာ
ထည့်ထားခဲ့တယ်။ ( တလအကြာမှာ ဋ္ဌေးနိုင်အဖမ်းခံရတယ်ဖြစ်ပါတယ်)။
ကျနော်နှင့် ကိုကိုဦးက မိုးသီးဆီကိုစက်ရိုက်ပြီး၊ ဘာကြောင့် ဋ္ဌေးနိုင် ကို
ဖမ်းရတာလဲ လို့လှမ်းမေးပါတယ်။
မိုးသီး က နိုင်အောင်တို့ဘက်မှ ကိုနေဝင်းအောင်နှင့် ကိုစိုးလင်း ကို စစ်ဆေးတဲ့အခါ သူတို့က မိုးသီးဘက်ကဋ္ဌေးနိုင်ဟာ
လည်း သူတို့နဲ့အတူတူပါပဲလို့ထွက်ဆိုလို့ ဖမ်းဆီးလိုက်ရတယ် လို့ဖြေရှင်းပါတယ်။
ကျနော်က ပြင်းပြင်းထန်ထန်ကန့်ကွက် ငြင်းချက်ထုတ်ခဲ့ပါတယ်။
ဋ္ဌေးနိုင်ဟာ သူလျှိုလုံးဝမဟုတ်ဘူး။
ငါနဲ့အတူတူလုပ်ခဲ့တာ။ လွှတ်ပေးပါ။
ငါအာမခံတယ်။
ဋ္ဌေးနိုင်နဲ့ပတ်သက်လို့ငါတာဝန်ယူတယ်လို့
စက်သွယ်ရေးစက်မှတဆင့်ပို့ပေးခဲ့ပါတယ်။
ဒါပေမဲ့ မိုးသီး ဟာ ကျနော့်တောင်းဆိုချက်ကို ဂရုမစိုက်ပဲ ဖမ်းမြဲဖမ်းထားပါတယ်။
ကျနော် ကိုကိုဦး ကို မေးတော့လည်း ဋ္ဌေးနိုင်ဟာ သူလျှိုလုံးဝမဖြစ်နိုင်ဘူး။
နောက်ပြီး နိုင်အောင့် ဘက်ကပေးတဲ့သတင်းနဲ့ဖမ်းတယ် ဆိုတာ
အခြေအမြစ်မရှိဘူး လို့ သူ့စဉ်းစားချက်ကိုပြောပြီး၊
ကိုကိုဦး ဟာ သူ့ရဲ့အထွေထွေအတွင်းရေးမှူးတာဝန်ကို အသုံးပြုပြီး မိုးသီးထံကိုကြေးနန်းရိုက်ပါတယ်။
“ မိုးသီး ငါအထွေထွေအတွင်းရေးမှူးတယောက်အနေနဲ့ သဘောထားပေးတယ်။
ချက်ခြင်းလွှတ်ပေးပါ” လို့တောင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ မိုးသီးဂရုမစိုက်ပါဘူး။ ဋ္ဌေးနိုင်ကိုဖမ်းမြဲဖမ်းထားပါတယ်။
အဲ့ဒီတော့ ကျနော်အတော်ဒေါသဖြစ်ခဲ့ပါတယ်။
ဒါကြောင့် မိုးသီးမင်းဋ္ဌေးနိုင်ကိုချက်ခြင်းလွှတ်ပါ။
မင်း မလွှတ်ရင် ငါမာနယ်ပလော ကို ရောက်၊
ငါ့တပ်နှင့်တိုက်ပြီး ဋ္ဌေးနိုင် ကို ရအောင်ထုတ်ယူမယ် လို့
အကြောင်းကြားခဲ့ပါတယ်။
ဒီလိုနဲ့ ကျနော်မာနယ်ပလော ကို ဆင်းဖို့ကြိုးစားနေတဲ့အချိန်မှာ ကျနော့်ဆီကို ဖုံးတခုဝင်လာပါတယ်။
အဲ့ဒါကတော့ ချင်းမိုင်မြို့ က ဗိုလ်မှူးကြီး ထုံ လို့ခေါ်တဲ့ ထိုင်းထောက်လှမ်းရေးအကြီးအကဲပါ။
သူက “သန်းဝင်း မင်းမဆင်းနဲ့ မင်းဆင်းရင် မယ်ဇရင်း ဘတ်စ်ကားဂိတ်မှာ
ပလိပ်တွေ က မင်း ကိုစောင့်ပြီး အပြီးသတ်လိုက်လိမ့်မယ် လို့ပြောပါတယ်။
အဲ့တော့ ကျနော်က မေးတယ်။
ပလိပ်တွေက ကျနော့် ကို ဘယ်လိုလုပ်သိလဲ ဆိုတော့
သူက မင်းကိုနယ်စပ်ကိုမရောက်အောင် ထိုင်းနယ်မြေထဲမှာ
အပြတ်ရှင်းဖို့ ထိုင်းပုလိပ် ကို ဘတ် တသောင်းပေးထားပြီးဖြစ်တယ် လို့ ပြောပါတယ်။
ကျနော်အတော်အံ့သြပြီး အတော်လည်း ဒေါသဖြစ်ရပါတယ်။
ဒီလောက်တောင်ယုတ်မာရသလား လို့။
ဒါနဲ့ ကျနော် မာနယ်ပလော ကို လုံခြုံရေးအရ မဆင်းဖြစ်တော့ပါဘူး။
နောက်တော့ မာနယ်ပလောကျခါနီးမှာ မိုးသီးဘက်ကရော၊ နိုင်အောင့်ဘက်ကပါ ဋ္ဌာနချုပ်ကိုရွေ့ပြောင်းရပါတော့တယ်။
အဲ့ဒီအချိန်မှာနိုင်အောင့်ဘက်မှာ ကိုနေဝင်းအောင်နဲ့ ကိုစိုးလင်းတို့ဟာ ထွက်ပြေးလွတ်မြောက်သွားကြပါတယ်။
မိုးသီး ဘက်မှ ဋ္ဌေးနိုင်ကတော့ အသတ်ခံလိုက်ရပါတယ်။
နောက်ပိုင်း ကျနော်ဟာ ဋ္ဌေးနိုင်ကိစ္စနဲ့ပတ်သက်လို့ ကိုယ်တိုင်မြင်တွေ့ရတဲ့ သူတွေ အားလုံး ကို မေးမြန်းပါတယ်။
သူတို့ရှင်းပြတာက ဋ္ဌေးနိုင် ကိုစဖမ်းဖမ်းခြင်း၊ တဲအိမ်တခုမှာ လှောင်ပိတ်ထားတယ်။
ဗဟိုထဲမှာပေါ့။
နောက်နှစ်ပတ်အကြာမှာတော့ ဋ္ဌေးနိုင် ကို ဗဟိုရဲ့တဘက်ကမ်း သောင်ရင်းမြစ်ရဲ့
တဘက်ခြမ်းမှာမြေကျင်းသေးသေးလေးတူးပြီးတယောက်တည်းထားပါတယ်။
ဘာအစောင့်မှမထားပဲ ထမင်းပို့မှ လှေနှင့်သွားပို့ကြပါတယ်။
နောက်ပိုင်းအစောင့်စစ်သား နှစ်ယောက်ကိုမေးတော့ သူတို့က ကိုဋ္ဌေးနိုင် ကို ထားတာသိတ်ရက်စက်တယ်ဗျာ တဲ့။
သူ့အရပ် သူ့ကိုယ်ခန္ဓာနဲ့မဆန့်တဲ့ ခြေထောက်ဆန့်လို့မရတဲ့ မြေကြွင်းထဲမှာထည့်ထားပြီး
ခြေထောက်ကလည်း အချိန်တိုင်းကွေးထားရတော့ တလလောက်အကြာမှာ ဋ္ဌေးနိုင်ဟာ
မတ်တပ်ရပ်လို့မရတော့ပဲ၊ ချိသွားတယ် တဲ့။
နောက်စစ်သားတယောက်ကမျက်ရည်ဝြဲပီးပြောတာက
သူတို့ထမင်းသွားပို့တဲ့အချိန်မှာ တာဝန်ခံတယောက်ပါတယ် တဲ့။
သူတို့ ဋ္ဌေးနိုင် ကိုတွေ့တဲ့အခါ၊
ဋ္ဌေးနိုင် က “မင်းတို့ငါ့ကိုဘယ်တော့သတ်မလဲ၊ မြန်မြန်သတ်လိုက်ပါကွာ။
ငါမင်းတို့နှပ်စက်တဲ့ ဒဏ်ကိုမခံနိုင်တော့လို့ပါလို့ နေ့တိုင်းတောင်းပန်ပြောတယ်လို့ ကျနော့ကိုရှင်းပြပါတယ်။
