Subscribe to our RSS Feed

တက္ကသိုလ်ခုနစ်ခု တောင်တက်၍ SEA Games ကြိုမည်

From : ..the voice

တက္ကသိုလ်များ ခြေလျင်နှင့် တောင်တက်အသင်း (အောက်မြန်မာပြည်) မှ တက္ကသိုလ်ခုနစ်ခု စုပေါင်း၍ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ SEA Games ကို ကြိုဆိုဂုဏ်ပြုသော အစီအစဉ်အဖြစ် မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်ရှိ ၇၅၅၄ ပေမြင့်သော တောင်မဲတောင်ထိပ် သို့ အောက်တိုဘာလ ၂ ရက်မှ ၁၀ ရက်နေ့ထိ တက်ရောက်မည် ဖြစ်ကြောင်း ဘားအံတက္ကသိုလ် ဓာတုဗေဒဌာန ကထိက ဒေါ်ဆွေဆွေအုန်းက ပြောကြားသည်


 တက္ကသိုလ်များ ခြေလျင်နှင့် တောင်တက်အသင်း (အောက်မြန်မာပြည်) တွင် တက္ကသိုလ်ပေါင်း ၁၉ ခုရှိသည့်အနက် တက္ကသိုလ်ခုနစ်ခု စုပေါင်း၍သွားရောက်ခြင်း ဖြစ်ပြီး ရန်ကုန်တက္ကသိုလ်၊ ဒဂုံ တက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်၊ နိုင်ငံခြားဘာသာတက္ကသိုလ် (ရန်ကုန်)၊ ပညာရေးတက္ကသိုလ် (ရန်ကုန်) နှင့် ဘားအံတက္ကသိုလ်တို့ ပါဝင်ကြမည် ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

ခရီးစဉ်တွင် ကျောင်းသားဦးရေ ၁၀၀ ခန့်နှင့် အုပ်ချုပ်သူဆရာ၊ ဆရာမ ၁၄ ဦးခန့် ပါဝင်မည်ဖြစ်ပြီး ခရီးစရိတ်အတွက် တစ်ဦးလျှင် ကျပ်ငါးသောင်းကောက်ခံမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။

တောင်တက်ခရီး သွားရောက်ရာတွင် အဖွဲ့သားများ၏ အရေးပေါ်ကျန်းမာရေး အတွက် တက္ကသိုလ်များမှ ကြက်ခြေနီ လူငယ်များနှင့် ဆရာဝန်များလည်း လိုက်ပါမည် ဖြစ်ကြောင်း ၄င်းက ဖြည့်စွက်ပြော ကြားသည်။

အောက်တိုဘာလတွင် ထွက်ခွာမည့် အဆိုပါခရီးစဉ် အတွက် အပတ်စဉ် နံနက်တိုင်း ရန်ကုန်တက္ကသိုလ်မှ ရှစ်မိုင်လမ်းဆုံထိ လမ်းလျှောက်လေ့ကျင့်နေပြီ ဖြစ်ကြောင်း ခရီးစဉ်တွင် လိုက်ပါမည့် ဒဂုံတက္ကသိုလ် ရူပဗေဒဌာန သရုပ်ပြဆရာတစ်ဦးက ဆိုသည်။


 .. www.MyanmarExpress.net

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်