ဒီလိုနဲ့ ဗဟိုဟာ စစ်ရေးအရရွှေ့ပြောင်းတဲ့အချိန်မှာ
မိုးသီးဟာ သူများတွေမရိပ်မိအောင် ဋ္ဌေးနိုင်လိုသရုပ်ဆောင်တဲ့တယောက်ကိုရွေးပြီး
မျက်နှာကိုဂုံနီအိပ်အုပ် သဏ္ဍန်လုပ်သရုပ်မှန်အောင်လိမ်ညာပြီး လှေပေါ်ကိုတရားခံခေါ်သွား တယ်ဆိုတဲ့ပုံစံနဲ့ ဖန်တီးပါတယ်။
အဲ့ဒီသရုပ်ဆောင်တဲ့သူက ကိုရဲလင်း လို့ခေါ်ပါတယ်။
သူကိုယ်တိုင် ကျနော့ ကို ပြောပြတာဖြစ်ပါတယ်။
သူတို့ရွေ့ပြောင်းကြတဲ့အချိန်မှာ ဋ္ဌေးနိုင်သေပြီးဖြစ်တယ်။
သူတို့သတ်ပြီးဖြစ်တယ်။ ဒီတော့ ဘယ်သူ့မှာတာဝန်ရှိသလဲ။
ဋ္ဌေးနိုင်ကိုသတ်တာမိုးသီးမှာတာဝန်ရှိတယ်။
မိုးသီး ဟာ အဲ့ဒီအဖွဲ့ရဲ့ဥက္ကဋ္ဌ ပါ။
ဒါကို သူမသတ်ပါဘူး လို့ ရှောင်ထွက်လို့မရပါဘူး။
ခေါင်းဆောင်လုပ်ချင်ရင်တာဝန်ယူရဲတဲ့သတ္တိရှိရပါတယ်။
ပြည်သူရဲဘော်မိတ်ဆွေအပေါင်းတို့ခင်ဗျား
အထက်ပါအဖြစ်အပျက်ကိုဖတ်ကြည့်ကြပါ။
မိုးသီးဟာ ၈၈၈၈ ခေါင်းဆောင်တယောက်မဟုတ်ပါ။
နိုင်ငံရေးခေါင်းဆောင်လည်းမဟုတ်ပါ။
ကျောင်းသားချင်းသွေးစွန်းတဲ့လူသတ်ကောင်သက်သက်သာဖြစ်ပါတယ်။
ကျနော်တို့က စစ်အဏာရူးပြီးပြည်သူကိုသတ်တဲ့ စစ်အာဏာရှင်ဘီလူးတွေကို တိုက်နေတာပါ။
အခု မိုးသီးနှင့် နိုင်အောင်ဟာ အာဏာတခြမ်းပဲ့လေး ကို ရတာတောင်
ဒီလိုယုတ်ယုတ်မာမာ ရက်ရက်စက်စက် လူမဆန်စွာသတ်ဖြတ်ကြတဲ့
လူသတ်ကောင် လူယုတ်မာများသာဖြစ်တယ်။
နိုင်ငံရေးခေါင်းဆောင် ကျောင်းသားခေါင်းဆောင်များလုံးဝမဟုတ်ပါ။
ဒီတော့ ခင်ဗျားတို့ကိုသတိပေးချင်ပါတယ်။
“မိုးသီး” ဒီလိုစွပ်စွဲချက်ဟာ အခြေအမြစ်မရှိတဲ့ တိုက်ခိုက်မှု လို့ မင်းကပြောတယ်။
မိုးသီး မင်းဘဝမှာ ဒီကိစ္စဟာ အရေးကြီးတယ် ဆိုတာသတိပြုပါ။ နိုင်ငံရေးဆိုတာ မင်းလိုလူသတ်ကောင်နဲ့မပတ်သက်ဘူးဆိုတာနားလည်ပါ။
မင်းသတ်ခဲ့တဲ့ လူသတ်မှုအတွက်ဖြေရှင်းဖို့မင်းပြင်ဆင်ပါ။
ဒီနေ့က စပြီး ကျောင်းသားခေါင်းဆောင်၊
နိုင်ငံရေးခေါင်းဆောင်ဆိုတာလုံးဝမသုံးပါနဲ့။
မိုးသီးနဲ့နိုင်အောင်ဟာ စစ်ဘီလူးကောင်တွေလိုပဲ ဆိုးတဲ့လူသတ်တရားခံ၊
လူယုတ်မာများသာဖြစ်ပါကြောင်းရှင်းပြလိုက်ရပါတယ်။
.. www.MyanmarExpress.net

29 comments:
မိုင်းထောင် ဗုံးခွဲ လူသတ်နေတဲ့ မိုးသီး ဆိုတဲ့ကောင် က နိုင်ငံကောင်းစားအောင် လုပ်မယ်ဆိုပဲ
just i can say that 88 is just rubbish
လူသတ်ကောင်နိုင်အောင်နဲ့
လူသတ်ကောင်မိုးသီးဇွန်...
ဒီကောင်တွေ ပြည်ပမှာဒေါ်လာစားပြီး ၀လို့ဖီးလို့ အဆီတ၀င်းဝင်းမျက်နှာတွေနဲ့ မြန်မာပြည်ပြန်ပြီး လုပ်ကွက်ရှာကြတာ
ဇတ်တူသားစားတဲ့ နိုင်အောင်နဲ့ မိုးသီးဇွန် ဖေါ်ကောင်လုပ်လို့ ပြည်တွင်းကအဖွဲ့တွေ အဖမ်းခံရသူတွေလည်းအများကြီးပါပဲ မင်းတို့ ဥပဒေရဲ့အဆုံးအမကိုတ၀ကြီးခံစားရမှ ပြည်သူတွေကကျေနပ်နိုင်မယ်
နိုင်အောင်က အေဘီမြောက်ပိုင်းမှာ ကျောင်းသား၇ဲဘော်ချင်း သလှျိုလို့ မဟုတ်မမှန်ပဲနဲ့အတင်းအဒမစွတ်စွဲဖမ်းဆီးပီး လူမဆန်စွာနှိပ်စက်ပီးခေါင်းဖြတ်သတ်တာတွေကို သဘောတူပီးတာဝန်ယူခဲ့တယ် အဲ့တာတင်မက နိုင်အောင်က အေဘီမြောက်ပိုင်းအဆက် အေဘီတောင်ပိုင်းမှာလည်း သလှျို မဟုတ်တဲ့ကျောင်းသားစစ်စစ်တွေကို သလှျိုလို့အတင်းအဒမစွတ်စွဲဖမ်းဆီးပီးလူမဆန်စွာနှိပ်စက်တာတွေကို ကိုယ်တိုင်ကိုယ်ကျလည်းလုပ်ခဲ့သေးတယ်
မိုးသီးဇွန်က သလှျိုလို့ စွတ်စွဲဖမ်းဆီးခံထား၇ပီး လူမဆန်စွာနှိပ်စက်ခံနေ၇တဲ့ ဌေးနိုင်ကိုသတ်ဖို့အမိန့်ပေးခဲ့တယ်
မင်းတို့ကို ပြည်ဝင်ခွင့်ပြုခဲ့တာ မြွေပွေးခါးပိုက်ပိုက်တာထက်ပိုဆိုးတယ် မင်းတို့မို့လို့ မရှက်မကြောက်နဲ့ မြန်မာပြည်ကို ပြန်လာရဲတယ်
လူသတ်ကောင်နိုင်အောင်နဲ့ လူသတ်ကောင်မိုးသီးဇွန်၇ဲ့ အဲ့လူသတ်မှုတွေအတွက် သက်သေအများကြီးရှိတယ် အချိန်မရွေးတရားစွဲနိုင်တယ် မင်းတို့ကိုအခု ၇ဲစခန်းမှာတိုင်ချက်ဖွင့်ထားပီး လူသတ်မှုနဲ့ အမှုဖွင့်ခွင့်ပြုထားပီးတဲ့လူသတ်မှုတွေအပြင် မတ၇ားနှိပ်စက်သတ်ဖြတ်ခံခဲ့၇တဲ့ကျောင်းသား၇ဲဘော်တွေ၇ဲ့မိသားစုတွေနဲ့ မြောက်ပိုင်းင၇ဲခန်းတွေကနေထွက်ပြေးလာပီး အသက်၇ှင်နေသေးတဲ့ကျောင်းသား၇ဲဘော်တွေထဲကမင်းတို့ကိုတ၇ားမစွဲ၇သေးတဲ့သူတွေကလဲ မင်းတို့ကိုလူသတ်မှုတွေ နှိပ်စက်မှုတွေနဲ့နောက်ထပ်တ၇ားစွဲအုံးမှာ မယုံမရှိနဲ့ သူငယ်ချင်း
လူသတ်ကောင်နိုင်အောင်နဲ့
လူသတ်ကောင်မိုးသီးဇွန်...
ဖြစ်ရပ်မှန်ကိုဖုံးကွယ်လို့မရတဲ့ခေတ်မှာ မင်းတို့လုပ်ရပ်တွေအတွက်ထိုက်ထိုက်တန်တန်ပြန်ပေးဆပ်ရမှာပါ
မိုးသီးဇွန် နဲ့ ဒေါက်တာနိုင်အောင် ဒီတစ်ခေါက် ဗမာပြေပြန်လာ၇င် မြောက်ပိုင်း ABSDF လူသတ်မှုတွေ တောင်ပိုင်း ABSDF လူသတ်မှုတွေ တစ်ခါထဲဖမ်းထားလိုက်၇င် မြန်မာပြည်တွင်းကမသိနားမလည်တဲ့လူတွေကို ပြည်ပကနေပီး ဆူပူသောင်းကျန်းဖို့ အမျိုးမျိုးလှုံ့ ဆော်နေတာတွေ တော်တော်နဲသွားမှာ
မိုး သီး ဇွန် က ဒီ မ နက် ပဲ ခူး မှာ စောက် စ ကား ကြီး ကြီး ကျယ် ကျယ် တွေ ပြော သွား တယ်...သူ ကိုယ် တိုင် ကျ တော့ U S A မှာ နေ ပြီး ငြိမ့် နေ ပြီး တော့... အ လ ကား ဒီ မို ကေ ရေ စီ ဗန်း ပြ သူ တောင်း စား တွေ...
Myanmar Express
From : ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားများ
ကျောင်းသား သတ်သမား မိုးသီးဇွန် နှင့် နိုင်အောင် တို့အား အရေးယူပေးပါရန် ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားများ တောင်းဆို
(ပေးစာ - ၁၆၇)
ABSDF လူသတ်သမား နိုင်အောင် နှင့် မိုးသီးဇွန် ဆိုတဲ့ ဒေါင်းယောင်ဆောင်ထားသော ဠင်းတများ၊ သိုးရေခြုံထားသော ဝံပုလွေများကို အသိအမှတ်ပြုပြီး မဆက်ဆံဘို့ တိုက်တွန်းချင်ပါတယ်
အဝေးကကြည့်လျှင် ဒေါင်းဟုထင်ရသော်လည်း ထဲထဲဝင်ဝင်လေ့လာကြည့်လျှင် ဠင်းတ ဖြစ်နေသည့် လူသတ်သမား နိုင်အောင် နှင့် လူသတ်သမား မိုးသီးဇွန်
၁၉၈၈ ဒီမိုကရေစီ အရေးအခင်းကြီး အပြီး ကျောင်းသားတွေ နယ်စပ်ဒေသများကို ထွက်ခဲ့စဉ်က အများစုဟာ အသက် ၁၉-၂၀ ပတ်ဝန်းကျင်တွေ များပါတယ်။ တချို့ ၁၄-၁၅ နှစ် အရွယ် ငယ်ရွယ်သူတွေ ပါသလို၊ မိုးသီးနှင့် နိုင်အောင်တို့လို ၂၆-၂၇ နှစ် အရွယ်ရောက်ပြီးသူများလဲ ပါခဲ့ကြပါတယ်။
စစ်တပ်ကို လက်နှက်ကိုင်ပြီး ပြန်တိုက်မယ် ဆိုပြီး ထွက်ခဲ့ကြတာပါ။ အဓိကကတော့ ယုံကြည်ချက် နဲ့ အပေါင်းအသင်းတွေကြောင့်ဆို မမှားပါဘူး။ စာသင်ခန်းတွေ၊ မိသားစုတွေ၊ မိဘရင်ခွင်တွေကို စွန့်ပြီး ထွက်ခွာခဲ့ကြတဲ့ သူတွေပါ။
စဉ်းစားကြည့်ပါ၊ တရားဥပဒေ စိုးမိုးမူ မရှိတဲ့ နယ်စပ် လက်နက်ကိုင်ဒေသမှာ မိဘရင်ခွင်ထဲမှ ရုတ်တရက် ခွဲထွက်လာခဲ့တဲ့ ငယ်ရွယ်သူများအတွက် အဓိက မှီခိုအားထားစရာ အဖြစ် သူတို့မိသားစု နေရာမှာ ဘယ်သူကို အစားထိုးမလဲ။ သူတို့ရဲ့ တော်လှန်ရေး အဖွဲ့အစည်း၊ သူတို့ရဲ့ ခေါင်းဆောင်ဆိုသူများနဲ့ သူတို့ရဲ့ အပေါင်းအသင်း အချင်းချင်း တွေဟာ သူတို့ရဲ့ မိသားစုပဲပေါ့။
နယ်စပ်မှာ ကျောင်းသားအချို့ ရန်သူ့လူဟု စွပ်စွဲ ခံရပြီး လူမျိုးစု အဖွဲ့အစည်းများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ အကျည်းတန်ဆုံးနဲ့ ရင်နာစရာ အကောင်းဆုံးက "ကျောင်းသား" ဆိုတဲ့ အမည်ခံထားတဲ့ ခေါင်းဆောင် ဆိုသူအချို့က အုပ်စုဖွဲ့ပြီး ကျောင်းသားတွေကို ရန်သူ့လူအဖြစ် စွတ်စွဲပြီး ညှင်းပန်းနိုပ်စက် သတ်ဖြတ်ခဲ့ခြင်းပါဘဲ။
မိမိကိုယ်ကျိုးအတွက် တခုမှမပါဘဲ တိုင်းပြည်အတွက် ဆိုပြီး မိဘတွေကို စွန့်ပြီး ထွက်လာကြတဲ့ ကျောင်းသားလူငယ်တွေဟာ လပေါင်းများစွာ လူမဆန်စွာ ညှင်းပန်းနိုပ်စက်ခံပြီးမှ သတ်ဖြတ်ခံခဲ့ကြရတာပါ။ တစ်ရက် မဟုတ်ဘူး၊ တစ်ပတ် မဟုတ်ဘူး၊ တစ်လ မဟုတ်ဘူး၊ လပေါင်းများစွာ ရက်ရက်စက်စက် ညှင်းဆဲပြီးမှ တရိစ္ဆန်တွေလို သတ်ခဲ့ကြတာပါ။
· မိုးသီးဇွန်က ကိုဌေးနိုင် (၁၉၈၈ တွင် သင်္ချာံ နောက်ဆုံးနှစ်ကျောင်းသား၊ လက်ရွေးစဉ် ဘောလီဘောသမား၊ ရန်ကုန် တက္ကသိုလ်) ကို စစ်တပ်သူသျှို အဖြစ် စွပ်စွဲပြီး ဖမ်းဆီးခဲ့ပါတယ်။
· နည်းပေါင်းစုံနဲ့ တရိစ္ဆန်တကောင် လို ရက်ရက်စက်စက် စစ်ဆေးခဲ့တယ်။
· ထိုင်လို့ ထလို့ မရတဲ့ မြေကြီးကျွင်းထဲ မှာ လပေါင်းများစွာ ထားခဲ့တဲ့အတွက် ကိုဌေးနိုင် တကိုယ်လုံး ခေါင်းမှအစ ခြေထောက်ထိ ပွေးများစွဲပြီး တကိုယ်လုံး နူခဲ့ရပါတယ်။
· ကိုဌေးနိုင်ကို ထဲ့ထားတဲ့ အချုပ်ကျွင်း ကိုစောင့်ရတဲ့ ABSDF ကျောင်းသားလေး က "ကိုဌေးနိုင်က မျက်ရည်တွေ ကျပြီး သူကို သတ်ပြစ်ပေးဘို့ သူ့ကို တောင်းပန်ခဲ့တယ်" လို့ ပြန်ပြောပြခဲ့ဘူးပါတယ်။
· မိုးသီးဇွန်က ဌေးနိုင်ကို လွယ်လွယ်ဖြင့် သေခွင့် မပေးခဲ့ပါဘူး။ အချိန်ကြာမြင့်စွာ အားရအောင် ညှင်းဆဲပြီး နောက်ဆုံး စခန်းပြောင်းရသည့် အချိန်ကြမှ သတ်ပစ်ခဲ့ပါတယ်။
ဌေးနိုင်ကို သိကြတဲ့ သူများအားလုံး ဌေးနိုင်ဟာ တော်တော် သတ္တိကောင်းပြီး စိတ်ခိုင်မာတဲ့သူ ဖြစ်တယ် ဆိုတာကို သိကြပါတယ်။ ကိုဌေးနိုင်ရဲ့ ညီအကို မောင်နှမ အားလုံးဟာ ၁၉၈၈ အရေးအခင်းကြီးမှာ တက်ကြွစွာ ပါဝင်ခဲ့ကြသူတွေပါ။
· နိုင်အောင် (ယခု မြန်မာပြည်ရောက်နေသူ) နှင့် အောင်နိုင် (ထိုင်းနိုင်ငံ) တို့ ခေါင်းဆောင်ပြီး ကျောင်းသား ကျောင်းသူ ၁၀၀ ခန့် ကို အစိုးရသူသျှိုများ အဖြစ် စွတ်စွဲပြီး ဖမ်းဆီးခဲ့ပါတယ်။
· လပေါင်းများစွာ တော်ရုံလူ မကြားဝံ့ရဲလောက်အောင် ရုပ်မာရက်စက်သော နည်းလမ်း များဖြင့် ညှင်းပန်းနိုပ်စက်ပြီး ၃၈ ယောက်ကို သတ်ဖြတ်ခဲ့ပါတယ်။
· အများစုဟာ ခေါင်းဖြတ်သတ်ခြင်း ခံရပါတယ်။
· အသက် ၁၉ နှစ်အရွယ်တွင် တောခိုခဲ့သော ကျောင်းသူ မခင်ချိုဦးအား မသတ်ခင် ညှင်းပန်းသော ကာလများ အတွင်း သတ်ဖြတ်ခံရသော ကျောင်းသားတဦး၏ ရုပ်လောင်းအား လူအများရှေ့တွင် ကာမ စပ်ရှက်ခိုင်းခြင်း၊
· မခင်ချိုဦး၏ မိန်းမ အင်္ဂါံအတွင်း ဒုတ်ဖြင့်ထိုးကာ ရှာဖွေခြင်း၊ ပါးစပ်အတွင်း ဒါးမြောင်ဖြင့် ထိုးမွှေကာ စစ်ဆေးခဲ့ပါသည်။
· ဖမ်းဆီးခံ ကျောင်းသားများ၏ ခြေ လက်များတွင် မိုင်းဗုံးများ ချီနှောင်၍ ပြေးခိုင်းခြင်း။
· လက်ချောင်းများဖြတ်၍ လည်ပင်းတွင် ပြန်ဆွဲခိုင်းထားခြင်း၊ လက်ကို ခုတ်ဖြတ်၍ ပါးစပ်တွင် ပြန်ကိုက်ခိုင်းခြင်း။
· ခေါင်းဖြတ်၍သတ်ခံရသည့် သူ၏ လည်ပင်းပြတ်မှ ထွက်သော သွေးကို တခြားဖမ်းဆီးခံ ကျောင်းသားတစ်ယောက်အား သောက်ခိုင်းခြင်း။ တို့အပြင် အခြားနည်းလမ်းပေါင်းစုံဖြင့် မသတ်ခင် လပေါင်းများစွာ ညှင်းဆဲနှိပ်စက်ခဲ့ပါတယ်။
မိဘအရွယ် ရောက်လာကြပြီ ဖြစ်တဲ့၊ ကိုယ်ကိုယ်တိုင် မိဘဖြစ်လာပြီ ဖြစ်တဲ့ ကျနော်တို့တတွေ မိဘမေတ္တာ နှင့် သံယောဇဉ်ကို ပိုနားလည်လာကြပါပြီ။ ခုလိုအချိန်မှာ အပြောင်းအလဲတွေဖြစ်ပြီး ကျောင်းသားတွေ မြန်မာပြည် ပြန်လာကြပြီ ဆိုတော့ သက်ရှိထင်ရှား ရှိသေးတဲ့ မိဘတိုင်း သူတို့ရဲ့ သားသမီးတွေကို မျော်ကြမှာပါ။ ညီတွေ ညီမတွေက အကိုတွေ အမတွေကို မျော်ကြမှာပါ။
နိုင်အောင် နှင့် မိုးသီးဇွန် တို့ သတ်ဖြတ်ခဲ့တဲ့ ကျောင်းသားလေးတွေရဲ့ မိဘတွေ ညီအကိုမောင်နှမတွေ နေရာမှာ ကိုယ်ချင်းစာကြည့်ကြပါ။ သူတို့လဲ အခြားမိသားစုတွေလို မျော်ချင်ကြမှာပါ။ အခြားမိသားစုတွေ ပြန်လည် ဆုံစည်းလို့ ပျော်ရွှင်နေချိန်မှာ သူတို့ သားသမီးတွေ ဘယ်တော့မှ ပြန်မလာတော့ဘူး ဆိုတဲ့ အသိက သူတို့ကို ဘယ်လောက် ကြေကွဲစေမယ်ဆိုတာ စဉ်းစားစရာ မလိုပါဘူး။
အဆိုးဆုံးက သူတို့ သားသမီးတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ မိုးသီးဇွန် နှင့် နိုင်အောင်တို့ က သူရဲကောင်းတွေလို မြန်မာပြည် ပြန်ရောက်လာကာ ဒီမိုကရေစီ နှင့် လူအခွင့်ရေး အကြောင်းတွေ ပြောနေကြပြီး အစိုးရကိုယ်တိုင် အပြင် မီဒီယာတွေ နဲ့ ဒီမိုကရေစီသမား ဆိုသူတွေက ချီးမြောက် ဆက်ဆံနေတာကို တွေတဲ့အခါမှာ သူတို့ ဘယ်လောက် အားငယ်မလဲ။
ဒီမိုကရေစီ အတွက် ဆိုပြီး သူတို့ရင်ခွင်က ထွက်သွားခဲ့တဲ့ သတ်ဖြတ်ခံခဲ့ရတဲ့ သူတို့သားသမီးတွေ အတွက် ဘယ်လောက် ယူကြုံးမရ ဖြစ်ကြမလဲ၊ ဘယ်လောက် ခံစားကြရမလဲ။
အဲဒီတော့ ပြည်တွင်းမှာ ရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များအားလုံး အနေဖြင့် သတ်ခံခဲ့ရတဲ့ ကျောင်းသား ကျောင်းသူ အားလုံး၊ သူတို့မိဘများ၊ မိသားစုများ နှင့် ကျနော်တို့အားလုံး အဖြူစင်ဆုံး ပါဝင်ခဲ့ကြတဲ့ ၈၈၈၈ အရေးတော်ပုံကြီး မျက်နှာထောက်ပြီး ဒီ နိုင်အောင် နှင့် မိုးသီးဇွန် ဆိုတဲ့ လူသတ်သမားများကို အသိအမှတ်ပြုပြီး မဆက်ဆံဘို့ တိုက်တွန်းချင်ပါတယ်။
အဲဒီနေရာမှာ______________
ဒါတွေဟာ တောထဲမှာ ဖြစ်ခဲ့တာ၊ ပြီးခဲ့တာ ပြီးခဲ့ပြီ၊
ငါတို့နဲ့ဘာမှမဆိုင်ဘူး၊ ငါတို့ဟာ နာမည်ကြီးတွေဘဲ၊ ဆင်သွားရင် လမ်းဖြစ်တယ်၊
မိုးသီးဇွန်ဟာ ငါတို့ ဗကသ ကလူ၊
နိုင်အောင်ဟာ ခင်ဥမ္မာ ယောင်္ကျား၊ ငါတို့ မကသ ကလူ၊
ငါတို့ကို အများကြီးထောက်ပံ့ ခဲ့တဲ့သူ၊ ____________
ဆိုတဲ့ အတွေးမျိုးတွေနဲ့ အသိအမှတ်ပြု ဆက်ဆံခဲ့မယ် ဆိုလျှင်
သတ်ခံခဲ့ရတဲ့ ကျောင်းသားကျောင်းသူများနှင့် သူတို့ရဲ့ မိသားစုများသာမက ခင်များတို့အားလုံးကို လူအခွင့်အရေး နှင့် တရားမျှတမူ တိုက်ပွဲရဲ့ ခေါင်းဆောင်များအဖြစ် အသိအမှတ်ပြုထားတဲ့သူ အားလုံးနှင့်တကွ ဒီမိုကရေစီရေးတခုလုံးကို စော်ကားလိုက်တာပဲ ဖြစ်မယ်။
တချိန်တည်းမှာ သမ္မတကြီး ဦးသိန်းစိန် နှင့် ဝန်ကြီး ဦးအောင်မင်း တို့အနေဖြင့်လည်း ခုလို အပြောင်းအလဲကာလမှာ အတိုက်အခံအုပ်စုများ အားလုံးနှင့် ညှိ့နှိုင်းဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ အမျိုးသားညီညွတ်ရေးအတွက် ကြိုးပမ်းခြင်းများ အပေါ် အားလုံးက ထောက်ခံအားပေးကြတယ် ဆိုတာကို သိစေချင်ပါတယ်။ ဒါပေမဲ့ ဒီသတ်ဖြတ်မူတွေဟာ ငါတို့ တပ်မတော်ကို တိုက်ခိုက်တော်လှန်နေခဲ့တဲ့ အချိန်မှာ သူတို့အချင်းချင်း ဖြစ်ခဲ့တာ၊ ငါတို့ အုပ်ချုပ်မူ မရှိတဲ့ ဒေသမှာဖြစ်ခဲ့တာ ငါတို့နှင့်မဆိုင်ဘူး ဆိုပြီး မိုးသီးဇွန် နှင့် နိုင်အောင် တို့ကို အသိအမှတ်ပြု ဆက်ဆံမည် ဆိုလျှင် ခင်ဗျားတို့ ကြိုးစားခဲ့တဲ့၊ စေတနာထားခဲ့တဲ့ အမျိုးသားညီညွတ်ရေး လုပ်ငန်းစဉ်များကို ထိခိုက်ရုံသာမက ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး ချစ်မြတ်နိုးသူ အားလုံးကို စော်ကား မထီမဲ့မြင် ပြုလိုက်ခြင်း ဖြစ်ပါလိမ့်မယ်။ သမ္မတကြီးတို့အနေဖြင့် မြန်မာသမိုင်းမှာ ဒီလို အရုပ်ဆိုး အကျည်းတန်လှတဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့ သတ်ဖြတ်မူကြီးမှာ ဘယ်လို ရပ်တည်ခဲ့တယ်၊ ဘယ်လို တာဝန်ယူ ဖြေရှင်းပေးခဲ့တယ်၊ ကျန်ရစ်သူမိသားစုတွေကို ဘယ်လိုနှစ်သိမ့်မူမျိုး ပေးနိုင်ခဲ့တယ် ဆိုတာ သမိုင်းမှာ မှတ်တမ်းတင် ကျန်ရစ်ခဲ့မှာပါ။ အဓိကကတော့ သမ္မတကြီးတို့အနေနဲ့ မိဘချင်း ကိုယ်ချင်းစာနိုင်မယ်လို့ ယုံကြည်ပါတယ်။
ပြည်တွင်းမှာရှိတဲ့ ကျောင်းသားအားလုံး နှင့်တကွ လူ့အခွင့်အရေး မြတ်နိုးသူ အားလုံးအနေဖြင့် ကျောင်းသား သတ်သမား မိုးသီးဇွန် နှင့် နိုင်အောင် နှစ်ယောက်စလုံးအား သူတို့ ကျုးလွန်ခဲ့သော လူမဆန်သည့် ရာဇဝတ်မူများအတွက် ပြန်လည်ပေးဆပ်ရမယ် ဆိုတာကို သူတို့ သဘောပေါက်ရန် ဝိုင်းဝန်း ဆောင်ရွက်ကြဘို့ တိုက်တွန်းလိုက်ပါတယ်။ နောက်ဆုံးအနေနဲ့ ကျနော်တို့အားလုံး ကိုယ်ချင်းစာ နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။
နိုင်အောင် နှင့် မိုးသီးဇွန် ဟာ အဝေးကကြည့်လျှင် ဒေါင်းဟုထင်ရသော်လည်း ထဲထဲဝင်ဝင် လေ့လာကြည့်လျှင် ဠင်းတ ဖြစ်နေသည့် လူသတ်သမားများ ဖြစ်ပါတယ်။
လူသတ်သမား နိုင်အောင် နှင့် လူသတ်သမား မိုးသီးဇွန် ဆိုတဲ့ ဒေါင်းယောင်ဆောင်ထားသော ဠင်းတများ၊ သိုးရေခြုံထားသော ဝံပုလွေများကို အသိအမှတ်ပြုပြီး မဆက်ဆံဘို့ တိုက်တွန်းချင်ပါတယ်။
From : ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားများ
ABSDF လူသတ်သမား နိုင်အောင် နှင့် မိုးသီးဇွန် ဆိုတဲ့ ဒေါင်းယောင်ဆောင်ထားသော ဠင်းတများ၊ သိုးရေခြုံထားသော ဝံပုလွေများကို အသိအမှတ်ပြုပြီး မဆက်ဆံဘို့ တိုက်တွန်းချင်ပါတယ်။
နိုင်အောင် နှင့် မိုးသီးဇွန် ဟာ အဝေးကကြည့်လျှင် ဒေါင်းဟုထင်ရသော်လည်း ထဲထဲဝင်ဝင် လေ့လာကြည့်လျှင် ဠင်းတ ဖြစ်နေသည့် လူသတ်သမားများ ဖြစ်ပါတယ်။
(၂၀၁၂ ခု ဒီဇင်ဘာလ (၂၃) ၇က် တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့တွင် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ တွင် သမ္မတ လုပ်လိုကြောင်း ပြောဆိုလိုက်သည်တွင် ရန်ကုန်မြို့ရှိ မြန်မာ့သင်္ကတ တန်ခိုးအကြီးဆုံး ရွှေတိဂုံစေတီတော်မြတ်ကြီးပေါ်တွင် ဠင်းတများ လာရောက်နားခိုခြင်း ဖြစ်ပွါးခဲ့သည် ။
မြန်မာ့သင်္ကတ တန်ခိုးအကြီးဆုံး ရွှေတိဂုံစေတီပေါ်မှာ လာနားသွားတဲ့ ငှက်ကြီးတွေကိုအဝေးကကြည့်ပြီး ဒေါင်းလို့ထင်နေရာက ကင်မရာများဖြင့်အနီးကပ် ဆွဲယူကြည့်ရှုမိမှ ဠင်းတများ ဖြစ်နေသဖြင့် ပြည်သူအများစိတ်ပျက်သွားကြရသည့်အဖြစ်အပျက်မှာ ဠင်းတများသည် ဒေါင်းယောင်ဆောင်ပြီး မြန်မာ့အထွတ်အမြတ်နေရာကိုတက်လာသည့် နိမိတ်ကိုပြခြင်းဖြစ်ပေသည်။
ABSDF လူသတ်သမား နိုင်အောင် နှင့် မိုးသီးဇွန်လို မြန်မာ့နိုင်ငံရေးစင်မြင့်ပေါ်ကိုတက်လာသည့် ဒေါင်းယောင်ဆောင်ထားသော ဠင်းတများကို သတိထားပြီးရှောင်ရှားကြရန် နိမိတ်ကိုပြခြင်းလည်းဖြစ်ပေသည်။)
မိုးသီးဇွန် နှင့် နိုင်အောင် ကို ABSDF လူသတ်မှုများအတွက် ဖမ်းဆီး စစ်မေးမှုများ ပြုမည်
ABSDF massacre case reopen in Myanmar
ABSDF မြောက်ပိုင်းနှင့် တောင်ပိုင်း လူသတ်မှုများအတွက် အဓိက တာဝန်ရှိသည့်
မိုးသီးဇွန် နှင့် နိုင်အောင် ကို ဖမ်းဆီး စစ်မေးမှုများ ပြုမည်ဟု ခိုင်လုံ တိကျသည့် သတင်းရပ်ကွက်မှ သိရှိရသည်။
Freedom News Group (Burma)
All 88 are lunatics,psychotics, psychopaths, mentally sick people.(Mrs. Michael Aris Aung San Su Kyi inckuded).
နိုင်အောင် နဲ့ မိုးသီးဇွန် ဆိုတာ မြန်မာနိုင်ငံအတွက်ရော အမျိုး ဘာသာ သာသနာ အတွက်ရော ဘာတွေများ ကောင်းတာလုပ်နေလို့လဲ........
အဲ့ဒီ နိုင်အောင် နဲ့ မိုးသီးဇွန် ဆိုတဲ့ကောင်တွေနဲ့ အပေါင်းအပါတွေက သူတို့ တဦးတယောက် ကောင်းဖို့ပဲ သိတဲ့ကောင်တွေ..... နိုင်အောင် နဲ့ မိုးသီးဇွန် ပိုက်ဆံရမယ်ဆို ဘနဖူးသိုက်တူးပီး တိုင်းပြည်ကိုရောင်းစားလာတာ နှစ်(၂ဝ)ကျော်ပီ...... တိုင်းပြည်ကိုဖျက်ဆီးနေတဲ့ ချီးထုပ်စစ်စစ်တွေပါ............
မိုးသီး နဲ့ နိုင်အောင် ဆိုတာ တိရစ္ဆာန်တွေပါ
နိုင်အောင် နဲ့ မိုးသီးဇွန် ဆိုတာ တစ်သက်လုံးကောင်းေ၇ာင်းကောင်းဝယ်ဘာအလုပ်မှမလုပ်ခဲ့ပဲ တစ်သက်လုံး တိုင်းပြည်ကိုေ၇ာင်းစားလာတဲ့ တောင်းစားလာတဲ့ လူ၇ှုပ်လူလိမ် သူတောင်းစားတွေဘဲ့ ပီးတော့ ကျောင်းသားအချင်းချင်းဇတ်တူသားစားပီး လူတစ်ပြုံတစ်မကြီးသတ်ထားတဲ့ လူယုတ်မာတွေ လူသတ်ကောင်တွေဘဲ့ အဲ့ဒီ လူ၇ှုပ် လူယုတ်မာ လူသတ်ကောင်တွေ ဗမာပြည်ေ၇ာက်လာတုံးမှာ အဲ့ဒီ လူသတ်ကောင် နိုင်အောင် နဲ့ မိုးသီးဇွန် ကို လူသတ်မှုတွေနဲ့တ၇ားစွဲထားတာတွေအတွက် ဖမ်းဆီးပီး တ၇ား၇ုံးမှာသေသေချာချာစစ်ဆေးပီးအပြစ်ပေး၇မှာ
မိုးသီးဇွန် i heard that မိုးသီးဇွန် is 786 ,please check it and we should do somthing to him ,when he stay in myanmar.
မိုးသီးဇွန် i heard that မိုးသီးဇွန် is 786 ,please check it and we should do somthing to him ,when he stay in myanmar.
၁၉၈၈ မှာ မြို့တွေပေါ်မှာ ကျောင်းသားအမည်ခံဆူပူသောင်းကျန်းသူတွေက နိုင်ငံတော်ပိုင်၇ုံး စက်၇ုံ ကုန်လှောင်၇ုံ အေ၇ာင်းဆိုင်တွေကို လူအုပ်နဲ့ဝင်လု ဖျက်ဆီးမီး၇ှို့ လူအုပ်ထဲကလူတခိျု့ကိုဆွဲထုတ်ပီး ထောက်လှမ်းေ၇းလို့အတင်းစွပ်စွဲပီးခေါင်းဖြတ်သတ်နေကြလို့ တပ်မတော်ကမလွဲမေ၇ှာင်သာပဲဝင်ပီးထိန်းသိမ်းခဲ့၇တာ တပ်မတော်ကဝင်ထိန်းသိမ်းတာနောက်ကျသွား၇င် နောက်ထပ်ခေါင်းဖြတ်သတ်ပွဲတွေအများကြီးထပ်ဖြစ်အုံးမှာ (၈၈)ကျောင်းသားအမည်ခံဆူပူသောင်းကျန်းတဲ့ကောင်တွေက မြို့ပေါ်မှာခေါင်းဖြတ်သတ်လို့မ၇တော့တာတောင် တောထဲမှာကျောင်းသားသပုန်တပ်ဖွဲ့ပီး သူတို့ကျောင်းသားသပုန်အချင်းချင်းထောက်လှမ်းေ၇းလို့အတင်းစွပ်စွဲ ကျောင်းသား(၁ဝဝ)ကျော်ကိုဖက်ဆစ်ဂျပန်တွေထက်အများကြီးပိုဆိုးတဲ့နည်းတွေနဲ့နှိပ်စက်ပီး ခေါင်းဖြတ်သတ်ပွဲတွေကိုဆက်လုပ်ကြလို့ ကျောင်းသား(၄ဝ)သေကုန်ကြတာပေါ့ နိုင်အောင် မိုးသီးဇွန်ေ၇ာ်နယ်အောင်နိုင် သံချောင်း ဆိုတဲ့လူသတ်ကောင်တွေကို ဘာမှနိုင်ငံေ၇းသမားစာ၇င်းထဲထည့်စ၇ာမလိုဘူး နိုင်ငံေ၇းသမားအဖြစ်လူ၇ာသွင်းစ၇ာမလိုဘူး လူသတ်ကောင် နိုင်အောင် မိုးသီးဇွန် တို့ကိုစွဲဆိုထားတဲ့လူသတ်မှုတွေနဲ့ခုံ၇ုံးတင်စစ်ဆေးပီးအပြစ်ပေးဖို့ပဲလိုတယ်
လူသတ်ကောင်တွေ
နိုင် အောင် နဲ. မိုး သီး ကို ပြန် ထွက် ခွင့် မ ပေး နဲ.
လူ သတ် မှု နဲ့. တ ရား စွဲ
သေ ဒါဏ် ချ
ခွေးမသား ၈၈ အရေခြုံ လူသတ်ကောင်တွေ
မျက်နှာပြောင်တိုက်ပြီး လာရဲရင် လာခဲ့စမ်းကြ။
မင်းတို့ကြောင့်
အသက်အချည်းအနှီးစတေးခဲ့ရတဲ့
ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေအတွက်
မင်းတို့ကို ပြန်ပေးဆပ်ခိုင်းမယ်။
နိုင် အောင် မိုး သီး တို့ က ဒီေ လာ က်ေ တာ င် ရ က် စ က် သ တဲ့ လား ။ ဒါေ တွ အ မှန် ဆို ရ င် အ စိုး ရ လူ ကြီး များ အ မှန် တရားေ ပါ် လာ ရန် တာ ဝန် ရှိ ပါ တယ်။ ဒီေ ကာင်ေ တွ ကို အ ပြ စ်ေ ပး သ င့် ပါ တယ်။ ကျောင်း သား တပ် က အ သတ် ခံ ရ သူ ေ တြ သ နား စ ရာ ေ ကာ င်း လိုက် တာ။ တာ ဝန် ရှိ လူ ကြီး များ ကိုေ တာင်း ဆို ပါ ရေ စ ။ အ သ တ် ခံ ရ သူေ တွ အ တွ က် နိုင် အောင် မိုး သီး ဆို တဲ့ေ ကာ င်ေ တွ ကို ဖ မ်း ပြီး အ ပြ စ်ေ ပး လိုက် ပါ။
ရက်စက်ယုတ်မာလှတဲ့ ABSDFလူသတ်သမား နိုင်အောင်နဲ့ မိုးသီးဇွန် အတွက် သေဒဏ်မှတစ်ပါး အခြားမရှိ
နိုင်အောင် ဆိုတဲ့ ဟိုအကောင်ကြီးရော... အခုပုံမှာပါတဲ့ မိုးသီးဇွန် ဆိုတဲ့ အယုတ်တမာကောင်ရော နှစ်ကောင်လုံးက အဆင့်အတန်းမရှိတဲ့ လူသတ်သမား လူယုတ်မာတွေပါ....
ဟိုအကောင်ကြီး နိုင်အောင် ကတော့... တောင်ပိုင်း ABSDF မှာ ကိုနေဝင်းအောင် အပါအဝင် ကျောင်းသားတစ်ချို့ကို မတရား စွပ်စွဲနှိပ်စက်ခဲ့တယ်.... အဲဒီမှာ ကျောင်းသားရဲဘော်ကိုအောင်သူဟာ နိုင်အောင် တို့လက်ချက်ကြောင့် သေခဲ့ရတယ်..... နောက်ပြီး ဟိုအကောင်ကြီး နိုင်အောင် က သူ ABSDF ဗဟိုဥက္ကဌဖြစ်ဖို့အတွက် အမှန်တရားကို မျက်ကွယ်ပြုပြီး.... မြောက်ပိုင်း ABSDF က ကိုထွန်းအောင်ကျော်တို့ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်.....
ဒီအကောင် မိုးသီးဇွန်လဲ ဘာထူးလဲ..... သူနဲ့ နိုင်အောင် ABSDF ဗဟိုဥက္ကဌနေရာအတွက် စားခွက်လုပြီး နှစ်ဖွဲ့ကွဲကြတော့ သူ့အဖွဲ့က ကျောင်းသားရဲဘော်ကိုဌေးနိုင်ကို မတရားစွပ်စွဲပြီး နှိပ်စက်ခဲ့လို့ သေခဲ့ရတယ်..... လူသတ်သမားတွေက ကျောင်းသားအမည်ခံထားတာ ကျောင်းသားတွေ သိက္ခာကျတယ်......။
ကောင်းတယ်
Pls be think carefully bz myanmar express is fucking junta son
I do not know and care of myanmar express whether Junta Son or Sucking Junta. But I know that This So called Student Leader Moe Thi Zone is a person who is just using his name to US gov to get benefits. He graduated from Columbia University with Flying D grades and while living with a chinese girlfriend and depending on Political support benefits (worse than welfare), tax payers money. He is scared to death to go back to burma. His so called love of the country is just a cover and he is love of the USA with benefits. He never tries to go back. All he did was collecting money during the protest in front of UN for Lunch and Dinner. After collecting money as Fund Raising, they go to the restaurant and eat lunch and or dinner with a bunch of people. For them, protesting was just having fun. Not that they would do anything for the country to get democracy, but for them to get benefit on their own by using political words. They are disgraceful. I disrespect them. I have no respect for them at all.

မိုးသီးဇွန်ရဲ့အကြီးဆုံးအပြစ်တစ်ခုက ကျောင်းသူမိန်းကလေးကို လူသေအလောင်းနဲ့ လိင်ဆက်ဆံခိုင်းခဲ့တာပါ. . .ပြီးတော့သတ်ပစ်လိုက်တာ ဒီပြစ်မှုကိုမိုးသီးဇွန်ကျူးလွန်ခဲ့တယ်. . .သူတို့ဝင်လာရင် မြနန်းဆိုပြီးပြည်ဝင်မှာ အမေစုတို့စစ်ပုံရပါတယ်. . .မိန်းကလေးကမကျွတ်သေးဘူး ငရဲမှာ မိုးသီးဇွန်ခံရမယ့်နေရာတောင်ရှိတယ်. . .လက်ရှိခံနေရတဲ့သူရှိတယ် မိုးသီးဇွန်လာရင် သူလွတ်ပြီ...မိုးသီးဇွန်အပြစ်က အဲလောက်ကြီးတယ်. . .ကောင်မလေးသဘောတူတယ်ဆိုတာမျိုးနဲ့အမိန့်အတုမသုံးပါနဲ့. . .ငရဲကိုမြင်ကိုနေရတာ. . .
သူငယ်ချင်းတို့ ရေ ............ ငရဲခွေးကြီး အကြံကြီးသဖြင့် သတိကြီးစေရန် ကိုယ်ဒီ Post ကို တင်လိုက်တယ် သူငယ်ချင်း...။
နိုင်ငံရေး စင်မြင့်မှာ ရှေ့ ထွက်တွေ ထွက်လာပြီးနောက် အခု ၂၀၁၅ ရွေးကောက်ပွဲ မရောက်ခင် နှစ် အလယ်ရောက်မှ လူကြမ်း မင်းသား တစ်ဦး မြန်မာနိုင်ငံရေး စင်မြင့်ကို ပရိယာယ်အပြည့် နဲ့ ပူးပေါင်း ၀င်ရောက်လာမယ် လို့  ကိုယ်တော့ မနေ့ ည က ခိုင်ခိုင် လုံလုံ သတင်းရထားတယ်...။
အဲတော့ ကိုယ်ပြောချင်တာက လက်ရှိ နိုင်ငံရေး အဖွဲ့ အစည်းမှာ NLD ၊ အစိုးရ ၊ ၈၈ ညီအစ်ကို မောင်နှမ တွေ ၊ NNDP ၊ တိုင်းရင်းသား ပါတီတွေ အစရှိသဖြင့် ပါတီဝင်တွေ ၊ ပါတီထောက်ခံသူတွေ အစရှိသဖြင့် ပြည်သူတွေ အများကြီး တစ်ဘက်နဲ့ တစ်ဘက် ထောက်ပြကြဝေဖန်ကြ ၊ ပစ်တင်ကြ ၊ ပါးစပ်နဲ့ ပဲ ရန်ဖြစ်ကြ ဒီ အဆင့် လောက်နဲ့ ပဲ မောင် နှမတွေ ပီးဆုံးသွားတယ်...။အကောင်းဆုံး အထိမ်းအကွတ်တွေ အဖြစ်နဲ့  ဆက်ပြီး လမ်းကြောင်းမှန်ပေါ်ကို သွားနေကြတယ်။
အခု နိုင်ငံရေးလောကထဲကို အသစ်ဝင်လာမယ့် ဆရာကြီးက လူတွေအချင်းချင်း သတ်အောင် လုပ်တတ်တယ် ၊ လူတွေ အချင်းချင်း သွေးကွဲအောင် လုပ်ဖို့  ၀င်မလေးဘူး ၊ ဘယ်သူ သေသေ ငတေ မှန်ရင် ပီးရော လူကြီး ၊ ရိုဟင်ဂျာ အဖွဲ့ အစည်း ဆရာကြီးတွေ နဲ့ လဲ ဖက်လဲတကင်း ပတ်သက်ခြင်းရှိတယ် ၊ ပြီးတော့ နိုင်ငံရေး အမြတ်ထုတ်လိုတဲ့ စိတ်တွေ ရှိတဲ့ လူတစ်စု ထဲက လူ ၊ နိုင်ငံရေး လုပ်စားပြီး နိုင်ငံခြားမှာ ကြီးပွားနေတဲ့ လူ တစ်ဦးပေါ့ ဒါတွေဟာ သူ့ အရည်အချင်းတွေ ပဲ သူငယ်ချင်း...။
သူအခု ဖောက်နေတဲ့ လမ်းကြောင်းက Alternative Parliament ဆိုလားပဲ ကိုယ်တော့ နဲနဲ တောင် ကြောချမ်းမိတယ်..။ လိုင်းတစ်ခုပေါ့ သူ့ တို့  အကြံအစည် ကတော့ ဆည်ကတုတ်ဝမှ ငါးများကို ပိတ်ပြီး ငါးဖမ်းခြင်းပါပဲ...။ ငါးတွေ ပြေးလို့  မလွတ်တဲ့နည်း နဲ့  ငါးတွေ သူဆီလာတဲ့ နည်း ၊ ငါးတွေ အမြန်ရတဲ့ နည်းကို သူ ကျင့်သုံးမယ်..။ သူတို့ ရဲ့ ရည်ရွယ်ချက်က....
လွှတ်တော်မှာ ပြည်သူ့ အသံ မပေါက်ဘူး ၊ အဲတော့ သူတို့ ပဲ ပြည်သူ အသံကို လွှတ်တော်ထိ ပေါက်အောင် ပြည်သူ့ ကိုယ့်စားလုပ်ဆောင်ပေးမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့  ၀င်လာတယ်....။ပြောရရင် ပြည်သူ နဲ့  လွှတ်တော်ကြားက Agent ပုံစံနဲ့  ဂွင်ဝင်ဖန်တာပေါ့ဗျာ..။
တကယ်တော့ ဒီလို Agent လိုမျိုး မလိုအပ်ပါဘူး။ ပြည်သူနဲ့  လွှတ်တော် ကိုယ်စားလှယ်တွေ Facebook ကနေ ပြည်သူအသံတွေ တိုက်ရိုက် ထိတွေ့ နိုင်တယ် ၊ အစိုးရရော လွှတ်တော်ရော သူ့ လမ်းကြောင်းနဲ့  သူ အသီးသီး ပြည်သူအကျိုးကို မျက်စိဖွင့် နားစွင့်ရင်း လုပ်ဆောင်ပေးကြတယ်..။ ကြာတာနဲ့  မြန်တာ တော့ လုပ်ငန်းစဉ် အဆင့်ဆင့် နဲ့  Process အခြေအနေတစ်ခုကြောင့်တော့ ရှိတာပေါ့ ။
ဒီလူက အခုဟာက အစိုးရနဲ့  ပြည်သူ ရဲ့  ကြားမှာ Agent ပုံစံ အဖြစ် ၀င်လာခြင်းပေါ့..။ Agent ဆိုတဲ့ သဘောတရား အရ သူများအကျိုးကို ဆောင်ရွက်ရင်း မိမိအတွက်အမြတ်ထုတ်သော စနစ်ပဲ သူငယ်ချင်း.။ ရှင်းရှင်းပြောရရင် သူ့ အကျိုးကို ပဲ သူကြည့်တဲ့ စနစ်ပေါ.။ ဒီလူ့ ကို ယုံကြည်ဖို့ နောက်ကြောင်းကို လိုက်ကြည့်ရင် ယုံကြည်ချင်စရာ က နတ္ထိလေ ၊။တိုင်းပြည်မှာ လူတွေက ပြသနာကို Agent ကို အားကိုးမယ်...Agent က ပြည်သူကိုလဲ ပိုင် ၊ အစိုးရကို လဲ နိုင်တဲ့ လုပ်ကွက်ကို သူက ဇာတ်လမ်းထွင်တာပေါ့...။ အစိုးရ ငါပြောတာ မလုပ်ဖူးလား...ပြည်သူနဲ့  လှည့်တိုက် လိုက်ရမလား...ပေါ့ ။၊ ပြည်သူ ရော ငါက မင်းတို့ ရဲ့ အရှင်သခင် ၊ ငါကို မယုံကြည်သူနဲ့  ငါ့ကို ယုံကြည်သူနဲ့  ပြည်သူတွေ ၂ ခြမ်းကွဲသွားစေနိုင်တဲ့ အချက်တွေ ရှိတယ်။ အခြား NLD အစရှိသော ပါတီကြီးတွေကိုလဲ တိုက်ခိုက် လာနိုင်တဲ့ ၊ ထိခိုက်လာနိုင်တဲ့ အခွင့်အရေးတွေ ရရှိသွားနိုင်တယ်...။ပြည်သူရော အစိုးရရော ၂ ဖက်လုံးအတွက် အန္တရယ်များတယ်..။သွားမယ့် ခရီးတွေ ကြန့် ကြာစေနိုင်တယ်..။
အဲဒီဇာတ်လမ်းကို ထွင်ဂွင်ဆင်နေတဲ့ ငပွကြီး လူကြမ်း မင်းသားကတော့ မိုးသီးဇွန်ပဲ ဖြစ်ပါတယ်...။ အခု မိုးသီးဇွန်ဟာ ၈၈ ကျောင်းသား ခေါင်းဆောင်တွေ ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ နဲ့  အစည်းအဝေး ၃ ပွင့်ဆိုင် ခေါင်းချင်းဆိုင်နေကြပါတယ်..။
ပြောချင်တာက ၈၈ က ကိုမင်းကိုနိုင်တို့ ၊ ကို ကိုကြီးတို့ ၊ မနီလာသိန်းတို့ ဟာ ပြည်သူတွေ လေးစားခြင်းခံထားရရဲ့  အရိုးခံတွေပါ...သူတို့ တွေ ကို အသုံးချခံတွေ မဖြစ်စေချင်ပါဘူး..။
နိုင်ငံရေး အကျဉ်းသားဟောင်းတွေ အနေနဲ့ လဲ ဒီလို ပါပဲ မိမိ နိုင်ငံနဲ့  မိမိ ရဲ့ မှန်ကန်တဲ့ ယုံကြည်ချက်တွေ အတွက် အကျဉ်းသားဘ၀နဲ့  ဂုဏ်ရှိရှိ ပြည်သူတွေ အသိမှတ်ပြုခံထားရသူတွေပါ...။
ဆွမ်းဆန်ထဲကို မစင်ရောလိုက်တာနဲ့  အဲဒီ ဆွမ်းဆန်ဟာ ဘယ်လောက်ကောင်းကောင်း မစင်ရောလိုက်တာနဲ့  ဆွမ်းဆန်ဟာ ပျက်စီးသွားရတတ်ပါတယ်..။
အဲဒါကြောင့် အချိန်မှီ ချု ပ်ကြခြင်းဖြင့် အစုတ်သက်သာစေရန် စိတ်ရည်သန်ကာ ဒီ Post ဖြင့် လက်ဦးမှု့ ရယူလိုက်ပါကြောင်း တင်ပြလိုက်ပါရစေ.ခင်ဗျာ
ကျွန်တော် ပြည်သူထဲက ပြည်သူတစ်ယောက်ပါ..။မိုးသီးဇွန်ရဲ့  စိတ်ဓါတ်နဲ့  လုပ်ရပ်ကို မြန်မာနိုင်ငံရေးလောက နဲ့  ပြည်သူများအတွက် လုံးဝ လက်မခံနိုင်ပါခင်ဗျာ..။
အားလုံးကို ကျေးဇူးတင်ပါတယ်..။
ဘစည်(စင်ကာပူ)
24.10.2013
မိုးသီစွန်က ၇၈၆ ပြီးတော့ မ လေးရှားမှာပြောခဲ့တဲ့ စကား
လဲအမှန် ပြီးတော့ အချင်းချင်းလုပ် ရဲတာ မဆန်းဘူး
ဘာလို့လဲဆိုတော့ မွတ်လူမျိုးဖြစ်လို့ဘဲ
အပြင်ကောလဟာလ သူ့ကိုစစ်အစိုးရကဖမ်းမှာစိုးလို့
မြန်မာပြည်ကို မ၀င် ရဲတာ ပြီးတော့ American သူလျှို
လို့ပြောကြတယ် ဘယ်လိုဖြစ်ဖြစ် ဘာသာမတူတော့
မြန်မာလူမျိုးကိုသတ်ဖို့ ဘယ်ဝန်လေးမလဲ
အထူးသဖြင့် မွတ်စလင်တွေက မြန်မာနိုင်ငံကို သူတို့
နိုင်ငံလိုဖြစ်အောင် အစီအစဉ်ရှိတော့ လွှတ်တော်လိုနေရာမျိုးကို နည်းမျိုးစုံနဲ့ ရအောင်ဝင်မမှာဘဲ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်